Transformers: Earth Wars (Review)



Transformer ရုပ်ရှင် ထွက်ပြီး သိပ်မကြာ .... PlayStation တို့ PC တို့မှာ Transformer ဂိမ်း ထွက်လာတယ် ။ ဟော ...... အခုလည်း mobile အတွက် ထွက်လာပြီ ....... Transformers: Earth Wars တဲ့ ..... Android နှင့် iOS အတွက် ထွက်လာတာ ။ graphic ကတော့ HD .... နဲနဲ အသေးစိတ်ဆွဲထားလို့ တော်တော်လှတယ် ..... ကိုယ့် base ထဲ စက်ရုပ်လေးတွေ လျှောက်သွားနေတာ အစ တွေ့နိုင်တယ်..... အရောင် စိုစိုပြေပြေနဲ့ ကြည့်ရ တော်တော် ကောင်းတယ် ။

သူကတော့ console တွေမှာ ထွက်ဖူးတဲ့ ဂိမ်းကြီးတွေနဲ့ သိပ်မတူဘူး..... အဲ့ Transformer မိုဘိုင်းဂိမ်းက base ထောင်.... စက်ရုပ်တွေထုတ်....သူများကို သွားတိုက်ရမှာ..... သူများ ပြန်လာတိုက်တာကိုလည်း ခုခံရမယ် .... ဆိုတော့ကား Clash Of Clan နဲ့ ဆင်တူနေတယ်.... ကွဲတာတော့ နဲနဲ ရှိတယ်..... Story mode လေး ပါတယ်.....

Story ကတော့ ဒီလိုပါ.... အော်တိုဘော့ (Autobots) နှင့် ဒီဆက်ပ်တီကွန် (Decepticons) တို့က ကမ္ဘာမြေကြီးကို ပြန်လာပြီး ကမ္ဘာမြေကြီးက သယံဇာတတွေ လာယူတယ်..... အဲတာကို အော့ပ်တီမတ် ပရိုင်းနဲ့ အပေါင်းအပါတစ်စုက တားတယ်..... အဲ့ဒီအခါ ဘယ်လိုတွေ ဖြစ်မလဲ ဆိုတာ ဇာတ်လမ်း အတိုင်းဆော့ရတာပေါ့ .... မက်ဂါထရွန်ရဲ့ အစီအစဉ် ဘယ်လို? သူက ကမ္ဘာမြေမှာ ဘာရှိလို့ လာရှာသလဲဆိုတာ ဇာတ်လမ်းဆော့ရင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာ တွေ့ရမှာပါ....



Gameplay
 
Class မှာတော့ Warriors, Aerial, Gunners , Medics နှင့် Special bot ဆိုပြီး ၅ မျိုး ရှိတယ်......

Warriors ကတော့ အကြမ်းပတမ်းခံနိုင်တယ်....defense ခုခံနိုင်စွမ်း မြင့်တယ်..... damage ကျတော့ သိပ်မရှိဘူး.......

Aerials ကျတော့ damage မြင့်တယ်..... တာတို ပစ်တယ်..... range က တိုတယ်..... ကောင်းကင်ကနေ တနေရာတည်းကို damage မြင့်မြင့်နဲ့ ပစ်နိုင်တယ်..... အားနည်းချက်ကတော့ health point နည်းတယ်.....

Gunners က wall ပေါ်က ပစ်နိုင်တယ်..... ဗုံးတွေ ကျဲချနိုင်တယ်..... damage မြင့်ပေမယ့် ပျော့တယ်..... ချခံထိရင် သူပဲ အရင် သေတယ် ပေါ့...

Medics ကတော့ heal သွေးဖြည့်ပေးတယ် ..... တခြား စက်ရုပ်တွေကို support လုပ်ပေးတယ်.... သူလည်း ပျော့တယ်...

Special bots ကတော့ တကောင်ချင်းစီမှာ ထူးခြားတဲ့ abilites တွေရှိတယ်... fighter တွေပေါ့.... အဲ့ထဲမှာ leaders, scouts, နှင့် deployers အမျိုးအစားတွေ ပါတယ်...

Base ကတော့ defend အဆောက်အအုံတွေ ခံတပ်တွေ wall တွေ စက်ရုပ်ထုတ်တဲ့ အဆောက်အအုံတွေနဲ့ပေါ့ .... ထောင်ထားပြီး စက်ရုပ်တွေ ထုတ်မယ်.... သူများ base ကို သွားချမယ်..... အောင်ရင် ဘာ ညာ ရမယ်ပေါ့.... Campaign တွေ Event တွေ ရှိတယ်..... တပတ်တခါ တလတခါ လာတတ်တယ်..... gacha လိုမျိုးပါတယ်..... ticket ဆိုတာလိုမျိုးကို သုံးပြီး မဲနှိုက်ရတယ်..... ကျလာတာတွေက random ပေါ့... အဲ့ဒါကနေ စက်ရုပ်အကောင်းတွေ ရချင် ရတတ်တယ်...



Transformers: Earth Wars မိုဘိုင်းဂိမ်းက free to play Online ဂိမ်းပါ..... android နဲ့ iOS အတွက် ၂၀၁၆ ဇွန်လ ၂ ရက်နေ့ကမှ ထွက်ထားတာပါ ..... စက်ရုပ် ကြိုက်သမားတွေ base ထောင်ပြီး ဗျုူ ဟာချ တိုက်ခိုက်ရတာ နှစ်သက်သမားတွေ အတွက်တော့ အကြိုက်တွေ့စေမှာပါ.....



Android => https://play.google.com/store/apps/details?id=com.backflipstudios.transformersearthwars&hl=en

IOS => https://itunes.apple.com/us/app/transformers-earth-wars/id1058526204?mt=8

KSA
#qzksa
#Fros

Post a Comment

0 Comments