2016 E3 press ကို Monday, June 13 မှာ ကျင်းပမယ်



Sony Interactive Entertainment ဟာ 2016 E3 press ကို Monday, June 13 မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ E3 2016 Playstation Press Confrenece ကို Los Angeles က Memorial Sports Arena ထဲမှာ လုပ်ပါမယ်။ Sunday June 12 နေ့လည်ပိုင်းကစ၍ EA က လည်းကောင်း၊ June 13 မနက်ပိုင်းမှာ Microsoft က လည်းကောင်း၊ နေ့လည်ပိုင်းမှာ Ubisoft က လည်းကောင်း၊ ညနေပိုင်းမှာ Sony က လည်းကောင်း အသီးသီး ဖော်ထုတ် ကြေညာ ပြသမှာ ဖြစ်ပါတယ်။ June 12 နေ့လယ်ပိုင်းမှာ တင်ဆက်မယ့် EA က EA Play ကို live တင်ဆက်မယ်လို့ ဆိုပါတယ်။ Monday နေ့လည်ပိုင်းမှာတော့ PC Gaming Show ကို ပြသမယ်လို့ ကြေညာထားပါတယ်။ E3 press conference ကို North America က movie theaters တွေမှာ တိုက်ရိုက် ပြသမှာလား မပြသဘူးလားဆိုတာတော့ ခုထိ မသိရသေးပါလို့ Polygon website မှာ ဖော်ပြထားပါတယ်။

KSA

Post a Comment

0 Comments