Friday, April 29, 2016

type မသိတဲ့ file တွေ ဖြစ်အောင် ဘယ်လိုလုပ်မလဲ



အမျိုးအမည် မသိတဲ့ file တွေ ဖြစ်အောင် လုပ်ရတာ လွယ်ပါတယ်။ အခုက computer ပေါ်မှာ လုပ်ရတဲ့ နည်းပါ။ phone နဲ့ဆိုရင် source code editor အမျိုးအစား apk သုံးပြီး လုပ်လို့ရပါတယ်။ ဒါပေမယ့် phone မှာ ကန့်သတ်ချက် ရှိတဲ့အတွက် လုပ်ရ နည်းနည်း ခက်ခဲပါလိမ့်မယ်။


 ပြုလုပ်ဖို့ဆိုရင် notepad++ ဆိုတဲ့ computer program တစ်ခု လိုအပ်ပါတယ်။ ဒီကနေ download ဆွဲလို့ရပါတယ်။
=> https://notepad-plus-plus.org/download/v6.9.1.html <=
ဒီ program က free သုံးလို့ရပါတယ်။ ဆွဲလို့ရပြီး install လုပ်ပြီးရင် သုံးလို့ရပါပြီ။ အရင်ဦးဆုံး အဲ့ဒီ program ကို ဖွင့်လိုက်ပါ။
ဒီအခါ File => Open မှာ ကိုယ် ဖွင့်ချင်တဲ့ file ကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ အခု ဥပမာ ဖွင့်ပြထားတဲ့ File က CD4 ဆိုတဲ့ နာမည်နဲ့ file ဖြစ်ပါတယ်။


ဒီလိုမျိုး တက်လာပါလိမ့်မယ်။
တက်လာပြီးတဲ့အခါ ဘာမှမလုပ်ပဲ Save as လုပ်ပါမယ်။ Save as ကို ခုနက File => Open အောက်မှာ တွေ့နိုင်ပါတယ်။



Save as လုပ်တဲ့အခါမှာ အောက်ဆုံးက Save as type နှိပ်လိုက်ရင် အမျိုးအစား အများကြီးကို တွေ့ရပါလိမ့်မယ်။ ဒီအထဲက .mak အမျိုးအစားကို ရွေးချယ်လိုက်ပါ။ ပြီးရင် save လုပ်လိုက်ပါ။



ထိုအခါ ပုံထဲကလိုမျိုး file နာမည်မှာ .mak နဲ့ အဖြူရောင်စာရွက်ပုံစံ ထွက်လာတာကို မြင်ရပါလိမ့်မယ်။ File အမျိုးအစားက mak file အမျိုးအစား ဖြစ်ပါတယ်။


ခုနက ထွက်လာတဲ့ File နာမည်မှာ .mak ကို ဖြုတ်ပြီး rename ပြန်ပေးလိုက်တဲ့အခါမှာ ပုံထဲကလိုမျိုး If you change a file name extension, the file might become unusable. Are you sure you want to change it? ဆိုတဲ့ စာသား တက်လာတာကို တွေ့ရပါလိမ့်မယ်။ Yes နှိပ်လိုက်တဲ့အခါမှာတော့ ခုနက .mak နဲ့ထွက်လာတဲ့ file ဟာ type နေရာမှာ File အမျိုးအစားနဲ့ ဖြစ်သွားတာကို တွေ့ရပါမယ်။ ဒီလိုဆို File က file type အမျိုးအစား ဖြစ်သွားပါပြီ။ computer နဲ့ပဲ ဖြစ်ဖြစ် phone နဲ့ပဲ ဖြစ်ဖြစ် ဖွင့်ကြည့်ပါက ဖွင့်မရသည်ကို တွေ့ရပါမယ်။




အခု ပြောင်းလဲလိုက်တဲ့ file ရဲ့ မူရင်းက သီချင်း ၁၄ ပုဒ် ပါဝင်တဲ့ file ကို zip လုပ်ထားတဲ့ zip file အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် နဂိုအတိုင်း ပြန်ရချင်တဲ့အခါ နာမည်မှာ .zip ဆိုတာလေးကို ထပ်ထည့်လိုက်တာနဲ့ zip file အမျိုးအစား ပြန်ဖြစ်သွားတာကို မြင်တွေ့ရမှာပါ။

သူများကို မသိစေချင်တဲ့ အကြောင်းအရာတွေကို ဒီလိုနည်းနဲ့ ဖွက်ထားနိုင်ပါတယ်။ internet ပေါ်မှာ တစ်ချို့ website တွေက ဒီလိုနည်းနဲ့ file တွေကို လျှို့ဝှက်ပြီး share လေ့ရှိတတ်ပါတယ်။ နဂိုမူလ file ကို ပြန်ရချင်ရင် rename လုပ်တဲ့နေရာမှာ file extension ဖြစ်တဲ့ Music ဆိုလျှင် .mp3 စသဖြင့် Movie ဆိုလျှင် .mp4 စသဖြင့် ထည့်လိုက်ရုံပါပဲ။

ဖတ်ပေးတဲ့အအတွက် ကျေးဇူးတင်ပါတယ်။

KSA

Wednesday, April 27, 2016

အေဗရာဟမ်​ လင်​ကွန်း နှင့်​ ဂျွန်​အက်​ဖ်​ က​နေဒီ တို့ရဲ့ ကံကြမ္မာ တူညီချက်


သမိုင်းဆရာ​တွေ ခုထိတိုင်​ ရှင်းမပြနိုင်​​သေးတဲ့ အံ့ သြဖွယ်​​ တူညီချက်​များ

အေဗရာဟမ်​ လင်​ကွန်းဟာ ၁၈၄၆ ခုနှစ်​မှာ လွှတ်​​တော်​မှာ ​ရွေးချယ်​ခြင်းကို ခံခဲ့ရပါတယ်​။
ဂျွန်​ အက်​ဖ်​ က​နေဒီ ဟာ ၁၉၄၆ ခုနှစ်​မှာ လွှတ်​​တော်​မှာ ​ရွေးချယ်​ခြင်း ခံခဲ့ရပါတယ်​။

အေဗရာဟမ်​ လင်​ကွန်း ဟာ ၁၈၆၀ မှာ သမ္မတအဖြစ်​ ​ရွေးချယ်​ခံခဲ့ရပါတယ်​။
ဂျွန်​အက်​ဖ်​ က​နေဒီ ဟာ ၁၉၆၀ မှာ သမ္မတအဖြစ်​ ​ရွေးချယ်​ခံခဲ့ရပါတယ်​။

နှစ်​​ယောက်​လုံးက အလုပ်​လုပ်​ရာမှာ လူ့အခွင့်​အ​ရေးကို အဓိကထား စဉ်းစား လုပ်​​ဆောင်​ခဲ့ပါတယ်​။

နှစ်​​ယောက်​လုံးဟာ အိမ်​ဖြူ​တော်​မှာ​နေတုန်း သူတို့ရဲ့ ဇနီး​တွေဟာ က​လေးတစ်​​ယောက်​စီ ဆုံးရှုံးခဲ့ပါတယ်​။

နှစ်​​ယောက်​လုံးက ​သောကြာ​နေ့မှာပဲ အသတ်​ခံခဲ့ရပါတယ်​။
နှစ်​​ယောက်​လုံး ​ခေါင်းမှာ ကျည်​ဆံထိပြီး ​သေဆုံးခဲ့ပါတယ်​။

လင်​ကွန်းရဲ့ အ​တွင်း​ရေးမှုး နာမည်​က က​နေဒီ ဖြစ်​ပါတယ်​။
က​နေဒီရဲ့ အတွင်း​ရေးမှုး နာမည်​က လင်​ကွန်း ဖြစ်​ပါတယ်​။

နှစ်​​ယောက်​လုံးက ​အ​မေရိကန်​ ​တောင်​ပိုင်းသားရဲ့ လုပ်​ကြံသတ်​ဖြတ်​ခြင်း ခံခဲ့ရပါတယ်​။

နှစ်​​ယောက်​လုံးဟာ သူတို့ ​သေပြီး​နောက်​ပိုင်း သမ္မတ ရာထူးယူခဲ့တဲ့ လူဟာလည်း ​ဂျွန်​ဆင်​ ဆိုတဲ့ နာမည်​နဲ့ ​တောင်​ပိုင်းသား ဖြစ်​ခဲ့ပါတယ်​။

လင်​ကွန်း​ရဲ့ ​နေရာကို ဆက်​ခံတဲ့ အန်​ဒရူးဂျွန်​ဆင်​ဟာ ၁၈၀၈ ခုနှစ်​မှာ ​မွေးဖွားခဲ့ပါတယ်​။
က​နေဒီရဲ့ ​နေရာကို ဆက်​ခံတဲ့ အန်​ဒရူး ဂျွန်​ဆင်​ဟာ ၁၉၀၈ ခုနှစ်​မှာ ​မွေးဖွားခဲ့ပါတယ်​။

လင်​ကွန်းကို လုပ်​ကြံ သတ်​ဖြတ်​ခဲ့သူ ဂျွန်​ဝီလ်​ကီဘုသ်​ ဟာ ၁၈၃၉ ခုနှစ်​မှာ ​မွေးဖွားခဲ့ပါတယ်​။
က​နေဒီကို လုပ်​ကြံ သတ်​ဖြတ်​ခဲ့သူ လီးဟာ​​ဗေးလ်​အို့စ်​ဝဲလ်​ ဟာ ၁၉၃၉ ခုနှစ်​မှာ ​မွေးဖွားခဲ့ပါတယ်​။

လင်​ကွန်းဟာ ဖို့ထ်​ အမည်​ရှိတဲ့ ပြဇာတ်​ရုံထဲမှာ ပစ်​သတ်​ခြင်းခံခဲ့ရပါတယ်​။
က​နေဒီဟာ ဖို့ထ်​ ဆိုတဲ့ ကားကုမ္ပဏီက ထုတ်​တဲ့ ကားကို စီးရင်း ပစ်​သတ်​ခံခဲ့ရပါတယ်​။ ကားနာမည်​ကို လင်​ကွန်းလို့ နာမည်​​ပေးခဲ့ပါတယ်​။

နှစ်​​ယောက်​လုံးကို လုပ်​ကြံသတ်​ဖြတ်​ခဲ့တဲ့ လူသတ်​သမား ဘုသ် နှင့်​ အို့စ်​ဝဲလ်​ တို့ဟာ တူညီစွာနဲ့ပဲ သူတို့ရဲ့ အပြစ်​ဒဏ်​ မစီရင်​ရခင်​ သီးသီး လုပ်​ကြံသတ်​ဖြတ်​ခြင်း ခံခဲ့ရပါတယ်​။

လင်​ကွန်းဟာ သူ လုပ်​ကြံမခံရခင်​ တပတ်​အလို ​မေရီလင်း​ဆိုတဲ့​နေရာက မွန်​ရိုးလ်​ ဆိုတဲ့​နေရာမှာ ရှိခဲ့ပါတယ်​။
က​နေဒီဟာ သူ လုပ်​ကြံမခံရခင်​ တပတ်​ အလို ​မေရီလင်း မွန်​ရိုးလ်​ဆိုတဲ့ အမျိုးသမီးနဲ့ အတူ ရှိခဲ့ပါတယ်​။

လင်​ကွန်းကို လုပ်​ကြံတဲ့သူက ပြဇာတ်​ရုံထဲမှာ လင်​ကွန်းကို သတ်​ပြီးပြီးချင်း ကုန်​​လှောင်​ရုံဆီ ထွက်​​ပြေးတိမ်း​ရှောင်​ ခဲ့ပါတယ်​။
က​နေဒီဟာ ကုန်​​လှောင်​ရုံ​က​နေ ပစ်​သတ်​ခံခဲ့ရပြီး ပြဇာတ်​ရုံဆီ ထွက်​​ပြေး တိမ်း​ရှောင်​ ခဲ့ရပါတယ်​။


၂ ​ယောက်​လုံး သူ့​ခေတ်​ သူ့အခါက ထင်​ရှား​ကျော်​ကြားခဲ့တဲ့အပြင်​ နှစ်​ ၁၀၀ သာ ကွာခြား​သော်​လည်း ကံကြမ္မာ​တွေ လုပ်​​ဆောင်​မှု ​တွေ တူညီချက်​က​တော့ အံသြစရာပါပဲ ........

Original Link

KSA

Monday, April 25, 2016

နာမည် မသိ file type အမျိုးအစား မသိတဲ့ အဖြူရောင် စာရွက်ပုံစံ file တွေကို ဘယ်လို ဖွင့်မလဲ??


တစ်ချို့ website တွေက Download ဆွဲရကောင်းအောင် သုံးနေကျ application တွေနဲ့ ဖွင့်မရတဲ့ file အမျိုးအစားတွေနဲ့ လုပ်ပြီး တင်ထားလေ့ရှိပါတယ်။ ဥပမာ ကိုယ်က သီချင်းလိုချင်လို့ download ဆွဲလိုက်ပေမယ့် ရလာတဲ့အခါ သီချင်း file type မဟုတ်ဘူးဆိုတော့ ရုတ်တရက် ဘာကြီးပါလိမ့် ဆိုပြီး ကြောင်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။ အဲ့လို file အမျိုးအစားတွေဆို computer က ဖွင့်ရတဲ့ application မသိကြောင်း ပြလေ့ရှိပါတယ်။ ထို့အတူ ဖုန်းမှာလည်း အတူတူပါပဲ။ file type အမျိုးအစား မသိတဲ့ file မျိုးဆို icon ပုံစံက တစ်ခုလုံး အဖြူရောင် အနေနဲ့ ပြပါတယ်။ ဥပမာ တစ်ခုပြပါမယ်။


http://na.finalfantasyxiv.com/lodestone/special/fankit/smartphone_wallpaper/3_0/ ကို ဝင်ကြည့်ပြီး Download တစ်ခု ဆွဲကြည့်ပါ။



ထိုအခါ ပုံထဲကအတိုင်း zip ဆိုတဲ့ နာမည်နဲ့ file တစ်ခု ကျလာပါမယ်။
ဒီ zip ဆိုတဲ့ နာမည်နဲ့ file ကို ဖွင့်ကြည့်လိုက်ရင် ဘယ် application နဲ့မှ ဖွင့်မရတာကို တွေ့ရမှာပါ။


အဲ့ file ရဲ့ icon ပုံစံကို ကြည့်လိုက်ရင် စာရွက်ဖြူတစ်ရွက် ဖြစ်နေပြီး details ကြည့်လိုက်ရင် File Type က DM file အမျိုးအစား ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။



ထိုအခါ အဲ့ဒီ file ကို rename ပြန်ပေးလိုက်ပါ။ နဂို နာမည် zip ဆိုတာရဲ့ အနောက်မှာ " .zip " ကို ရိုက်ထည့်ပြီး OK ပေးလိုက်ရင် ...........



ပုံထဲကလိုမျိုး zip file အမျိုးအစား ဖြစ်သွားပါပြီ။ ဒီလိုဆို သက်ဆိုင်ရာ app နဲ့ ဖွင့်လို့ရသွားပါပြီ။

ဒါကြောင့် icon ပုံစံ က စာရွက်ဖြူ တစ်ရွက် ဖြစ်နေတဲ့ file မျိုးတွေ့ရင် အဲ့ file ကို rename ပြန်လုပ်ပေးလိုက်ပါ။ rename လုပ်ရင် ရှိပြီးသား file name ရဲ့ အနောက်မှာ သက်ဆိုင်တဲ့ file အမျိုးအစားနာမည်ကို "." ခံပြီး ပြင်လိုက်ရင် ရပါပြီ။ phone မှာရော computer မှာရော လုပ်နိုင်ပါတယ်။

သက်ဆိုင်တဲ့ file type ကို ဘယ်လိုသိနိုင်မလဲ

ကိုယ် download ဆွဲတာ ဘယ်လို အရာမျိုးကို လိုချင်လို့ ဆွဲလဲ။ ဥပမာ သီချင်းဆိုရင် mp3, ogg, ........ စသဖြင့် movie ဆိုရင် mov, mp4, avg , .... စသဖြင့် အများကြီးရှိပါတယ်။ အဲ့ဒါတွေ သိထားဖို့ လိုအပ်ပါတယ်။ သိထားရင် ကိုယ် download ဆွဲပြီး လိုချင်တဲ့ type ကို ထည့် ရေးလိုက်ရင် လိုချင်တဲ့ အရာ ရလာပါပြီ။ ကိုယ် download ဆွဲမယ့် website မှာ file type အမျိုးအစားတွေ ရေးပေးထားလေ့ရှိပါတယ်။ download ဆွဲပြီးလို့ ကျလာတဲ့ file နာမည်မှာလည်း အဲ့ file အမျိုးအစား ရေးထားပါတယ်။ အပေါ်မှာ ဥပမာပြခဲ့တဲ့ file မျိုး။ နာမည်မှာ zip လို့ ရေးထားတဲ့အတွက် အဲ့ဒီ file အမျိုးအစားက zip file အမျိုးအစား သိနိုင်သလိုမျိုးပါ။ file size အကြီးကြီးတွေမှာ ဒီလို အမျိုးအမည်မသိတဲ့ file type မျိုး ထားလေ့မရှိပါ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Wednesday, April 6, 2016

နော့တို့ယုံကြည်သောကမ္ဘာကြီး....


ရှေးဟောင်းနော့လူမျိုးတို့၏ စကြာဝဠာဗေဒတွင် ကမ္ဘာကြီးကို ကိုးခု ခွဲခြားထားကြတယ်။

အထက်ကမ္ဘာ....

Asgard (နတ်ဘုရားတို့နယ်မြေ)
Alfheim (မြင့်မြတ်သောအစောင့်အရှောက်တို့နယ်မြေ)
Vanaheim (မှော်ပညာရှင် ၊ ကာကွယ်သူတို့နယ်မြေ)

အလယ်ကမ္ဘာ....

Midgard (လူသားတို့နယ်မြေ),
Jotunheim (ဘီလူးတို့နယ်မြေ),
Svartalfaheim (အမှောင်သားတို့နယ်မြေ),
Nithavellir(မှင်စာတို့နယ်မြေ),

အောက်ကမ္ဘာ...

Muspelheim (မီးများတောက်လောင်နေသော ကမ္ဘာကြီးရဲ့အပူဆုံး တောင်ဘက်ဆုံးနေရာ)
Niflheim (သေဆုံးခြင်းနယ်မြေ)

နော့လူမျိုးတွေဟာ ကမ္ဘာကိုးခုကို ပေါင်းပြီး သစ်ပင်ကြီးတစ်ပင်တစ်ခုလုံး တည်ရှိနေပြီး တစ်ခုနဲ့ တစ်ခုသည်လည်း ဆက်စပ်နေတယ်လို့ ဆိုကြပြန်သည်။ သစ်ပင်ကိုတော့ Yggdrasil ကို ခေါ်ဆိုတယ်.။ ကမ္ဘာကိုးခုနဲ့ သစ်ပင်ကြီးပေါင်းစပ်မှ သာလျှင် စကြ၀ဠာတစ်ခုမှာ ကမ္ဘာကြီးတစ်ခု စတင်သည်ဟု သတ်မှတ်ကြလေသည်။ နော့လူမျိုးတွေရဲ့ ယုံကြည်မှုအရ သတ်မှတ်ထားသည့် ကမ္ဘာကြီးဖန်တီးထားပုံက ကျွန်တော်တို့ကို ရေခဲ နဲ့ မီးကြား တည်ရှိနေမှုအတွင်းတွင် အရာအားလုံးတည်ရှိနေနိုင်ပြီး ရှင်သန်နိုင်စွမ်းရှိသည်ဆိုသည့်အချက် နှင့် လူသားတွေရဲ့ ကမ္ဘာပုံစံနဲ့ နတ်ဘုရားတို့ရဲ့ပုံစံတွေကို ဖော်ပြထားတာလည်း တွေ့ရတယ်။

စကြာဝဠာသစ်ပင်လို့ ပြောတဲ့အပင်ကတော့ Yggdrasill ဖြစ်ပြီး နော့စကြာဝဠာဗေဒတွင် အလယ်ဗဟိုတစ်ခုမှာ ကန့်သတ်ချက်မရှိ ရပ်တည်နေပါတယ်။


‪#‎မိုးကြယ်စင်‬ ‪#‎မှော်ပညာ‬

===============
ASGARD HAS EAGLE
MIDGARD HAS HORSE
AND NIFLHEIM HAS GIANT SERPENT
===============

Copy From မှော်ပညာ facebook page

Sunday, April 3, 2016

Smite (2014) မိတ်ဆက်


Game အမျိုးအစားကတော့ MOBA ဖြစ်ပြီးတော့ Dota လိုမျိုး Hero တွေကိုင် Lane တွေထိန်းပြီး ရန်သူ့ စခန်းသွားချိုးရတာပါပဲ။ ထူးခြားတာတခုကတော့ အပေါ်စီးကထိန်းချုပ်ရတာမဟုတ်ပဲ ကိုယ်တိုင်ဝင်ထိန်းသလိုဖြစ်တဲ့ Third Person View နဲ့ဆော့ရမှာပါ။ နောက်တခုကတော့ Heroes တွေအကုန်လုံးက အခုလက်ရှိ နိုင်ငံအသီးသီးမှာရှိခဲ့တဲ့ Mythology ထဲမှ နတ်ဘုရားတွေကိုထည့်ထားတာပါ။ ဥပမာ Hindu God ဆိုရင် ရာမတို့ ကာလီ မယ်တော်တို့။ Egypt ဆိုရင် Ra, Anubis နဲ့ Greek ဆို Zeus တို့ Hades တို့လိုပေါ့။ နောက်ဆုံး Update အထိဆိုရင်တော့ စုစုပေါင်း Heroes God ပေါင်း 74 ယောက်ရှိနေပြီဖြစ်ပြီးလောလောဆယ် မှာတော့ Japan ကနတ်တွေထည့်နေပါတယ်။

Game Mode တွေအနေနဲ့လည်း

Arena (No Lane)
Assault (1 lane , 5 Vs 5)
Joust (1 Lane , Jungle , 3 Vs 3)
Siege (2 Lane , Jungle , Special Titan , 4 Vs 4)
Clash (2 Lane , Jungle , 5 Vs 5)
Conquest (3 Lane , Massive Jungle , Titan , 5 Vs 5)
ဆိုပြီး အများကြီးပါပါတယ်။

Server အနေနဲ့လည်း Client တခုထဲကနေ NA , Europe , Australia server သုံးခုကနေ Ping အဆင်ပြေတဲ့ ဟာကိုချိတ်လို့ရပါတယ်။

သူငယ်ချင်းတွေနဲ့ Multiplayer နှစ်ဖွဲ့ဆော့ရင်ဆော့ မဆော့ရင်တောင် တဖွဲ့ထဲ Coop ဆော့လို့ရပါတယ်။ Online အခြေအနေမကောင်းရင်တောင် AI ထည့်ပြီးအပျင်းပြေ ဒါမှမဟုတ် လေ့ကျင့်နေလို့ရပါတယ်။
Game size ကတော့ 9 GB ပါ။





All credit to Original Writer ; Aung Kaung Zaw

========================
Aung Kaung Zaw : "လိုချင်သူများ ငွေ 3000 ကျပ်ဖြင့်ဝယ်ယူနိုင်ပါပြီ။
ဆက်သွယ်လိုသူများ Chat Box မှတဆင့်ဆက်သွယ်နိုင်ပါသည်။
အခြားသော Free To Play Game များနဲ. Steam Client game များကို ကျွန်တော့်တွင်ရှိပါက ဈေးနှူန်းသက်သာစွာနဲ. Latest Version အထိရအောင် Backup လုပ်ပေးပါသည်။"
========================


=======================
Game => http://store.steampowered.com/app/386360/
=======================