Tempescope (မိုးလေဝ ခန့်မှန်းချက်ပြ စားပွဲတင်ပစ္စည်း)

မနက်ဖြန် ရာသီဥတု ဘယ်လိုနေမလဲဆိုတာ ဖော်ပြပေးတဲ့ Tempescope လို့ခေါ်တဲ့ ပစ္စည်းလေးပါ ။ Wifi ကိုသုံးပြီး အင်တာနက်ကို ချိတ်ထားတယ် ။ အင်တာနက်ကနေတဆင့် မိုးလေဝသ ခန့်မှန်းချက် ရယူပြီး ဒီ လေးထောင့် ဖန်ပုံးထဲမှာ ဖော်ပြပေးတယ် ။

ဥပမာ မနက်ဖြန် မိုးရွာမယ်ဆိုရင် ဒီနေ့ ဒီဖန်ပုံးထဲမှာ မိုးလေးရွာနေတာ တွေ့ရမယ် ။ မနက်ဖြန် တိမ်ထူထပ်မယ်ဆိုရင် ဖန်ပုံးထဲမှာ တိမ်လေး အုပ်ဆိုင်းပြီး ပြနေလိမ့်မယ် ။ ထို့အတူ လျှပ်စီးလက်တာတို့ နေသာနေတာတို့လည်း ဖော်ပြ ပေးနိုင်ပါတယ် တဲ့ ။

ဧည့်ခန်းထဲမှာ အလှတင်ပစ္စည်း အနေနဲ့ ထားလို့ရတဲ့အပြင် မိုးလေဝသ ခန့်မှန်းချက်တွေကို ဒီဖန်ပုံးလေးကနေ သိနိုင်တယ် ။ မိုးလေဝသ ခန့်မှန်းချက်တွေကို စာသားတွေ စကားပြောတွေနဲ့ ပြမယ့်အစား ဒါလေးနဲ့ပြတော့ မျက်စိပသာဒ ဖြစ်စေတာပေါ့ နော် ။


Post a Comment

0 Comments