Friday, November 27, 2015

Facebook သုံး​နေရာက​နေ ရုတ်​တရက်​ News feed မှာ ဘာမှ မ​ပေါ်​တော့ရင်



Facebook သုံး​နေရာက​နေ ရုတ်​တရက်​ News feed မှာ ဘာမှ မ​ပေါ်​တော့ရင်​ စိတ်​မပူပါနဲ့။ အဲ့ဒါ Facebook က တခုခု update လုပ်​​နေလို့ပါ။ နည်းနည်း​စောင့်​လိုက်​ပါ။ ပြန်​ရသွားပါလိမ့်​မယ်​။ Facebook က တခုခု update လုပ်​​နေရင်​ chat box သုံးမရတာတို့ ၊ သုံး​နေရင်း ရုတ်​တရက်​ log out ထွက်​သွားပြီး ပြန်​ဝင်​မရ​တော့တာတို့ ၊ profile ထဲ​ဝင်​ ကြည့်​မရ​တော့တာတို့ ဖြစ်​တတ်​ပါတယ်​။ အဲ့လို​တွေ ဖြစ်​တာ version အသစ်​ အ​ဟောင်းနဲ့ လုံးဝ မဆိုင်​ပါ။

Facebook team က တခုခု upgrade လုပ်​တာတို့ ပြုပြင်​မှု​တွေ လုပ်​​ဆောင်​တဲ့အခါ account စဖွင့်​တဲ့ အချိန်​အလိုက် user account ​တွေကို​ ပြင်​​ပေးတတ်​ပါတယ်​။ အရင်​ ၂၀၁၃ တုန်းက facebook browser view ​တွေ ​ပြောင်းတာကို အဆင့်​မြှင့်​ခဲ့တုန်းက မြန်​မာပြည်​က​နေ အ​ကောင့်​ ဖွင့်​ခဲ့ခြင်း အတူတူ​တောင်​ ၂၀၁၀ ခုနှစ်​က ဖွင့်​ခဲ့တဲ့သူ​တွေက ​၂၀၁၂ ကဖွင့်​ခဲ့တဲ့သူ​တွေထက်​ တပတ်​​လောက်​ ​စော ရ​နေခဲ့ပါတယ်​။ ဒီလို upgrade လုပ်​​နေတာနဲ့ကြုံရင်​ ​စော​စောက ​ပြောခဲ့သလို news feed ​တွေတက်​မလာတာတို့ ဖြစ်​တတ်​ပါတယ်​။ ဒီလိုဆိုရင်​ facebook သုံးတာ ခဏရပ်​လိုက်​ပါ။ ဒီလို ပြင်​ဆင်​တာက user ရဲ့ data base အ​ပေါ် မူတည်​ပြီး ကြာချိ​န်​ ကွာသွားပါတယ်​။ ဓာတ်​ပုံ ဗွီဒီယို ​တွေ အတင်​များတဲ့သူဆို ပိုကြာပါတယ်​။ ဒါ​ပေမယ့်​ အချိန်​က သိပ်​မကြာပါဘူး။ အလွန်​ဆုံးရှိမှ ၁၀မိနစ်​ ၁၅မိနစ်​​လောက်​ပဲ ကြာတာပါ။ ပြင်​ဆင်​မှုက နိုင်​ငံအလိုက်​ စဖွင့်​ချိန်​အလိုက်​ ​နေရာအလိုက်​ လုပ်​တာဆို​တော့ တချို့ဆို ညနက်​ မသုံးတဲ့အချိန်​ကျမှ ကိုယ့်အလှည့်​ကျလို့ Upgrade လာလုပ်​​သွားတာကို မသိလိုက်​ရတာ​တွေ ရှိပါတယ်​။

အကယ်​၍ ​နေ့တဝက်​​လောက်​ မသုံးပဲ ထားထားတာ​တောင်​မှ news feed လုံးဝ မ​တက်​ဘူးဆိုရင် Application manager က​နေ​ Facebook app ကို clear cache ဒါမှမဟုတ်​ clear data လုပ်​ပြီး facebook ထဲ ပြန်​ဝင်​ ကြည့်​ကြည့်​ပါ။ facebook app version အရမ်းနိမ့်​​နေရင်​လဲ ဒီလိုဖြစ်​တတ်​ပါတယ်​။ facebook version မြှင့်​ပြီး သုံးကြည့်​ကြည့်​ပါ။

ဖတ်​​ပေးတဲ့ အတွက်​ ​ကျေးဇူးတင်​ပါတယ်​။

KSA

Tuesday, November 17, 2015

မြန်မာ့နည်း မြန်မာ့ဟန် ရေတွင်းတူးရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း

ဂန့်ဂေါဘက်က ရွာတစ်ရွာတွင် ရေတွင်းတူးရာ တစ်ရွာလုံး ရေတွင်းတူးရန် နှစ်နေရာ ရှာရာ ယခုနေရာကျမှ ရေတွေ့တော့သည်ဟု သိရသည်။ ရေ ရှိ-မရှိ၊ ရေ ရ-မရကို “ကြေးနီချောင်း”ဖြင့် ရှာရသည်ဟု သိရသည်။ရေတွင်းမှာ အတောင် (၂၈)တောင် အနက်ရောက်၌ ရေတွေ့သည်။ ရေမှာ ကြည်လင်သော ရေကောင်းရေသန့် ရသည်။ ကျောက်တုံးကျောက်ခဲချည်းပဲ ထော်လာဂျီ ငါးစီးတိုက်ခန့် ရသည်။ ဤသို့ ကျောက်သဲရမှတော့ အဘယ်မှာ ရေမကောင်းဘဲ နေမည်နည်း။

ရေတွင်းတူးသူများမှာ (၄)ယောက်ရှိသည်။ ရပ်ကွက်ကပါ ဝိုင်းကူကြသည်။ ရေတွင်းမှာ နက်သဖြင့် နံနက် ၆-နာရီမှ ၁၂-နာရီထိ တစ်ကြိမ်၊ ညနေ ၂-နာရီမှ ၆-နာရီထိတစ်ကြိမ် နှစ်ကြိမ်ဆင်းတူးကြသည်။ တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်းချကြည့်ရာ မီးသေသွား၏။ အောက်ဆီဂျင်မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားရန် ငှက်ပျောလက်အစိုများကို ခုတ်၍ ကြိုးဖြင့်ချည်ကာ ရေတွင်းထဲသို့ ချလိုက်တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေမှ တွင်းထဲ ဆင်းဆင်းတူးရ၏။ ဤနည်းဖြင့် ငှက်ပျောလက်အစိုများဖြင့် ရေတွင်းထဲ ချလိုက်တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို ဖယ်ရှားပြီး တူးတူးသွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါမှ ရေတွေ့၍ ရေရလာသည်။ ရေမှာ ကျောက်ခဲ ကျောက်တုံးများကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ နံနက်ခင်း အအေးဓာတ်ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန်များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ သို့အတွက် ရေတွင်းနက်နက် တူးပါက ပထမဦးစွာ ဖယောင်းတိုင် မီးထွန်းချကြည့်ပါ။ မီးသေက တွင်းထဲ မဆင်းပါနှင့်ဦး။

ငှက်ပျောလက်အစိုများ (၄-၅-၁၀)လက်ခန့်ကို ခုတ်ယူပြီးမှ ချလိုက်တင်လိုက် လုပ်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို အပေါ်သို့ ဖယ်ထုတ်ပါ။ အနည်းဆုံး နာရီဝက်ခန့်ကြာ ပြုလုပ်ရပါသည်။ ထိုသို့ ပြုလုပ်ပြီးမှ ဖယောင်းမီး ချကြည့်၍ မီးမသေမှ ရေတွင်းထဲ ဆင်းတူးပါ။

ဤသို့ဖြင့် အသက်ဘေးမှ ကင်းဝေးပြီး ရေတွင်းနက်နက် တူးနိုင်ကြောင်း ကိုယ်တွေ့မျက်မြင် ရေးသားလိုက်ရပါသတည်း။

Credit to ဝင်းသူ

Wednesday, November 4, 2015

Movie တွေကနေ gif image လေးတွေ လုပ်ကြမယ်

Movie ကနေ gif image တွေကို Video converter တွေကနေ လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ကွက်နဲ့တစ်ကွက် 1 sec လောက် ခြားနေတော့ ကြည့်ရတာ ရိုးရိုးပုံတွေကို စီထားပြီး တစ်ပုံချင်း အမြန် ကြည့်သလို ဖြစ်နေတတ်ပါတယ်။ online တွေမှာ ပြောင်းလဲ ရပါတယ်။ ဒါပေမယ့် movie တစ်ခုတစ်ခု တင်ဖို့ဆို အတော်လေး စောင့်ရပါတယ်။

 
ဒီလိုပုံမျိုး movie ကြည့်သလိုမျိုး အမြန်နှုန်းနဲ့ ရအောင် လုပ်ဖို့ လွယ်ပါတယ်။ Internet မလိုပါ။
  • Computer တစ်လုံးရယ်
  • Computer ထဲမှာ Video converter program တစ်ခု နဲ့
  • Adobe Photoshop CS5 (Or above) program တစ်ခုသာ လိုပါတယ်။

Movie ကနေ gif image လုပ်ရင် ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ gif image လုပ်ရင် အများဆုံး second 30 စာပဲ လုပ်လို့ ရမှာပါ။ ဒီထက်များရင် လုပ်လို့မရပါ။ program က error တွေ ပြပါတယ်။ နောက်ပြီး gif image ရဲ့ resolution (ပုံရဲ့ အလျား အနံ) က 640x480 ထိပဲ လက်ခံပါတယ်။ တကယ်လို့ resolution ကြီးကြီးနဲ့ ကြည့်ချင်ရင် movie ကြာချိန် ကို 5 second အောက် ထားမှ ရပါမယ်။ movie ကြာချိန်များချင်ရင် resolution လျော့ရပါမယ်။ ဒါတွေက လုပ်တဲ့အခါ ကိုယ်လိုချင်သလောက် ချိန်ဆပြီး လုပ်ရမှာပါ။

နောက်ပြီး တစ်ခု သတိထားရမှာက လုပ်ပြီးတဲ့အခါ ထွက်လာတဲ့ gif image size က 2 mbs အောက် ရောက်နေမှသာ facebook တို့ tumblr တို့ twitter တို့လို social site တွေမှာ share လို့ရမှာပါ။ Social site တွေက gif image တွေ 2mb ထက်ကျော်ရင် လက်မခံလို့ပါ။

Movie ကနေ gif image လုပ်မယ်ဆိုရင် အရင်ဦးဆုံး ကိုယ်လိုချင်တဲ့ အကွက်ရအောင် video ကို တည်းဖြတ်ရပါမယ်။



အခု ပုံမှာ တွေ့တဲ့အတိုင်း Xilisoft Video Converter Ultimate ဆိုတဲ့ program ကိုသုံးပြီး gif image လုပ်ချင်တဲ့ video ကို 15 second စာ တည်းဖြတ်လိုက်ပါတယ်။




ပြီးရင် video size (resolution) ကို 352x240 pixel နဲ့ mp4-MPEG4 Video format ကို convert လုပ်လိုက်ပါတယ်။



ထွက်လာတဲ့ video ကို နာမည် ပြောင်းလိုက်ပါတယ်။ gif image လုပ်တဲ့နေရာမှာ photoshop က file name တွေမှာ ‘’ . ’’ တွေပါတာ လက်မခံလို့ ပြောင်းလိုက်ရတာပါ။


ပြီးရင် photoshop cs 5 ကို ဖွင့်လိုက်ပါတယ်။ 


ပြီးရင် ပုံမှာပြထားတဲ့အတိုင်း File => Import => Videos Frames to Layers ကို နှိပ်လိုက်ပါတယ်။


Box လေးတက်လာရင် အဲ့ထဲမှာ ခုနက ပြောင်းလိုက်တဲ့ video file ကို ရှာပြီး ဖွင့်လိုက်ပါတယ်။


Box ကျလာရင် continue နှိပ်လိုက်ပါတယ်။


ပုံမှာ မြှားထိုးပြထားတဲ့ ဟာလေးကို နှိပ်လိုက်တဲ့အခါ mouse pointer က + ပုံစံ ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ 


ကိုယ် လိုချင်တဲ့အပိုင်းကို ရအောင် ဆွဲ လိုက်ပါတယ်။ 


ပြီးရင် Image => Crop ကို ရွေးနှိပ်လိုက်ရင် ကိုယ် select လုပ်ထားတဲ့အပိုင်းလောက်ပဲ ကျန်တာကို တွေ့ရပါမယ်။

 
လိုအပ်တဲ့အပိုင်းတွေ ထားပြီး မလိုတဲ့ အကွက်တွေကို ပုံမှာ ပြထားတဲ့နေရာမှာ ပုံတွေကို တစ်ပုံချင်းစီ ဒါမှမဟုတ် အပုံ အတွဲလိုက် လိုသလို select လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ |> ကို နှိပ်ပြီး ပုံအသွားအလာကို ကြည့်ပြီး ပုံတွေ ဖျက်လို့ရပါတယ်။ (အနီနဲ့ ဝိုင်းပြထားတာက delete ပါ)


ပြီးတဲ့အခါမှာတော့ File => Save for Web & Devices ကိုရွေးလိုက်ပါတယ်။


ဒီလို box လေးကျလာရင်တော့ ပုံထဲက အနီနဲ့ ဝိုင်းထားတဲ့နေရာ မှာရှိတဲ့ Colors နှင့် Dither ၂ခုကို ချိန် ညှိပေးရမှာပါ။ 

Colors က အများဆုံး 256 ကနေ 8 အထိ ရှိပါတယ်။ အဲဒါကို လိုသလို အတိုးအလျှော့ လုပ်ပေးရမှာပါ။ ဂဏန်းများရင် ထွက်လာတဲ့ ပုံရဲ့ နေရာပမာဏ က ကြီးသွားမှာပါ။ ဒါပေမယ့် ပုံက movie ကြည့်သလိုမျိုး အရောင်အသွေး စုံစုံလင်လင်နဲ့ ကြည့်ရမှာပါ။ 

Dither ကျတော့ ပုံအရောင်အသွေးကို ချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရာ ဖြစ်ပါတယ်။ Dither ကို လျှော့လိုက်ရင် ပုံက ကြမ်းတမ်းပြီး မွဲခြောက် သွားပါတယ်။ ထွက်လာမယ့်ပုံရဲ့ size ကို ကြည့်ပြီး အတိုးအလျှော့ လုပ်ပေးရမှာပါ။

ထွက်လာမယ့် ပုံရဲ့ size က ဘယ်မှာ ကြည့်ရမလဲဆိုရင်တော့ ပုံ ဘယ်ဘက် အောက်ဘက်က အနီရောင်နဲ့ ပြထားတဲ့နေရာကို ကြည့်ရမှာပါ။ အပေါ်က colors နဲ့ dither တို့ နည်းသွားရင် သူကပါ ပမာဏ နည်းသွားပါတယ်။ ကိုယ်ဘယ်လို အနေအထားမျိုးလိုချင်လဲ? လိုချင်သလောက် ပြုပြင်ယူရပါမယ်။ 

အခု ပုံထဲမှာတော့ Colors ကို 126 ၊ Dither ကို 50 ထားလိုက်ပါတယ်။ ထွက်လာမယ့် ပုံရဲ့ size ကတော့ 6.413 MB ဖြစ်ပါတယ်။


Setting အကုန်လုံး ချိန်ပြီးတာနဲ့ ပုံမှာ ပြထားတဲ့အတိုင်း Plays animation လုပ်ပြီး အဆင်ပြေမပြေ လိုချင်တဲ့အတိုင်း ရမရ အရင် ကြည့်ကြည့်ပါတယ်။ 

အကုန်လုံးအဆင်ပြေပြီဆိုရင်တော့ Save နှိပ်ပြီး သိမ်းလိုက်တဲ့အခါမှာတော့ Gif image ရလာပါတယ်။


Gif image ပုံတွေက ရိုးရိုး program တွေနဲ့ ဖွင့်လို့ မရပါ။ Browser သုံးပြီး ဖွင့်မှသာ လှုပ်ရှားတာကို မြင်ရမှာပါ။ ပြီးတော့ Browser မှာ Adobe Flash Player ရှိနေရပြီး Up to Date ဖြစ်နေရပါမယ်။ အခု ပုံထဲမှာတော့ ခုနက လုပ်လိုက်တဲ့ Gif image ပုံကို IE browser နဲ့ ဖွင့်ထားတာပါ။

ပြုလုပ်ရမှာ ကန့်သတ်ချက်တွေများပေမယ့် အကောင်းဆုံး အခိုက်အတန့်လေးကို ပြချင်တဲ့ သူများအဖို့တော့ ဒီ Gif image အမျိုးအစားတွေက အကောင်းဆုံးပါပဲ။ ပမာဏအများကြီးမလို၊ ပေါ့ပေါ့ပါးပါး၊ အင်တာနက်လိုင်းလဲ သိပ်မဆွဲတဲ့အပြင် social network site တွေမှာ ဝေမျှဖို့ အကောင်းဆုံးပါပဲ။


ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်သော နေ့ရက်လေး ဖြစ်ပါစေ။

KSA