Monday, June 20, 2016
Peeny Stove ပြုလုပ်ပုံ
Peeny Stove ဆိုတာကတော့ သတ္တုအချိုရည်ဘူးခွံ နဲ့ ပြုလုပ်တဲ့ မီးဖို အသေးစားတစ်မျိုးဖြစ်ပြီး၊ လောင်စာ အနေနဲ့ အရက်ပျံကို အသုံးပြုပါတယ်။ အကြွေစေ့လေး ထည့်ပြီးသုံးရတဲ့အတွက် Penny Stove လို့ ခေါ်ပါတယ်။
Penny Stove မူကွဲအမျိုးမျိုးရှိတဲ့ အထဲကမှ ကုန်ကြမ်းရရှိမှု လွယ်ကူခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ လောင်စာ အလွယ်တကူဝယ်ယူရနိုင်ခြင်း စတဲ့အချက်တွေကို အခြေခံပြီး၊ လက်ရှိ ပုံစံကို ဖောက်သည်ချခြင်း ဖြစ်ပါတယ်။
Outdoor မီးဖိုတွေ ၀ယ်လို့ရတယ်ဆိုပေမယ့်။ လက်ရှိ မြန်မာနိုင်ငံ ဈေးကွက် အနေအထားအရ ၀ယ်ယူဖို့မလွယ်ကူခြင်း၊ လောင်စာပစ္စည်းဖြစ်တဲ့အတွက် လေဆိပ်မှာ လုံခြုံရေးအရ အသိမ်းခံရနိုင်ခြင်း၊ ဈေးနှုန်းမြင့်ခြင်း စတဲ့အချက်တွေကြောင့် Outdoor Camp Stove ကိုသယ်ရတာ အခက်အခဲအနည်းငယ်ရှိပါတယ်။ ဒီ Penny Stove ကတော့ ပျောက်သွားရင်တော့ အလွယ်တကူ ပြန်လည်ပြုလုပ်နိုင်ပါတယ်။
Penny Stove ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ အချိုရည်ဘူးခွံနှစ်ခု
၂။ ပေတံ
၃။ Marker Pen
၎။ အပေါက်ဖောက်ဖို့ရန် သံချောင်းတစ်ခု
၅။ စာအုပ်ထူထူတစ်အုပ်
၆။ ဒါး
၇။ ကပ်ကြေ်း
၈။ ကော်ပတ် (မရှိလည်းရပါတယ်)
Credit to Original Writer : Six Wheels, Three men
ကော်ဖီတစ်ခွက်စာကတော့ ၆ မိနစ်လောက်ဆို ရေနွေးဆူပါတယ်။ ကျွန်တော်စမ်းကြည့်တာတော့ 50 ml အရက်ပျံထည့်ထားရင် နာရီဝက်ထိ သုံးလို့ရပါတယ်။ ရေခန်းချက်ရင် ထမင်းတစ်လုံးတော့ ကျက်ပါတယ်။
သုံးတဲ့အခါ အရက်ပျံကို အပြည့် (50-ml) ထည့်သုံးရပါမယ်။ မီးဖိုသုံးပြီးသွားလို့ အရက်ပျံ ပိုနေရင် လေမှုတ်ပြီး ပြန်သိမ်းထားပါ။ တစ်ခါသုံးပြီးသား အရက်ပြန်ကို ဘူးသပ်သပ်နဲ့သိမ်းပါ။ အရက်ပျံအသစ်ထဲမှာ ရောမသိမ်းရပါ။ တစ်ခါမီးရှို့ပြီးသား အရက်ပျံဟာ အသစ်လောက် လောင်အားမကောင်းတော့ပါ။
မှတ်ချက်။ ။ မီးဘေးဂရုပြုပါ အခန့်မသင့်ရင် မိးလောင်တတ်ပါတယ်။
၁။ ဘူးခွံတစ်ခုကို ကော်ပတ်နဲ့ ၂ လက်မ ခန့် ဆေးသားများ ကွာသွားအောင် ပွတ်တိုက်ထုတ်ပါ။ ဒီနေရာမှာ ကျွန်တော်က မီးဖိုလှအောင် မိတ်ကပ်လိမ်းတဲ့သဘောပါ။ ကော်ပတ်မရှိရင် မလုပ်လည်းရပါတယ်။
၂။ Marker Pen ကိုစာအုပ်ကြားမှာညှပ်ပါ။ Marker Pen ထိပ်က ပုံမှာပြထားတဲ့အတိုင်း အမြင့် ၁.၂၅ လက်မ အမြင့်မှာ ရှိအောင် ပေတံနှင့်ချိန်ပါ။
၃။ ကော်ပတ်စားထားတဲ့ ဘူးခွံကို Marker Pen နဲ့ထိပြီး လှည့်ပေးပါ။ တစ်ပတ်ပြည့်သွားရင် စမှတ်၊ ဆုံးမှတ် တစ်ထပ်တည်းကျတဲ့ Marker လိုင်းတစ်ခု ဘူးခွံပေါ်မှာ ရပါမယ်။
၎။ ဒုတိယဘူးခွံကို အမှတ်အသားပြုလုပ်ရန် ၀.၇၅ လက်မ အမြင့်မှာ စာအုပ်ကြား Marker Pen ညှပ်ပြီး ချိန်ပါ။
၅။ ဒုတိယဘူးခွံကို Marker Pen နဲ့ထိပြီး တစ်ပတ်ပြည့်အောင်လှည့်ပါ။ စမှတ်၊ ဆုံးမှတ် တစ်ထပ်တည်းကျတဲ့ Marker လိုင်းတစ်ခု ဘူးခွံပေါ်မှာရပါမယ်။ ဖြတ်ထုပ်ဖို့အတွက် ဘူးခွံတွေမှာ အမှတ်အသားလုပ်တဲ့သဘောပါ။
၆။ ၀.၇၅ လက်မ အမှတ်အသား ပေးထားတဲ့ ဒုတိယ ဘူးခွံပေါ်မှာ Marker နဲ့ အမှတ်အသားတွေ လုပ်ပါမယ်။ ဘူးခွံ ဘေးစောင်းမှာ ၁၂ နေရာကို အကွာအဝေး ညီအောင် မှတ်ပါ။ အလယ်မှာ ၄ နေရာ Marker နဲ့ မှတ်သားပါ။ အလယ်မှာ မှတ်တဲ့အပေါက် ၄ ပေါက်ရဲ့ အကွာအဝေးသည် အကြွေစေ့တစ်စေ့ အုပ်မိတဲ့ အကွာအဝေးဖြစ်ရပါမယ်။ ဆိုလိုတာကတော့ အကြွေစေ့ကို ဖင်မှာ တင်လိုက်ရင် အပေါက် ၄ ပေါက်လုံးကို အုပ်မိနေရပါမယ်။ ပုံမှာပြထားသလိုပေါ့။
 ၇။ အမှတ်အသားလုပ်ထားတဲ့နေရာတွေမှာ သံချောင်းနဲ့ အပေါက်လေးတွေ ပလာယာနဲ့ဖြစ်ဖြစ်ထုပြီး ဖြည်းဖြည်းချင်းဖောက်ပါ။ အပေါက်အရွယ်အစားက သွားကြားထိုးတံ အလွယ်တကူ ၀င်နိုင်တဲ့အရွယ်ဖြစ်ရပါမယ်။
၈။ ကော်ပတ်စားထားတဲ့ ၁.၂၅" လက်မ အကွာအဝေး အမှတ်အသား ပေးထားတဲ့ ဘူးခွံကို ဖြတ်ထုတ်ပါမယ်။
အရင်ဆုံး ကပ်ကြေးထိုးထည့်ဖို့အတွက် အပေါက်တစ်ခုကို ဒါးပါးနဲ့ သတ္တုဘူးခွံထဲကိုထိုးထည့်ပါ။ အမှတ်အသားရဲ့ အပေါ်နားလောက်မှာ ဒါးနဲ့ထိုးပါ။
၉။ စောနက ဒါးနဲ့ ထိုးထားတဲ့နေရာမှာ ကပ်ကြေးကို ထိုးသွင်းပြီး ဘူးပတ်ချာလည်ကို Marker လိုင်းအပေါ်နားလောက်ကနေ ဖြတ်ပါ။
၁၀။ အချောသပ် Marker လိုင်းအတိုင်း ကပ်ကြေးနဲ့ တိတိကျကျ လိုက်ဖြတ်ပါ။
၁၁။ ပထမ ဘူးခွံတစ်ခုတော့ရသွားပါပြီ။ အဲ့ဒီ ဘူးခွံအ၀ နည်းနည်းကျယ်လာအောင်၊ မဖျတ်ရသေးတဲ့ ဘူးခွံရဲ့ ဖင်မှာ ချွတ်လိုက် တပ်လိုက် အကြိမ်ကြိမ် လုပ်ပေးပါ။ အ၀ နည်းနည်းကျယ်မှ ဘူးခွံနှစ်ခုကို ပြန်စွပ်တဲ့အခါ အဆင်ပြေပါမယ်။
 ၁၂။ ဒီတစ်ခါကတော့ အပေါက်လေးတွေဖောက်ထားတဲ့ ဒုတိယ ဘူးခွံအလှည့်ပါ။ Marker လိုင်းအပေါ်ဘက်နားမှာ ဒါးနဲ့ထိုးပြီး ကပ်ကြေး ၀င်သာမယ့် အပေါက်ဖောက်ပါ။
၁၃။ ကပ်ကြေးထိုးသွင်းပြီး Marker လိုင်းအတိုင်း တိတိကျကျ ကပ်ကြေးနဲ့ လိုက်ဖြတ်ပါ။
၁၄။ ၁.၂၅" လက်မနဲ့ အောက်ခံဘူးခွံတစ်ခု၊ ၀.၇၅" လက်မနဲ့ အပေါ်ကစွပ်ချမယ့် အပေါက်လေးတွေပါတဲ့ ဘူးခွံတစ်ခု၊ စုစုပေါင်းနှစ်ခုကို ရပါပြီ။
၁၅။ အပေါက်ပါပြီး တိုတဲ့ ဘူးခွံကို။ အောက်ခံခွက်ထဲမှာ စွပ်ချပါမယ်။
၁၆။ အောက်ခံခွက် ဘူးခွံထဲမှာ အပေါ်ကနေ အပေါက်လေးတွေပါတဲ့ ဘူးခွံကို ဖြည်းဖြည်းချင်းလှည့်သွင်းပါ။
 ၁၇။ ဘူးခွံနှစ်ခုကို စွပ်ချတဲ့နေရာမှာ။ တစ်ခြမ်း ၀င်သွားရင် နောက်တစ်ခြမ်းကမ၀င်ပဲ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအခါ။ အချိုရည်ဘူးခွံ ဖြတ်စတစ်လက်မလောက်ကို ပုံမှာပြထားတဲ့အတိုင်း၊ ထစ်နေတဲ့ရောမှာ ကြားခံပြီး ဖြည်းဖြည်းချင်းဖိချပါ။
၁၈။ ဘူးခွံကိုအထဲ စွပ်ချတဲ့နေရာမှာ ညီညီညာညာ နဲ့ ၀င်သွားအောင်ထည့်ပါ။ ဘူးပိန်မသွားဖို့လည်း ဂရုစိုက်ပါ။
၁၉။ အပေါက်ပါတဲ့ ဘူးခွံကို အဆုံးထိဝင်သွားအောင် ထိုးထည့်စရာမလိုပါဘူး။ အပေါက်ပါတဲ့ဘူးခွံဟာ ပုံမှာပြထားသလို အောက်ခံဘူးခွံနှစ်ခမ်းသာအောက် နည်းနည်းရောက်သွားပြီိဆို ရပါပြီ။
၂၀။ မီးတောက်အနိမ့်အမြင့်အတွက် အချိုရည်ဘူးရဲ့ အပေါ်ပိုင်းကို ကပ်ကြေးနဲ့ဖြတ်ထုပ်ပြီးသုံးပါတယ်။ မီးဖိုဒါက်ကို ကျွန်တော်ကတော့ သံဇကာကို ပြန်ကွေးပြီးသုံးပါတယ်။ မီးဖိုဒေါက်ကတော့ ဘာသုံးသုံးရပါတယ်။ အဓိက ကတော့ မီးဖိုဒေါက်ရဲ့အမြင့်ဟာ မီးဖိုနှုတ်ခမ်းရဲ့ ၀.၅ လက်မ အမြင့်မှာရှိရင်ရပါတယ်။
 ၂၁။ အရက်ပျံကို အလယ်အပေါက် ၄ ပေါက်နေရာကနေ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။
၂၂။ ဘေးပတ်ချာလည်း အပေါက်တွေထိ အရက်ပျံ လျှံတက်လာပြီဆိုရင် အလယ်မှာ အကြွေစေ့လေးထည့်ပါ။
၂၃။ မီးညှိလိုက်ပါ။ အရမ်းလှတဲ့ မီးဖိုလေးတစ်ခု သင်ရပါပြီ။
မီးဘေးဂရုပြုပါ။ စတင် စမ်းသပ်ခါစမှာ လောင်စာတွေနဲ့ ခပ်ဝေးဝေးနေရာမှာ စမ်းသပ်တာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဇလုံခပ်ကြီးကြီးထဲမှာ ထည့်စမ်းပါ။
၂၄ ။ အိုးအနေနဲ့ကတော့ ငါးသေတ္တာဘူးခွံကို သုံးပါတယ်။
၂၅။ Wind Shield လေကာ ကိုလည်း မိမိ အဆင်ပြေရာ သံပြားနဲ့ ပြုလုပ်နိုင်ပါတယ်။ မီးဖို ပတ်ချာလည်တစ်လက်မ အကွာအဝေး မှာ လေကာ ရှိရပါမယ်။
၂၆။ ၅၀ Ml အရက်ပျံကို နာရီဝက်ထိ အသုံးခံပါတယ်။ မီးငြိမ်းချင်တယ်ဆိုရင် လေခပ်ပြင်းပြင်းနဲ့ မှုတ်ချလိုက်ပါ။
Credit to Original writer : Six Wheels, Three men
Saturday, June 18, 2016
မကြာမီ ထွက်ရှိလာတော့မယ့် Final Fantasy type 0 online (smartphone game)
-----------
Unicode
-----------
Square Enix က ပြီးခဲ့တဲ့ 2015 september လတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ Final Fantasy Type-0 Online ဆိုတဲ့ game ကို ယခုလအတွင်း China မှာ open beta test အနေနဲ့ စတင်ဖြန့်ချီတော့မယ်လို့ June 9 ရက်နေ့က event တစ်ခုမှာ ကြေညာခဲ့ပါတယ်။ မကြာခင်မှာ Japan, North America, နှင့် Europe တွေမှာ ဖြန့်ချီမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Final Fantasy Type-0 online ဟာ မူရင်း Final Fantasy Type-0 (PSP) ကို အခြေခံပြီး ထုတ်ခဲ့ဖူးတဲ့ Final Fantasy Agito ကို ပြန်လည် ဆန်းသစ်ထားတဲ့ multiplayer hack-and-slash game ဖြစ်ပါတယ်။ Free to Play online game အမျိုးအစား ဖြစ်ပါတယ်။ Chinese developer Perfect World နှင့် ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး Android, iPhone နှင့် PC အတွက် လာမှာ ဖြစ်ပါတယ်။
Final Fantasy Agito (smartphone game) တော့ 2015 December 1 ရက်ကတည်းက ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
Final Fantasy Type-0 Online trailer => https://youtu.be/wJRjIgx5Ugw
Friday, June 10, 2016
HD (High Definition) ဆိုတာလဲ
HD (High Definition) ဆိုတာလဲ ကျွန်တော်တို့ မြန်မာနိုင်ငံကလူအများစု နားလည်တာနည်းနည်းလွဲနေကြ လို့ ရှင်းပြချင်ပါတယ်။
——————————————————————
DVD ခေတ်မှာ DVD မှာပါတဲ့ ကွာလတီက 480p ပါ
HD မဟုတ်သေးပါဘူး
Blu-ray ခေတ်ကျတော့ High Definition ဆိုပြီး ဖြစ်သွားပါတယ်
အဲဒီမှာ ၂ မျိုးထပ်ကွဲပါတယ်။
HD ready - 720p ( resolution 1680 x 720 pixels)
Full HD - 1080p ( resolution 1920 x 1080 pixels)
ဆိုပြီးကွဲသွားပါတယ်။
(အနောက်နံပါတ် 720 နဲ့ p ကတော့ progressive scan video ကို အတိုယူပြီး 720p လို့ ခေါ်တာပါ)
တီဗီတွေ ၀ယ်ရင် သတိထားရပါတယ်။ အခုခေတ်တောင် လက်မ ၄၀ ဖြစ်တိုင်း Full HD မဟုတ်ပါ။
Sony TV မှာ လက်မ ၄၀ ကို ဈေး ၃ မျိုးရှိပါတယ်။ မော်ဒယ်မတူပါဘူး
၅ သိန်း မပြည့်တဲ့ မော်ဒယ်က HD ready ပါ
၅ သိန်း ကျော် မော်ဒယ်ကလဲ HD ready ပါ
၆ သိန်း ကျော် မော်ဒယ်မှ Full HD ပါ
မယုံရင် TV ဘူးဘးက ပုံလေးတွေမှာ ကြည့်ကြည့်ပါ။ Full HD - HD ready ပုံမတူပါဘူး
အခု နောက်ဆုံးပေါ် နည်းပညာက Ultra HD 4K (4K တီဗီလို့လဲ ခေါ်တယ်ခင်ဗျ) နဲ့ 8K ပါ
4K - 2160p (resolution 3840×2160 pixels)
8K - 4320p (resolution 7680x4320 pixels)
8K က တီဗီအနေနဲ့တောင် မထွက်သေးပါဘူး။ အခုမှ ပေါ်တဲ့နည်းပညာပါ။
ကွာလတီဘာကွာလဲမေးရင် ယှဉ်ကြည့်ဖူးမှ သိပါတယ်။ ဘာမှ မဆိုင်ပါဘူး
အခုကျွန်တော်ရောင်းနေတဲ့ Full HD ဆိုတာတွေတောင် 4K ကြည့်ဖူးသူများ မှုန်တယ်ပြောပါလိမ့်မယ်။ အဲ့လောက်ကွာပါတယ်။
=============================================
ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ခွေတွေမှာ ၂ စားရှိပါတယ်။
တစ်မျိုးက Bluray တံဆိပ်ကပ်ထားတဲ့ DVD ပါ။ DVD စက်နဲ့ကြည့်လို့ရပါတယ်။
DVD စက်နဲ့ ကြည့်လို့ရတဲ့ခွေသာဖြစ်ရင် Bluray လုံးဝမဟုတ်ပါ
Bluray ကို DVD ထဲဆန့်အောင် ပြန်ချုံ့ထားသော ကွာလတီ အနိမ့်ခွေများဖြစ်ပါတယ်။
နောက်တစ်မျိုးက Bluray ခွေ အစစ်ပါ။ ဆိုင်ကြီးတွေမှာသာ ရတတ်ပါတယ်။ လမ်းဘေးဆိုင်တွေမှာ လုံးဝမရှိပါ။
DVD စက်ထဲထည့်ရင် လုံးဝ မဖတ်ပါဘူး။ Blu-ray စက်တွေနဲ့မှ ဖတ်ပါတယ်။
ဒါဆိုရင်တော့ ကွာလတီ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ရောင်းနေတဲ့ Digital copy ထက်ကောင်းပါတယ်။
==============================================
ဘယ်ထဲမှ မ၀င်ဘဲ ၀ယ်တဲ့သူတွေကို ဒုက္ခပေးတဲ့ခွေတွေကတော့ တရားဝင် Bluray မထွက်သေးပဲ ခိုးရိုက် ခိုးကူး ဘယ်က ထွက်လာမှန်းမသိတဲ့ ကြား ကွာလတီတွေပါ။ မှုန်တုန်ဝါးတား .. အသံမကောင်း .. စာတန်းထိုးမမှန် .. ဆိုင်တွေက ကြည်ပြီဆိုပြီးရောင်းလိုက်ပြီး အိမ်ရောက်တိုင်း ဒေါသထွက်ရတဲ့ခွေတွေပါ
အဲဒီမှာ အဆင့်တွေ အမျိုးမျိုးရှိပါတယ်
ပထမဆုံး အဆင့်က CAM လို့ ခေါ်တယ်၊ ရုပ်ရှင်ရုံထဲ ကင်မရာလေးဖွက်ယူသွားပြီး ခိုးရိုက်ထားတာပါ။ လှုပ်တုတ်တုတ်တောင်ဖြစ်နေတတ်ပါတယ်။
ဒုတိယက TS လို့ ခေါ်ပါတယ်။ သူလဲ မထူးခြားနားပါ။ သူကတော့ ကင်မရာနဲ့ခိုးရိုက်ထားတယ်မထင်ရလောက်အောင် နည်းနည်း ငြိမ်ပါတယ်
သူ့နောက်မှာတော့ R4 R5 စသည်ဖြင့် အစဉ်လိုက်လာပါတယ်။
R5 ပြီးရင် R6 အဆင့်ဟာ DVD မရောက်ခင် အဆင့်ပါ။ ရုပ်က လုံးဝကြည်သွားပါတယ်။ အသံမကောင်းသေးပါဘူး။
R6 ပြီးရင် DVD ထွက်ပါတယ်။ တစ်ချို့တွေက DVD မထွက်ပဲ Bluray တန်းထွက်ပါတယ်။
နောက်တစ်မျိုးကတော့ HDTV Rip … WebRip လို့ခေါ်ပါတယ်။ တီဗီမှာပြတာကို HD စက်နဲ့ ကူးထားတာပါ။ အတော်ကို ကြည်ပါတယ်။ Bluray ခွေ အစစ်လောက်တော့ မရပါ။
ဒီမှာကြည်ပြီဆိုပြီးစရောင်းရင် R5 R6 တွေများပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာတန်းထိုးကိုကြည့်ရင် သိသာပါတယ်။ အဲဒီခွေတွေ စာတန်းထိုးမပါတာ မမှန်တာများပါတယ်။
ဒီက ခွေရောင်းတဲ့သူများကြည်တယ်ဆိုတာ ကျွန်တော်ဖြင့် အလွန်ကြောက်ပါတယ်။ ဘယ်လိုကြည်တယ်ဆိုတာ မပြောလို့ပါ။
အိမ်ရောက်မှ အသံမကောင်း စာတန်းထိုးမမှန် ဒေါသထွက်လို့ ၀ယ်မကြည့်ဖြစ်တာကြာပါပြီ။
===========================================
ဒီလောက်ရှင်းပြရင်ဖြင့် အတော်အတန် သဘောပေါက်ပြီထင်ပါတယ်။
ခွေကွာလတီပေါ် မူတည်သလို တီဗီ ကွာလတီပေါ် ဆောင်းဘောက်ကွာလတီပေါ်မူတည်ပါတယ်။
နောက်ပြီး တကယ့် Bluray ကို Full HD တီဗီနဲ့ကြည့်ဖူးမှ HD ကွာလတီ အစစ်အမှန်ကို သိမှာပါ။
အခုခွေရောင်းတဲ့သူအများစုကတော့ CRT TV အဟောင်းလေးနဲ့ ကြည့်ပြီး ကြည်လှချည့်ပြောနေတာ ဘယ်လိုမှ နားမလည်နိုင်ပါ။
ကျေးဇူးတင်ပါတယ်။
All credit to original uploader
Sunday, June 5, 2016
Final Fantasy Brave Exvius English version ထွက်ရှိလာပြီ
Square Enix က Final Fantasy Brave Exvius mobile Phone game ကို english version ထုတ်လိုက်ပါပြီ။ Role Playing Game အမျိုးအစားဖြစ်တဲ့အပြင် Free to play Online game ဖြစ်တဲ့ ဒီ mobile game ဟာ 2015 October 22 ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ အရင်ကတော့ JP only ဖြစ်ပေမယ့် အခုဆို Eng version ပါ ထွက်လာပြီ ဖြစ်ပါတယ်။ IOS နဲ့ Android အတွက် ထွက်ရှိထားတာ ဖြစ်ပါတယ်။ လက်ရှိ ဆော့ကစားသူ ဦးရေ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ Eng version က အခုမှ စ ဖြန့်ချီတာ ဖြစ်တဲ့အတွက် Story အပြည့်အဝ ဆော့လို့မရသေးပါ။ လာမယ့် E3 ကျရင် ဒီ game ကို စတင် မိတ်ဆက်မှာ ဖြစ်ပြီး ဒီနောက်ပိုင်းမှာမှ အပြည့်အဝ ဆော့လို့ရတော့မှာ ဖြစ်ပါတယ်။
Vision နဲ့ Lapis လို့ ခေါ်တဲ့ power ၂ မျိုး မျှတနေတဲ့ world မှာ ရုတ်တရက် darkness ရဲ့ လွှမ်းမိုးမှုကို ခံရမယ့် အခြေအနေ ရောက်လာပါတယ်။ ဒီအချိန်မှာ Warriors of Light ဖြစ်တဲ့ Rain နှင့် Lasswell တို့က Crystal power အကူအညီနဲ့ ဒီလွှမ်းမိုးမှုကို ဘယ်လိုနည်းမျိုးနဲ့ တိုက်ဖျက်သွားမယ်ဆိုတာ ဇာတ်လမ်းသွားနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် story က မဆုံးသေးပါဘူး။ story character အသစ်တွေလည်း ထပ်တိုးနေပါတယ်။
graphic ကတော့ 2D အမျိုးအစားဖြစ်ပါတယ်။ Final Fantasy series တွေမှာ ပါနေကျ ဖြစ်တဲ့ magic spells, eidolons (Esper)တွေပါပါတယ်။ character တစ်ယောက်ချင်းစီမှာ limit break attack တွေပါပါတယ်။ အရင် Final Fantasy series တွေက character တွေ ပါပါတယ်။ 5 ယောက်ပါတဲ့ team လေး ဖွဲ့ပြီး ဆော့ရမှာ ဖြစ်ပါတယ်။ Main mission, Side quest, Dungeon တွေ ပါမှာဖြစ်ပြီး Map တွေမှာ ဖွက်ထားတဲ့ item တွေ လမ်းကြောင်းတွေ ရှိပါတယ်။ item တစ်ခု ချင်းစီ craft လို့ရပါတယ်။ Character တိုင်းမှာ awakening state တွေ ပါရှိပြီး awakening ဖြစ်သွားရင် skill အသစ်တွေ spell အသစ်တွေ ထွက်လာပါတယ်။
အခုလက်ရှိ JP version မှာ အပြည့်အဝ ဆော့လို့ရပေမယ့် Eng version မှာတော့ Story မှာ Port City Lodin မှာ ရပ်နေပါတယ်။ လာမယ့် E3 ပြီးရင်တော့ အကုန် ပွင့်သွားမှာ ဖြစ်ပါတယ်။
Android => https://play.google.com/store/apps/details?id=com.square_enix.android_googleplay.FFBEWW&hl=en
IOS => https://itunes.apple.com/se/app/final-fantasy-brave-exvius/id1078553808?l=en&mt=8
(IOS သမားတွေ download လုပ်ရင် Swedish app store ပြောင်းမှ download လုပ်လို့ရမှာ ဖြစ်ပါတယ်)
စာရေးသူကိုယ်တိုင် ဆော့နေပါတယ်။ Friend code က 274,107,800 ပါ။ add နိုင်ပါတယ်။ 
Friday, June 3, 2016
ဖျော်ပြီးကာစ ကွန်ကရစ်ထဲ သကြားထည့်ခြင်း နှင့် ဆားထည့်ခြင်း..။
ဖျော်ပြီးကာစ မမာသေးတဲ့ ကွန်ကရစ်ထဲ သကြားနဲ့ ဆား ကို သီးခြားစီ ထည့်လိုက်ရင် ဘာတွေ ပြောင်းလဲသွားမယ် ထင်ပါသလဲ။ မြည်းတော့ မကြည့်ပါနဲ့။ လျှာကို ဘိလပ်မြေ ပေါက်သွားလိမ့်မယ်။
သကြားနဲ့ ဆားက ဆိုဒ်အင်ဂျင်နီယာတွေအတွက် အသုံးဝင်မယ့် ဆေးမြီးတိုပါ။
ဆိုဒ်ထဲကို ကွန်ကရစ်ကား ရောက်လာပြီ။ ဒါပေမယ့် formwork က မပြီးသေးဘူး။ ဒါမှမဟုတ် လောင်းနေရင်း တခုခုဖြစ်လို့ ကွန်ကရစ်ကို ကားထဲမှာ တန်းလန်း ရပ်ထားရတယ်။ မကြာခင် ကားထဲက ကွန်ကရစ်က မာတော့မယ်။ ကွန်ကရစ်ချက်ချင်း မလောင်းနိုင်သေးလို့ မာသွားမှာ စိုးရိမ်နေရတဲ့ အချိန်ရောက်လာရင် ကွန်ကရစ်ထဲ သကြား 1% by volume လောက်ကို ထည့်ပြီး မွေလိုက်ပါ။ ကွန်ကရစ် initial setting နည်းနည်း ကြာသွားမယ်။ သကြားက retarder admixture တမျိုးပါ။ ကွန်ကရစ်ရဲ့ plasticity state ကို ကြာစေပါတယ်။ side effect မရှိပါဘူး။ အချိန်တန်ရင် သူ့အတိုင်း မာသွားပါလိမ့်မယ်။ coca cola လို အချိုရည်ဆို ကွန်ကရစ်က သကြားထက် ပိုကြိုက်ပါတယ်။
နောက်တခုက ကွန်ကရစ်လမ်းမှာ လမ်းကွဲနေတာကို ဖာနေတယ်။ ကွန်ကရစ်က လောင်းပြီး အနည်းဆုံး ၁ နာရီကျော်မှ ကားတွေ သွားရမယ်။ ကားတွေ ပိတ်တော့မယ်။ အဲဒီလိုမျိုး အချိန်နည်းနည်း အတွင်းမှာ ကွန်ကရစ်ကို မာသွားစေချင်ရင် အိမ်သုံးဆား (ကယ်ဆီရမ် ကလိုရိုက်) ကို ထည့်မွှေလိုက်ပြီး ချက်ချင်း လောင်းလိုက်ပါ။ မကြာခင် ကားတွေ ဖြတ်သွားလို့ရမယ်။ accelerating admixture တွေက salt base တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သံချောင်းတွေ ရှိတဲ့ ကွန်ကရစ်မှာ ဆားထည့်လိုက်ရင် နောက် နှစ် အနည်းငယ်အတွင်း သံချောင်းတွေမှာ သံချေးတက်လာနိုင်ပါတယ်။ သေချာပေါက် သံချေးတက်မယ် မဟုတ်ပေမယ့် ပြင်ပက ရေ လေ တို့နဲ့ ထိစပ်နေရင် တက်မှာ သေချာပါတယ်။ ဒါကြောင့် ကွန်ကရစ် ထဲ ဆားထည့်ပြီး ချက်ချင်း မာစေတာကို သံချောင်း မပါတဲ့ ကွန်ကရစ် လမ်း လိုမျိုး တွေမှာ သုံးသင့်တယ်။
လူကြီး လမ်းကြောင်းရှိလို့ ကွန်ကရစ်ကို အမြန်မာစေချင်တဲ့ အင်ယာတွေအတွက် ကွန်ကရစ်လမ်းမှာ ဆားကို ထည့်သုံးတာ အဖိုးတန် ဆေးမြီးတို ဖြစ်လိမ့်မယ်။ concrete properties လည်း မပြောင်းပါဘူး။
ဒါတွေ ဘယ်သူပြောတာလဲ ဆိုရင်တော့ Concrete , 2nd edition, by Sidney Mindess, J Francis Young, David Darwin တို့ ရေးတဲ့ စာအုပ် စာမျက်နှာ ၁၈၂ - ၁၈၇ ။ set retarding admixture , set accelerating admixture အခန်းမှာ ဖတ်နိုင်ပါတယ်။ ဒီစာအုပ်ကို အင်တာနက်မှာ ရှာလို့ ရတယ်။
ဟုတ် မဟုတ် မယုံသူ စမ်းကြည့်ပါလေ။ ...
( Credit to Myanmar Civil Engineer )
#credit