ACI ၏ ကောင်းမွန်သောသံချောင်းဆက်ခြင်း သို့မဟုတ် Bar Splice

Q1. ဘာကြောင့်သံချောင်းတွေဆက်ကြတာလည်း
Q2. သံချောင်းတွေဘယ်လိုဆက်ကြမှာလည်း
Q3. ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့
Q4. သံချောင်းဆက်ဖို့အကောင်းဆုံးနည်း
ှQ5. Column မှာဆက်မှာလား Beam မှာဆက်မှာလား
Q6. Tension Zone မှာဆက်မယ်ဆိုရင်
Q7. Compression Zone မှာဆက်မယ်ဆိုရင်
Q8. မဖြစ်မနေစဉ်းစားရမဲ့အချက် ၄ ချက်
ှQ9. သံချောင်းဆက်ခြင်းနှင့်ပတ်သတ်သော ACI Code များ

ဒီမေးခွန်းတွေအတွက် Refrence ယူထားတဲ့စာအုပ်သုံးအုပ်ရှိပါတယ် ပထမက Arthur H.Nilson ရဲ့ Design of concrete structures Fifteenth Edition ပါ ဒုတိယတစ်အုပ်က ဆရာဦးညီလှငယ်ရဲ့ Reinforced Concrete Design ACI318-2008 ပါ တတိယတစ်အုပ်ကတော့ အခုလက်ရှိအစိုးရကျောင်းတွေမှာသင်နေတဲ့ B-Tech Second Year ရဲ့ CE-4014 Design of Concrete Structures ပါ။ ဒီသုံးအုပ်စလုံးရဲ့ Bond,Anchorage and Development Length အခန်းမှ Bar Splice ဆိုတဲ့ Article ထဲမှကောက်နုတ်ထားပါတယ် ။ ဒီအခန်းက RC ရဲ့ အသက်ပါ ဒါကိုမသိရင် Design လုပ်လို့မရပါဘူး ။ ကျတော်စာမျက်နှာရယ် Line နံပတ်ရယ်ပါ ဖော်ပြပါမယ် ကိုယ်တိုင်လေ့လာနိုင်အောင်လို့ပါ...

-----------------------------------

Q1. သံချောင်းတွေကိုဘာလို့ဆက်ကြတာလည်း

ဥပမာ ဈေးကွက်ထဲမှာ ပေ ၆၀ အထိဘဲရနိုင်မယ် Bar No.5 ထက်ငယ်ရင် ပေ၂၀ ဒါမှမဟုတ် ပေ၄၀ အထိဘဲရနိုင်တယ် ကိုယ်သုံးမဲ့ span ကအဲ့ထက်များနေရင် သေချာပေါက်ဆက်ရပါပြီ နောက်တစ်ခုက ရှည်တဲ့သံချောင်းတွေဟာ တိုတဲ့သံချောင်းတွေထက် သယ်ရပြုရတာ တပ်ဆင်ရတာ ခက်ကခဲပါတယ် Column တိုင်တွေမှာဆိုရင် အထပ်မြင့်လေလေ အားထမ်းရတာနည်းလေလေဖြစ်လို့ အမြင့်ရောက်လေလေ သံချောင်းရဲ့လိုအပ်ချက်ဟာ နည်းလေလေဖြစ်ပါတယ် ဒါကြောင့် Economy ဖြစ်အောင် Steel Area အပြောင်းအလဲမှာ သံချောင်းကိုဆက်ပါတယ် သံချောင်းဆက်တာရဲ့အဓိကရယ်ရွယ်ချက်က တပ်ဆင်ရတာလွယ်ကူအောင်ရယ် ဈေးကွက်ထဲမှာရနိုင်တဲ့အခြေအနေရယ်ကြောင့်ပါ

----------------------------------

Q2. သံချောင်းတွေဘယ်လိုဆက်ကြမှာလည်း

Lapping Splice - ACI Code 12.14.2 မှာ Bar No.11 ထက်ကြီးတဲ့ bar တွေကို ထပ်ပြီးဆက်ခွင့်မပြုဘူး ဒီနေရာမှာ ACI "Prohibits" လို့သုံးပါတယ် ။ အဲ့ဒီအသုံးနုန်းကတော်တော်ပြင်းထန်ပါတယ် လုံးဝကိုခွင့်မပြုတာပါ

Welded Splice - ACI Code 12.14.3 မှာ သံချောင်းတွေက ဂဃေတို့ဆက်ရင် Connection ဟာ မူလသံချောင်းရဲ့ Yield Stress ထက် Tension ခံနိုင်အားကို ၁၂၅ ရာခိုင်နုန်းပိုကောင်းလာပါတယ် ။ ဒါပေမဲ့သတိထားစရာရှိတာက bar တွေကို overloaded ဖြစ်ပြီး force maximum အထိထမ်းခိုင်းတဲ့အချိန်ကျရင် steel ဟာ welded connection မှာမပြက်ဘဲကျန်တဲ့နေရာတွေမှာသွားပြတ်ပါတယ် ဒါမျိုးဟာ Brittle Failure ပါ။ Brittle Failure ဆိုတာ steel က Yeild Deformation - ပုံစံပျက်စီးခြင်း အခြေအနေကိုမေ၇ာက်ပဲ တန်းပြီးပျက်သွားတာပါ။ ဒါမျိုးကို carbon များတဲ့ steel သို့မဟုတ် ductile steel တွေမှာအဖြစ်များပါတယ်။ ဒါပေမဲ့ Bar No5 ထက်ငယ်ရင်တော့ဒီ Requirement မလိုဘူး

Sleeves or Mechanical Device - ဒါကတော့စွတ်လိုက်တာပါ မည်သည့် connection သုံးသည်ဖြစ်စေ စိတ်ချရတဲ့အပေါင်းလက္ခဏာဆောင်တဲ့ connection မျိုးဖြစ်ရပါမယ်

--------------------------------------

ှQ3.ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့

ကောင်းမွန်သောသံချောင်းဆက်ခြင်းဖြစ်ဖို့ မူတည်နေတာကနှစ်ချက်ရှိပါတယ် ။ အရင်ဆုံး သံချောင်းတွေဆက်ရင် Force ဟာ Bar to Bar တန်းမသွားပါဘူး ။အရင်ဆုံး ဘားနှစ်ဘားဆက်ရင် ပထမဘားရဲ့ force ဟာ bond အနေနဲ့ ကွန်ကရစ်ဆိုကို အရင်သွားပါတယ် ။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ ဒုတိယဘားကိုဆက်ကူးပါတယ် ။ ဒီအကြောင်းကို ဆရာဥိးညီလှငယ်ရဲ့ Reinforced Concrete Design စာအုပ်(A) chapter 4 (bond,develop) အခန်း page no.52 line no.2 မှာအတိကျရေးထားပါတယ်။ ကျောင်းဖတ်စာအုပ်ဆိုရင်တော့ b-tech second year CE-4014 ရဲ့ chapter 1,Page 32,Bar Splices-Line no.2 ( second paragraph ) မှာရှိပါတယ် ။ RC Fifteenth Edition ဆိုရင်တော့ page no.215 , second paragraph မှာပါပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ ကွန်ကရစ်မှာ high shear stress ဖြစ်ပြီး ကွဲထွက်စေမဲ့အား Splittig force ကိုဖြစ်စေပါတယ် အောက်ကပုံကိုကြည့်ပါ ဘားနှစ်ခုထက်ထားတဲ့ကြားမှာ diagonal compression ဖြစ်ပါတယ် ဒါကြောင့်အက်ကွဲကြောင်းကိုဖြစ်စေတာပါ

ဒါကြောင့်ကောင်းမွန်သောသံချောင်းဆက်ခြင်းဆိုတာ Concrete က ဘယ်လောက်ထိ Shear Force ကြောင့်ပျက်စီးခြင်းမရှိဘဲ ခံနိုင်လည်းဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ အကြောင်းက သံချောင်းတွေကို Lapping လုပ်ပြီးဆက်တဲ့နေရာတိုင်းမှာ Shear force ကိုဖြစ်စေတယ်။ shear force ကိုမခံနိုင်တဲ့ကွန်ကရစ်ဟာကွဲပါတယ်။ ဒါကြောင့် ACI က သံချောင်းတွေ Lapping လုပ်ပြီးဆက်တဲ့နေရာတိုင်းမှာ stirrup တွေစိတ်စိတ်လေးထည့်ခိုင်းပါတယ် ။ အောက်ဖော်ပြနောက်တစ်ပုံက tension zone မှာ stirrup မထည့်ဘဲ Lapping လုပ်မိလို့ Failure ဖြစ်ပြီး ကွန်ကရစ်ကွဲသွားတဲ့ပုံပါ။

ပြည့်စုံကောင်းမွန်တဲ့သံချောင်းဆက်ခြင်းဖြစ်ဖို့ မူတည်နေတာ နောက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတေ့ development length ပါ ။ အပေါ်မှာပြောခဲ့သလို ဘားနှစ်ခုဆက်ရင် အားတွေက ဘားတစ်ခုကနေတစ်ခုတန်းမသွားသေးပါဘူး။အရင်ဆုံးကပ်လျှက် surrounding concrete ဆီကို bond အနေနဲ့အရင်ပို့ပါတယ်။ အဲ့ဒီ bond ကနေမှတဆင့် နောက်တစ်ဘားဆီဆက်ကူးတာပါ။ ဒီနေရာမှာ bond ပါလာပြီဆိုရင် development length က မဖြစ်မနေပါရတော့မှာပါ။ development length ဆိုတာ ကွန်ကရစ်နဲ့သံချောင်းဟာ bond force အပြည့်ဝရအောင် အနည်းဆုံးထိစပ်ထားရမဲ့အလျှားလေးပါ။ development length အကြောင်းကတော့ နည်းနည်းကျယ်ပြန့်ပါတယ်။ RC မှာသံချောင်းရဲ့ Full Strength ကိုရချင်ရင် အရင်ဆုံး သံချောင်းကို ကွန်က၇စ်ထဲမှာမြှတ်ထားရပါမယ်။ မြှတ်ထားမယ် ကိုယ်သုံးမဲ့သံချောင်းကလည်း ချောမနေဘူးအရစ်ပါတယ်ဆိုရင် RC ဟာ bond force ကိုရသင့်သလောက်ရနေပါပြီ ။ ဒါပေမဲ့ မေးစရာ ရှိတာက bond force လေးဟာ ဘယ်လောက်ထိရမှ လုံလောက်မှာလည်းဆိုတာပါ။ ဒီနေရာမှာ ACI ကစဉ်းစားထားတာ နည်းနည်းအဆင့်မြင့်ပါတယ်။ RC ရဲ့ basic assumption 1 မှာ Newton Law အရ RC ပေါ်ကျရောက်မဲ့ external force နဲ့ internal force ဟာ ညီပါတယ်။ external force ကြောင့် internal အနေနဲ့ moment လာဖြစ်ပါတယ်။ ဖြစ်လာတဲ့ moment ဟာ stress အနေနဲ့ ကွန်ကရစ်ကိုပေးလိုက်ပါတယ်။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ သံချောင်းကိုဆက်ပေးပါတယ်။ ကွန်ကရစ်ထဲမှာ သံချောင်းဟာ အားအပြည့်မထမ်းဘူးဆိုရင် ရေသာခိုနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ACI ကသံချောင်းကို လုံးဝ ရေသာခိုခွင့်မပြုဘူး။ ဒါကြောင့် သံချောင်းဆီရောက်လာမဲ့ bond stress ဟာ သံချောင်းရဲ့ အမြင့်ဆုံးထမ်းနိုင်တဲ့ Ultimate strength အထိရှိရပါမယ်။ အချုပ်ပြောရရင် development length ဆိုတာ သံချောင်းအားအပြည့်ဝထမ်းနိုင်ဖို့ လိုအပ်တဲ့ ကွန်ကရစ်နဲ့ ထိစပ်နေရမဲ့ အလျှားလေးဖြစ်ပါတယ်။

မေးခွန်းကိုဖြေပါမယ် - ကောင်းမွန်တဲ့သံချောင်းဆက်ခြင်းဖြစ်စေဖို့ ၁။ ကွန်ကရစ်ရဲ့ shear capacity ကောင်းရပါမယ် ၂။ bond လုံလောက်ရပါမယ်

ဒါကတော့ သံချောင်းနှစ်ခုက ဆက်ရင် အများဆုံး၆လက်မ သို့မဟုတ် ဆက်ထားတဲ့အလျှားရဲ့ ၅ ပုံပုံ ၁ ပုံ ခွာထားပေးလို့ရကြောင်းပါ
ACI Code - 12.14.2.3

Fig 4.38 ကိုကြည့်ပါ ။ ACI code 12.14.2.3 မှာ သံချောင်းတွေကို lapping (ထပ်ပြီးဆက်) ရင် bar တစ်ခုနဲ့ တစ်ခုကို အနည်းဆုံး ဆက်တဲ့အလျှား(splice length) ရဲ့ ငါးပုံပုံ တစ်ပုံ (သို့မဟုတ်) ၆'' မထိဘဲခွာထားလို့ရပါတယ်။ ဆိုလိုတာက wire နဲ့ မပတ်ထားရင်တောင်မှ ၆လက်မ ခွာထားလို့ရပါတယ်။ ဒါပေမဲ့ ကွန်ကရစ်လောင်းတဲ့အချိန်မှာ ဘားနှစ်ခုကို တစ်ခုခုနဲ့ချည်မထားရင် နေရာရွေ့နိုင်လို့ တစ်ခုခုတော့ ချည်ထားရပါမယ်။ သံချောင်းနှစ်ခုဆက်တာရဲ့ lapping splice တွေမှာ tension capacity ဟာ binding wire ပေါ်မှာမမူတည်ပဲနဲ့ concrete shear capacity နဲ့ development length ပေါ်မှာသာမူတည်ပါတယ်။

----------------------------------------------

Q4. သံချောင်းဆက်ဖို့အကောင်းဆုံးနည်း

သံချောင်းဆက်တဲ့အခါမှာ stress maximum ဖြစ်တဲ့နေရာတွေရှောင်ရမယ်ဆိုတာကတော့ လူတိုင်းနားလည်ထားတဲ့ အကြမ်းနည်းပဲရှိပါသေးတယ်။ ကွန်ကရစ်ကွဲတာရဲ့ အန္တရယ်အရှိဆုံးအခြေအနေက tension zone ထဲမှာ splice လုပ်တာပါ။ ဘားနှစ်ခုဆက်တဲ့ကြားမှာ အပေါ်ဆုံးက ပုံထဲကလို diagonal compression ဖြစ်ပါတယ် (a) forces on bars at splice ပုံကိုအရင်လေ့လာကြည့်ပါ crack ဖြစ်တဲ့လမ်းကြောင်းကိုတွေ့ပါလိမ့်မယ် နောက်ထက်သုံးပုံကိုဆက်ကြည့်ပါ



ကျတော် ပုံ abc ထဲမှ crack width အနည်းဆုံးပုံဖြစ်တဲ့ ပုံ(c) overlapping of transverse expansion is not critical ကိုရွေးလိုက်ပါတယ် ။ အကြောင်းက ပုံ a ဟာ crack ကြောင်းနှစ်ကြောင်းဆက်သွားပြီး cumulative transverse expansion ဖြစ်ပါတယ် ။ stress အများဆုံးခံရတဲ့ bar တွေကို section တစ်ခုထဲမှာဘဲဆက်မယ်ဆိုရင် crack ကြောင်းတွေဟာ တစ်ခုခုနဲ့တစ်ခုဆက်မိပြီးပိုကြီးသွားပါတယ်။ဒါကြောင့် ဆက်တဲ့နေရာတွေကို ခွာပေးရပါမယ် ။ ဘားနှစ်ခုရဲ့အကျယ်ဟာ bar diameter ထက် 12 ဆကြီးတယ်ဆိုရင်တော့ မလိုပါဘူး ။ ကျန်တဲ့ပုံတွေကို ဆက်လေ့လာကြည့်ပါ ။

--------------------------------------------

Q5. Column မှာဆက်မှာလား Beam မှာဆက်မှာလား ။

ရှည်တဲ့ column steel တွေဟာထောင်ရပြုရတာ formwork ဆင်ရတာအဆင်မပြေပါဘူး။ နောက်တစ်ခုက အပေါ်မှာရေးခဲ့သလို အထပ်မြင့်လေလေ ပေါ့လေဖြစ်လို့ သံချောင်းဆိုဒ်အပြောင်းအလဲလုပ်တဲ့နေရာမှာဆက်ကြပါတယ်။ Column မှာရှိတဲ့ ဘားတွေဟာ compression သော်၎င်း tension သော်၎င်း ဒါမှမဟုတ် tension ကော် compression နှစ်ခုလုံးခံစားရနိုင်ပါတယ်။column တိုင်တွေမှာ သံချောင်းကို floor အပေါ်မှာဆက်ပါတယ်။သို့သော် ငလျှင်တွေ ဘေးတိုက်Load တွေသက်ေ၇ာက်တယ်လို့ ထည့်တွက်တဲ့အခါမှာတော့ floor နှစ်ခုကြား Column ရဲ့ အလည်မှာဆက်တာအကောင်းဆုံးပါ။ အကြောင်းရင်းက Lateral Load ကြောင့်ဖြစ်လာတဲ့ moment ဟာ floor အပေါ်တွေမှာထက် အလည်မှာပိုနည်းပါတယ် ။Column တိုင်တွေမှာ ငလျှင်တွေပါလာရင် စည်းမျဉ်းစည်းကမ်းပြဌာန်းချက်အရ မဖြစ်မနေ seismic loads တွေကြောင့် Special moment frame တွေနဲ့ Design လုပ်ရပါမယ်။ See also U Nyi La Nge (Chapter 4 Page.58) ..

Beam steel တွေဆက်တဲ့အကြောင်းပြောမယ်ဆိုရင် သံချောင်းဆက်တဲ့နေရာမှ အားနည်းချက်က သံချောင်းရဲ့ဘေးဘက်လည် ကွန်ကရစ် အပေါ်မှာ မူတည်နေတယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ သံချောင်းကိုအားအပြည့်ထမ်းခိုင်းမယ်ဆိုရင် *သံချောင်းဆက်တဲ့အလျှား - splice length ဟာ *Development Length-သံချောင်းနဲ့ကွန်ကရစ် bond ဖြစ်ဖို့အနည်းဆုံးရှိရမဲ့ ကွန်ကရစ်ထဲသံချောင်းမြုတ်ထားရမဲ့အလျှားလေး ထက်ညီရင်ညီ မညီရင်ကြီးရပါမယ်။

Mechanical or contact splices အကြောင်းနည်းနည်းလောက်ဆက်ပြောချင်ပါတယ်
Member တွေမှာသံချောင်းလိုအပ်ချက်များလို့ bar size အကြီးတွေသုံးရလေလေ သံချောင်းဆက်ရမဲ့အလျှားကို ပိုဂရုစိုက်ပေးရပါတယ်။ ဥပမာ- Column တိုင်တွေမှာဆိုရင် သံချောင်းဆက်ရမဲ့အလျှားဟာ Column အမြင့်ရဲ့ ၃ ပုံပုံ ၁ ပုံအထိရှိနိုင်ပါတယ်။ ဒါပေမဲ့ Lapped Splice တွေရဲ့အားနည်းချက်က ကွန်ကရစ်ဝင်တဲ့နေရာမှာ နေရာယူလို့ - ဆိုလိုတာက သံချောင်းနှစ်ခုဆက်ရင် နေရာက လေးချောင်းစာဖြစ်သွားပါတယ်။ ဒါကြောင့် ကွန်ကရစ်ကို compaction လုပ်ပေးရပါတယ်။ ဒီလိုအခက်အခဲတွေကျော်လွန်ဖို့ဆိုရင် ခုဏက ပြောထားသလို Concrete Bond နည်းကိုမသုံးဘဲ bar တွေရဲ့ force ကို bar to bar တစ်ဆက်ထဲသွားအောင်ဆောင်ရွက်ပါမယ်။ နောက်ပိုင်းမှာတော့ Butt Welding လုပ်တာ၊ အစွန်းနှစ်ခုကို ထိပြီးဆက်တာ၊ electric arc welding နည်းတွေကိုသုံးလာကြပါတယ်။ နောက်တစ်မျိုးက gas pressure welding နည်းကိုသုံးပါတယ်။ bar ရဲ့အစွန်းနှစ်ဖက်ကို အပူပေးပြီး press နဲ့ဖိလိုက်ပါတယ် ဒါကလည်း သံချောင်းဆက်နည်းတစ်မျိုးပါ။ ဒီလိုနည်းတွေသုံးရတဲ့ အကြောင်းက tension transmit လုပ်တဲ့အခါမှာ concrete bond နည်းကိုမသုံးဘဲ bar to bar တန်းသွားအောင်ပါ။ အပေါ်မှာရေးခဲ့တဲ့ ACI Code 12.14.3 အရဆိုရင် welded splice connection ဟာ ဆက်မဲ့သံချောင်း yield strength ထက် ၁၂၅ ရာခိုင်နန်းပိုပါတယ်။ ဒါပေမဲ့ No.5 bar ထက်တော့ကြီးရမယ်။ သမရိုးကျသုံးနေတဲ့ splice က annular sleeve ပါ။ သူဆက်မဲ့ ဘားတွေကတော့ သူ့ထက်ဆိုဒ်သေးပါတယ်။ Mechanical splice တွေကို structure တွေမှမသုံးခင် အရင်စစ်ဆေးသင့်ပါတယ်။

----------------------------------------

Tension ကြောင့်ဖြစ်တဲ့ crack ဟာ ပြင်းထန်ပါတယ် ဒီပုံက သံချောင်းနှစ်ခုဆက်လို့ အလည်မှာ diagonal compression ဖြစ်ပြီး အက်ကွဲကြောင်းပေါ်တဲ့ပုံပါ

Q6. Compression Zone မှာဆက်မယ်ဆိုရင် ။
Q7. Tension Zone မှာဆက်မယ်ဆိုရင် ။

Column က compression member ဖြစ်ပါတယ်။ ဘယ်မှာကွာသွားလည်းဆိုရင် ရိုးရိုး ငလျှင်မပါရင်တော့ compression splice only ပါ ဒါပေမဲ့ seismic ပါလာရင် tension ကိုပါအောင်ယူပေးရပါမယ်။ နောက်တစ်နည်းပြောရရင် Tension zone မှာစစ်မယ်ဆိုရင် tension splice ကိုကြည့်ရမှာဖြစ်ပြီး Compression zone ဆိုရင် Compression splice ပါ။ tension ကော် compression ကော်ပါလာမယ်ဆိုရင်တော့ နှစ်ခုထဲက ကြီးတာကိုယူပေးရပါမယ်။

ဒါကတော့ lapping splice(သံချောင်းထပ်ပြီးဆက်ခြင်း) နေရာမှ stirrup မထည်လို့ ကွဲသွားတဲ့ ကွန်ကရစ်ပုံပါ

 

Compression Splice - Compression bars တွေကိုလည်း lapping လုပ်နိုင်ပါတယ်။ဒါမှမဟုတ် direct end bearing လား ဒါမှမဟုတ် welding or mechanical device လား အဆင်ပြေတာနဲ့ဆက်နိုင်ပါတယ်။ ACI Code 12.16 မှာ ကိုယ်သုံးမဲ့ ဘားဟာ 60 ksi ထက်ကြီးရင်ကြီး ဒါမှမဟုတ် 60 ksi ဖြစ်ခဲ့ရင် ဆက်ရမဲ့အလျှားဟာ 0.0005fy db * အဲ့ထက်ငယ်ရင် (0.000fy-24)db ။ ဒါပေမဲ့ တစ်ပေထက်မငယ်ရဘူး။အရွယ်မညီတဲ့သံချောင်းတွေဆက်မယ်ဆိုရင် ဆက်ရမဲ့အလျှားဟာဆိုဒ်ကြီးတဲ့ သံချောင်းရဲ့ development length ရယ် ဆိုဒ်သေးတဲ့သံချောင်းရဲ့ splice length ရယ် အဲ့နှစ်ခုနှိုင်းရှင် ပြီးရင် ကြီးတာယူ။ compression ကို transimt လုပ်ဖို့ဆိုရင် direct end bearing ဟာ effective ဖြစ်ပါတယ်။ ဒါကြောင့် ဆက်မဲ့ compression bar တွေဟာ အပေါ်နဲ့အောက် ဖြောင့်တန်းနေရပါမယ်။ ပြင်ညီနဲ့ဒေါင့်မှတ်ကျအနေထားကနေ 1.5 degree အတွင်းရှိရပါမယ်။တပ်ဆင်ပြိးတဲ့အခါမှ 3 degree ထက်မကြီးရပါဘူး ( ACI Code 12.16.4 ) Ties,Closed Stirrups or Spirals တွေအကုန်လုံးအကျုံးဝင်ပါတယ်။


ACI Code 12.17 မှာ column က compression only ဖြစ်နေရင်တောင်(lateral design မလိုဘူး) tension ကိုအနည်းဆုံးထည့်စဉ်းစားပေး၇ပါမယ်။Compression splice ကိုရွေးကတည်းက tension တော့ပါသင့်သလောက်ပါပြီးသားပါ။ဒါပေမဲ့ end bearing splice တွေမှာကျတော့ tension အတွက်ဘားတွေထက်လိုပါတယ်။

Class A B ခွဲပုံပါ

Column ရဲ့ Tension အတွက်ဆိုရင် - အခြေနေနှစ်ခုရှိပါတယ် Class A နဲ့ Class B ဆိုပြီးအရင်ခွဲလိုက်ပါမယ်
Class A - As provided က As required ရဲ့ နှစ်ဆရှိမယ်ဆိုရင် တနည်းအားဖြင့် သံချောင်းလိုနေတာက ၁လုံး ထည့်ထားတာက ၂လုံးနဲ့အထက် ပြီးရင် ကိုယ်က 50% နဲ့အောက် splice လုပ်မည်ဆိုရင် (ဆိုလိုတာက section တစ်ခုမှာ ၄ချောင်းရှိတာ ၂ ချောင်းနဲ့အောက်ဆက်မယ်ဆိုရင် Class A ကိုရွေးလိုက်ပါ။

Class A - ဆိုရင် ဆက်ရမဲ့အလျှားက Development length အတိုင်းပါ

Class B - ဘယ်နှစ်ချောင်းဘဲဆက်သည်ဖြစ်စေ လိုအပ်တာထက် နှစ်ဆနဲ့အထက် ပိုမထည့်ထားဘူးဆိုရင် Class B ပါ

Class B - ဆိုရင် development length ရဲ့ ၁၃၅ % ယူရပါမယ်

Column တိုင်အ၀ိုင်းဆိုရင် spiral reinforcement bar တွေဆက်မယ်ဆိုရင် တွက်လို့ရလာတဲ့ splice length ထက် ၂၅ ရာခိုင်နုန်းလျော့ချပေးလို့ရပါတယ်

Tension တွေမှာဆက်ရင် Development Length ကိုကြည့်ပြီးတော့ Modification တွေသာလုပ်သွားပါတယ်။Beam တွေရဲ့ Tension Design တွေကလည်း Column တွေနဲ့တူတူပါပဲ။ Class A Class B ပါ။

-------------------------------

Q8. မဖြစ်မနေစဉ်းစားရမဲ့အချက်လေးချက်

နံပတ်တစ် - ဘယ်နေရာမှာဆက်မှာလည်း - ဒါကတော့ ကိုယ်အဆင်ပြေတဲ့နေရာမှာဆက်နိုင်ပါတယ် Stress Maximum ဖြစ်တဲ့နေရာရှောင်ရပါမယ် column တွေမှာဆိုရင် Floor အပေါ်တွေမှာဆက်ကြသလို Sesmic ပါလာရင်တော့ Floor နှစ်ခုကြားအလည်မှာဆက်သင့်ပါတယ် ။ ဘေးတိုက်ဖြစ်တဲ့အတွက်ကြောင့် အပေါ်မှာရေးခဲ့သလို special moment frame တွေနဲ့ Design လုပ်ရပါမယ် ။ (See also U Nyi La Nga page 58)

နံပတ်နှစ် - ဘာနဲ့ဆက်မှာလည်း - ဒါကတော့ lapping,end bearing butted welded, mechanical sleeves အဆင်ပြေတဲ့ဟာနဲ့သုံးပါ

နံပတ်သုံး - ဘယ်နှစ်ချောင်းဆက်မှာလည်း - ဥပမာ လေးချောင်းရှိတာ တစ်ချောင်းဆက်မယ်ဆိုရင် ၂၅% splice ပါ သင့်တော်တဲ့Class A , Class B ခွဲနိုင်ပါတယ်

နံပတ်လေး - ဘယ်လောက်ရှည်အောင်ဆက်မှာလည်း - Class တွေသိရင် ဘယ်လောက်ရှည်အောင်ဆက်ရမလည်းဆိုတာသိပါပြီ ဒါပေမဲ့ ၁၂ လက်မထက်တော့မငယ်ရပါဘူး

-----------------------------

Q9. သံချောင်းဆက်ခြင်းနှင့်ပတ်သတ်သော ACI Code များ

ACI Code ဆိုရင်အလွတ်ကျတ်ထားသင့်ပါတယ်။အကြောင်းရင်းရှိပါတယ်။ အလွတ်ရထားတော့ ဆိုဒ်ထဲမှာလူရှိန်တာပေါ့ဗျာ....

အပေါ်ကရေးခဲ့တဲ့ Code တွေကိုဘဲ Collection အနေနဲ့ပြန်စုပေးပါမယ်

*ACI Code 12.14.2- No.11 bar ထက်ကြီးတာကို Lapping လုပ်ပြီးမဆက်နဲ့

*ACI Code 12.14.3- welded splice ဆိုရင် connection ဟာ မူလသံချောင်းရဲ့ Yield stress ထက် ၁၂၅ ရာခိုင်နုန်းပို

*ACI Code 12.15.2- Class A & Class B

*ACI Code 12.16.4- သံချောင်းဆက်ပြီးတဲ့အခါ အပေါ်နဲ့အောက် 3 Degree ထက်ပိုမစောင်းသင့်

*ACI Code 12.17 - column ဟာ compression only ဖြစ်ရင်တောင် minimun tension capacity လေးတော့လိုအပ်တယ်

*ACI code 12.14.2.3 - သံချောင်းတွေကို lapping (ထပ်ပြီးဆက်) ရင် bar တစ်ခုနဲ့ တစ်ခုကို အနည်းဆုံး ဆက်တဲ့အလျှား(splice length) ရဲ့ ငါးပုံပုံ တစ်ပုံ (သို့မဟုတ်) ၆'' အထိခွာထားလို့ရတယ်

ဒါပြီးရင် Bar Cutoff ကိုဆက်တင်ပါမယ်

ကျေးဇူးတင်ပါတယ်
Aung Hla Min Naing

All credit to original writer, Aung Hla Min Naing
Copy from facebook

Post a Comment

0 Comments