Saturday, May 28, 2016
Be a better than you
( အရမ်းကောင်းလွန်းလို့ ဝေမျှပေးတာပါ
ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ် )
Be a better than you
ကိစ္စတိုင်းကို နင်မှားတယ်၊
ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။
အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။
ချစ်သူနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။
သူငယ်ချင်းနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ သူငယ်ချင်းသံယောဇဉ်
လျော့သွားတယ်။
လုတာက ခဏနေမေ့မယ့်ကိစ္စ၊
ရှုံးတာက သံယောဇဉ်၊
နာကျင်တာက မိမိကိုယ်ကို။
အဖြူက အဖြူ၊ အမည်းက အမည်းပဲ..
အချိန်က သက်သေပြသွားပါလိမ့်မယ်။
ကိုယ့်ရဲ့ တစ်ယူသန်ခေါင်းမာတတ်တဲ့
အကျင့်ကိုဖျောက်ပြီး လူလုပ်ပါ။
ကိစ္စအချို့ကို အရှုံးပေးတာ
လူ့ဘဝအနေနဲ့နိုင်ပါတယ် ။
ပြေလည်မှု တစ်ခုပေးလေ၊
နွေးထွေးမှု တစ်ခုရလေ။
အချက် (၉)ချက်စလုံးဖတ်လို့
နားလည်သွားရင် လူဖြစ်ရတာ ပျော်လာမှာပါ။
၁။ ချမ်းသာမှု - ကိုယ်ရဲ့ ရောင့်ရဲမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။
ရောင့်ရဲတင်းတိမ်တဲ့လူအဖို့ ကြမ်းပြင်မှာ အိပ်နေရလည်း နတ်ပြည်သမျှပါပဲ။
မရောင့်ရဲတတ်တဲ့သူအတွက် နတ်ပြည်မှာလှဲနေရလည်း ငရဲသမျှပါပဲ။
လူ့စိတ်ကသာ အရေးကြီးတာပါ။
လိုချင်တပ်မက်မှုတွေအများကြီးရှိနေသရွေ့ ကိုယ့်မှာ ဘယ်လောက်ပဲ ပိုင်ဆိုင်ပိုင်ဆိုင် ဆင်းရဲနေဦးမှာပဲ။
လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားရှိပါသည်။
၂။ တွက်ကပ်မှု - မတွက်ကပ်တဲ့သူရဲ့ နှလုံးသားက အခန်းပိုကျယ်တယ်။
လူစိတ်တွေဟာ တစ်ခုကိုတစ်ခု အမှီသဟဲပြုထားတာပါ၊
သင်သူများကို တစ်လှမ်းနောက်ဆုတ်ပေးရင် သူများက သင့်အပေါ် တစ်ပေတိုးပြီးလေးစားပါတယ်။
မှီထားတဲ့အတွက်နေရာလွတ် ဆိုတာမရှိပါဘူး။ သင်က သူ့အပေါ်တစ်လှမ်း လွန်သွားရင်တော့ သူက တစ်လှမ်းကိုယ့်ကို အထင်သေးသွားပြီ။
လူ့စိတ်ဟာ လမ်းတစ်ခုလိုပဲ၊ ကိုယ်ကပိုတွက်ကပ်လေ ကိုယ်လျှောက်မယ့်လမ်းက ကျဉ်းလေ။
လူကောင်းကို မတွက်ကပ်ပါနဲ့၊ နောက်သင့်ကိုသူမကူညီတော့မှာစိုးလို့ပါ။
လူဆိုးကို မတွက်ကပ်ပါနဲ့၊ နောက် အခွင့်ကြုံရင် သင့်ကိုသူ ခြေထိုးမှာစိုးလို့ပါ။
သူတစ်ပါးကို သဘောထားကြီးခြင်းဟာ မိမိကိုယ်ကို လမ်းဖွင့်ခြင်းပါ။
၃။ လွှတ်ချမှု - အတိတ်ကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးနေထိုင်ပါ။
ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။
ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။
ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။
ကျနော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။
ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။
ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ။
၎။ လွယ်ကူပါ - လောကကြီးကို လွယ်လွယ်လေးကြည့်ပါ၊ ပျော်ရွှင်မှုက နေရာအတိပါ။
စိတ်ကို ဖြေဖျော့ရင် လောကကြီးက ကိုယ့်အတွက်ချောင်ချိနေပြီး အသက်ရှုရတာ လွယ်ကူလို့နေတယ်။
စိတ်ကို လွတ်လပ်ထားရင် ဘဝဟာ အလိုလိုလွတ်လပ်နေပြီး ဘယ်ရောက်ရောက် ဘာလုပ်လုပ် အလိုလို ပျော်ရွှင်လို့နေတယ်။
လူ့ဘ၀မှာ အရာအချို့က လွှတ်ချတတ်ရမှာ။
လက်ထဲက သဲတစ်ဆုပ်ကို လွှတ်ချမှ အရှေ့မှာရှိတဲ့ ရွှေတစ်ဆုပ်ကို ဆုပ်ယူခွင့်ရှိမှာပေါ့။
တစ်ခါတစ်လေ စွန့်လွှတ်ခြင်းရဲ့အဆုံးဟာ ရယူခြင်းရဲ့ အစပါ။
အရာရာက ဖာသိဖာသာနဲ့ အတိတ်ဖြစ်သွားမှာ။
၅။ နှလုံးသား - နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲမယ်။
သူများရဲ့အားနည်းချက်ကို မကဲ့ရဲ့ပါနဲ့ - ဒါက ကိုယ်ချင်းစာမှုပါ
သူများရဲ့ သဘောထားကြီးမှုကို မလှောင်ပြောင်ပါနဲ့ - ဒါက နားလည်မှုပါ။
သဘောထားကြီးတဲ့သူက လွယ်လွယ်ဒေါသမထွက်တာကိုပြောတာ၊ ဒေါသမထွက်တတ်ဘူးမပြောဘူး။
သည်းခံတာ အလို့မဟုတ်ဘူး။ သူ့သည်းခံနိုင်စွမ်းဆိုတာသူရှိတယ်။
အချစ်ကို အတင်းမလုပ်ယူရဘူး၊ နှလုံးသားက ကစားစရာအရုပ်တစ်ခုမဟုတ်
ရေစက်က မကုန်ချင်လို့မရဘူး၊
နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲရတယ်၊ ဒါမှအချစ်စစ်ကိုရတာ။
စိတ်တစ်ခုကို စိတ်တစ်ခုနဲ့လဲရတယ်၊ ဒါမှ သူ့ဆီက စိတ်အစစ်ကိုရမှာ။
၆။ ကုသိုလ်၊ အကုသိုလ် - ကုသိုလ်အများကြီးရှိတဲ့လူကို အကုသိုလ်က ကြောက်နေရော။
ကိုယ့်စိတ်ကို သူများကိုဖုံးလို့ရပေမယ့် ကိုယ်မှာ ကုသိုလ်များလား အကုသိုလ်များလား ဘုရားသိပါတယ်။
လူက ကောင်းမှုပြုရင် အကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးကိုပြေးပါတယ်။
လူက မကောင်းမှုပြုရင် ကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးပြေးပါတယ်။
ကောင်းမှုပြုတဲ့သူဟာ ပန်းခြံထဲ မြက်ပင်လေးတွေလိုပဲ၊ တစ်နေ့တစ်ခြား တိုးတက်တာမမြင်ပေမယ့် နေ့စဉ်နဲ့အမျှ ရှင်သန်ကြီးထွားလာတယ်။
မကောင်းမှုပြုတဲ့သူဟာ ဓားသွေးကျောက်ထက်က ဓားလိုပဲ၊ ဆုတ်ယုတ်သွားတာမမြင်သာပေမယ့် တစ်နေ့ကျရင် ထက်ပိုင်ကျိုးမှာ။
ကုသိုလ်၊ အကုသိုလ်က တံခါးမရှိ ဓားမရှိ မိမိစိတ်ကို ဝင်ထွက်သွားလာနိုင်တယ်။
အကုသိုလ်ရဲ့အမှောင်က သူတစ်ပါးမသိသော်လည်း မိမိစိတ်ကို မှောင်ရိပ်ကျပြီး ကြီးစိုးတတ်တယ်။
ကုသိုလ်ရဲ့ အလင်းက သူတစ်ပါးမချီးမွမ်းလည်း မိမိစိတ်မှာ ထွန်းလင်းလို့နေတယ်။
၇။ နေရာလွတ် - နေရာလွတ်တစ်ခုထားပြီး ထည့်ချင်တဲ့အရာထည့်သွင်းပါ။
မိမိကိုယ်ကို နေရာလွတ်ပေးပါ၊ ဒါမှ စိတ်ပြတင်းပေါက်လည်းပွင့်ပြီး အသက်ဝဝရှုနိုင်မှာ။
မိမိ အရမ်းပျော်နေတဲ့အခါ
ကိုယ့်ကိုယ်ကို စဉ်းစားချိန်ပေးပါ၊ ဒါမှ ပျော်ရွှင်မှုက နှလုံးသားထဲထိစီဆင်းသွားမှာ။
မိမိ နာကျင်တဲ့အခါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ချိန်ပေးပါ၊ ဒါမှ နာကျင်တဲ့မီးကို ငြိမ်းသတ်ချိန်ရှိမှာ။
မိမိ ခေါင်းရှုပ်နေတဲ့အခါ
ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့အချိန်ပေးပါ၊ ဒါမှ ခေါင်းရှုပ်စေတဲ့ကိစ္စက ပျောက်သွားမှာ။
မိမိအထီးကျန်ဆန်ခံနေရတဲ့အခါ
ကိုယ့်ရဲ့ အချစ်ဆုံးသူကို အချိန်ပေးပါ၊ ဒုတိယ အချစ်ဆုံးသူက မိမိကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့။
နေရာလွတ် တစ်ခုထားခြင်းဟာ လူ့ဘဝရဲ့ လိုအပ်မှုတစ်ခု။
မိမိကိုယ်ကိုယ် အချိန်ပေးခြင်းဟာ တန်ဖိုးရှိပေမယ့် လူတိုင်းမေ့လျော့နေတတ်တဲ့အရာတစ်ခု။
၈ - ကျေးဇူးတင်ပါ - လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
သင့်ကို နာကျင်အောင်လုပ်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်စိတ် လေ့ကျင့်ပြီးသားဖြစ်သွားတာမဟုတ်လား။
သင့်ကို လိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ဗဟုသုတအသစ် ရသွားတာမဟုတ်လား။
သင့်ကို စွန့်လွှတ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ခဲ့တာမဟုတ်လား။
သင့်ကို ခြေထိုးတဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်လဲကျတိုင်း ပြန်ထတတ်သွားတာမဟုတ်လား။
သင့်ကို ဝေဖန်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်အားနည်းချက်ကိုပြင်ဖို့ သိသွားတာမဟုတ်လား။
သင့်ကို ရင့်ကျက်လာအောင် သွန်သင်ပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါ။
ဒါမှ လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
၉။ ကံစီမံရာကို လျှောက်လမ်းတတ်ပါ၊ ချမ်းသာသုခက ကိုယ်နဲ့မကွာ ကပ်လိုက်လာမှာ။
လူ့ဘဝက ကော်ဖီတစ်ခွက်လိုပဲ၊
များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ။
ပျစ်လဲကောင်းတယ်၊ ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့သူပဲ။
လောပြီးသောက်လည်းကောင်းတယ်၊ နှပ်ပြီး အေးဆေးသောက်လည်းကောင်းတယ်၊ အဲတော့ဘာဖြစ်လဲ။
ပူလည်းကောင်းတယ်၊ အေးလည်းကောင်းတယ်၊ ပြုံးပြီးသောက်ရင်ပိုတောင်ကောင်းသေးတယ်။
ချိုလည်းကောင်းတယ်၊ ခါးလည်းကောင်းတယ်၊ ကိုယ်ဘယ်လို လက်ခံမလဲပဲမူတည်တယ်။
လူ့ဘဝကို သင်ကသွား ဂရုစိုက်နေလို့သာ ခါးတာပါ။
သံသယထားလို့သာ နာကျင်တာပါ။
ပေါ့ပေါ့လေး ကြည့်ရင် ပျော်ဖို့ကောင်းနေမှာ။
ပျော်ရွှင်မှု အမြင်နဲ့ကြည့်ရင် ချမ်းသာသုခကကိုယ်နဲ့မကွာ ကပ်လိုက်နေမှာ။
ကျနော်တို့အားလုံးက ခေတ်ကာလတစ်ခုရဲ့ ဧည့်သည်အချို့ပါ။
ရေတစ်ခွက်ထဲ ဆားတစ်ဆုပ်ထည့်သောက်ရင် ငန်မယ်၊ ဒါပေမယ့် တိုင်ကီထဲထည့်သောက်ရင် မငန်တော့ဘူး။
လောကဓံက ဆားတစ်ဆုပ်ဆိုပါစို့ ၊ အဓိက,က မိမိဘာခွက်နဲ့ခံပြီးသောက်မလဲပေါ်ပဲမူတည်ပါတယ်။
တစ်ခါတစ်လေကျနော်တို့ ရွေးချယ်ခွင့်မရှိတော့ရင် ကံစီမံရာအတိုင်းပေါ့။
သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊
အသက်တစ်ချက် ပြင်းပြင်းရှုကြည့်ပါ။
တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ။
Be a better than you from yesterday , i wish smile emoticon
Peace
စာပေ မှတဆင့်ပြန်လည်မျှဝေပေးပါတယ်။
Tuesday, May 24, 2016
FFXV Ultimate collectors editions အခုရေ 10,000 ကျော် ထပ်ထုတ်ဦးမယ်
Square Enix က ultimate collectors editions အခုရေ 10,000 ကျော် ထပ်ထုတ်ဦးမယ်လို့ ကြေညာလိုက်ပါတယ်။ စရောင်းမယ့်နေ့က Monday, May 23 ဖြစ်ပါတယ်။ North America မှာ Monday, 9AM PST မှာ အရင်တစ်ခေါက်က မရလိုက်တဲ့ wait list ထဲမှာရှိနေတဲ့ လူတွေကို အရင်စရောင်း ပေးမယ်လို့ ဆိုပါတယ်။ Europe မှာတော့ Monday, 10 AM ကစပြီး Square Enix's EU Store မှာ ဝယ်ယူနိုင်ပြီလို့ ဆိုပါတယ်။ ဦးသူ ယူစနစ် နဲ့ တစ်ယောက်လျှင် တစ်ခုသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခြား regions တွေအတွက် အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါတယ်။ => http://eu.square-enix.com/en/blog/update-availability-final-fantasy-xv-ultimate-collectors-editions
Ultimate Collector's Edition တစ်ခုကို $270 ကျပါတယ်။ ဒီအထဲမှာ Final Fantasy XV, a special steelbook case, an artbook, a Noctis ပုံ Play Art Kai, a soundtrack, special cover art နဲ့ King's Glaive CGI movie တို့ပါဝင်ပါတယ်။ အခု ရောင်းမယ့် ဟာတွေက Final Fantasy XV စတင်ထုတ်မယ့် september 30 အမှီ ဝယ်သူဆီ ရောက်လာမယ်ဆိုတာတော့ အာမ မခံထားဘူးလို့ ဆိုပါတယ်။ Square Enix ကတော့ ဒီလို ultimate collectors edition တွေရောင်းတာဟာ ဒီအကြိမ် နောက်ဆုံးပါပဲလို့ ကြေညာထားပါတယ်။
KSA
Noctis Play Arts
 Ignis Play Arts
Prompto Play Arts
Gladious Play Arts Kai
Saturday, May 21, 2016
Flashing Guide and Mi Flash Tool (For Xiao Mi Phone)
Flashing Guide
https://drive.google.com/file/d/0BzEORYFyt_myVWhKMk5NU2hOZ0U/view?usp=sharing
===========
Mi Flash Tool (exe file) ပါ။ Fastboot rom တွေ flash ဖို့ unbrick လုပ်ဖို့ပါ။ Redmi note 3g (MTK device) တွေတော့သုံးလို့မရပါဘူး။
https://www.mediafire.com/?88wa2ecttwq94yw
============
How to enable usb debugging
1. Enable Developer options : Go to Settings --> About phoneကို သွား --> Tap several times on MIUI version to enable it (MIUI versionကို ၇ခေါက် ဆက်တိုက်နှိပ်ပြီး "You are now developer"ပေါ်တဲ့အထိနှိပ်ပါ).
1. Enable Developer options : Go to Settings --> About phoneကို သွား --> Tap several times on MIUI version to enable it (MIUI versionကို ရခေါက် ဆက်တိုက်နှိပ်ပြီး "You are now developer"ပေါ်တဲ့အထိနှိပ်ပါ).
2. Now go back to main Settings and tap on Additional settings ( Setting app ထဲက Additional Setting ကိုသြားပါ။) --> Tap on Developer options ( Developer optionထဲဝင္ပါ).
2. Now go back to main Settings and tap on Additional settings ( Setting app ထဲက Additional Setting ကိုသွားပါ။) --> Tap on Developer options ( Developer optionထဲဝင်ပါ).
3. Enable USD Debugging ( နောက်ဆုံးမှာ USB debugging on ပေးပါ)
Credit to Khaing Su Hlaing , Copy From Myanmar Mi Fan Facebook Group
Friday, May 20, 2016
Steam Summer Sale ကို June 23 ရက်နေ့က စလိမ့်မယ်လို့ သတင်းတွေ ထွက်
Valve က အတိအကျ မကြေညာသေးသော်လည်း Steam Summer Sale ကို June 23 ရက်နေ့က စလိမ့်မယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။ ဒီသတင်း ပြောတဲ့သူက Reddit က user တစ်ဦးဖြစ်သူ MrFreemanBBQ ဖြစ်ပါတယ်။ သူက ဒီနှစ် summer sale အချိန်ကာလက June 23 ရက်နေ့ မနက် 9:45 ကနေ July 4 ရက် မနက် 10 နာရီအထိ ဖြစ်တယ်လို့ အတိအကျ ပြောနေပါတယ်။
သူကအရင် 2015 summer sale တုန်းကလည်း ဒီလိုပဲ အရင် ပြောပြီး Reddit network ပေါ် တင်ခဲ့ပါတယ်။ သူပြောပြီး သိပ်မကြာပါ။ သူပြောတဲ့ ရက်အတိုင်း အတိအကျကို Valve က Summer Sale စတင်ခဲ့ပါတယ်။ 2012 Summer Sale နဲ့ 2013 Holiday Sale တုန်းကလည်း သူပြောတာ မှန်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း မှန်မမှန်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။
KSA
Original Link => http://www.polygon.com/2016/5/16/11682936/steam-summer-sale-2016-dates-leak
Thursday, May 19, 2016
2016 E3 press ကို Monday, June 13 မှာ ကျင်းပမယ်
Sony Interactive Entertainment ဟာ 2016 E3 press ကို Monday, June 13 မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ E3 2016 Playstation Press Confrenece ကို Los Angeles က Memorial Sports Arena ထဲမှာ လုပ်ပါမယ်။ Sunday June 12 နေ့လည်ပိုင်းကစ၍ EA က လည်းကောင်း၊ June 13 မနက်ပိုင်းမှာ Microsoft က လည်းကောင်း၊ နေ့လည်ပိုင်းမှာ Ubisoft က လည်းကောင်း၊ ညနေပိုင်းမှာ Sony က လည်းကောင်း အသီးသီး ဖော်ထုတ် ကြေညာ ပြသမှာ ဖြစ်ပါတယ်။ June 12 နေ့လယ်ပိုင်းမှာ တင်ဆက်မယ့် EA က EA Play ကို live တင်ဆက်မယ်လို့ ဆိုပါတယ်။ Monday နေ့လည်ပိုင်းမှာတော့ PC Gaming Show ကို ပြသမယ်လို့ ကြေညာထားပါတယ်။ E3 press conference ကို North America က movie theaters တွေမှာ တိုက်ရိုက် ပြသမှာလား မပြသဘူးလားဆိုတာတော့ ခုထိ မသိရသေးပါလို့ Polygon website မှာ ဖော်ပြထားပါတယ်။
KSA
Tuesday, May 17, 2016
Dynasty Warriors game တွေနဲ့မတူ တမူထူးခြားတဲ့ Shin Sangokumusou: Eiketsuden
အရင် Dynasty Warriors game တွေနဲ့မတူ တမူထူးခြားတဲ့ Dynasty Warriors game အသစ်တစ်ခုကို TecmoKoei က Famitsu Magazine မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ Game နာမည်ကို 'Shin Sangokumusou: Eiketsuden' or '( 真・三國無双 英傑伝)ံHeroic Legends' လို့ အမည်ပေးထားပါတယ်။ Turn Based Strategy Role Playing Game အမျိုးအစား ဖြစ်ပါတယ်။ May 12 ရက်နေ့တုန်းက Livestream မှာ Producer Miyauchi က ကစားပြီး ဒီ game အကြောင်း ပြသခဲ့ပါတယ်။
Gameplay က Dynasty Tactis ကို အခြေခံထားပါတယ်။ Story ကတော့ Romance of the three Kingdoms story အခြေခံထားပြီး စိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ထားပါတယ်။ Main Story Character တွေကတော့ Zhao Yun, Lei Bin (Zhao Yun ရဲ့ ငယ်သူငယ်ချင်း စာသင်သား) နဲ့ Li Xia (Shrine ထဲက Ice Block ပိတ်မိနေတဲ့ ဇစ်မြစ် ဇာတ်ကြောင်း မသိတဲ့ ပဟေဠိဆန်သော မိန်းကလေး) ဖြစ်ကြပါတယ်။
Battle တွေမှာ Objectives တွေ ရှိပါတယ်။ battle ထဲမှာ item တွေ သုံးလို့ရတယ်လို့လည်း ပါတယ်။ Character grow ကို skill system သုံးထားပါတယ်။ battle က Grid system သုံးထားတဲ့အတွက် ကိုယ့် unit ကို ရွှေ့ချင်ရင် သတ်မှတ်ချက် အလိုက် ရွှေ့လို့ရမယ်လို့ ဆိုထားပါတယ်။ ကိုယ် control လုပ်ထားတဲ့ Officer သာ ကြိုက်သလိုမျိုး ရွှေ့လို့ရပါတယ်။ battle တိုက်နေစဉ်အတောအတွင်း တခြား character တွေ (ဥပမာ Lu Lingqi, Diao Chan စသဖြင့်) ပါလာရင် story အလိုက် ဒီ character တွေကိုလည်း ခဏတာ control လုပ်လို့ရပြီး ဆော့လို့ရမယ် လို့ Livestream မှာ ပြသသွားပါတယ်။ Special Skill system ရှိပါတယ်။ Musou Attack ကတော့ တစ်ယောက်တည်း ထုတ်လို့ရသလို playable character တွေပေါင်းပြီး တပြိုင်နက်တည်း ထုတ်လို့ရပါတယ်။ ချကွက်တွေက ကြမ်းသလို ရှိပေမယ့် enemy ကို အထင်သေးလို့မရပါဘူး။ Livestream ထဲမှာ ပြောသွားတာက ဒီ Game difficulty ဟာ နဂို Dynasty Warriors game တွေထက် အများကြီး ပိုခက်ပါလိမ့်မယ်။ ရန်သူ့အခြေအနေ ကိုယ့်အခြေအနေ သေချာ တွက်ဆနိုင်ရမယ်။ enemy unit တွေမှာ sheild တွေ Defense system တွေ AI တွေ မြှင့်ထားတဲ့အတွက် ချရတာ အတော်လေး ခက်ခဲပါလိမ့်မယ်လို့ ဆိုသွားပါတယ်။
နောက်ဆုံးမှာ တော့ ဒီ game ကို 2016 August 3 ရက်နေ့မှာ Japan မှာ PS4, PS3 & PSV အတွက် စတင်ဖြန့်ချီမယ်လို့ ဆိုသွားပါတယ်။ အရင်က Wei, Wu, Shu နှင့် Others အဖွဲ့က character တွေပါ edition အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ English version အတွက်တော့ ဘာမှ မပြောသွားတဲ့အတွက် အခုထိ မသိရသေးပါ။
Returning Characters
KSA
Original Link => https://kwconquerors.wordpress.com/2016/05/12/dynasty-warriors-eiketsuden-livestream/
Monday, May 16, 2016
"Doom" Promo code ပေးနေတဲ့ Newegg
Doom ကို ယခုလ 13 ရက်နေ့က စတင် ဖြန့်ချီလိုက်ပါပြီ။ Newegg online market မှာ 45$ နဲ့ ရနိုင်ပါတယ်။ ဒီ website က PC, PS4 နဲ့ Xbox One version "Doom" ဝယ်ရင် 15$ လျှော့ပေးထားတဲ့ promo code (--EMCEJFH69--) ပေးနေပါတယ်။ ဒီ code ဟာ version တစ်ခုတည်းအတွက်ပါ။ အကယ်၍ PS4 version တို့ Xbox version တို့အတွက်ပါ တခါတည်း ဝယ်မယ်ဆိုရင်တော့ အဲ့ဒါတွေအတွက် ငွေ အပြည့် ပေးချေရပါလိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါ website မှာ ဒီလို promo code တွေ ဘယ်အချိန်ထိ ပေးနေမလဲဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။
KSA
Original Link => http://www.gamespot.com/articles/the-new-doom-is-out-now-and-you-can-already-get-it/1100-6439796/
Tuesday, May 10, 2016
ACI ၏ ကောင်းမွန်သောသံချောင်းဆက်ခြင်း သို့မဟုတ် Bar Splice
Q1. ဘာကြောင့်သံချောင်းတွေဆက်ကြတာလည်း
Q2. သံချောင်းတွေဘယ်လိုဆက်ကြမှာလည်း
Q3. ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့
Q4. သံချောင်းဆက်ဖို့အကောင်းဆုံးနည်း
ှQ5. Column မှာဆက်မှာလား Beam မှာဆက်မှာလား
Q6. Tension Zone မှာဆက်မယ်ဆိုရင်
Q7. Compression Zone မှာဆက်မယ်ဆိုရင်
Q8. မဖြစ်မနေစဉ်းစားရမဲ့အချက် ၄ ချက်
ှQ9. သံချောင်းဆက်ခြင်းနှင့်ပတ်သတ်သော ACI Code များ
ဒီမေးခွန်းတွေအတွက် Refrence ယူထားတဲ့စာအုပ်သုံးအုပ်ရှိပါတယ် ပထမက Arthur H.Nilson ရဲ့ Design of concrete structures Fifteenth Edition ပါ ဒုတိယတစ်အုပ်က ဆရာဦးညီလှငယ်ရဲ့ Reinforced Concrete Design ACI318-2008 ပါ တတိယတစ်အုပ်ကတော့ အခုလက်ရှိအစိုးရကျောင်းတွေမှာသင်နေတဲ့ B-Tech Second Year ရဲ့ CE-4014 Design of Concrete Structures ပါ။ ဒီသုံးအုပ်စလုံးရဲ့ Bond,Anchorage and Development Length အခန်းမှ Bar Splice ဆိုတဲ့ Article ထဲမှကောက်နုတ်ထားပါတယ် ။ ဒီအခန်းက RC ရဲ့ အသက်ပါ ဒါကိုမသိရင် Design လုပ်လို့မရပါဘူး ။ ကျတော်စာမျက်နှာရယ် Line နံပတ်ရယ်ပါ ဖော်ပြပါမယ် ကိုယ်တိုင်လေ့လာနိုင်အောင်လို့ပါ...
-----------------------------------
Q1. သံချောင်းတွေကိုဘာလို့ဆက်ကြတာလည်း
ဥပမာ ဈေးကွက်ထဲမှာ ပေ ၆၀ အထိဘဲရနိုင်မယ် Bar No.5 ထက်ငယ်ရင် ပေ၂၀ ဒါမှမဟုတ် ပေ၄၀ အထိဘဲရနိုင်တယ် ကိုယ်သုံးမဲ့ span ကအဲ့ထက်များနေရင် သေချာပေါက်ဆက်ရပါပြီ နောက်တစ်ခုက ရှည်တဲ့သံချောင်းတွေဟာ တိုတဲ့သံချောင်းတွေထက် သယ်ရပြုရတာ တပ်ဆင်ရတာ ခက်ကခဲပါတယ် Column တိုင်တွေမှာဆိုရင် အထပ်မြင့်လေလေ အားထမ်းရတာနည်းလေလေဖြစ်လို့ အမြင့်ရောက်လေလေ သံချောင်းရဲ့လိုအပ်ချက်ဟာ နည်းလေလေဖြစ်ပါတယ် ဒါကြောင့် Economy ဖြစ်အောင် Steel Area အပြောင်းအလဲမှာ သံချောင်းကိုဆက်ပါတယ် သံချောင်းဆက်တာရဲ့အဓိကရယ်ရွယ်ချက်က တပ်ဆင်ရတာလွယ်ကူအောင်ရယ် ဈေးကွက်ထဲမှာရနိုင်တဲ့အခြေအနေရယ်ကြောင့်ပါ
----------------------------------
Q2. သံချောင်းတွေဘယ်လိုဆက်ကြမှာလည်း
Lapping Splice - ACI Code 12.14.2 မှာ Bar No.11 ထက်ကြီးတဲ့ bar တွေကို ထပ်ပြီးဆက်ခွင့်မပြုဘူး ဒီနေရာမှာ ACI "Prohibits" လို့သုံးပါတယ် ။ အဲ့ဒီအသုံးနုန်းကတော်တော်ပြင်းထန်ပါတယ် လုံးဝကိုခွင့်မပြုတာပါ
Welded Splice - ACI Code 12.14.3 မှာ သံချောင်းတွေက ဂဃေတို့ဆက်ရင် Connection ဟာ မူလသံချောင်းရဲ့ Yield Stress ထက် Tension ခံနိုင်အားကို ၁၂၅ ရာခိုင်နုန်းပိုကောင်းလာပါတယ် ။ ဒါပေမဲ့သတိထားစရာရှိတာက bar တွေကို overloaded ဖြစ်ပြီး force maximum အထိထမ်းခိုင်းတဲ့အချိန်ကျရင် steel ဟာ welded connection မှာမပြက်ဘဲကျန်တဲ့နေရာတွေမှာသွားပြတ်ပါတယ် ဒါမျိုးဟာ Brittle Failure ပါ။ Brittle Failure ဆိုတာ steel က Yeild Deformation - ပုံစံပျက်စီးခြင်း အခြေအနေကိုမေ၇ာက်ပဲ တန်းပြီးပျက်သွားတာပါ။ ဒါမျိုးကို carbon များတဲ့ steel သို့မဟုတ် ductile steel တွေမှာအဖြစ်များပါတယ်။ ဒါပေမဲ့ Bar No5 ထက်ငယ်ရင်တော့ဒီ Requirement မလိုဘူး
Sleeves or Mechanical Device - ဒါကတော့စွတ်လိုက်တာပါ မည်သည့် connection သုံးသည်ဖြစ်စေ စိတ်ချရတဲ့အပေါင်းလက္ခဏာဆောင်တဲ့ connection မျိုးဖြစ်ရပါမယ်
--------------------------------------
ှQ3.ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့
ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့ မူတည်နေတာကနှစ်ချက်ရှိပါတယ် ။ အရင်ဆုံး သံချောင်းတွေဆက်ရင် Force ဟာ Bar to Bar တန်းမသွားပါဘူး ။အရင်ဆုံး ဘားနှစ်ဘားဆက်ရင် ပထမဘားရဲ့ force ဟာ bond အနေနဲ့ ကွန်ကရစ်ဆိုကို အရင်သွားပါတယ် ။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ ဒုတိယဘားကိုဆက်ကူးပါတယ် ။ ဒီအကြောင်းကို ဆရာဥိးညီလှငယ်ရဲ့ Reinforced Concrete Design စာအုပ်(A) chapter 4 (bond,develop) အခန်း page no.52 line no.2 မှာအတိကျရေးထားပါတယ်။ ကျောင်းဖတ်စာအုပ်ဆိုရင်တော့ b-tech second year CE-4014 ရဲ့ chapter 1,Page 32,Bar Splices-Line no.2 ( second paragraph ) မှာရှိပါတယ် ။ RC Fifteenth Edition ဆိုရင်တော့ page no.215 , second paragraph မှာပါပါတယ်။
အကျိုးဆက်အနေနဲ့ကတော့ ကွန်ကရစ်မှာ high shear stress ဖြစ်ပြီး ကွဲထွက်စေမဲ့အား Splittig force ကိုဖြစ်စေပါတယ် အောက်ကပုံကိုကြည့်ပါ ဘားနှစ်ခုထက်ထားတဲ့ကြားမှာ diagonal compression ဖြစ်ပါတယ် ဒါကြောင့်အက်ကွဲကြောင်းကိုဖြစ်စေတာပါ
ဒါကြောင့်ကောင်းမွန်သောသံချောင်းဆက်ခြင်းဆိုတာ Concrete က ဘယ်လောက်ထိ Shear Force ကြောင့်ပျက်စီးခြင်းမရှိဘဲ ခံနိုင်လည်းဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ အကြောင်းက သံချောင်းတွေကို Lapping လုပ်ပြီးဆက်တဲ့နေရာတိုင်းမှာ Shear force ကိုဖြစ်စေတယ်။ shear force ကိုမခံနိုင်တဲ့ကွန်ကရစ်ဟာကွဲပါတယ်။ ဒါကြောင့် ACI က သံချောင်းတွေ Lapping လုပ်ပြီးဆက်တဲ့နေရာတိုင်းမှာ stirrup တွေစိတ်စိတ်လေးထည့်ခိုင်းပါတယ် ။ အောက်ဖော်ပြနောက်တစ်ပုံက tension zone မှာ stirrup မထည့်ဘဲ Lapping လုပ်မိလို့ Failure ဖြစ်ပြီး ကွန်ကရစ်ကွဲသွားတဲ့ပုံပါ။
ပြည့်စုံကောင်းမွန်တဲ့သံချောင်းဆက်ခြင်းဖြစ်ဖို့ မူတည်နေတာ နောက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတေ့ development length ပါ ။ အပေါ်မှာပြောခဲ့သလို ဘားနှစ်ခုဆက်ရင် အားတွေက ဘားတစ်ခုကနေတစ်ခုတန်းမသွားသေးပါဘူး။အရင်ဆုံးကပ်လျှက် surrounding concrete ဆီကို bond အနေနဲ့အရင်ပို့ပါတယ်။ အဲ့ဒီ bond ကနေမှတဆင့် နောက်တစ်ဘားဆီဆက်ကူးတာပါ။ ဒီနေရာမှာ bond ပါလာပြီဆိုရင် development length က မဖြစ်မနေပါရတော့မှာပါ။ development length ဆိုတာ ကွန်ကရစ်နဲ့သံချောင်းဟာ bond force အပြည့်ဝရအောင် အနည်းဆုံးထိစပ်ထားရမဲ့အလျှားလေးပါ။ development length အကြောင်းကတော့ နည်းနည်းကျယ်ပြန့်ပါတယ်။ RC မှာသံချောင်းရဲ့ Full Strength ကိုရချင်ရင် အရင်ဆုံး သံချောင်းကို ကွန်က၇စ်ထဲမှာမြှတ်ထားရပါမယ်။ မြှတ်ထားမယ် ကိုယ်သုံးမဲ့သံချောင်းကလည်း ချောမနေဘူးအရစ်ပါတယ်ဆိုရင် RC ဟာ bond force ကိုရသင့်သလောက်ရနေပါပြီ ။ ဒါပေမဲ့ မေးစရာ ရှိတာက bond force လေးဟာ ဘယ်လောက်ထိရမှ လုံလောက်မှာလည်းဆိုတာပါ။ ဒီနေရာမှာ ACI ကစဉ်းစားထားတာ နည်းနည်းအဆင့်မြင့်ပါတယ်။ RC ရဲ့ basic assumption 1 မှာ Newton Law အရ RC ပေါ်ကျရောက်မဲ့ external force နဲ့ internal force ဟာ ညီပါတယ်။ external force ကြောင့် internal အနေနဲ့ moment လာဖြစ်ပါတယ်။ ဖြစ်လာတဲ့ moment ဟာ stress အနေနဲ့ ကွန်ကရစ်ကိုပေးလိုက်ပါတယ်။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ သံချောင်းကိုဆက်ပေးပါတယ်။ ကွန်ကရစ်ထဲမှာ သံချောင်းဟာ အားအပြည့်မထမ်းဘူးဆိုရင် ရေသာခိုနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ACI ကသံချောင်းကို လုံးဝ ရေသာခိုခွင့်မပြုဘူး။ ဒါကြောင့် သံချောင်းဆီရောက်လာမဲ့ bond stress ဟာ သံချောင်းရဲ့ အမြင့်ဆုံးထမ်းနိုင်တဲ့ Ultimate strength အထိရှိရပါမယ်။ အချုပ်ပြောရရင် development length ဆိုတာ သံချောင်းအားအပြည့်ဝထမ်းနိုင်ဖို့ လိုအပ်တဲ့ ကွန်ကရစ်နဲ့ ထိစပ်နေရမဲ့ အလျှားလေးဖြစ်ပါတယ်။
မေးခွန်းကိုဖြေပါမယ် - ကောင်းမွန်တဲ့သံချောင်းဆက်ခြင်းဖြစ်စေဖို့ ၁။ ကွန်ကရစ်ရဲ့ shear capacity ကောင်းရပါမယ် ၂။ bond လုံလောက်ရပါမယ်
ဒါကတော့ သံချောင်းနှစ်ခုက ဆက်ရင် အများဆုံး၆လက်မ သို့မဟုတ် ဆက်ထားတဲ့အလျှားရဲ့ ၅ ပုံပုံ ၁ ပုံ ခွာထားပေးလို့ရကြောင်းပါ
ACI Code - 12.14.2.3
Fig 4.38 ကိုကြည့်ပါ ။ ACI code 12.14.2.3 မှာ သံချောင်းတွေကို lapping (ထပ်ပြီးဆက်) ရင် bar တစ်ခုနဲ့ တစ်ခုကို အနည်းဆုံး ဆက်တဲ့အလျှား(splice length) ရဲ့ ငါးပုံပုံ တစ်ပုံ (သို့မဟုတ်) ၆'' မထိဘဲခွာထားလို့ရပါတယ်။ ဆိုလိုတာက wire နဲ့ မပတ်ထားရင်တောင်မှ ၆လက်မ ခွာထားလို့ရပါတယ်။ ဒါပေမဲ့ ကွန်ကရစ်လောင်းတဲ့အချိန်မှာ ဘားနှစ်ခုကို တစ်ခုခုနဲ့ချည်မထားရင် နေရာရွေ့နိုင်လို့ တစ်ခုခုတော့ ချည်ထားရပါမယ်။ သံချောင်းနှစ်ခုဆက်တာရဲ့ lapping splice တွေမှာ tension capacity ဟာ binding wire ပေါ်မှာမမူတည်ပဲနဲ့ concrete shear capacity နဲ့ development length ပေါ်မှာသာမူတည်ပါတယ်။
----------------------------------------------
Q4. သံချောင်းဆက်ဖို့အကောင်းဆုံးနည်း
သံချောင်းဆက်တဲ့အခါမှာ stress maximum ဖြစ်တဲ့နေရာတွေရှောင်ရမယ်ဆိုတာကတော့ လူတိုင်းနားလည်ထားတဲ့ အကြမ်းနည်းပဲရှိပါသေးတယ်။ ကွန်ကရစ်ကွဲတာရဲ့ အန္တရယ်အရှိဆုံးအခြေအနေက tension zone ထဲမှာ splice လုပ်တာပါ။ ဘားနှစ်ခုဆက်တဲ့ကြားမှာ အပေါ်ဆုံးက ပုံထဲကလို diagonal compression ဖြစ်ပါတယ် (a) forces on bars at splice ပုံကိုအရင်လေ့လာကြည့်ပါ crack ဖြစ်တဲ့လမ်းကြောင်းကိုတွေ့ပါလိမ့်မယ် နောက်ထက်သုံးပုံကိုဆက်ကြည့်ပါ
ကျတော် ပုံ abc ထဲမှ crack width အနည်းဆုံးပုံဖြစ်တဲ့ ပုံ(c) overlapping of transverse expansion is not critical ကိုရွေးလိုက်ပါတယ် ။ အကြောင်းက ပုံ a ဟာ crack ကြောင်းနှစ်ကြောင်းဆက်သွားပြီး cumulative transverse expansion ဖြစ်ပါတယ် ။ stress အများဆုံးခံရတဲ့ bar တွေကို section တစ်ခုထဲမှာဘဲဆက်မယ်ဆိုရင် crack ကြောင်းတွေဟာ တစ်ခုခုနဲ့တစ်ခုဆက်မိပြီးပိုကြီးသွားပါတယ်။ဒါကြောင့် ဆက်တဲ့နေရာတွေကို ခွာပေးရပါမယ် ။ ဘားနှစ်ခုရဲ့အကျယ်ဟာ bar diameter ထက် 12 ဆကြီးတယ်ဆိုရင်တော့ မလိုပါဘူး ။ ကျန်တဲ့ပုံတွေကို ဆက်လေ့လာကြည့်ပါ ။
--------------------------------------------
Q5. Column မှာဆက်မှာလား Beam မှာဆက်မှာလား ။
ရှည်တဲ့ column steel တွေဟာထောင်ရပြုရတာ formwork ဆင်ရတာအဆင်မပြေပါဘူး။ နောက်တစ်ခုက အပေါ်မှာရေးခဲ့သလို အထပ်မြင့်လေလေ ပေါ့လေဖြစ်လို့ သံချောင်းဆိုဒ်အပြောင်းအလဲလုပ်တဲ့နေရာမှာဆက်ကြပါတယ်။ Column မှာရှိတဲ့ ဘားတွေဟာ compression သော်၎င်း tension သော်၎င်း ဒါမှမဟုတ် tension ကော် compression နှစ်ခုလုံးခံစားရနိုင်ပါတယ်။column တိုင်တွေမှာ သံချောင်းကို floor အပေါ်မှာဆက်ပါတယ်။သို့သော် ငလျှင်တွေ ဘေးတိုက်Load တွေသက်ေ၇ာက်တယ်လို့ ထည့်တွက်တဲ့အခါမှာတော့ floor နှစ်ခုကြား Column ရဲ့ အလည်မှာဆက်တာအကောင်းဆုံးပါ။ အကြောင်းရင်းက Lateral Load ကြောင့်ဖြစ်လာတဲ့ moment ဟာ floor အပေါ်တွေမှာထက် အလည်မှာပိုနည်းပါတယ် ။Column တိုင်တွေမှာ ငလျှင်တွေပါလာရင် စည်းမျဉ်းစည်းကမ်းပြဌာန်းချက်အရ မဖြစ်မနေ seismic loads တွေကြောင့် Special moment frame တွေနဲ့ Design လုပ်ရပါမယ်။ See also U Nyi La Nge (Chapter 4 Page.58) ..
Beam steel တွေဆက်တဲ့အကြောင်းပြောမယ်ဆိုရင် သံချောင်းဆက်တဲ့နေရာမှ အားနည်းချက်က သံချောင်းရဲ့ဘေးဘက်လည် ကွန်ကရစ် အပေါ်မှာ မူတည်နေတယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ သံချောင်းကိုအားအပြည့်ထမ်းခိုင်းမယ်ဆိုရင် *သံချောင်းဆက်တဲ့အလျှား - splice length ဟာ *Development Length-သံချောင်းနဲ့ကွန်ကရစ် bond ဖြစ်ဖို့အနည်းဆုံးရှိရမဲ့ ကွန်ကရစ်ထဲသံချောင်းမြုတ်ထားရမဲ့အလျှားလေး ထက်ညီရင်ညီ မညီရင်ကြီးရပါမယ်။
Mechanical or contact splices အကြောင်းနည်းနည်းလောက်ဆက်ပြောချင်ပါတယ်
Member တွေမှာသံချောင်းလိုအပ်ချက်များလို့ bar size အကြီးတွေသုံးရလေလေ သံချောင်းဆက်ရမဲ့အလျှားကို ပိုဂရုစိုက်ပေးရပါတယ်။ ဥပမာ- Column တိုင်တွေမှာဆိုရင် သံချောင်းဆက်ရမဲ့အလျှားဟာ Column အမြင့်ရဲ့ ၃ ပုံပုံ ၁ ပုံအထိရှိနိုင်ပါတယ်။ ဒါပေမဲ့ Lapped Splice တွေရဲ့အားနည်းချက်က ကွန်ကရစ်ဝင်တဲ့နေရာမှာ နေရာယူလို့ - ဆိုလိုတာက သံချောင်းနှစ်ခုဆက်ရင် နေရာက လေးချောင်းစာဖြစ်သွားပါတယ်။ ဒါကြောင့် ကွန်ကရစ်ကို compaction လုပ်ပေးရပါတယ်။ ဒီလိုအခက်အခဲတွေကျော်လွန်ဖို့ဆိုရင် ခုဏက ပြောထားသလို Concrete Bond နည်းကိုမသုံးဘဲ bar တွေရဲ့ force ကို bar to bar တစ်ဆက်ထဲသွားအောင်ဆောင်ရွက်ပါမယ်။ နောက်ပိုင်းမှာတော့ Butt Welding လုပ်တာ၊ အစွန်းနှစ်ခုကို ထိပြီးဆက်တာ၊ electric arc welding နည်းတွေကိုသုံးလာကြပါတယ်။ နောက်တစ်မျိုးက gas pressure welding နည်းကိုသုံးပါတယ်။ bar ရဲ့အစွန်းနှစ်ဖက်ကို အပူပေးပြီး press နဲ့ဖိလိုက်ပါတယ် ဒါကလည်း သံချောင်းဆက်နည်းတစ်မျိုးပါ။ ဒီလိုနည်းတွေသုံးရတဲ့ အကြောင်းက tension transmit လုပ်တဲ့အခါမှာ concrete bond နည်းကိုမသုံးဘဲ bar to bar တန်းသွားအောင်ပါ။ အပေါ်မှာရေးခဲ့တဲ့ ACI Code 12.14.3 အရဆိုရင် welded splice connection ဟာ ဆက်မဲ့သံချောင်း yield strength ထက် ၁၂၅ ရာခိုင်နန်းပိုပါတယ်။ ဒါပေမဲ့ No.5 bar ထက်တော့ကြီးရမယ်။ သမရိုးကျသုံးနေတဲ့ splice က annular sleeve ပါ။ သူဆက်မဲ့ ဘားတွေကတော့ သူ့ထက်ဆိုဒ်သေးပါတယ်။ Mechanical splice တွေကို structure တွေမှမသုံးခင် အရင်စစ်ဆေးသင့်ပါတယ်။
----------------------------------------
Tension ကြောင့်ဖြစ်တဲ့ crack ဟာ ပြင်းထန်ပါတယ် ဒီပုံက သံချောင်းနှစ်ခုဆက်လို့ အလည်မှာ diagonal compression ဖြစ်ပြီး အက်ကွဲကြောင်းပေါ်တဲ့ပုံပါ
Q6. Compression Zone မှာဆက်မယ်ဆိုရင် ။
Q7. Tension Zone မှာဆက်မယ်ဆိုရင် ။
Column က compression member ဖြစ်ပါတယ်။ ဘယ်မှာကွာသွားလည်းဆိုရင် ရိုးရိုး ငလျှင်မပါရင်တော့ compression splice only ပါ ဒါပေမဲ့ seismic ပါလာရင် tension ကိုပါအောင်ယူပေးရပါမယ်။ နောက်တစ်နည်းပြောရရင် Tension zone မှာစစ်မယ်ဆိုရင် tension splice ကိုကြည့်ရမှာဖြစ်ပြီး Compression zone ဆိုရင် Compression splice ပါ။ tension ကော် compression ကော်ပါလာမယ်ဆိုရင်တော့ နှစ်ခုထဲက ကြီးတာကိုယူပေးရပါမယ်။
ဒါကတော့ lapping splice(သံချောင်းထပ်ပြီးဆက်ခြင်း) နေရာမှ stirrup မထည်လို့ ကွဲသွားတဲ့ ကွန်ကရစ်ပုံပါ
Compression Splice - Compression bars တွေကိုလည်း lapping လုပ်နိုင်ပါတယ်။ဒါမှမဟုတ် direct end bearing လား ဒါမှမဟုတ် welding or mechanical device လား အဆင်ပြေတာနဲ့ဆက်နိုင်ပါတယ်။ ACI Code 12.16 မှာ ကိုယ်သုံးမဲ့ ဘားဟာ 60 ksi ထက်ကြီးရင်ကြီး ဒါမှမဟုတ် 60 ksi ဖြစ်ခဲ့ရင် ဆက်ရမဲ့အလျှားဟာ 0.0005fy db * အဲ့ထက်ငယ်ရင် (0.000fy-24)db ။ ဒါပေမဲ့ တစ်ပေထက်မငယ်ရဘူး။အရွယ်မညီတဲ့သံချောင်းတွေဆက်မယ်ဆိုရင် ဆက်ရမဲ့အလျှားဟာဆိုဒ်ကြီးတဲ့ သံချောင်းရဲ့ development length ရယ် ဆိုဒ်သေးတဲ့သံချောင်းရဲ့ splice length ရယ် အဲ့နှစ်ခုနှိုင်းရှင် ပြီးရင် ကြီးတာယူ။ compression ကို transimt လုပ်ဖို့ဆိုရင် direct end bearing ဟာ effective ဖြစ်ပါတယ်။ ဒါကြောင့် ဆက်မဲ့ compression bar တွေဟာ အပေါ်နဲ့အောက် ဖြောင့်တန်းနေရပါမယ်။ ပြင်ညီနဲ့ဒေါင့်မှတ်ကျအနေထားကနေ 1.5 degree အတွင်းရှိရပါမယ်။တပ်ဆင်ပြိးတဲ့အခါမှ 3 degree ထက်မကြီးရပါဘူး ( ACI Code 12.16.4 ) Ties,Closed Stirrups or Spirals တွေအကုန်လုံးအကျုံးဝင်ပါတယ်။
ACI Code 12.17 မှာ column က compression only ဖြစ်နေရင်တောင်(lateral design မလိုဘူး) tension ကိုအနည်းဆုံးထည့်စဉ်းစားပေး၇ပါမယ်။Compression splice ကိုရွေးကတည်းက tension တော့ပါသင့်သလောက်ပါပြီးသားပါ။ဒါပေမဲ့ end bearing splice တွေမှာကျတော့ tension အတွက်ဘားတွေထက်လိုပါတယ်။
Class A B ခွဲပုံပါ
Column ရဲ့ Tension အတွက်ဆိုရင် - အခြေနေနှစ်ခုရှိပါတယ် Class A နဲ့ Class B ဆိုပြီးအရင်ခွဲလိုက်ပါမယ်
Class A - As provided က As required ရဲ့ နှစ်ဆရှိမယ်ဆိုရင် တနည်းအားဖြင့် သံချောင်းလိုနေတာက ၁လုံး ထည့်ထားတာက ၂လုံးနဲ့အထက် ပြီးရင် ကိုယ်က 50% နဲ့အောက် splice လုပ်မည်ဆိုရင် (ဆိုလိုတာက section တစ်ခုမှာ ၄ချောင်းရှိတာ ၂ ချောင်းနဲ့အောက်ဆက်မယ်ဆိုရင် Class A ကိုရွေးလိုက်ပါ။
Class A - ဆိုရင် ဆက်ရမဲ့အလျှားက Development length အတိုင်းပါ
Class B - ဘယ်နှစ်ချောင်းဘဲဆက်သည်ဖြစ်စေ လိုအပ်တာထက် နှစ်ဆနဲ့အထက် ပိုမထည့်ထားဘူးဆိုရင် Class B ပါ
Class B - ဆိုရင် development length ရဲ့ ၁၃၅ % ယူရပါမယ်
Column တိုင်အ၀ိုင်းဆိုရင် spiral reinforcement bar တွေဆက်မယ်ဆိုရင် တွက်လို့ရလာတဲ့ splice length ထက် ၂၅ ရာခိုင်နုန်းလျော့ချပေးလို့ရပါတယ်
Tension တွေမှာဆက်ရင် Development Length ကိုကြည့်ပြီးတော့ Modification တွေသာလုပ်သွားပါတယ်။Beam တွေရဲ့ Tension Design တွေကလည်း Column တွေနဲ့တူတူပါပဲ။ Class A Class B ပါ။
-------------------------------
Q8. မဖြစ်မနေစဉ်းစားရမဲ့အချက်လေးချက်
နံပတ်တစ် - ဘယ်နေရာမှာဆက်မှာလည်း - ဒါကတော့ ကိုယ်အဆင်ပြေတဲ့နေရာမှာဆက်နိုင်ပါတယ် Stress Maximum ဖြစ်တဲ့နေရာရှောင်ရပါမယ် column တွေမှာဆိုရင် Floor အပေါ်တွေမှာဆက်ကြသလို Sesmic ပါလာရင်တော့ Floor နှစ်ခုကြားအလည်မှာဆက်သင့်ပါတယ် ။ ဘေးတိုက်ဖြစ်တဲ့အတွက်ကြောင့် အပေါ်မှာရေးခဲ့သလို special moment frame တွေနဲ့ Design လုပ်ရပါမယ် ။ (See also U Nyi La Nga page 58)
နံပတ်နှစ် - ဘာနဲ့ဆက်မှာလည်း - ဒါကတော့ lapping,end bearing butted welded, mechanical sleeves အဆင်ပြေတဲ့ဟာနဲ့သုံးပါ
နံပတ်သုံး - ဘယ်နှစ်ချောင်းဆက်မှာလည်း - ဥပမာ လေးချောင်းရှိတာ တစ်ချောင်းဆက်မယ်ဆိုရင် ၂၅% splice ပါ သင့်တော်တဲ့Class A , Class B ခွဲနိုင်ပါတယ်
နံပတ်လေး - ဘယ်လောက်ရှည်အောင်ဆက်မှာလည်း - Class တွေသိရင် ဘယ်လောက်ရှည်အောင်ဆက်ရမလည်းဆိုတာသိပါပြီ ဒါပေမဲ့ ၁၂ လက်မထက်တော့မငယ်ရပါဘူး
-----------------------------
Q9. သံချောင်းဆက်ခြင်းနှင့်ပတ်သတ်သော ACI Code များ
ACI Code ဆိုရင်အလွတ်ကျတ်ထားသင့်ပါတယ်။အကြောင်းရင်းရှိပါတယ်။ အလွတ်ရထားတော့ ဆိုဒ်ထဲမှာလူရှိန်တာပေါ့ဗျာ....
အပေါ်ကရေးခဲ့တဲ့ Code တွေကိုဘဲ Collection အနေနဲ့ပြန်စုပေးပါမယ်
*ACI Code 12.14.2- No.11 bar ထက်ကြီးတာကို Lapping လုပ်ပြီးမဆက်နဲ့
*ACI Code 12.14.3- welded splice ဆိုရင် connection ဟာ မူလသံချောင်းရဲ့ Yield stress ထက် ၁၂၅ ရာခိုင်နုန်းပို
*ACI Code 12.15.2- Class A & Class B
*ACI Code 12.16.4- သံချောင်းဆက်ပြီးတဲ့အခါ အပေါ်နဲ့အောက် 3 Degree ထက်ပိုမစောင်းသင့်
*ACI Code 12.17 - column ဟာ compression only ဖြစ်ရင်တောင် minimun tension capacity လေးတော့လိုအပ်တယ်
*ACI code 12.14.2.3 - သံချောင်းတွေကို lapping (ထပ်ပြီးဆက်) ရင် bar တစ်ခုနဲ့ တစ်ခုကို အနည်းဆုံး ဆက်တဲ့အလျှား(splice length) ရဲ့ ငါးပုံပုံ တစ်ပုံ (သို့မဟုတ်) ၆'' အထိခွာထားလို့ရတယ်
ဒါပြီးရင် Bar Cutoff ကိုဆက်တင်ပါမယ်
ကျေးဇူးတင်ပါတယ်
Aung Hla Min Naing
All credit to original writer, Aung Hla Min Naing
Copy from facebook