ကျွန်မစိတ်ချမ်းသာအောင် နေထိုင်သည့်နည်းလမ်းများ..

ချစ်နိုင်သမျှ ချစ်သည်…

မချစ်နိုင်သည်များကိုလည်း အလွယ်တစ်ကူကျောခိုင်းထားတတ်သည်..


သည်းခံနိုင်သမျှ သည်းခံသည်

သည်းမခံနိုင်သည့်လူများကို အလွယ်တစ်ကူ စွန့်လွတ်တတ်သည်..


ပေးနိုင်သမျှ ပေးဆပ်သည်..

ပေးသလောက် မလောက်နိုင်သည့် လူများကိုလည်း မမက်မောပဲနေတတ်သည်..


မှန်းနိုင်သလောက်မှန်းသည်..

မှန်းထားတာမရတဲ့အခါ မရတာကြီးကိုတသသမဖြစ်တော့အောင် နေတတ်သည်..


ကိုယ်က အရင်ပြုံးပြသည်..

ကိုယ့်အပြုံးကိုရင်အေးတယ်မထင်သောသူများနဲ့ မျက်နှာချင်းမဆိုင်ဖြစ်အောင် နေသည်..


အချိန်အကြာကြီးသံယောဇဉ်ထားတတ်သည်..

ဘယ်လောက်ကြာကြာမဆက်သွယ်ပဲနေပါစေ ကိုယ့်ကိုပြန်နှုတ်ဆက်လာတဲ့နေ့နွေးထွေးစွာ လက်ကမ်းသည်..


စိတ်သဘောထားမတိုက်ဆိုင်သူဖြစ်နေပါစေ..

ကိုယ့်ကိုမေတ္တာပေးခဲ့တဲ့စက္ကန့်အတွင်းမှာ ထိုသူကိုချစ်ဖို့ကြိုးစားနိုင်သည်…


ဘယ်လောက်ပဲ ခင်မင်ခဲ့ပါစေ..

ကိုယ့်ကိုလုပ်ကြံတဲ့စက္ကန့်အတွင်းမှာ ထိုသူကိုအလွယ်တစ်ကူစွန့်ပစ်ရဲသည်..


အတိုချုပ်ဆိုရင်တော့…

ကိုယ်ကို မလိုလားသူအနားမှာ နေဖို့စိတ်ကူးမရှိသလို..

တာဝန်အရ နေရလျှင်လည်း… စိတ်ထဲမှာတော့ မရှိအောင် ထုတ်ထားလိုက်သည်…


စာရေးသူ.. မေတ္တာစာ..

Credit :စူး***

Post a Comment

0 Comments