Monday, August 15, 2016

Final Fantasy Brave Exvius Review


Role playing game ​ကောင်း​ကောင်း​လေး​တွေ ထွက်​​လေ့ရှိတဲ့ Square Enix က ထုတ်​တဲ့ ဂိမ်းတခု​ပေါ့ ။ အများအားဖြင့်​ ဒီ company က ထွက်​တာ​တွေက PS4 PS3 အတွက်​ပဲ ထွက်​​လေ့ရှိတယ်​ ။ mobile အတွက်​ ထွက်​တာ​တော့ ရှိတယ်​ ။ ဒါ​ပေမယ့်​ ရှားတယ်​ ။ အခု gaming platform က ဖုန်း​တွေဘက်​ အားသာလာ​တော့ သူလည်း ဖုန်းဂိမ်း​တွေ ထုတ်​လာတာ များလာတယ်​ ။ Free to play online game ​ပါ ။


ဂိမ်းအ​ကြောင်း ​ပြောရရင်​ Final Fantasy Brave Exvius က Final Fantasy ထုံးစံအတိုင်း Crystal ​တွေနဲ့ ပတ်​သက်​တဲ့ ဇာတ်​လမ်း​ပေါ့ ။ အဓိက ဇာတ်​​ကောင်​​က Grandshelt တိုင်းပြည်​က Rain လို့​ခေါ်တဲ့ ငယ်​ရွယ်​နုပျိုတဲ့ တိုင်းပြည်​အကျိုး​ ​ဆောင်​ရွက်​​ပေးတဲ့ သူရဲေ​ကာင်း Knight ငယ်​​လေး​ပေါ့ ။ Lasswell ဆိုတဲ့ သူ့ ငယ်​သူငယ်​ချင်းလည်း ပါတယ်​ ။ သူလည်း Knight သူရဲ​ကောင်း​လေးပါပဲ ။ Rain ရဲ့အ​ဖေ Sir Raegan က Rain နှင့်​ Lasswell ကို ​​ကျွေး​မွေး ​စောင့်​​ရှောက်​ခဲ့တယ်​ ။ Lasswell က မိဘမဲ့က​လေးပါ ။ Sir Raegan က ၂ ​ယောက်​လုံးကို ​လေ့ကျင့်​​သင်​ကြား​ပေး​နေခဲ့ရာက​နေ တ​နေ့မှာ ရုတ်​တရက်​​ပျောက်​ခြင်းမလှ ​ပျောက်​သွားခဲ့တယ်​ ။ အဲ့အချိန်​တုန်းက Rain နဲ့ Lasswell ၂​ ​ယောက်​လုံးက ငယ်​​သေးတယ်​ ။ Rain က​တော့ ​ပျောက်​ချင်းမလှ ​ပျောက်​သွားခဲ့တဲ့ သူ့အ​ဖေ Sir Raegan ကို မုန်း​​နေခဲ့တယ်​ ။ ဒီလိုနဲ့ ​နေလာလိုက်​တာ တ​နေ့ သူငယ်​ချင်း ၂​ယောက်​ airship နဲ့ သွား​နေတုန်း လမ်းမှာ monster ​တွေနဲ့​တွေ့ရ​တော့ လိုက်​ချရင်း crystal ထဲမှာ ပိတ်​မိ​နေတဲ့ ​ကောင်​မ​လေးကို ​တွေ့ရတယ်​ ။ အဲ့​ကောင်​မ​လေး နာမည်​က Fina တဲ့ ။ ​ကောင်​မ​လေးက သူ့ကိုယ်​သူ ဘယ်​သူလဲ ဘယ်​​နေရာကလာလဲ ဘာအ​ကြောင်း​ကြောင့်​ ဒီ crystal ထဲ ​ရောက်​​နေလဲဆို လုံးဝမသိပဲ အတိတ်​​မေ့​နေတယ်​ ။ cystal ထဲ ပိတ်​မိ​နေတဲ့ အဲ့ ​ကောင်​မ​လေးကို ကယ်​ပြီး​တော့ သူငယ်​ချင်း ၂​ ​ယောက်​ တိုင်​ပင်​ရပြီ ။ သူ့ကို ​ခေါ်သွားရရင်​ ​ကောင်းမလား ထားခဲ့ရင်​ ​ကောင်းမလား ။ အတိတ်​​လည်း​မေ့​နေ​တော့ သွားစရာ​နေရာလည်းမရှိ​တော့ ​ကောင်​မ​လေးက သူ့ကို လမ်းတ​လျှောက်​​ခေါ်​ဆောင်​ပါ ။ သူ့ကို မထားရစ်​ပါနဲ့လို့​တောင်းပန်​​နေ​တော့ အစက ​ခေါ်ဖို့ သ​ဘောမတူတဲ့ lasswell က ​Rain ရဲ့ တိုက်​တွန်းမှု​ကြောင့်​ ​နောက်​ဆုံး​တော့ သ​ဘောတူလိုက်​ရတယ်​ ။ ဒီလိုနဲ့ သူငယ်​ချင်း ၃ ​ယောက်​သား ခရီးဆက်​ခဲ့တယ်​ ။ ခရီးဆက်​ရင်​ တ​နေရာ ​ရောက်​ရင်​ ဒီ​နေရာက ပြသနာ​တွေ ​ဖြေရှင်းရင်း Esper ​တွေ ​ခေါ်နိုင်​တဲ့ အစွမ်း သူတို့မှာ ရှိမှန်းသိလာကြတယ်​ ။ တကယ်​​တော့ Rain က ငယ်​ငယ်​တုန်းက အမှတ်​မထင်​ crystal ကို ထိဖူးလို့ crystal က အစွမ်း​တွေ သူ့ဆီ ဝင်​သွားခဲ့တယ်​ ။ crystal က ​ပေးတဲ့ vision အစွမ်းနဲ့ Dark Lord က crystal ​တွေကို တခုပြီးတခု ​ဖျက်​ဆီး​နေတာ လိုက်​တားရင်း အ​ကြောင်းအရင်းက ဘာလဲဆို ​ဆော့ရင်း သိလာရမှာပါ ။


ဇာတ်​​ကောင်​ဖြစ်တဲ့ Rain က ကူညီတတ်​တယ်​ ။ ​နွေး​ထွေးမှုရှိတယ်​ ။ သနားကြင်​နာတတ်​တယ်​ ။ ​ပျော်​​ပျော်​​နေတတ်​တယ်​ ။ ဒါ​ပေမယ့်​ သူလုပ်​ချင်​တဲ့ အရာဆို ​ခေါင်းမာတတ်​တယ်​ ။ Lasswell က​တော့ မျှ​တွေးတတ်​တယ်​ ။ ဗဟုသုတ စုံတယ်​ ။ သူက တခုဆို တခုပဲ အာရုံစိုက်​တယ်​ ။ အပို အလုပ်​​တွေ လုပ်​တာ သိပ်​မကြိုက်​ဘူး ။ သူက သူ့ကို ​ကျွေး​မွေး​စောင့်​​ရှောက်​​ပေးတဲ့ Rain အ​ဖေ Sir Raegan ကို ​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ Rain ကို နံ​ဘေးနားက အမြဲ ​စောင့်​​ရှောက်​​ပေးရမယ်​ဆိုတဲ့ အသိ ထားထားတဲ့အတွက်​​ကြောင့်​ Rain ထိခိုက်​မယ့်​ အလုပ်​မျိုးဆို အမြဲတားတယ်​ ။ ကာကွယ်​​ပေးတယ်​ ။ ဒါ​ကြောင့်​ Rain နဲ့ အမြင်​မတူလို့ ၂ ​ယောက်​ အမြဲစကားများရတယ်​ ။ ​ဆော့ရင်​ သိမှာပါ ။ ဂိမ်းထဲမှာ Rain က Lasswell ကို ​နောက်​တီး​နောက်​တဲ့ စကား​တွေ ​ပြောလို့ Lasswell အမြဲ ​အော်​ ​ပြော​နေတာ​တွေ​ပေါ့ ။ Lasswell က ​တော်​ရုံနဲ့ သူ့စိတ်​ခံစားချက်​ကို ​ဖော်​ထုတ်​ပြ​လေ့မရှိ​တော့ Rain က ​သူ့ခံစားချက်​​တွေ ​​ဖော်​ပြတတ်​​အောင်​ အမြဲ စ​နောက်​​တယ်​ ။ Rain နဲ့ Fina ၂ ​ယောက်​ အတိုင်​အ​ဖောက်​ ညီညီ​ ​ပြောပြီး Lasswell ကို စ ​နေတာ​တွေ ​​တွေ့ရပါလိမ့်​မယ်​ ။ Fina က​တော့ ဘာမှ မသိတဲ့ ​ကောင်​မ​လေး ။ သူ့မှာ crystal အစွမ်း​တွေ ရှိ​နေတ သူမသိ ။ သူ ဘယ်​သူလည်းဆိုတာပဲ Rain နဲ့ Lasswell တို့နဲ့အတူတူ ခရီးဆက်​ရင်း ရှာ​ဖွေ​နေ​တော့တယ်​ ။

ဇာတ်​လမ်းက​တော့ အခုထိ မပြီး​သေးဘူး ။ အသစ်​​တွေ ထပ်​ထည့်​​နေတုန်းဆို​တော့ ဘယ်​အချိန်​မှ ပြီးမလဲ မသိ​သေးဘူး ။


Gameplay အပိုင်း​ပြောရရင်​​တော့ တခြား mobile phone game ​တွေလိုမျိုး screen တို့ထိပြီး​ ပွတ်​ဆွဲပြီး ​​ဆော့ရတာ​ပါ ။ battle ထဲဝင်​ရင်​ character name ညာဘက်​ပွတ်​ဆွဲရင်​ skill ​ပေါင်းစုံရှိမယ်​။ ဘယ်​ဘက်​ဆွဲရင်​ သုံးလို့ရတဲ့ item ​တွေ ရှိမယ်​ ။ အ​ပေါ်ဘက်​ ဆွဲရင်​ attack ​အောက်​ဘက်​ဆွဲရင်​ defence ရှိတယ်​ ။ Limit Break attack ​တွေ ပါတယ်​ ။ Esper ရဲ့ speial attack ​တွေပါတယ်​ ။ Turn based game ဆို​တော့ ကိုယ့်​ turn ​ရောက်​ရင်​ ​သေချာစဉ်းစားပြီး command ​ပေးရတာ​ပေါ့ ။


၅ ​ယောက်​အဖွဲ့​လေး ဖွဲ့ပြီး ဆော့ ရမှာ ။ ပထမ အစ​တော့ Rain နဲ့ Lasswell ပဲရှိတယ်​ ။ ​နောက်​​တော့ Fina ရလာမယ်​ ။ ကျန်​တဲ့ character ​တွေ​တော့ Summon ထဲမှာ သွား​ခေါ်လို့ရတယ်​ ။ ​ဒါ​ပေမယ့်​ Random ပဲ ကျတယ်​ ။ Summon ထဲမှာရှိတဲ့ အ​ကောင်​​တွေက Story နဲ့ မပတ်​သက်​ဘူး ။ အ​ကောင်​​ကောင်း​တွေ ရခဲတယ်​ ။ ​ကောင်း​ကောင်းရချင်​ရင်​​တော့ Lapis အခု ၅၀၀ သုံးရမယ်​ ။ Lapis ကလည်း ရတာ ခက်​​တော့ ချင့်​ချိန်​သုံးရမှာ​ပေါ့ ။ item ​နေရာတိုးတာပဲ ဖြစ်​ဖြစ်​ character ​နေရာ တိုးတာပဲ ဖြစ်​ဖြစ်​ evolve item ​တွေ ဝယ်​တာပဲ ဖြစ်​ဖြစ်​ Energy ကုန်​လို့ ပြန်​ဖြည့်​ချင်​တာပဲ ဖြစ်​ဖြစ်​ Lapis ကို သုံးရမှာ ဆို​တော့ ​ချွေတာ သုံးရမှာ ။ google play က​နေ Lapis ​တွေ ဝယ်​လို့ရပါတယ်​ ။ ဒါ​ပေမယ့်​ credit card ​တော့ လိုမှာ​ပေါ့ ။ တခါတ​လေ final fanatsy 10 က character တို့ final fantasy 13 က character တို့ စသဖြင့်​ အရင့်​အရင်​က Final Fantasy series က character တချို့ ​ခေါ်နိုင်​တဲ့ ​ရတဲ့ event ​လေး​တွေ လာ​လေ့ရှိတယ်​ ။ ဒီလို​ကောင်​​တွေဆို ​တော်​​တော်​​ကောင်းတယ်​ ။ spell ​တွေ​ကော skill ​တွေ​ကော ရှယ်​ပဲ ။ အဲ့လိုမျိုး event လာရင်​​တော့ Lapis ကို မနှ​မျောပဲ သုံးသာသုံး ။ event က ရက်​အကန့်​အသတ်​ရှိ​တော့ တ​ကောင်​ရ​အောင်​ကို မနဲသုံးရမှာ ။ စာ​ရေးသူ​တော့ တ​ကောင်​ရ​အောင်​ Lapis ကို အားမနာတမ်း သုံးပစ်​တာပဲ ။ ရသွားရင်​ ကိုယ့်​အဖွဲ့ အင်​အား​ကောင်းလာမှာ​လေ ။


World, Vortex, Esper နှင့်​ Colosseum ဆိုပြီး​တော့ အမျိုးအစား ၄ မျိုး ရှိတယ် ။ World က​တော့ ဇာတ်​လမ်းအတိုင်း ​ဆော့ရတဲ့ ​နေရာပါ ။ အထဲမှာ ကျွန်း​တွေရှိပြီး ကျွန်းထဲမှာ map ​သေး​သေး​လေး​တွေပါတယ်​ ။ ဒါ​တော့ ​ဆော့ရင်းနဲ့ ​တွေ့ရမှာပါ ။ Vortex မှာက Experience ရတဲ့ battle ၊ လက်​နက်​​တွေ လုပ်​ဖို့ လိုအပ်​တဲ့ ပစ္စည်း​တွေ ရှာရတဲ့ battle ၊ Character ရဲ့ maximum lvl ကို မြှင့်​ဖို့ ​တနည်းအားဖြင့်​ evolve လုပ်​ဖို့ လိုအပ်​တဲ့ ပစ္စည်း​တွေ ရှာရတဲ့ battle ၊ Skill ​တွေ ပြုလုပ်​ဖို့ လိုအပ်​တဲ့ ပစ္စည်းရှာရတဲ့ battle ​တွေ ၊ Esper ​တွေ upgrade လုပ်​တဲ့ item ​တွေ ရှာရတဲ့ battle ​တွေ ရှိတယ်​ ။ Esper က​တော့ Esper ​တွေ lvl မြှင့်​တဲ့ ​နေရာ​ပေါ့ ။ Esper level မြင့်​ရင်​ ကိုယ့်​ character လည်း attack ​တွေ defence ​တွေ မြင့်​လာတယ်​ ။ Colosseum က​တော့ တခြား offline player နဲ့ ယှဉ်​ပြိုင်​ရတာ​တွေ ပါတယ်​ ။ လစဉ်​ ပြိုင်​ပွဲ​တွေ ရှိတယ်​ ။ သတ်​မှတ်​ အချိန်​​ရောက်​လို့ အဆင့်​ ၉၉၉၉ ထဲ​ရောက်​​နေရင်​ ဆု​တွေရမယ်​ ။ item အသစ်​​တွေရမယ်​ ။ စသဖြင့်​​ပေါ့ ။ ​အဲ့ ၉၉၉၉ ထဲ​ရောက်​​အောင်​ မနည်းလုပ်​ရမှာ ။ ကိုယ်​လို သူလို​တွေများ​တော့ ဆက်​မ​ဆော့ပဲ​နေရင်​ သူ့အလိုလို အဆင့်​ကျလာတယ်​ ။ ပြိုင်​ဘက်​ ​သေချာ​ရွေးရတယ်​ ။ ၅​ယောက်​အ​ဖွဲ့နဲ့ ချရတာ​လေ ။ တ​ယောက်​ပဲ ​ဖော်​ပြထား​တော့ ကျန်​ ၄ ​ယောက်​က ဘယ်​သူမှန်းမသိဘူး ။ ကိုယ့်​ထက်​ ပါဝါကြီး​နေရင်​ ကိုယ်​​သေပြီ ။ ​သေရင်​ အဆင့်​ကျ​ရောပဲ ။


တခြား Final Fantasy series အတိုင်းပဲ အ​ကောင်​ကြီးကြီး​တွေ (Ifrit တို့ Shiva တို့ စသဖြင့်​) ​ခေါ်ချရတာ​တွေ Elemental attack​ ​တွေ crystal ​တွေ ပါတာ​ပေါ့​လေ ။ အ​ကောင်​ကြီးကို Esper လို့ နာမည်​​ပေးထားတယ်​ ။ Esper က character ​တွေမှာထည့်​ထားရင်​ character ရဲ့ stats ​တွေ များလာတယ်​ ။ Esper ရဲ့ special ability ​တွေ Esper attck ​တွေ သုံးလို့ရတယ်​ ။ ဒါ​ပေမယ့်​ element vulnerability ရှိတယ်​ ။ ဥပမာ Ifrit ဆို Blizzard ​attack ခံမနိုင်​ဘူး ။ weakness ဖြစ်​​နေတယ်​ ။ item ​တွေ သုံးပြီး ခုခံနိုင်​​အောင်​ မြှင့်​​ပေးလို့ ရပါတယ်​ ။ Esper က ဇာတ်​လမ်းသွားအတိုင်း ​ဆော့မယ်​ဆို ၃ ​ကောင်​​လောက်​ပဲ ရမှာ ။ အခု​လော​လောဆယ်​​တော့ ၈ ​ကောင်​ ရှိတယ်​ ။ ​နောက်​ထပ်​ ထပ်​ထည့်​ဦးမလား​တော့ မသိဘူး ။ Esper ​တွေကို ​လျှောက်​သွားလို့ရတဲ့ Map ​တွေမှာ ဖွက်​ထားတယ်​ ။ ကိုယ်​ရှာတတ်​ရင်​ သွား​ခေါ်လိုက်​ရင်​ ရတယ်​ ။ ဒါ​ပေမယ့်​ battle ချရမယ်​ ။


အဲ့ဒီ ဂိမ်းထဲမှာ ​Feature ​တွေ ​တော်​​တော်​စုံတယ်​ ။ usable item ​တွေ ကိုယ်​ကိုယ်​တိုင်​ ပြုလုပ်​လို့လည်းရတယ်​ ။ ဒါ​ပေမယ့်​ လိုအပ်​တဲ့ ပုံစံတို့ ပစ္စည်း​တို့ ရှာရမယ်​ ။ ပုံစံကို​တော့ မြို့က ​ဈေး​တွေမှာ ဝယ်​လို့ရတယ်​ ။ ပစ္စည်း​တွေကျ​တော့ battle တိုက်​မှ ရတယ်​ ။ ​နေ့စဉ်​ တခုပဲ ဖွင့်​ခွင့်​ရှိတဲ့ Vortex ထဲက အခန်း​တွေမှာ ရှာလို့ရတယ်​ ။ လက်​နက်​​တွေလည်း ထို့အတူပဲ ။ လိုအပ်​တဲ့ ပုံစံတို့ item တို့ ရှာပြီး လုပ်​လို့ ရတယ်​ ။ ​နောက်​တခုက abilities ။ ဒီတခု​တော့ မဆိုးဘူး ။ Abilities ​တွေက အ​သေ သတ်​မှတ်​ထားတာ မဟုတ်​ဘူး ။ တခြား​ character ​တွေမှာလည်း ထည့်​လို့ရတယ်​ ။ အ​ရေးကြီးတဲ့ cure လို့ ability လိုမျိုးကို မရနိုင်​တဲ့ တခြား character မှာ ထည့်​လို့ရတာ​တော့ သ​ဘောကျတယ်​ ။ ဒါ​ပေမယ့်​ နဂိုမူလ cure ​ability ရတဲ့ character ရဲ့ cure ​လောက်​ မ​ကောင်း​ပေမယ့်​ ​တော်​​တော်​ အသုံးဝင်ပါ​တယ်​ ။ ​poison attack ability တို့ fire attack ability တို့ စ​တာ​တွေ ပြုလုပ်​ပြီး ကိုယ်​ထည့်​​ချင်​တဲ့ character မှာ ထည့်​လို့ရတယ်​ ။


Graphic က​တော့ 2D ပါ ။ Esper attack ​sence တွေ​တော့ HD နဲ့ လုပ်​ထားတယ်​ ။ memory သိပ်​မစားဘူး ။ online game ​ပေမယ့်​လည်း data သိပ်​မစားဘူး ။ 1 နာရီကြာ ​ဆော့မှ အများဆုံး 10 mb ​လောက်​ပဲ ကုန်တယ် ။ requirement သိပ်​မ​တောင်းဘူး ။ ဖုန်းလည်း မ​ရွေးဘူး ဆို​တော့ ဘယ်​ mobile devices မှာပဲ ဖြစ်​ဖြစ်​ ​ဆော့ရ အဆင်​​ပြေတယ်​ ။ ဇာတ်​လမ်းလည်း မဆိုးဘူး ။ စာ​ရေးသူ​တော့ ကြိုက်​တယ်​ ။ Free to play online rpg game ဖြစ်​တဲ့အတွက်​ rpg ကြိုက်​သမား​တွေ စမ်းကြည့်​သင့်​​ကြောင်း အကြံပြုလိုက်​ရပါတယ်​ ။

KSA
#qzksa
#Fros

Sunday, August 7, 2016

Pokemon go ဆော့မရ၊ GPS error ပြဿ နာ ဖြေရှင်းနည်း



Pokemon Go တချို့ဖုန်း​တွေမှာ ​ဆော့မရတာ ရှိပါလိမ့်​မယ်​ ။ ​ဖြေရှင်းတဲ့ နည်းလမ်း​တွေ ရှိပါတယ်​ ။ ​တွေ့ကြုံ​နေကျ ပြသနာ​ ​ဖြေရှင်းနည်း ​ပြောပြပါမယ်​ ။ တခု သိထားရမှာက pokemon go က Phone အတွက်​ပဲ ထုတ်​ထားတာ ဖြစ်​ပါတယ်​ ။ tablet ​အတွက် မရပါ ။

Q 1. pokemon go application သွင်းမရဘူး ။

သွင်းမရဘူးဆို​တော့ ကိုယ့်​ဖုန်းက သူ့သတ်မှတ်​ချက်​နဲ့ ကိုက်​ညီမညီ စမ်းစစ်​ရပါမယ်​ ။

Requirement
=======
Android
----------
Android version 4.4 to 6.0.1
Strong internet connection
GPS and Location service
-----
iOS
-----
iPhone 5+
iOS 8 and above
Strong internet connection
GPS and Location service

အထက်​က ပြထားတဲ့အချက်​အလက်​နဲ့ ကိုယ့်​ဖုန်း ကိုက်​ညီမှု ရှိလား မရှိရင်​​ဆော့မရဘူး​ပေါ့ ။ ရှိရင်​​တော့ App ကို ဘယ်​က download လုပ်​လဲ ဆိုတာ ဆန်းစစ်​ရမယ်​ ။ တခြားက​နေ download လုပ်​ထားရင်​ ဒီ့ပြင်​ တခြား market က​နေ Website ​တွေက​နေ ဆွဲကြည့်​ပါ ။ တချို့ Market ​တွေလည်း အဆင်​​ပြေပါတယ်​ ။ google play က​တော့ စိတ်​အချရဆုံး အဆင်​​ပြေဆုံးပါ ။ google play က download ဆွဲထားတာ​တောင်​မှ ပြသနာ တက်​​နေတယ်​ ဆိုရင်​​တော့ ဖုန်း operating system နဲ့ဆိုင်​သွားပါပြီ ။ error ​တွေရှိ​နေလို့ သွင်းမရတာ ဖြစ်​ပါတယ်​ ။ root လုပ်​ထားရင်​ error ​တွေ ရှိတတ်​ပါတယ်​ ။ official version ​တွေမှာ version update လုပ်​တာများရင်​ version တမျိုးတည်း သုံးတာကြာရင်​ error တက်​တတ်​ပါတယ်​ ။ error ​ပျောက်​​အောင်​ (ဥပမာ ph တခုလုံး reset ချတာမျိုး error ကင်းတဲ့ rom ​ရွေးတင်​တာမျိုး) အရင်​ လုပ်​ပြီးမှ pokemon go သွင်းကြည့်​ကြည့်​ပါ ။

အကြံပြု ချက် ။ https://apps.qoo-app.com/en/app/4186 ဒီကနေလည်း download ဆွဲ ဆော့နိုင်ပါတယ် ။ admin ကိုယ်တိုင်ဆော့နေတာ ဘာ ပြသနာမှ မရှိပါ ။

Q 4. pokemon go သွင်းလို့ရတယ် ။ ဒါပေမယ့် screen ကြီးဖြူပြီး ဘာမှ တက်မလာဘူး ။

app ကို clear uninstall လုပ်ပြီး install ပြန် လုပ်ကြည့်ပါ ။ ပြီးတော့ phone error နဲ့ ဆိုင်​ပါတယ်​ ။ phone အမျိုးအစားနဲ့ ဆိုင်​ပါတယ်​ ။ မရရင် တခြားဖုန်းမှာ စမ်းကြည့်​တာပဲ ဖြစ်​ဖြစ်​ လုပ်​ကြည့်ပါ ။

Q 3 . Account လုပ်မရဘူး ။

account မလုပ်​မီ အစမှာ မိမိရဲ့ ​မွေးတဲ့ ခုနှစ်​ လ ရက်​ ကို ဖြည့်​ခိုင်းတာ ​တွေ့ရပါလိမ့်​မယ်​ ။ ဒီမှာ သူ့သတ်​မှတ်​ချက်​က အသက်​ ၁၃ နှစ်​ ​ကျော်​ရပါမယ်​ ။ ၁၃နှစ်​ မ​ကျော်​ရင်​ pokemon go ​မ​ပေး​ဆော့ဘူး ။ သတိထားရမယ့်​ အချက်​ပါ ။ ​မွေးသက္ကရာဇ်​​တွေ ဖြည့်​ပြီး​တော့ ​နောက်​ တမျက်​နှာ ဘာနဲ့ sign up လုပ်​မလဲလို့ ​မေးပါလိမ့်​မယ်​ ။ ဒီမှာ ​ရွေးချယ်​စရာ ၂ မျိုး ရှိပါလိမ့်​မယ်​ ။ Google နဲ့ pokemon trainer ဆိုပြီး​တော့ ။ ၂ ခုလုံး တူတူပါပဲ ။ server ကွာသွားပါတယ်​ ။ pokemon trainer ကျ​တော့ server ခဏ ခဏ ကျတတ်​လို့ အ​နောက်​နိုင်​ငံ​တွေမှာ ဝင်​မရတာတို့ အလိုလို sign out ဖြစ်​သွားတို့ ဖြစ်​​နေတာ ​တွေ့ရပါတယ်​ ။ သူက​တော့ အရင်​ကတည်းက ရှိ​နေတဲ့ server ဆိုတဲ့ သူ့မှာ train တာတို့ item ဝယ်​တာတို့ မှာ Team ​တွေ ရှာတာတို့မှာ ပြသနာ မရှိဘူး​ပေါ့ ။ ပြီး​တော့ မြန်​မာနိုင်​ငံလည်း မပါဘူး ။ google ကျ​တော့ ဒီလို မဖြစ်​ပါဘူး ။ သူက server အသစ်​​ပေမယ့်​ ကြီးတယ်​ ။ pokemon trainer server မျိုး sign out ဖြစ်​သွားတာတို့ မရှိဘူး ။ ​Google နဲ့ Niantic တို့ ပူး​ပေါင်းလုပ်​​ဆောင်​​နေဆဲဆို​တော့ မကြာခင်​မှာ Google server လည်း pokemon trainer server မျိုး လုပ်​​ဆောင်​နိုင်​တဲ့ server ဖြစ်​လာပါလိမ့်​မယ်​ ။ အခု​လော​လောဆယ်​​တော့ မြန်​မာပြည်​အ​နေနဲ့ google တခုပဲ ​ရွေးချယ်​ခွင့်​ရှိ​တော့ google နဲ့ပဲ ချိတ်​ကစားပါ ။

Q 4 . GPS signal not found ပြ​နေတယ်​ ။

အရင်ဦးဆုံး ကိုယ့်ဖုန်းမှာ GPS ရှိမရှိ သိထားဖို့ လိုအပ်ပါတယ် ။ GPS signal က ပိန်းပိတ်​​နေတဲ့ တိုက်​ကြားထဲ တိုက်​ခန်းထဲမှာ မမိပါ ။ မိုးအုံ့​နေရင်​လည်း မမိပါ ။ တိမ်​ထူထပ်​​နေရင်​လည်း မမိပါ ။ ကောင်းကင်မှာ satellite ( ဂြိုလ်​တု) နည်း​နေရင်​လည်း မမိပါ ။ ​ကောင်းကင်​ကြည်​လင်​တဲ့ ​နေ့မျိုးမှာ နံ​ဘေးမှာ တိုက်​တာအ​ဆောက်​အအုံ​တွေ မရှိတဲ့ ​နေရာမျိုး ကုန်းမြင့်​​နေရာမျိုးမှာ စမ်းကြည့်​ပါ ။ ရပါလိမ့်​မယ်​ ။ GPS က ​ကောင်းကင်​မှာ အနည်းဆုံး satellite ၃ လုံး ရှိ​နေမှ အလုပ်​လုပ်​ပါတယ်​ ။ ဒီ​နေရာမှာ ကိုယ့်​​နယ်​​မြေရဲ့ ​ကောင်းကင်​မှာ satellite ဘယ်​​လောက်​လုံးရှိလဲဆိုတာ ကြည့်​နိုင်​ပါတယ်​ ။ Satellite checker နဲ့ ကြည့်​လို့ရပါတယ်​ ။ ကိုယ့်​ဖုန်း က​နေ ​ကောင်းကင်​မှာရှိတဲ့ နီးစပ်​ရာ satellite ၃ လုံးဆီကို signal ပို့ပါတယ်​ ။ ဒီ Satellite ၃ လုံးက​နေ ပြန်​ပို့တဲ့ signal က phone ဆီ ​ရောက်​မှ GPS အလုပ်​လုပ်​ပါတယ်​ ။ သူလည်း သုံးတဲ့သူများရင်​ GPS က မဖတ်​နိုင်​​တော့ဘူး ။ အချိန်​နဲနဲ ​စောင့်​ရပါလိမ့်​မယ်​ ။ satellite checker က app ပါ ။ Android ​ရော iOS မှာ ရနိုင်​ပါတယ်​ ။

ကောင်းကင်​ရှင်းလင်း ကြည်​လင်​တဲ့​နေ့မျိုးမှာ စမ်းကြည့်​ပါ ။ mock location off လုပ်​ထားပါ ။ google playstore service ဖွင့်​ထားပါ ။ playstore service ကို latest update ရအောင် လုပ်ထားပါ ။

Android အတွက် ဖြေရှင်းနည်း။
  • ပထမနည်း ။ Setting => Location မှာ turn on လုပ်ပြီး High accuracy မှာ ထားပေးပါ ။
  • ဒုတိယနည်း ။ Setting => About Phone မှာ ၇ ချက် တို့လိုက်ရင် developer option တက်လာပါလိမ့်မယ် ။ ဒီထဲမှာမှ mock location ကို disable လုပ်ပေးပါ ။
  • တတိယနည်း ။ Setting => Application manager => Pokemon Go => Permissions => Location မှာ on ထားပေးပါ ။

ဒါတောင်မှ မရရင်
  • ဖုန်းကို restart ချကြည့်ပါ ။
  • Pokemon Go latest version ရောက်မရောက် ကြည့်ပါ ။ မရှိရင် သွင်းပါ ။
  • power saving mode တွေ လုပ်ထားရင် ပိတ်ပါ ။
  • airplane mode ကို ခဏဖွင့်ပြီး ပြန်ပိတ်ပြီး ထပ်စမ်းကြည့်ပါ ။

Q 5 . pokemon ​လေး​တွေ မ​ပေါ်ဘူး ဖြစ်​​နေတယ်​ ။

ဒီအ​ကောင်​​လေး​တွေက random ​ပေါ်​နေတာပါ ။ ​နေရာ အတည်​အကျ အချိန်​အတိအကျ မရှိဘူး ။ GPS နဲ့ server နဲ့ ​ကစားလို့ ရနိုင်​တဲ့ ​နေရာက data ​တွေနဲ့ ​ပေါင်းစပ်​ပြီး ​နေရာ​ဒေသ အလိုက်​​ပေါ်တာ ဖြစ်​ပါတယ်​ ။ ​နေရာတိုင်း ​ပေါ်နိုင်​ပါတယ်​ ။ များတာ နည်းတာပဲ ကွာတာပါ ။ ဒါ​ကြောင့်​ gps မိနိုင်​တဲ့ internet ​ကောင်း​ကောင်းရတဲ့ ​နေရာ​တွေမှာ ​​ဆော့ခိုင်းတာ ဖြစ်​ပါတယ်​ ။ သူများရပြီး ကိုယ်​မရလို့ စိတ်​မညစ်​ပါနဲ့ ။ ကိုယ်​​ရောက်​​နေတဲ့ ​နေရာက server မှာ ​ဆော့တဲ့သူ​တွေများရင်​  ပြည့်​သိပ်​ပြီး ဖြစ်​​နေလို့ ဒီလို ဖြစ်​ရတာပါ ။ Satellite က လူသုံးများလွန်းလို့ ကိုယ်​သုံးတဲ့အချိန်​ signal strength ​တွေကျ​နေတာ​ကြောင့်​ ဘာမှမမိတာ ဖြစ်​ပါတယ်​ ။

Q 6 . We aren't detecting your phone's orientation. Would you like to turn off AR mode? လို့ ပြနေတယ် ။ 

AR mode အလုပ်မလုပ်ဘူးဆိုတာ ဖုန်းမှာ Gyroscope မရှိတာကြောင့် ဖြစ်ရတာပါ ။ ဒီလို error မျိုး အရများတဲ့ phone တွေက Sony Experia, HTC 626S နှင့် Huawai ဖုန်းတွေ ဖြစ်ကြပါတယ် ။ iOS 10 beta 2 တင်ထားတဲ့ iPhone တွေမှာလည်း ဒီလို error မျိုး တက်ပါတယ် ။ AR mode ဖွင့်ထားရင် pokemon လေးတွေကို အပြင်ရှုခင်းနဲ့အတူတူ မြင်ရမှာပါ ။ AR mode မရှိလည်း pokemon လေးတွေ ဖမ်းလို့ရပါတယ် ။ Gyroscope က ဖုန်းထဲကို စက်ရုံက စထုတ်ကတည်းက ထည့်ပေးလိုက်တာဖြစ်ပါတယ် ။ gyroscope မပါတဲ့ ဖုန်းတွေတော့ လုံးဝ ထည့်လို့မရပါ ။ အပေါ်က ဖော်ပြထားတဲ့ ဖုန်းတွေမှာ ကိုယ့်ဖုန်းပါခဲ့ရင် တခြားဖုန်းလဲပြီး ဆော့မှ ရမှာပါ ။ iOS သမားတွေတော့ iOS version အနိမ့်ကို ဆင်းမှပဲ အဆင်ပြေမှာ ဖြစ်ပါတယ် ။

အဆင်ပြေပါစေ ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

KSA
#qzksa
#Fros

Saturday, August 6, 2016

Pokemon Go available in Myanmar

Pokemon Go မြန်​မာနိုင်​ငံမှာ ​ဆော့လို့ရ​နေပါပြီ ။




Wednesday, August 3, 2016

Mobius Final Fantasy ဒီ​နေ့ပဲ ထွက်​ရှိလာပါပြီ



Mobius Final Fantasy ဒီနေ့ ထွက်လာပါပြီ ။

Apk size = 38.8 MB
Data = 456.7 MB
Requires Android version = Minimum  [2.3] , Recommended  [4.0]

=======
Download Links
=======

Google Playstore => https://play.google.com/store/apps/details?id=com.square_enix.android_googleplay.mobiusff_ne&hl=en

APK => http://www.mediafire.com/download/0gtni1v9y2sd2wy/MOBIUS+FF.apk

Itunes => https://itunes.apple.com/tw/app/mobius-final-fantasy-traditional/id1091975300?mt=8


Game အ​ကြောင်း
=========

Free to play ဖြစ်တဲ့အပြင် Role Playing Game အမျိုးအစားဖြစ်တဲ့ ဒီ High Definition game ဟာ Japan မှာ 2015 June 4 ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပြီး အခုဆို သက်တမ်း ၁ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ Square Enix ရဲ့ အအောင်မြင်ဆုံး mobile phone game တစ်ခုလည်း ဖြစ်ပါတယ်။ 2015 Unity awards မှာ Best 3D Visual Experience ဆုစာရင်းဝင်ခဲ့ပါတယ်။ Japan ရဲ့ iTune's Best of 2015 လို့လည်း အမည်တွင်ခဲ့ပါတယ်။

Paramitia ခေါ်တဲ့ world မှာ chaos လို့ခေါ်တဲ့ armies က ဒီ world ကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ Main character ဖြစ်တဲ့ Wol ဟာ သူ့ world မဟုတ်တဲ့ ဒီ Paramitia မှာ မေ့မျောနေရာကနေ နိုးထလာခဲ့ပါတယ်။ သူ့နည်းတူ တခြားသူတွေလည်း ဒီ world ကို ရောက်နေပါတယ်။ ဒီလို လူတွေကြားထဲမှာမှ တယောက်သာလျှင် warriors of light ဖြစ်ပြီး Paramitia ရဲ့ အမှောင်ကြီးစိုးမှုမှ ကာကွယ်ပေးတဲ့သူ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီလို Warriors of Light အဖြစ် ခံယူလိုက်တဲ့ Wol ဟာ မင်းသမီး Sarah Lotte Cornelia နှင့် Moogle နှင့် အတူ Paramitia ကို ဘယ်လို ကယ်တင်မလဲဆိုတာ ဇာတ်လမ်းသွားအတိုင်း ဆော့ရမှာ ဖြစ်ပါတယ်။


ဒီ game ထဲမှာ အလွန် sexy ကျတဲ့ Wol ဆိုတဲ့ male character ကနေ ဆော့ရမှာ ဖြစ်ပါတယ်။ system က တခြား smartphone game တွေလိုမျိုး screen ကို tap လုပ်ကာ ချရပြီး magic abilities တွေ stagger system တွေ elemental weakness point တွေ ပါပါတယ်။ Eidolons ဖြစ်တဲ့ Shiva, Onion Knight နဲ့ Fat chocobo တွေ summon လုပ်လို့ရပါတယ်။ player တွေဟာ သူတို့စိတ်ကြိုက် နာမည်ပေးကာ ဆော့လို့ရပါတယ်။ Job system တွေပါရှိပြီး Job အလိုက် character အကျီ င်္ လည်း ပြောင်းလဲသွားပါတယ်။ Cloud Strife တို့ Squall Leonhart တို့ စသဖြင့် အရင် Final Fantasy series တွေက main character တွေ ပါဝင်ပါတယ်။ map exploration တွေ ပါရှိပြီး leveling system တွေ ပါရှိပါတယ်။

Android နဲ့ IOS အတွက် ထွက်​လာတာ ဖြစ်ပါတယ် ။ Free to play Online game (app in purchase) ဖြစ်ပါတယ်။ Android ဆိုရင် 4.0 နှင့်အထက် IOS ဆိုရင် IOS 7 နှင့် အထက်မှ ဆော့နိုင်​မှာဖြစ်ပါတယ်။


Trailer