type မသိတဲ့ file တွေ ဖြစ်အောင် ဘယ်လိုလုပ်မလဲ



အမျိုးအမည် မသိတဲ့ file တွေ ဖြစ်အောင် လုပ်ရတာ လွယ်ပါတယ်။ အခုက computer ပေါ်မှာ လုပ်ရတဲ့ နည်းပါ။ phone နဲ့ဆိုရင် source code editor အမျိုးအစား apk သုံးပြီး လုပ်လို့ရပါတယ်။ ဒါပေမယ့် phone မှာ ကန့်သတ်ချက် ရှိတဲ့အတွက် လုပ်ရ နည်းနည်း ခက်ခဲပါလိမ့်မယ်။


 ပြုလုပ်ဖို့ဆိုရင် notepad++ ဆိုတဲ့ computer program တစ်ခု လိုအပ်ပါတယ်။ ဒီကနေ download ဆွဲလို့ရပါတယ်။
=> https://notepad-plus-plus.org/download/v6.9.1.html <=
ဒီ program က free သုံးလို့ရပါတယ်။ ဆွဲလို့ရပြီး install လုပ်ပြီးရင် သုံးလို့ရပါပြီ။ အရင်ဦးဆုံး အဲ့ဒီ program ကို ဖွင့်လိုက်ပါ။
ဒီအခါ File => Open မှာ ကိုယ် ဖွင့်ချင်တဲ့ file ကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ အခု ဥပမာ ဖွင့်ပြထားတဲ့ File က CD4 ဆိုတဲ့ နာမည်နဲ့ file ဖြစ်ပါတယ်။


ဒီလိုမျိုး တက်လာပါလိမ့်မယ်။
တက်လာပြီးတဲ့အခါ ဘာမှမလုပ်ပဲ Save as လုပ်ပါမယ်။ Save as ကို ခုနက File => Open အောက်မှာ တွေ့နိုင်ပါတယ်။



Save as လုပ်တဲ့အခါမှာ အောက်ဆုံးက Save as type နှိပ်လိုက်ရင် အမျိုးအစား အများကြီးကို တွေ့ရပါလိမ့်မယ်။ ဒီအထဲက .mak အမျိုးအစားကို ရွေးချယ်လိုက်ပါ။ ပြီးရင် save လုပ်လိုက်ပါ။



ထိုအခါ ပုံထဲကလိုမျိုး file နာမည်မှာ .mak နဲ့ အဖြူရောင်စာရွက်ပုံစံ ထွက်လာတာကို မြင်ရပါလိမ့်မယ်။ File အမျိုးအစားက mak file အမျိုးအစား ဖြစ်ပါတယ်။


ခုနက ထွက်လာတဲ့ File နာမည်မှာ .mak ကို ဖြုတ်ပြီး rename ပြန်ပေးလိုက်တဲ့အခါမှာ ပုံထဲကလိုမျိုး If you change a file name extension, the file might become unusable. Are you sure you want to change it? ဆိုတဲ့ စာသား တက်လာတာကို တွေ့ရပါလိမ့်မယ်။ Yes နှိပ်လိုက်တဲ့အခါမှာတော့ ခုနက .mak နဲ့ထွက်လာတဲ့ file ဟာ type နေရာမှာ File အမျိုးအစားနဲ့ ဖြစ်သွားတာကို တွေ့ရပါမယ်။ ဒီလိုဆို File က file type အမျိုးအစား ဖြစ်သွားပါပြီ။ computer နဲ့ပဲ ဖြစ်ဖြစ် phone နဲ့ပဲ ဖြစ်ဖြစ် ဖွင့်ကြည့်ပါက ဖွင့်မရသည်ကို တွေ့ရပါမယ်။




အခု ပြောင်းလဲလိုက်တဲ့ file ရဲ့ မူရင်းက သီချင်း ၁၄ ပုဒ် ပါဝင်တဲ့ file ကို zip လုပ်ထားတဲ့ zip file အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် နဂိုအတိုင်း ပြန်ရချင်တဲ့အခါ နာမည်မှာ .zip ဆိုတာလေးကို ထပ်ထည့်လိုက်တာနဲ့ zip file အမျိုးအစား ပြန်ဖြစ်သွားတာကို မြင်တွေ့ရမှာပါ။

သူများကို မသိစေချင်တဲ့ အကြောင်းအရာတွေကို ဒီလိုနည်းနဲ့ ဖွက်ထားနိုင်ပါတယ်။ internet ပေါ်မှာ တစ်ချို့ website တွေက ဒီလိုနည်းနဲ့ file တွေကို လျှို့ဝှက်ပြီး share လေ့ရှိတတ်ပါတယ်။ နဂိုမူလ file ကို ပြန်ရချင်ရင် rename လုပ်တဲ့နေရာမှာ file extension ဖြစ်တဲ့ Music ဆိုလျှင် .mp3 စသဖြင့် Movie ဆိုလျှင် .mp4 စသဖြင့် ထည့်လိုက်ရုံပါပဲ။

ဖတ်ပေးတဲ့အအတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments