Heavenstrike Rivals


Turn based strategy rpg online game တွေ နှစ်သက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် Heavenstrike Rivals ဆိုတဲ့ touch arcade mobile game လေးတစ်ခုပါ။ Free to play game လေးပါ။ Playstore မှာ total score 4/5 ရထားတဲ့အပြင် touch arcade game မှာ 3.5/5 နှင့် itune မှာလည်း 4.5/5 ရထားတဲ့ ဆော့ကောင်းတဲ့ game လေးပါ။ စစချင်းဆော့ရင်တော့ မျက်စိလည်နိုင်လောက်ပေမယ့် အကြောင်းသိသွားရင်တော့ အတော့်ကို ဆော့ကောင်းလာပါတယ်။ Chess ဆော့တာ ကြိုက်တဲ့သူတွေ အတွက် အကြိုက်တွေ့စေမှာပါ။


Turned based rpg ဖြစ်တဲ့အတွက် သူအလှည့် ကိုယ့်အလှည့် အကောင်တွေ နေရာချရပါတယ်။ အကောင်တစ်ကောင်စီမှာ ကွဲပြားတဲ့ skill တွေရှိပါတယ်။ အမျိုးအစား ၆ မျိုးရှိပါတယ်။ Mage (aoe multi-row ranged attacks), Priest (heals and weaker ranged attacks), Sniper (line aoe attacks), Scout (fast/multiple strikes), Defender (taunts/high health) နှင့် Warrior (attacks stack +1 strength) တို့ ဖြစ်ကြပါတယ်။


အကောင်တိုင်းလိုလို သူ့ကို စ နေရာချရင် ထုတ်တဲ့ special power တွေ ရှိပါတယ်။ Priest တွေမှာဆို သူ့ကို စ နေရာ ချလိုက်တာနဲ့ နာနေတဲ့ (health point အနိမ့်ဆုံး) ကိုယ့်အကောင်တစ်ကောင်ကို heal လုပ်ပေးပါတယ်။ အကောင်တွေကို row ပြောင်းထားလို့ရပါတယ်။ taunts ဖြစ်ခါကျရင်တော့ ပြောင်းလို့မရတော့ပါဘူး။ သူ့ကို နှိပ်ကြည့်လိုက်ရင် ပြောပါလိမ့်မယ်။ 2 turns ပြီးမှ ရွှေ့လို့ရပါမယ်လို့ 3 turns ပြီးမှ ရွှေ့လို့ရပါမယ်လို့။


အဲ့ အကောင်လေးတွေက ဘာကို သုံးပြီး နေရာချရတာလဲဆိုရင် Mana သုံးပါတယ်။ Mana က အပြာရောင် အလုံးလေးတွေပါ။ ဘယ်ဘက်ထောင့် ကိုယ့် captain ပုံရဲ့ ပတ်ပတ်လည်မှာရှိပါတယ်။ အားလုံးပေါင်း ၁၀ လုံး ရှိပါတယ်။ ကိုယ့်အကောင် တစ်ကောင် သေတိုင်း သေတဲ့ အကောင်သုံးတဲ့ အလုံးအရေအတွက်အတိုင်း ပြန်ပြည့်ပါတယ်။ ဥပမာ 3 Mana သုံးထားတဲ့ အကောင် သေသွားရင် 3 Mana ပြန် ရပါတယ်။ 3 turns စာ အရင် ပေးထားပါတယ်။ 1 turn မှာ ၂ လုံးစီ ပေးပါတယ်။



အကောင်အနေနဲ့တော့ squad အဖွဲ့လေးတွေ ဖွဲ့ထားရပါတယ်။ တစ်ဖွဲ့မှာ ၁၅ ကောင်စီ ပေးထားပါတယ်။ အကောင်တွေမှာ mana ယူတဲ့နှုန်းက မတူပါ။ ထို့အတူ skill တွေ status တွေ မတူကြပါ။ အကောင်လေးတွေ အသစ် ခေါ်လို့ရပါတယ်။ အသစ် ခေါ်ရာမှာ Core ဆိုတဲ့ အစိမ်းရောင် ခရစ်စတယ်လေးတွေ သုံးပြီး ခေါ်နိုင်ပါတယ်။ မဟုတ်ရင်လည်း Shield point တွေ သုံးပြီး ခေါ်လို့လည်း ရပါတယ်။


အကောင်လေးတွေ အဆင့်မြင့်လို့ရပါတယ်။ level 15 ရောက်ရင် promotion လုပ်လို့ရပါပြီ။ promotion လုပ်ရင် လိုအပ်တဲ့ item လေးတွေ ရှိမှ လုပ်လို့ရပါတယ်။ အဲ့ဒီ item လေးတွေ ရှာတဲ့ quest တွေရှိပါတယ်။ အကောင်လေးတွေ စီတာ level မြှင့်တာ item တွေ ရောင်းတာတွေကို inventory ထဲမှာ လုပ်လို့ရပါတယ်။


Core (အစိမ်းရောင် crystal ပုံ), Tickets (အနီရောင်ဆုတံဆိပ်ပုံ), Shield point (အစိမ်းရင့်ရောင် ဒိုင်းပုံစံ), Supplies (အပြာရောင် လျှပ်စီးပုံ) နှင့် Gold (ရွှေရောင်အပြားပုံစံ) ဆိုပြီး အမျိုးအစား ၅ မျိုးရှိပါတယ်။ {Shield point တော့ အပေါ်ပုံထဲမှာ မပါပါဘူး သူ့ကို အကောင်လေးတွေ ခေါ်တဲ့ page မှာပဲ တွေ့နိုင်ပါတယ်။}

  • Core က ရှားပါတယ်။ core 1 ခု ရနိုင်တဲ့ quest ရှိပါတယ်။ အဲ့ဒါက တစ်နေ့မှာ တစ်ခါပဲ ရတာပါ။ ဘယ်နေရာတွေမှာ သုံးရလဲ ဆိုရင် တိုက်ရင်း ရှုံးတဲ့အခါ အဲ့ core ကို သုံးပီး ပြန်ချလို့ရပါတယ်။ ရှားပါး အကောင်လေးတွေကို ဒီ core သုံးပြီး ခေါ်ရပါတယ်။ ရှားပါးတဲ့အတွက် အသုံးလိုမှ သုံးတာ ပိုကောင်းပါတယ်။
  • Ticket ကတော့ PvP battle တွေ Raid battle တွေ League battle တွေမှာ သုံးပါတယ်။ ၅ မိနစ်ကြာ ၁ခု ပြန်ပြည့်ပါတယ်။
  • Shield point က 4star 5star အကောင်တွေ ခေါ်တဲ့နေရာမှာ သုံးပါတယ်။ သူကတော့ PvP battle league battle တွေ နိုင်မှ ရပါတယ်။ turn နည်းလေ shield point များများ ရလေပါပဲ။ Shield point တွေကို PvP battle အောင်ရင် League battle တွေမှာ သူ သတ်မှတ်ထားတဲ့ အဆင့်ထဲ ဝင်ရင် 3000 5000 စသဖြင့် ပြန်ရပါတယ်။ သတ်မှတ်အချိန်ကုန်သွားမှ ရပါတယ်။
  • Supplies ကတော့ story mode battle, item quest battle, ထူးခြားတဲ့ battle တွေမှာ သုံးပါတယ်။ သူ့ကို အဓိက ပင်တိုင် သုံးရတာပါ။ ၅ မိနစ်ကြာ ၁ခုနှုန်းနဲ့ ပြန်ပြည့်ပါတယ်။
  • Gold ကျတော့ အကောင်လေးတွေ upgrade လုပ်တဲ့ နေရာမှာ သုံးပါတယ်။ သူကျတော့ item တွေ ရောင်းရာကနေလည်း ရပါတယ်။ battle တွေ တိုက်လို့ အောင်တိုင်း ရပါတယ်။ အရလွယ်တာမို့ ပြဿနာ သိပ်မရှိပါ။

ထူးခြားတဲ့ အကောင်လေးတွေ ဝယ်ဖို့ Shield point 2000 သုံးရပါမယ်။

Class အမျိုးအစားအလိုက် ရှင်းပြရရင်

  • Mage ကတော့ သူ ချရင် ချတဲ့ အကောင်ရဲ့ ဘေးပတ်ပတ်လည် တစ်ကွက်စာစီ damage ထိပါတယ်။
  • Priest ကတော့ health point ကို ပြန်ဖြည့်ပေးတယ်။ သူလည်း ချရပေမယ့် attack point အနိမ့်ဆုံးပါပဲ။
  • Sniper ကတော့ သူ့ကို နေရာချတဲ့ row တစ် row စာ မှာရှိတဲ့ အကောင်တွေ နှစ်ကောင်ထပ်နေလည်းပဲ သူ့ ranged အတွင်းရှိနေရင် နှစ်ကောင်လုံး damage ထိပါတယ်။ သူ့ ranged ကတော့ တော်တော် ဝေးပါတယ်။ mage ထက် ပိုဝေးပါတယ်။
  • Scout ကတော့ မြန်တယ်။ ၂ ချက် ချတယ်။
  • Defender ကတော့ သူ ချလိုက်ရင် ချခံထိတဲ့ အကောင်ကို row ပြောင်းလို့မရတော့ပါဘူး။ Defender တွေက health point အမြင့်ဆုံးပါပဲ။
  • Warriors ကျတော့ သူ ချရင် တစ်ချက် ချတိုင်း attack power 1 စီ မြှင့်သွားပါတယ်။

Class တွေက သူ့ကောင်းကွက်နဲ့သူ ရှိနေတာမို့ squad ဖွဲ့တဲ့အခါ စဉ်းစားရပါတယ်။ PvP battle တွေရှိတာမို့ တဖက်လူ ဘယ်လို အကောင်တွေနဲ့တိုက်မလဲ ရွှေ့နိုင်သလဲဆိုတာပါ ထည့်သွင်း စဉ်းစားရမှာပါ။ player အချင်းချင်း အတူတူ ဆော့ရတဲ့ battle တွေပါ ရှိပါတယ်။ တစ်ခါတစ်လေမှ ရှိတတ်ပါတယ်။ တိုက်တဲ့အခါ အကောင်တွေ ချတဲ့အခါမှာလည်း အစမှာ ချရတဲ့ အကောင်တွေက random ပေးတာမို့လို့ တော်တော် စဉ်းစားရပါမယ်။


Story quest တွေ item quest တွေမှာ ဆော့တဲ့အခါ ကိုယ့် captain ကို တစ်ချက်မှ မထိစေပဲ တိုက်နိုင်ရင် အဲ့ quest မှာ auto ဆိုတဲ့ option လေး ထွက်လာပါတယ်။ ကိုယ့်အကောင်တွေ lvl တက်ချင်တဲ့အခါ ကိုယ်ကိုယ်တိုင် မတိုက်ချင်တဲ့အခါမျိုးဆို ဒီ auto battle တိုက်ခိုင်းလို့ရပါတယ်။
ဥာဏ်ကို လွှာသုံးပြီး ဆော့ရတဲ့ ဂိမ်းမို့ ဥာဏ်ကစားရတဲ့ ဂိမ်းမျိုး ကြိုက်တဲ့သူအဖို့ စမ်းကြည့်ဖို့ တိုက်တွန်းပါရစေ။

Play Store => https://play.google.com/store/apps/details?id=com.square_enix.HEAVENSTRIKERIVALS_WW&hl=en

Apple App Store => https://itunes.apple.com/us/app/heavenstrike-rivals-monster/id929464758?mt=8

Qoo app store => http://apps.qoo-app.com/en/app/956

Game Info
======
Developer: SQUARE ENIX Co.,Ltd.
Version:5.0.2 (2016-02-24)
APK Size:18.80 MB (Data files: 441 B)
Requires:Android 4.1 +


စာရေးသူလည်း ဆော့နေပါတယ်။ CPT12C14A70 <= ဒါက စာရေးသူရဲ့ friend code ပါ။ add နိုင်ပါတယ်။ အကူအညီလိုရင် ပေးပါမယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments