"I am Setsuna" PC နှင့် PS4 အတွက် လာမည်


Game developers conference မှာ Square Enix က I am Setsuna ဆိုတဲ့ Game ကို အခု နွေရာသီမှာ ဥရောပနှင့် မြောက်အမေရိက နိုင်ငံတွေမှာ PS4 နှင့် PC အတွက် စတင်ဖြန့်ချီတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Photo credit to wikipedia

Game က Role Playing game (RPG) အမျိုးအစား ဖြစ်ပြီး Director Atsushi Hashimoto က ရေးထားပါတယ်။ ကောင်းမွန်ပြီး ဝမ်းနည်းဖွယ် ဇာတ်လမ်းအသွား၊ လှပသေသပ်တဲ့ Graphic design၊ ရှုခင်း၊ ဇာတ်ကောင်များနဲ့အတူ ယခုခေတ် hardware နှင့် နည်းပညာတွေနဲ့ game ကို ပြုလုပ်ထားပါတယ်လို့ ဆိုပါတယ်။ Battle system ကတော့ Active time battle system အသုံးပြုထားပါတယ်။ ဒီ game ကို လွန်ခဲ့တဲ့ ၂ လပိုင်းတုန်းက ဂျပန်မှာ စတင်ဖြန့်ချိခဲ့ပြီးပါပြီ။

KSA

Original Link => http://squareportal.net/2016/03/14/i-am-setsuna-arrives-for-ps4-pc-this-summer/

Post a Comment

0 Comments