Tuesday, October 27, 2015

ကလေးကို မစနောက်ပါနဲ့

ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုလို့ ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။

သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့
ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။
ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။ ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။

ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။

တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။ သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ”လို့ နောက်ပြီးကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။

သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေကကစ်ကစ်ကိုဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။ အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကို သူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။

ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။ ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။ လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။

ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။

တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကို လှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို
့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။ နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။ မေမေက ပထမတစ်ကြိမ်မှာဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ်
မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။

ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။

လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲကလေးဆီကနေသတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။

တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင်ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို
ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှ အရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။ တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။

ကျွန်မတို့နိုင်ငံက နာမည်ရမျက်မှောက်ပညာရေးပါရဂူ မစ္စတာ Chen က ကလေးငယ်တွေကို ဒီလိုစနောက်၊ နောက်ပြောင်တဲ့အပြုအမူကို လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရမယ်လို့ သူယူဆတယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချွတ်ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာ- လူကြီးက ကလေးကို လိမ်ညာတဲ့နည်းနဲ့ စနောက်မယ်၊ ကလေးငယ် စိတ်လှုပ်ရှား စိတ်သောကရောက်တာကိုကြည့်ပြီး တဟားဟားရယ်မယ်ဆိုရင် ကလေးငယ်ရဲ့စိတ်မှာ တဖြေးဖြေးနဲ့ သူတစ်ပါးကို မယုံကြည်တော့တဲ့စိတ်မျိုး၊ လိမ်ညာတတ်တဲ့စိတ်မျိုး မွေးမြူလာတတ်ပါတယ်။

ယနေ့ခေတ် မြို့ပြလူနေမှုစနစ်မှာ အထက်ကပြောသွားတဲ့ စနောက်မှုမျိုးနဲ့ ကလေးတွေကို သိပ်စနောက်တော့မယ် မထင်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်မှုကို စနောက်တဲ့နည်းကိုတော့ အများအပြားတွေ့မြင်နေရဆဲဖြစ်တယ်။ ကလေးငယ်တွေဟာ နေရာတော်တော်များများမှာ အစနောက်ခံနေရဆဲဖြစ်တယ်။ ဒီလိုစနောက်တဲ့အပြုအမူတွေက အပေါ်ယံကကြည့်ရင် ကြမ်းတမ်းမှုမရှိဘူးဆိုပေမယ့် အထက်ကပြောသွားတဲ့ စနောက်နည်းတွေနဲ့ ရိုင်းစိုင်းတာချင်းက အတူတူပဲဖြစ်တယ်။ ကလေးအပေါ် မလေးစားတာ၊ ကလေးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေခြင်းက အတူတူပဲဖြစ်တယ်။

၂ဝဝ၈ခုနှစ် ဇန်နဝါရီလ၂ရက်နေ့ညက ပီကင်းတီဗွီလိုင်းကနေ အစီအစဉ်တစ်ခုကို ကျွန်မကြည့်ခဲ့တယ်။ အစီအစဉ်မှာ ဟေဘေမြို့ကလာတဲ့ ၅မွှာပူးကို ဖိတ်ခေါ်ထားပါတယ်။ ယောက်ျားလေး ၄ယောက် မိန်းကလေးတစ်ယောက်ပါတဲ့ ဒီ၅မွှာပူးတွေက အသက်(၄)နှစ်အရွယ် ကျန်းကျန်းမာမာကလေးတွေဖြစ်တယ်။ ၅ယောက်သား စတူဒီယိုအခန်းထဲမှာ စုဝေးနေကြတယ်။ ရန်ဖြစ်ငြင်းခုန်နေတာမျိုးလည်း မရှိဘူး။ မျက်နှာလေးတွေက ပြုံးပြုံးရွှင်ရွှင်မို့ ကျွန်မကိုဆွဲဆောင်နေခဲ့ပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားထိုင်ကြည့်နေခဲ့မိတယ်။

အစီအစဉ်တင်ဆက်သူရဲ့ ပထမဆုံးမေးခွန်းက “ကလေးတို့ထဲမှာ ဘယ်သူအတိုင်အတောအထူဆုံးလဲ”ဆိုတာဖြစ်တယ်။ ဒီလိုမေးခွန်းကိုကြားတော့ ကလေးငါးယောက်လုံး တွေဝေသွားတယ်။ စစချင်းမှာ သူတို့က တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြတယ်။ နောက်တော့ တခြားတစ်ယောက်ထိုးတဲ့နောက်လိုက်ပြီး ထိုးကြတယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက်အပေါ်မှာပဲ လက်ညိုးတွေစုပြုံနေတော့တယ်။ အဲဒီကလေးက အတိုင်အတောအထူဆုံးဖြစ်သွားတယ်။ အတိုင်အတောအထူဆုံးလို့ လက်ညိုးထိုးခံရတဲ့ကလေးက နေမထိထိုင်မသာဖြစ်နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းသူတစ်ယောက်လို့ခံစားရပြီး အနေခက်နေတယ်၊ ကြောက်ရွံ့နေတယ်။

အစီအစဉ်တင်ဆက်သူရဲ့ ဒုတိယမေးခွန်းက “ဘယ်သူက တခြားလူကိုအရိုက်တတ်ဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြပြန်တယ်။ အချင်းချင်းဖော်ထုတ်ကြတယ်။ နောက်ဆုံးမှာ လက်ညိုးတွေက တစ်ယောက်ယောက်ပေါ်မှာပဲ စုပြုံနေတော့တယ်။ အဲဒီ “အရိုက်တတ်ဆုံး” လို့ လက်ညိုးထိုးခံရတဲ့ ကလေးက ရှက်ရွံ့ကြောက်လန့်နေတော့တယ်။

တတိယမေးခွန်းကို အစီအစဉ်တင်ဆက်သူက ဆက်မေးပြန်တယ်။ ဒီတစ်ခါ မေးတဲ့မေးခွန်းက “ဖေဖေရိုက်တာကို ဘယ်သူအခံရဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တွေတွေဝေဝေနဲ့ လက်ညိုးတွေလျှောက်ထိုးကြပြန်တယ်။ နောက်ဆုံး လက်ညိုးအထိုးခံရတဲ့တစ်ယောက်က ဘာလုပ်လို ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။ မျက်နှာပေါ်မှာလဲ ပြောမပြတတ်တဲ့ ရှက်ရွံ့မှုတွေပေါ်နေခဲ့တယ်။

ကလေးငယ်တွေရဲ့အမူအရာကြောင့် အစီအစဉ်တင်ဆက်သူရော ပရိသတ်တွေပါ တဝါးဝါးပွဲကျနေကြတယ်။ မရယ်တဲ့သူတွေဆိုလို့ ဒီကလေး ၅ယောက်ပဲရှိတယ်။ သူတို့ကြားမှာရှိတဲ့ အချင်းချင်းချစ်ခင်မှုက အဆွခံလိုက်ရပြီ။ လူတွေရှေ့မှာ နာမည်ဆိုးတံဆိပ်တွေ အကပ်ခံလိုက်ရပြီ။ စင်ပေါ်တက်စကလို သူတို့ရဲ့ပုံစံတွေက ပေါ့ပါးတက်ကြွမနေကြတော့ဘူး။ သူတို့တတွေစိတ်လှုပ်ရှားနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့ကြတယ်။

ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူက လွယ်အိတ်လှလှလေးတစ်လုံးကို ယူလာပြီး “ဒီလွယ်အိတ်က တစ်လုံးပဲရှိတယ်။ ဘယ်သူ့ကို ပေးမလဲ”လို့ ကလေးတွေကို မေးကြတယ်။ ကလေးတွေကို ဒီလွယ်အိတ်က ဆွဲဆောင်နေတယ်။ လွယ်အိတ်ကိုကြည့်တဲ့ သူတို့ရဲ့အကြည့်ထဲမှာ လိုချင်တပ်မက်မှုတွေပါနေတယ်။ နုနုယ်တဲ့သူတို့ရဲ့ စိတ်ထဲမှာ ဒီလွယ်အိတ်ကို သူတို့လိုချင်နေကြမှာပဲ။ ဒါပေမယ့် အခုနားက နာမည်ဆိုးတံဆိပ်တွေကပ်ခံရတဲ့ အတွေ့အကြုံရှိနေတော့ ပိုကောင်းအောင် သူတို့ပြုမူချင်ကြတယ်။ စစချင်းမှာ တစ်ယောက်ယောက်ကိုပေးဖို့ သူတို့ပြောကြတယ်။ ဘယ်သူကမှ ကျွန်တော်ကျွန်မကိုပေးပါလို့ မပြောရဲကြဘူး။ နောက်ဆုံးမှာ အကြီးမကိုပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြီးမက လွယ်အိတ်ရတော့ ဝမ်းသာတယ်။ ကျန်တဲ့လေးယောက်ရဲ့ မျှော်လင့်ချက်မဲ့သွားတဲ့ပုံစံက သိသာမြင်သာနေတယ်။ ဒါကို အကြီးမက ချက်ချင်းနေမသိထိုင်မသာဖြစ်ပြီး အံကြိတ်ရင်း အငယ်ဆုံးမောင်လေးကို လွယ်အိတ်ကမ်းပေးလိုက်တယ်။ ဒါကတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့အရာပါ။ အစီအစဉ်တင်ဆက်သူက သူ့ကို ချီးမွမ်းစကားပြောချိန် ကလေးမ ချက်ချင်းငိုပါတယ်။ တကယ်ရှိုက်ကြီးတငင်ကို ငိုရှာပါတယ်။ တင်ဆက်သူက ဘာလို့ငိုတာလဲလို့ တအံ့တသြမေးတာကိုတောင် သူပြန်မဖြေနိုင်လောက်အောင် ငိုနေခဲ့ပါတယ်။

အဲဒီအချိန်မှာ သွက်သွက်လက်လက်ရှိတဲ့ တတိယမောင်လေးက “မကြီးက ညီငယ်ကိုအကောင်းဆုံးထင်လို့ ငိုတာပါ”လို့ ဝင်ပြောတယ်။ သူရဲ့ “ရှင်းပြချက်”က ပရိသတ်ကို တဝါးဝါးပွဲကျစေခဲ့တယ်။

အဲဒီလိုနဲ့ အစီအစဉ်က ကလေးတွေကို ငိုအောင်လည်းလုပ်ခဲ့သလို မဟုတ်မမှန်စကားတွေလည်း ဆိုစေခဲ့ပါတယ်။ ကလေးတွေရဲ့စိတ်ကိုလည်း ချောက်ချားအောင်၊ ရှုပ်ထွေးအောင် လုပ်ခဲ့ပြီးမှ အစီအစဉ်တင်ဆက်သူက နောက်ထပ်လွယ်အိတ် ၄လုံးကို ယူလာပြီး တစ်ယောက်တစ်အိတ်ဝေပေးပါတယ်။ အဲဒီအချိန်ကျမှ ကလေးတွေ ရယ်နိုင်ပါတော့တယ်။

ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့တင်ဆက်တဲ့ မေးခွန်းတွေနဲ့ တင်ပြမှုတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ။ တကယ်ကို မစဉ်းစားတတ်ခဲ့ပါဘူး။ ကျွန်မဆက်ကြည့်လို့ မရတော့တာနဲ့ တီဗွီကိုပိတ်ပြီး ထထွက်ခဲ့တယ်။ ဒီလိုမှမလုပ်ရင် ကျွန်မလည်း စိတ်မချမ်းမသာဖြစ်ပြီး ငိုမိတော့မယ်။

ဒီစာကိုရေးနေရင်း တရုတ်ပြည်ရဲ့ ပညာရေးပါရဂူ၊ တွေးခေါ်ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ Tao Xingzhi ရဲ့ ကဗျာတစ်ပုဒ်ကို ကျွန်မသွားသတိရမိတယ်။ ဒီကဗျာလေးက အဓိပ္ပာယ်ရှိလွန်းလှတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ကြတဲ့လူကြီးတွေ ဒီကဗျာကို သေသေချာချာမှတ်သားထားသင့်ပါတယ်။

ကလေး ကလေး ငယ်တယ်လို့ လူတိုင်းပြောကြတယ်

ကလေးက လူသာငယ်ပေမယ့် စိတ်မငယ်ပါဘူး

ကလေးကို ငယ်တယ်လို့ သင်ထင်ရင်

သင်က ကလေးထက်ငယ်တဲ့သူဖြစ်တယ်။

အထူးဂရုပြုရမည့်အချက်

လူကြီးတွေက ကလေးတွေကို စနောက်ရတာ ပျော်စရာကောင်းတယ်လို့ထင်ကြတယ်။ ကလေး စိတ်မငြိမ်မသက်ဖြစ်အောင် စနောက်တာလေးပဲ၊ ငိုခဏ ရယ်ခဏနဲ့ ပြီးသွားတာပဲလို့ ထင်ကြတယ်။ တကယ်တော့ ဒီအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေပါတယ်။ ဒီလိုအပြုအမူတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရပါမယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချို့ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။
----------------
(တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းကဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။)
-----------------
(နိုင်းနိုင်းစနေ ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

Thursday, October 22, 2015

Game ဘာဖြစ်လို့ computer မှာ မ run နိုင်ရတာလဲ

အဲ့ဒါတော့ အကြောင်းရင်းတွေ အများကြီးပါ။ အရင်ဦးဆုံး Game မဝယ်ခင် ကိုယ့်စက်နဲ့ ကိုက်မကိုက်ဆိုတာ စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ steam တို့ online ပေါ်က digital နဲ့ တိုက်ရိုက်ဝယ်တာပဲဖြစ်ဖြစ် အပြင်က ဂိမ်းခွေတွေ ဝယ်ပဲဖြစ်ဖြစ် မစစ်ဆေးပဲ ဝယ်မိလို့ ရှိရင် ဂိမ်းဝယ်ပြီး ကိုယ့်စက်က မနိုင်လို့ မဆော့ရဘူးဆိုရင် ဂိမ်းခွေဖိုး အလဟဿ ဖြစ်ကုန်မှာပါ။ ဂိမ်းခွေ cover တွေမှာ ဂိမ်းတစ်ခု ကောင်းကောင်း run နိုင်ဖို့ လိုအပ်ချက်တွေ ရေးပေးထားလေ့ရှိပါတယ်။ ဒီနေရာမှာ ကိုယ့်စက်က ဘယ်လို အမျိုးအစားဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်စက်က ဘယ်လိုအမျိုးအစား သိချင်ရင်တော့ Run Box မှာ dixdiag ဒါမှမဟုတ် msinfo32 လို့ ရိုက်ထည့်လိုက်ရင် ကိုယ်လက်ရှိသုံးနေတဲ့ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေ အသေးစိတ် ဖော်ပြထားတဲ့ windows တစ်ခု တက်လာပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ့်စက်ရဲ့ အစိတ်အပိုင်း ဘယ်လို ရှိလဲဆိုတာ သိနိုင်ပါတယ်။


+ R တွဲ နှိပ်လိုက်ရင် run box တက်လာပါပြီ။


အနီနဲ့ပြထားတာတွေက game ကိုယ့် computer မှာ run နိုင် မနိုင်ဘူးဆိုတာ စစ်ဆေးကြည့်ရမယ့် အချက်တွေပါ။



ကိုယ်ဆော့ချင်တဲ့ game ကိုယ့်စက်နဲ့ ကိုက်မကိုက်ဆိုတာကို Online ပေါ်ကနေလဲ စစ်ဆေးကြည့်လို့ရပါတယ်။ => http://www.systemrequirementslab.com/cyri


ဂိမ်းတစ်ခု ကောင်းကောင်း run နိုင်ဖို့ အဓိက လိုအပ်ချက် ၄ ချက်ရှိပါတယ်။

  • Computer ရဲ့ Processor (ဥပမာ Core2 Duo, Core i3, Core i7 စသဖြင့်) 
  • Ram ( 256MB, 512MB, 1GB, 2GB, 8GB စသဖြင့်) 
  • VGA ( Video Card မှာ ပါတဲ့ Ram ပါ …. Video Card ဆိုတာ ATI Radeon HD5450, Nvidia Gtx 960 တို့လိုမျိုးပါ …. အဲ့ဒီမှာ ပါတဲ့ Ram size ကို ဆိုလိုတာပါ .... ATI Radeon HD5450 မှာဆို VGA 1GB၊ Nvidia Gtx 960 မှာဆို 2GB ပါပါတယ်) 
  • HDD space (Hardrive မှာ နေရာယူမယ့် size)

အချက်အားလုံး ကိုယ့်စက်နဲ့ ကိုက်ညီရက်သားနဲ့ ဘာဖြစ်လို့ ဆော့မရသေးတာလဲ ဆိုရင်တော့ နည်းနည်းစဉ်းစားရပါပြီ။ Game တစ်ခု ကောင်းကောင်း run နိုင်ဖို့ Hardware အပြင် Software တွေပါ ထည့်စဉ်းစားရပါတယ်။ Computer တစ်လုံး Operating System OS ဖြစ်တဲ့ Windows XP, Windows 7 စသဖြင့် တက်နေပြီး တခြား program တွေပါ အလုပ်လုပ်နိုင်သလား။ လုပ်နိုင်ရင်တော့ game တစ်ခု OS ပေါ်မှာ run နိုင်ဖို့အတွက် အချက် ၄ ချက်နဲ့ စစ်ဆေးရပါမယ်။
  1. Video Card Graphic Driver Update
  2. Direct X Version
  3. Microsoft .Net Framework
  4. Microsoft Visual C++ Redistributable
  5. Microsoft WSE Runtime

အဲ့ဒါတွေကို ကြည့်ချင်ရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲက Programs and Features ထဲမှာ သွားကြည့်လို့ ရပါတယ်။



Video Card Graphic Driver Update တော့ game တိုင်းလိုလို လိုအပ်ပါတယ်။ မပါမဖြစ်ပါ။ ATI Card တွေဆို update ပေးတာ သိပ်မရှိပါဘူး။ ဒါပေမယ့် Nvidia Card တွေတော့ တစ်ပတ် တစ်ကြိမ်လိုလိုကို ထွက်နေတတ်ပါတယ်။ update ပေးတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ update တွေထဲမှာ နောက်ထွက် game တွေ အဆင်ပြေပြေ run နိုင်အောင် tweak လေးတွေ patch လေးတွေ ပါလေ့ရှိလို့ပါ။ တချို့ game တွေဆို graphic driver update လုပ်လိုက်တာနဲ့ အရင်က ဆော့ရင်း ထစ်နေတာတို့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာတို့ အကုန်ပျောက်ပြီး ပိုဆော့ရကောင်းလာပါတယ်။ Update ပေးတိုင်း လုပ်စရာမလိုပါဘူး။ ကိုယ်အသစ်သွင်းလိုက်တဲ့ ဂိမ်းဆော့မရဖြစ်နေမှ update လုပ်ပေးနိုင်ပါတယ်။ graphic driver update size က 200mbs ကျော်လောက်ရှိတတ်တာ ဆိုတော့ကားးးး

Direct X version ကတော့ computer တိုင်းလိုလို အစကတည်းက ပါလာပါတယ်။ Direct X version က 12 ထိ ရောက်နေပါပြီ။ တကယ်လို့ 12 ထိ ရထားပြီးတောင်မှ game က မ run နိုင်သေးဘူးဆိုရင် Direct X အနိမ့်လေးတွေ သွင်းကြည့်ကြည့်ပါ။ 10 တို့ 9c တို့ သွင်းကြည့်ပါ။ တချို့အခြေအနေတွေဆို အနိမ့်သွင်းလိုက်တာနဲ့ ရသွားတတ်ပါတယ်။ အနိမ့်တွေသွင်းလိုက်လို့ ကိုယ့် direct x version နိမ့်မသွားပါဘူး။

ကိုယ့် computer ရဲ့ DirectX version ကြည့်ချင်ရင် run box မှာ dxdiag ရိုက်ထည့်လိုက်ရင် ပုံထဲက အတိုင်းမျိုး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာ ကြည့်လို့ရပါတယ်။



Microsoft .Net Framework ကလဲ လိုအပ်ပါတယ်။ version အနိမ့်ရော အမြင့်ရော သွင်းထားရင် ပိုကောင်းပါတယ်။ Game တခု windows ပေါ်မှာ run နိုင်အောင် ပြုလုပ်ပေးနေတဲ့ အရာတွေထဲက တစ်ခုပါ။

Microsoft Visual C++ Redistributable ကတော့ လိုအပ်ပါတယ်။ Game တွေ graphic ချောမွေ့အောင် လုပ်ပေးတဲ့နေရာမှာ အဓိက ကျပါတယ်။ မပါမဖြစ်ပေါ့။ သူကတော့ version အများကြီး ရှိပါတယ်။ အမြင့်ဆုံးသွင်းရုံနဲ့တင် မကပါဘူး။ အနိမ့်ပိုင်းတွေပါ သွင်းထားမှ အဆင်ပြေမှာပါ။ အခုဆို 2015 version ထိ ရောက်နေပါပြီ။ ဒါပေမယ့် တချို့ဂိမ်းတွေဆို 2005, 2008 version တို့ လိုအပ်ပါတယ်။

Microsoft WSE Runtime တော့ သွင်းထားသင့်ပါတယ်။ သူက version အနိမ့်တွေ အမြင့်တွေ ညီညီမျှမျှ run နိုင်အောင် အထောက်အကူပေးလို့ပါ။

အခု ပြထားတဲ့အထဲက Direct X version တို့ Microsoft Visual C++ Redistributable တို့က ကိုယ့် စက် windows က 64 bit version ဆို 32bit version အတွက်ရော 64bit version အတွက်ပါ သွင်းထားရပါမယ်။ ဒီနေရာမှာ 32 bit version ဆို 86bit ဆိုပြီး လာလေ့ရှိပါတယ်။ တူတူပါပဲ။ 32bit ဟာ 86bit ပါပဲ။ ဂဏန်းသာ ကွာသွားတာပါ။ ရှင်းပြရရင် ရှည်သွားမှာမို့ မရှင်းတော့ပါဘူး။ သိထားဖို့ လိုအပ်ပါတယ်။

Game တစ်ခုသွင်းမယ်ဆိုရင် antivirus program, windows fire wall, windows defender တို့ အမြဲ ပိတ်ပြီးမှ သွင်းပါ။ Pirated game တွေ crack file တွေနဲ့ လာပါတယ်။ Crack file တွေက spam, worm အမျိုးအစားတွေ ဖြစ်တာကြောင့် antivirus တို့ windows defender တို့က အမြဲ ဖျက်ပစ်တတ်ပါတယ်။ ဖျက်ပစ်လိုက်ရင် game က မ run နိုင်တော့ပါဘူး။ Crack file တွေ spam, worm တွေဖြစ်လို့ စိုးရိမ်နေစရာမလိုပါဘူး။ သူတို့က spam ကောင်းတွေ worm ကောင်းတွေ ဖြစ်လို့ပါပဲ။ hacker မှာ ကောင်းတဲ့ hacker ရှိသလို ဆိုးတဲ့ hacker တွေ ရှိသလိုမျိုးပေါ့။ ဒီ spam, worm တွေက game file ကိုပဲ အလုပ်လုပ်ပေးတာပါ။

ဒီအချက်အလက်တွေ အကုန်လုံး ပြည့်စုံရဲ့သားနဲ့ game က ဘာလို မ run နိုင်သေးတာလဲဆိုရင်တော့ အဲ့ဒါ Game နဲ့ ပတ်သက်တဲ့အပိုင်း ဖြစ်သွားပါပြီ။ Game တိုင်းလိုလို စ လာကတည်းက ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ Original game တရားဝင် ငွေနဲ့ ပေးဝယ်ရတဲ့ game တွေတောင်မှ အနာအဆာတွေ ရှိပါတယ်။ မ run နိုင်တာတို့၊ ဆော့ရင်း ရပ်သွားတာတို့၊ ဆော့ရင်း screen အမည်းကြီးပေါ်လာပြီး ဘာမှ လုပ်လို့မရပဲ computer ဟမ်းသွားတာတို့၊ game ထဲ ဝင်ဆော့ရနေပြီး တစ်နေရာရောက်ရင် game က မ run နိုင်ပဲ ရုတ်ချည်း အပြင် ပြန်ထွက်သွားတာတို့ ရှိပါတယ်။ google နဲ့ ရှာလိုက်ရင် တွေ့ရမှာပါ။ forum တွေမှာ အကူအညီတောင်းထားတာတွေကို ကြည့်လိုက်ရင် သိရမှာပါ။ အဲ့လို အခြေအနေမျိုးဆို game company က patch လေးတွေ ထုတ်ပေးလေ့ရှိတတ်ပါတယ်။ ဒီ patch လေးတွေ install လုပ်လိုက်တာနဲ့ ပြန်ဆော့ရသွားပါတယ်။

အခု မြန်မာပြည်မှာက pirated game တွေ ဆော့ကြတာ များပါတယ်။ တရားဝင် ငွေနဲ့ ဝယ်မယ်ဆို game တစ်ခုခု မြန်မာငွေနဲ့ဆိုရင် ၆ သောင်း ၇ သောင်းလောက် ရှိနေတတ်ပါတယ်။ Pirated game ခွေ တစ်ခုမှ ၂ထောင် ၃ထောင် ဒီလောက်ပဲ ရှိတော့ လူတိုင်း ဝယ်ဆော့နိုင်ကြပါတယ်။ Pirated game တွေက Original game ကို လူတိုင်း free ဆော့ရအောင် လုပ်ထားတာပါ။ ဒီလို လုပ်ပေးတဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဥပမာ Codex တို့ 3dmgame တို့ဆို Pirated game အများဆုံး ထွက်တဲ့ နေရာပေါ့။ ဆော့ရလဲ အဆင်ပြေဆုံးတွေပါ။

ဆော့မရရင် game ထဲဝင်ရင် ဘာတွေ ပြလဲ ဆိုတာ မှတ်ထားပါ။ game ထဲ ဝင်တာ ….dll file missing. တို့လို message ပြနေရင် မှတ်ပြီး google search နဲ့ ရှာကြည့်ပါ။ အဖြေတွေ့ပါလိမ့်မယ်။ game တစ်ခုနဲ့ တစ်ခု error ပြပုံ မတူကြပါဘူး။ ဒါကြောင့် ဖြေရှင်းနည်းမတူကြပါဘူး။
dll file missing ဆိုတဲ့ error message ဆိုရင် ပြနေတဲ့ dll file နာမည်နဲ့ google search မှာ ရှာ download ဆွဲပြီး ကိုယ့် computer system file path ထဲ သွားပြီး replace ပြန်လုပ်လိုက်ရင် ကောင်းသွားပါတယ်။
Screen အမည်းကြီးပေါ်လာပြီး game မ run နိုင်ရင်တော့ ကိုယ့် computer display က error ပြနေလို့ပါ။ game configuration မှာ resolution လျှော့ပြီး ဆော့ရင် full screen mode မဟုတ်ပဲ windows screen mode နဲ့ဆော့ရင် ရသွားပါတယ်။
Mad Max Game ကျတော့ ဆော့မရ ဖြစ်နေရင် computer ရဲ့ time zone ကို Beijing ပြောင်းလိုက်ရင် ရသွားပါတယ်။
TomRaider ကျတော့ 3D antianalyis error ပြနေရင် Exclusive windows ဆိုတာကို untick လုပ်လိုက်တာနဲ့ ရသွားပါတယ်။
Unhandled exception has occured in your application. An attempt was made to load a program with an incorrect format. လို့ ပြနေရင် Graphic Driver Update လုပ်ပေးလိုက်ရင် ရသွားပါတယ်။

တကယ်လို့ run လို့ မရသေးရင် အောက်ကပုံထဲက လိုမျိုး game (icon or exe) ကို Right Click => Properties => Compatibility မှာ windows xp ဖြစ်ဖြစ် windows vista ဖြစ်ဖြစ် ကိုယ်လက်ရှိသုံးနေတဲ့ windows ထက် နိမ့်တဲ့ version တွေ ရွေးပြီး တစ်ခုချင်းစီ စမ်းကြည့်ကြည့်ပါ။ တစ်ချို့ဆို ရသွားတတ်ပါတယ်။



အခု game installer file တွေက rar, zip file ဆိုတဲ့ အထုတ်ကလေးတွေနဲ့ လာလေ့ ရှိပါတယ်။ မူရင်း file မပျက်စီးစေပဲ သယ်ရလွယ်အောင် ကူးရလွယ်အောင် compress ချုံထားတဲ့ အရာလေးတွေပါ။ DVD ကနေ ကိုယ့် computer ထဲ ကူးထည့်တုန်းက အဆင်ပြေပေမယ့် အထုတ်တွေ ဖြေတဲ့အခါ error ပြပြီး ဖြေလို့ မရတဲ့ အခါမျိုးကျရင်



Repair archive နဲ့ ပြင်ကြည့်ကြည့်ပါ။ တစ်ချို့ file တွေဆို ပြန်ရသွားလေ့ရှိပါတယ်။ ဒါတောင်မှ မရသေးဘူး ဆိုရင်တော့ အခွေအသစ် သွားလဲမှသာ ရပါတော့မယ်။


မသိသေးသူတွေ အတွက်ပါ။ တချို့ game တွေဆို install လုပ်ပြီးတာနဲ့ သူရဲ့ shortcut icon ဟာ desktop ပေါ် မပေါ်လာကြပါဘူး။ ဒီလို အခြေအနေမျိုးဆို ပုံထဲကအတိုင်း ကိုယ့်သွင်းလိုက်တဲ့ program နေရာကို ရှာ … ဒီမှာ game ကို run ပေးတဲ့ exe file ကို right click နှိပ် send to desktop (create shortcut) နဲ့ တင်လို့ရပါတယ်။




တချို့ကျတော့ desktop ပေါ် shortcut icon တော့ ရောက်ပါရဲ့။ နှိပ်လဲ မ run တဲ့အခါမျိုးဆို ပုံထဲကအတိုင်း desktop ပေါ်ရောက်နေတဲ့ game icon ကို right click => properties ထဲက (အခု ပုံထဲမှာ) select ပြထားတဲ့ နေရာမှာ တကယ် game run တဲ့ application နာမည်ကို တချက်မှ မယွင်းစေပဲ ထည့်ပေးပြီး OK နှိပ်ပေးလိုက်ရင် ရပါပြီ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Monday, October 19, 2015

MIUI ROM အမျိုးအစားများ (Xiao Mi Phone)



Stable ROM

          Stable ROM ကို MIUI Offical ဖြစ်ပြီး  Update က တစ်လ/နှစ်လ/တစ်နှစ် တစ်ကြိမ်လောက်ပဲ ပေး တတ်ပါတယ်။ Bug အနေနဲ့ Developer ROM ထက် ပိုနည်းသွားပါတယ်..။
          Stable ROM  မှာ Global (international) နဲ့  China ဆိုပြီး (၂) မျိုး ကွဲပါသေးတယ်..။
          အောက်ပါ ဥပမာကိုကြည့်ပါ။

          (၁)     MIUI 6.4.2.0 (KHKCNCD)
          (၂)     MIUI 6.5.3.0 (KHKCNCD)
          (၃)     MIUI 6.4.2.0 (KXDMICB)

          MIUI 6.4.2.0   မှာ     6 = MIUI 6       ,    4.2.0   = Stable ROM version
          MIUI 6.5.3.0   မှာ     6 = MIUI 6       ,    5.3.0   = Stable ROM version

ဒါဆိုရင် KHKCNCD   တို့   KXDMICB    မှာ ဆိုရင်   ပထမ အလုံး K = android version
ဒုတိယနဲ့ တတိယ  HK က Device code  ,  စတုတ္ထနဲ့ ပဉ္စမ  CN = Region Code ပါ။

Android Version
K = Kitkat               J  = Jellybean                    L        = Lolipop

Device Code
XD = Mi3/4   , XF  = MiPad  , XE = Mi Note , XI = Mi4i , HJ = Redmi 2 , HD = Redmi Note
HC = Redmi 1S , HB  = Redmi 1

Region Code
CN = China   , MI  = Global

          Stable ROM မှာကျတော့ Developer ROM မှာဆို Release Date နဲ့ သတ်မှတ်တာမျိုး မရှိပါ။     
         
         

Developer ROM

          သူကလဲ MIUI Offical ပါ။ သို့သော် Bug တွေပိုများပြီး Update (OTA) ကိုတော့ တစ်ပါတ် တစ်ကြိမ် ခန့် (တစ်ခါတစ်လေ Holiday တွေမှာလဲ ပေးတတ်ပါတယ် ဥပမာ China Holiday) ပေးလေ့ ရှိပါတယ်။
          သူ့မှာလဲ Global နဲ့ China ဆိုပြီး ကွဲပြားသွားပါတယ်။
          MIUI Version တွေနောက်မှာ Beta ဆိုပြီးပါရင် Developer ROM ပါ။ ဥပမာ MIUI 5.8.13 | Beta

          ဒါဆို Global နဲ့ China ဘယ်လို ခွဲခြားမလဲ ?
          Language မှာ မြန်မာပါရင် Global  , Gapps တွေပါရင် Global , Root Access မပါရင် Global ။
          China ကတော့ မြန်မာစာမပါ ၊ Gapps မပါပဲ  Root Access သာ ပါပါတယ်။

          နောက်ပြီး Release လုပ်တဲ့ ရက်စွဲ  - ဒါက လွယ်ပါတယ် ဥပမာ MIUI 5.8.13 ဆိုရင်  ၁၃.၈.၂၀၁၅  ရက်နေ့က ထုတ်ပေးလိုက်တာပါ။ (သို့သော် Stable Version ကတော့ အဲလို မခွဲခြားနိုင်ပါဘူး။)
          ဒါပြီး Developer ROM မှာကျတော့ OTA ကို တိုက်ရိုက်ဖုန်းထဲကို ဒေါင်းဖို့ နေရာရှိပါတယ်..။
          MIUI website ကိုသွားပြီး သက်ဆိုင်ရာ ဖုန်းထဲကို ၀င်ပါ။ ပြီးနောက် Developer ROM အောက်က Incremental ROM Pack ကို သက်ဆိုင်ရာ အလိုက်ဒေါင်းပါ…။ အဲဒါက OTA Offline ပါပဲ ။ သို့သော် အရမ်း နောက်ကျတဲ့ OTA တွေကို ရှာတွေ့မှာ မဟုတ်ပါ…။
          Stable ROM မှာ         လဲ ဒါတွေ တွေ့ရမှာ မဟုတ်ပါ။
          ကဲ ဘာကိုဒေါင်းမလဲ တွေ့ရတာက အများကြီး။ ဒါက ကိုယ့်ဖုန်း MIUI version ပေါ်မှာ မူတည်ပါ တယ်။ ကိုယ့်ဖုန်းက 5.8.13 ဆို  upgrade from 5.8.13 ဆိုတာကို ဒေါင်းပါ။
          ဒေါင်းပြီး update လုပ်ရင် ဘယ် MIUI version ကိုရောက်သွားမှာလဲ သိချင်ရင်တော့ upgrade from ဆိုတဲ့ စာသားမဟုတ်ရင် MIUI version ပေါ်မှာ Mouse လေးတင်ထားလိုက်ပါ။ တွေ့ရပါမယ်…။
          နောက်တစ်ခုက အခုမှ MIUI ROM တင်မယ့်လူတွေအတွက် Full ROM ကို အရင်တင်ရမယ်လို့ ဆို ထားပါတယ်။
          နောက်ပြီး Developer version အမြင့်ကနေ အနိမ့်ကို မပြောင်းရပါ…။ Error လေးတွေတက်လာ မယ်လို့ ဆိုထားပါတယ်..။ ဥပမာ No SIM , No Network , Baseband Unknow …..

          MIUI version 6 ?   7 ?
          Developer မှာတော့ 5.8.13 ဆိုရင်  5.8.x  က MIUI 6 ဖြစ်ပြီး 5.9.x   က MIUI 7 ပါ။

          MIUI 7 Global 5.9.16 | Beta    ဒါကတော့ Global Developer ပါ။

ROM တင်ရင်သတိထားရမည့်အချက်များနှင့် သိထားသင့်သည့်အချက်များ

         (၁)     Stable ROM တင်ထား Root လုပ်ထားတာကို Update လုပ်ရင် Bootloop ဖြစ်တတ်တယ်။
                   (ဖြေရှင်းနည်း ROM ပြန်တင်ပါ။ သို့မဟုတ် UnRoot လုပ်ပြီးမှ Update လုပ်ပါ။)
          (၂)     Global ROM တင်ထားပြီး China ROM တင်ရင်လဲ MI logo မှာ ရပ်နေတတ်ပါတယ်တဲ့။
                   (သို့သော် China အလုံးတွေမှာ Global ROM တင်နိုင်သလို International အလုံးတွေမှာ
                   China ROM တွေတင်နိုင်တယ်လို့လဲ ဆိုထားပါတယ်…. မစမ်းသပ်ရသေးပါ…။)
          (၃)     China အလုံးတွေမှာ MIUI 5 ကစပြီး Gapps တွေ ဖယ်ထုတ်ထားလိုက်ပါတယ်။
ဥပမာ MIUI 5.4.1.0 (KXDCNCB)
                   (သို့သော် Global Developer ROM မှာကျတော့ Gapp ပါပါတယ်…။)
          (၄)     Global Build ကတော့ Stable ROM တွေနဲ့ပဲ ထုတ်လေ့ရှိပါတယ်။ Redmi 1S ကတော့ ချွင်းချက်ပေါ့။
                   ဥပမာ … MIUI 6.4.2.0 (KXDMICB)
          (၅)     Recovery Mode ထဲဝင်ပြီး Clear Cache လုပ်ပြီးမှ Update လုပ်ရင် MB နည်းသွားတယ်
                   လို့ဆိုထားပါတယ်။

         
Credit to Ko Chit Htike 

Saturday, October 17, 2015

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Mi Phone အားလုံးအတွက် Myanmar Font ဖြစ်တဲ့ ZawGyi Font ထည့်နည်း ပေါင်းစုံလေးပါ။

Credit to Khaing Su Hlaing , Copy From Myanmar Mi Fans Facebook Group

အောက်ကနည်းများအားလုံး Redmi note 3g v5 MIUI5မှာ မသုံးပါနဲ့

Font အလှ


Theme Font (No need root)
MIUI 6

Settings > Additional Settings > Fonts > choose system font > type Zawgyi and apply it

MIUI 7

Settings > Fonts > type Zawgyi and apply it.

========================

ဇော်ဂျီလည်းမြင်ရတယ် COC မှာလည်းမြင်ရတယ်method 1 : ifont with system mode (playstoreကနေဒေါင်းပါ)
method 2 : fonter with standard mode must tick both roboto n fallback (playstoreကနေဒေါင်းပါ)



မှတ်ချက်။ Mi4i, Mi Note Pro အတွက်မသေချာပါ။ MIUI7 မှာပါ အလုပ်လုပ်ပါတယ်။

====================

Total Solution 1.1

    မနေ့ကကျွန်တော်ပေးခဲ့တဲ့ Mi ဖုန်းတွေအတွက် မြန်မာစာ mi font.zip နဲ့ အဆင်မပြေသူတွေအတွက် နောက်တခုထပ်ပေးမယ်နော် ဒါကတော့ လော်လီပေါ့အတွက် ဖုန်းအားလုံးသုံးနိုင်အောင်လို့ ဖောင့်ရေးသူက ရည်ရွယ်ထားတာပါ အခုနောက်ပိုင်း mi phone တွေအတွက်တော့ ကျနော် စမ်းထားသမျှတော့အဆင်ပြေတယ် တချို့ -ျ တွေတော့ကပ်တယ်ဗျ အကုန်မဟုတ်ဘူး ရှားတော့ရှားပါတယ် ..
    တင်ပုံတင်နည်းကတော့ အရှေ့က တခုအတိုင်းပါပဲ cwm, twrp ထဲက flash လို့ရသလို root explorer ထဲကနေ ရှိသမျှဖောင့် ကိုကူးထည့် အခုဖောင့်အတွက်စီစဉ်ထားသူက samsung အတွက်အဓိကဖြစ်လို့ samsung နာမည်ပါတာတွေမကူးထည့်ပဲချန်ထားလို့ရပါတယ် .. ကူးပြီး permission ပြောင်း etc အောက်ထဲကဟာတွေလည်းကူးပြီး system အောက်က etc အောက်ထဲထည့် permission ပြောင်း reboot လုပ်ပြီးသုံးပါလေ

MMAS နဲ့ MMUG အတွက် အမြဲပေးဆပ်နေမယ့် ကိုကိုကြပ်


မှတ်ချက်။ Mi4i, Mi Note Pro အတွက်မသေချာပါ

===============

Mi Font Zip ( One Version )

Mi ဖုန်းတွေမှာ မြန်မာစာထည့်ချင်လျှင် အခု zip ဖိုင်ကို cwm မှ flash ပြီးသော်လည်းကောင်း၊ Root Explorer မှာ တဆင့် zip ဖိုင်ထဲမှ zawgyi ဖိုင်ကို root >system>fonts> ထဲကူးထည့်ပြီး permission ကို rw-r-r- ပြောင်းပေးပါ zip ထဲက etc ထဲကဖိုင်ကိုကူးပြီး root>system >etc> အောက်ထဲကူးထည့်ပြီး permission ကို rw-r-r- ပြောင်း ပြီးရင် reboot လုပ်ပေးပြီးပြန်တက်လာရင် မြန်စာလုံးလှလှလေးကို ၉၀%မထပ်ပဲ သုံးနိုင်ပါလိမ့်မယ်
အခုတင်ပေးလိုက်တဲ့ mi font.zip ဖိုင်ကို myanmar mi fan ထဲမှရထားတာပါ ဘယ်သူ့ဟာမှန်းမသိလို့ ခရက်တစ် မပေးတော့ဘူးနော် ....

MMAS နဲ့ MMUG အတွက် အမြဲပေးဆပ်နေမယ့် ကိုကိုကြပ်

မှတ်ချက်။ Mi4i, Mi Note Pro အတွက်မသေချာပါ


==================


MI3/MI4 မြန်မာစာ (ဇော်ဂျီ) Ko Sai Arkar (MIUI 6 အထိပဲရပါတယ်)
Credit to : Ko Sai Arkar

Myanmar MI Fans ထဲက MI3/MI4 ကိုင်ထားပြီး Version အသစ်ထွက်တိုင်း မြန်မာစာ (ဇော်ဂျီ) ပျောက်ပျောက်သွားလို့ စိတ်ညစ်နေရပါသလား ... ??

Font Changer တွေကြောင့် Bootloop တွေဖြစ်ပြီး လိုဂိုမှာ ရပ်နေတာတွေကို စိတ်ရှူပ်နေရပါသလား ... ??

ဟို ဖောင့်ချိန်ဂျာ ဒီဖောင့်ချိန်ဂျာတွေ သုံးပြီး Emoj တွေ ပျောက်ပျောက် စာတွေမမှန်လို့ စိတ်ညစ်နေရပါသလား ..

OTA မပျက် Root မလုပ်ပဲ မြန်မာစာ ဇော်ဂျီ သွင်းလိုပါသလား ...

ဘယ်ဗားရှင်းမှာ မဆို အကုန်အလုပ်လုပ်တဲ့ MI3/4 အတွက် OTA zip file လိုမျိုး update.zip လေးကို မျှဝေပေးပါရစေ ...

အင်္ဂလိပ်စာလုံးလည်းလှ မြန်မာစာလည်းမှန် Emoj လည်းမပျောက် grin emoticon grin emoticon

အောက်မှာပေးထားတာလေးကို ဒေါင်းလိုက်ပါ ..။

အဲ့ဒီဖိုင်ကို updater ကနေ select update from internal storage လုပ်လိုက်ပါ .. တစ်မိနစ်ခွဲခန့် စောင့်ပါ ...

Reboot Now ပေါ်လာရင် Reboot ချလိုက်ပြီး ပြန်စမ်းကြည့်လိုက်ပါ ...။

၉၈ရာခိုင်နှူန်း မှန်ဆန်သော Root မလို Custom recovery မလို OTA zip file ကဲ့သို့ သုံးနိုင်သော zip file လေးဖြစ်ပါတယ် ...။

မတောက်တခေါက် လုပ်ထားတာမို့ အမှားအယွင်းလည်း ပါနိုင်ပါတယ် ...။ မရရင် ပြန်ပြောပေးပါ ..။

zip file password က saiarkar@winmobile ပါ ..။

Google မှာ မရှိပါဘူး .. MI Fans တွေအတွက် သီးသန့်လုပ်ပေးတာပါ ..။ smile emoticon

Download Here => http://d-h.st/FClB

  1. download zip
  2. place your root directory of internal storage
  3. use updater app and choose update package from internal storage
  4. wait 1.5 min
  5. reboot now
  6. done !~
====================

MI3/MI4 မြန်မာစာ (ဇော်ဂျီ) Ko Sai Arkar (MIUI 7 အတွက်)
Credit to : Ko Sai Arkar


MiUi7 Mi3/Mi4 အတွက် No Root mm font OTA Zip ပါ...

Dev ROM မှာဆိုပေမဲ့ Stable ထွက်လာရင်လည်းသုံးလို့ရမှာပါ ..။

emoj မပျောက် .. ယပင့်မကပ် ဿ မထပ် ..blah blah blah

သင့်အတွက် အသုံးဝင်တယ်ဆို တခြားသူတွေအတွက်လည်း ပို့စ်လေးကို အပေါ်တက်အောင် လုပ်ပေးခဲ့ပါ ..။

အသုံးပြုနည်းကတော့ ပုံမှန်အတိုင်းပါပဲ ..။ Updater ကနေ install လုပ်ပေးရုံပါ ..။ smile emoticon

Download Link (1) => http://d-h.st/aauX

Download Link (2) => http://pc.cd/eJJrtalK

P/s : ဆြာသမားတွေအတွက် လုပ်ထားတာမဟုတ်ပါဘူးခင်ဗျာ ..။ ကျော်တို့လို လူတွေ အတွက် လွယ်လွယ်ကူကူ သုံးလို့ရအောင်လုပ်ထားတာပါ .။ သုံးလို့မရဘူးဆို ပြန်ပြောပေးပါ ..။

Thanks all :



========================

MIUI 6အတွက်သာ(5.8.6တွင်တော့မရပါ) ဖုန်းအားလုံးအတွက် COCမရပါ


========================

Theme Font For Some

mm font mtz file. theme font သုံးချင်တဲ့လူများအတွက်ပါ.. တချို့ဖုန်းတွေမှာရပီး တချို့ဖုန်းတွေမှာတော့ မရပါ...ကလိထားတာလေးတွေကို ပြန်လည်ဝေမျှခြင်းသာ...


=======================

Mi4i/Mi Note Pro

1. theme font replacement(root မလိုပါ)…
https://my.pcloud.com/publink/show?code=XZgBaXZzMfbyYdUtCpW9SGNuo34LyKtySHX

ဒီနည်းကတော့ လွယ်ပါတယ် သုံးရတာ အဆင်ပြေတယ်…..
ဒါပေမဲ့ မိမိမှာ mi account ရှိရန် လိုပါတယ်.. ဖောင့်ကို ဒေါင်းတဲ့အချိန်နဲ့ apply လုပ်တဲ့အချိန်မှာ internet connection လိုအပ်ပါတယ်...
ပုံပြထားတာမို့လို့ ဒီပုံလေးကိုဒေါင်းပီး တဆင့်ချင်းစီလုပ်လိုက်ရင် အဆင်ပြေမှာပါ..(စာပြန်ရိုက်ရမှာ ပျင်းလို့) သူ့ရဲ့အားနည်းချက်ကတော့ theme ပြောင်းလိုက်တာပဲဖြစ်ဖြစ် ဖုန်းပါဝါပိတ်တာပဲဖြစ်ဖြစ်.. reboot လုပ်လိုက်တာပဲဖြစ်ဖြစ် theme>customize>font>ကိုယ်ပြင်ထားတဲ့ဖောင့်ကို apply ပြန်လုပ်ပေးရပါမယ်…(root မလိုပါ)


2. fontchanger(root လိုပါတယ်)….
 https://my.pcloud.com/publink/show?code=XZcdNXZoBIcNLirGJQYLjz40WnbUX0NDtUk

မြန်မာဖောင့်ကို ဘာဖောင့်သုံးရမှန်းမသိသေးဘူးဆိုရင် ဒီဖောင့်လေးက အဆင်ပြေပါတယ်.

https://my.pcloud.com/publink/show?code=XZndNXZidTmbNyF49Yu9OUiKuGs3ffNRRCX

    ဒီနည်းကတော့ unicode font replacement ကို root explorer ကနေ မလုပ်ချင်တဲ့လူတွေအတွက် အလွယ်သုံးလို့ရအောင် လုပ်ထားတဲ့ apk လေးပါ.. သုံးရတာ လွယ်ပါတယ်..
Install လုပ်ပီးသွားရင် app ကိုဖွင့်လိုက်ပါ ပထမဆုံးမြင်ရမှာကတော့ basic…. advance ဆိုတာကိုပါ… advance ကိုရွေးပါ… mi4i က lollipop ဖြစ်တဲ့အတွက် အစားထိုးရမယ့်ဖောင့်က notosansmyanmarUi… စတဲ့ ဖောင့်လေးမျိုးပါ… အဲဒီ့ဖောင့်တွေကိုထောက်ပီး ကိုယ်အစားထိုးမဲ့ဖောင့်ကို ရှိနေတဲ့နေရာရွေးပေးရပါမယ်… ဥပမာ.. ကိုယ်သုံးချင်တဲ့ဖောင့်က download ထဲမှာဆိုရင် ပြင်မဲ့ဖောင့်ကို နှိပ်လိုက်တာနဲ့ folder ရွေးရမယ့် search box ပေါ်လာမယ် အဲဒီ့ကနေ download ကိုရွေး ကိုယ်သုံးမဲ့ဖောင့်ကို ကလစ်ပေးလိုက်ပါ… ရွေးလိုက်ပီဆိုတာနဲ့ reboot now… reboot later ဆိုတာပေါ်လာမယ် reboot later ကိုရွေးပါ အားလုံး လေးခုစလုံးကို ရွေးပီးပီဆိုမှ reboot now ကိုနှိပ်ပေးလိုက်ပါ reboot ပြန်တက်လာပီဆိုရင်တော့ နေရာတိုင်းမှာ ဇော်ဂျီဖောင့်ကို မြင်ရပါပီ… အခု
ဒီနည်းဟာ update မပေးသေးတဲ့ကာလမို့ ota update ရမရဆိုတာတော့ မသိသေးပါ...
    (ဒီနည်းကိုသုံးမယ်ဆိုရင်တော့ အရင်ဆုံး advance ထဲကို ၀င်ပီးတာနဲ့ ဖောင့်မပြင်သေးခင် အရင်ဆုံး ကိုယ်ပြင်ရမယ့် သက်ဆိုင်ရာဖောင့် လေးခုစလုံးကို ကော်ပီလုပ်ပီး တခြားစိတ်ချရတဲ့နေရာမှာ သိမ်းထားပါ.. Ota update မရခဲ့ရင် အော်ရီဂျင်နည်အတိုင်း ပြန်သုံးချင်ရင် အဲဒီ့ဖောင့်လေးတွေကို ပြန်ထည့်ပေးလိုက်ခြင်းအားဖြင့် အဆင်ပြေပါမယ်)


3. root explorer(root လိုပါတယ်)…
https://my.pcloud.com/publink/show?code=XZOlNXZUyHH7ASBA30C1arJC6O6pmACkRYy
ဒီဟာကို သုံးပီးလည်း original unicode တွေကို မိမိသုံးလိုတဲ့ ဇော်ဂျီဖောင့်ကို အစားထိုးပီး သုံးလို့ရပါတယ် သူကလည်း အပေါ်က fontchanger လိုမျိုးပဲ သုံးရတာပါ သူက နည်းနည်းပိုပီးအဆင့်များသွားတာက ကိုယ်သုံးချင်တဲ့ဖောင့်ကို အစားထိုးမဲ့ဖောင့်နဲ့ နာမည်တူအောင် အရင် rename ပေးပီးတော့မှ replace လုပ်ပီး permission ကို rw-r-r ပေးပီး reboot လုပ်ပေးရပါတယ်.. နည်းနည်းလေးခက်မယ်ထင်ရင်တော့ ဒီနည်းကို ကျော်သွားနိုင်ပါတယ်.


4. နောက်တနည်းကတော့ twrp recovery ကနေ totalsoultion.zip (root လိုပါတယ်) ကို flash လုပ်တဲ့နည်းပါ သူကတော့ တချက်တည်းနဲ့ အားလုံးကိစ္စပီးပါတယ်… မသေချာတာကတော့ ota update ရနိုင် မရနိုင်ဆိုတဲ့အချက်ပါပဲ.. Twrp recovery ကနေ install zip ကိုသွားပီး ဒီဖိုင်လေးကို ထည့်ထားတဲ့ ဖိုဒါကိုရွေး ပီးရင် ဒီကောင်လေးကို အင်စတောလုပ်ပေးလိုက်ရုံပါပဲ ပီးရင် reboot now နှိပ်လိုက်ပါ ပြန်တက်လာရင် မြန်မာစာမြင်ရပါပီ.. လွယ်တယ် မြန်တယ်…. အောက်မှာ လင့်ပါ…


5. နောက်တနည်းကတော့ lollipop အတွက် developer ko phyo chan ရေးထားတဲ့ application လေးပါ.. root လိုပါတယ် သုံးရတာလည်း အဆင်ပြေပီး ဖောင့်က ရိုးရိုးရှင်းရှင်းနဲ့ ၀ိုင်းဝိုင်းလေးပါ.. ထူးခြားတာက app မှာ font converter ပါဝင်လာခြင်းမှာ app ထဲကိုဝင်လိုက်ပီး ယူနီဖောင့်ကို အထဲမှာ paste လုပ်လိုက်တာနဲ့ ဇော်ဂျီအဖြစ် မြင်နိုင်မှာဖြစ်ပါတယ်… zawgyi အမြဲတမ်းပြောင်းချင်ရင်တော့ L click here ဆိုတာလေးကို တချက်နှိပ်ပေးပီး reboot ကျပီးတာနဲ့ ဇော်ဂျီဖြစ်သွားမှာပါ….


mi4i က xposed သုံးလို့မရသေးတဲ့အတွက် recovery ကိုသွားချင်ရင် tool folder>updater>menu နှိပ်ပီး reboot to recovery mode နဲ့သွားချင်ရင်သွား မဟုတ်ရင်လည်း ပါဝါပိတ်ပီး power+volume down နဲ့သွားရတဲ့အတွက် အချိန်ကြာတယ်လို့ထင်တဲ့ ညီအကိုများအတွက် ကျွန်တော်သုံးနေတဲ့ app လေးပါ ရှယ်ပေးလိုက်ပါတယ်.. root ရှိပီးသားဖုန်းတွေမှာ သုံးလို့ရပါတယ်… ဒီကောင်လေးထဲကနေ reboot…. reboot recovery. reboot bootloader, shutdown စတာတွေကို ကိုယ်ကြိုက်တာ ရွေးပီး တချက်နှိပ်ပေးလိုက်ရုံပါပဲ…..
https://my.pcloud.com/publink/show?code=XZP2aXZt9usWATaSiysy4CetsXs6uy5jmpk


6. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး.. အခု mi4i မှာ xposed သုံးလို့မရသေးလို့ ဒီနည်းကတော့ အသုံးမ၀င်သေးပါဘူး.. နောင်တချိန်ချိန်မှာ အသုံးဝင်လာမှာပါ.. သူကတော့ system font ကို unicode အတိုင်းထားပီးတော့ app တခုချင်းစီကို zawgyi သုံးတာပါ ဘာလိုလဲဆိုတော့ xposed ရယ် fonter app ကို install လုပ်ပီး xposed ရဲ့ module မှာ အမှန်ခြစ်ပေးပီး reboot ချ ပီးရင် fonter ကနေ သုံးလို့ရပါပီ...


root tool မှစလို့ ကျန်တဲ့ apps အားလုံးကို share လုပ်ပေးကြသော မူရင်းဖန်တီးသူများနဲ့ လင့်များကို ရှယ်လုပ်ပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်.. credit ပေးပါတယ်...


အားလုံးပဲ အဆင်ပြေကြပါစေ….
t.h.ag

Wednesday, October 14, 2015

လှုပ်ရှားနေတဲ့ ဓာတ်ပုံ (Gif image) တွေကို ဘယ်လို လုပ်ကြမလဲ

      အခုက facebook က gif image တွေ တင်ခွင့်ပြုလိုက်ပြီဆိုတော့ ဘယ်လိုလုပ်လဲ သိချင်လာကြမှာပါ။ ပျော်စရာပဲဖြစ်ဖြစ် ရိုးရိုးဓာတ်ပုံတွေထက်စာရင် ဒီလှုပ်ရှားနေတဲ့ ဓာတ်ပုံတွေက အမြင်ဆန်းသစ်စေမှာပါ။

      Gif image တွေကို ရိုးရိုးဓာတ်ပုံနဲ့လဲ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် ဓာတ်ပုံက တစ်ပုံတည်းနဲ့မရပါ။ 0.01 second စီခြားပြီး ရိုက်ထားတဲ့ ဓာတ်ပုံ အနည်းဆုံး ပုံ10 ပုံလောက်ရှိမှ ပြုလုပ်လို့ရမှာပါ။ ဒီလို ပုံအတွဲလိုက် ရဖို့ဆိုရင် camera မှာပါတဲ့ burst mode နဲ့ ရိုက်မှရပါမယ်။ burst mode က ပုံတွေအများကြီး ဆက်တိုက် (တစ်ပုံနဲ့ တစ်ပုံကြား အချိန် 0.01 စက္ကန့်လောက်ပဲ ခြားပြီး) ရိုက်သွားတဲ့ mode ပါ။

      အရင်တုန်းက ဖုန်းတွေမှာတော့ မပါပါ။ ဥပမာ samsung galaxy s2 တို့။ စိတ်မပူပါနဲ့။ အဲ့ဒီ mode မျိုး ဖုန်းတွေမှာလဲ ရှိလာပါပြီ။ မပါတဲ့ ဖုန်းတွေမှာလဲ burst mode နဲ့ရိုက်ပေးတဲ့ camera application တွေ ရှိပါတယ်။ High-Speed camera ဆိုတဲ့ app က free ရပါတယ်။ သူ့မှာ Burst mode အပြင် burst mode နဲ့ ရိုက်ထားတဲ့ ပုံတွေကို လှုပ်ရှားဓာတ်ပုံ (GIF Image) ဖြစ်အောင် လုပ်ပေးတဲ့ function တွေပါပါလို့ သုံးရသူတွေအတွက် အဆင်ပြေစေမှာပါ။ နောက်တစ်ခုက Fast Burst camera Lite ဆိုတဲ့ app ပါ။ သူလဲ free ပါပဲ။ သူကျတော့ free version မှာ burst mode ပါပေမယ့် 4$ ထပ်ပေးရင် zomm တို့ shutter sound တွေ ပိတ်ရတာတို့ focus ချိန်ရတာတို့လို funtion အများကြီးအသုံးပြုရမှာပါ။

      Online photo hosting site တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ online photo hosting site တွေက ရိုးရိုး cloud storage တွေနဲ့ မတူပါဘူး။ အဲ site တွေက photo တစ်မျိုးပဲ ပေးတင်ပါတယ်။ ဒါပေမယ့် photo နဲ့ ပတ်သက်ပြီး လုပ်ခွင့်တွေ တပြုံကြီးပေးထားပါတယ်။ Photoshop လိုမျိုး ဓာတ်ပုံပြင်တာ အပြင် gif maker တွေလဲ ရပါတယ်။ ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံ ဘောင်တွေလဲ ပေးပါတယ်။ ဓာတ်ပုံ share လုပ်ဖို့လဲ လွယ်ပါတယ်။ တစ်လတစ်ခါ ဓာတ်ပုံပြိုင်ပွဲလဲ ရှိတတ်ပါသေးတယ်။ ဆုရရင် ဒေါ်လာတွေပေးပါတယ်။ စသဖြင့် photo နဲ့ ပတ်သက်တာတွေ အစုံစုံရပါတယ်။ အခု ကျနော်က photobucket ဆိုတဲ့ photo hosting site တစ်ခုနဲ့ လုပ်ပြထားပါတယ်။ photobucket အပြင် တခြား site တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့

  • Deviant Art 
  • Postimage
  • Flickr
  • Imgur
  • Pinterest
  • TinyPic
  • Image Shack 
တို့ပါပဲ။ ကိုယ်ကြိုက်တာ ရွေးပြီးသုံးလို့ရပါတယ်။ အားလုံးက gif maker တွေ ရှိကြပါတယ်။


      Gif image လုပ်မယ်ဆိုရင် အရင်ဦးဆုံး Camera ထဲ ဝင်လိုက်ရင် ညာဘက် ဒေါင့်နားက ခွေးသွားစိတ်ပုံလေးကို နှိပ်လိုက်ရင် ပုံမှာ ပြထားတဲ့အတိုင်း burst shot ကို တွေ့ရမှာပါ။ On ထားရပါမယ်။


ပြီးရင် camera ပုံ (ခါတိုင်း ဓာတ်ပုံရိုက်ရင် နှိပ်နေကျ) ကို ဆက်တိုက်နှိပ်ထားရင် ပုံထဲကအတိုင်း အဆက်မပြတ် တစ်ချတ်ချတ်နဲ့ ရိုက်သွားတာကို တွေ့ရမှာပါ။ အနည်းဆုံး ပုံ ၁၀ ပုံ လောက် ထွက်လာပါမယ်။


အနီအဝိုင်းနဲ့ ပြထားသလို ပုံထောင့်မှာ ဒီလို သင်္ကေတ ပြထားတဲ့ပုံမျိုးမြင်ရရင်တော့ အဲ့ဒါ burst mode နဲ့ရိုက်လိုက်တဲ့ ပုံတွဲတွေပါပဲ။ အဲ့ဒါဆို Gif image လုပ်လို့ရပါပြီ။


ဖွင့်လိုက်ရင်တော့ ဒီလိုလေး မြင်ရမှာပါ။

Gif image တွေကို computer မှာ video converter program တွေနဲ့လဲ လုပ်လို့ရပါတယ်။ ဒါပေမယ့် online gif maker တွေနဲ့ လုပ်ရင် ပိုမြန်ပါတယ်။ အခု online gif maker ပါတဲ့ cloud storage တစ်ခုလဲ ဖြစ်တဲ့ photobucket ဆိုတဲ့ photo hosting site တစ်ခုနဲ့ လုပ်ပြပါ့မယ်။


Photobucket က android နဲ့ ios တွေအတွက်လဲ app ထွက်တယ်။ ကျနော်က photobucket မှာ account လုပ်ပြီး သုံးနေပြီးသားမို့လို့ ဖုန်းမှာ ဒီလို မြင်နေရတာပါ။ မြင်တဲ့အတိုင်း အောက်ကပုံတွေက ကျနော် တင်ထားတဲ့ ပုံတွေပါ။ အဲ့ဒီမှာ GIF Maker ကို တွေ့တယ်မလား။ အဲဒါကနေ လုပ်ရတာပါ။ ကျနော် တဆင့်ချင်း ပြပါ့မယ်။ ပထမဦးဆုံး GIF maker နှိပ်လိုက်ရင်


ဒီလိုလေး မြင်ရမှာပါ။ ဒီမှာ Photobucket နဲ့ Gallery ဆိုတာ ၂ မျိုး တွေ့ရပါမယ်။ Photobucket ထဲဝင်ရင် ဒီ photobucket မှာ ကိုယ်တင်ထားတဲ့ ပုံတွေထဲကနဲ့ Gif image ပြုလုပ်ရမှာပါ။ Gallery ထဲဝင်ရင်တော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ photo တွေနဲ့ gif image လုပ်ရမှာပါ။ online ပေါ်တင်ပြီးမှ gif လုပ်ရင်လဲ ရပါတယ်။ gallery ထဲက တိုက်ရိုက် လုပ်ရင်လဲ ရပါတယ်။ အဲဒါတော့ ကိုယ့်သဘောပါ။ ကျနော်ကတော့ online ပေါ်တင်ပြီးမှ လုပ်ရင် phone bill ပိုကုန်လို့ gallery ထဲကနေပဲ gif image ကို လုပ်ပါမယ်။



Fetching gallery media လုပ်ပြီးရင် ကိုယ့်ဖုန်းထဲမှာရှိတဲ့ လတ်တလော ရိုက်ထားတဲ့ပုံတွေ မြင်ရပါပြီ။



Gif image ပြောင်းချင်တဲ့ ပုံအကုန်လုံးကို အမှန်ခြစ်လိုက်ပါမယ်။ ပြီးရင် ညာဘက် အပေါ်ထောင့်နားက ညာဘက်ထိုးနေတဲ့ မြှားလေးကို နှိပ်လိုက်ပါမယ်။


နှိပ်ပြီးရင် ကိုယ်ရွေးထားတဲ့ ပုံတွေ အကုန်လုံးစုပြီး လှုပ်ရှားနေတဲ့ ပုံ ပြင်ဆင်တဲ့ နေရာကို ရောက်သွားပါပြီ။ ဒီမှာ အလယ်က 13.0fps ဆိုတာက ပုံကို အမြန်ရွှေ့လျားစေမလား နှေးနှေးနဲ့ တစ်ပုံခြင်းစီ သွားစေမလားဆိုတာ ချိန်ညှိ ပေးတဲ့ အရာဖြစ်ပါတယ်။ fps များရင် ပုံလှုပ်ရှားတာ မြန်လာပါမယ်။ နည်းရင် နှေးပါမယ်။ သူ့နံဘေးနားက မြှားကွေးကတော့ ပုံကို 1234 အတိုင်း လှုပ်ရှားစေမလား ဒါမှမဟုတ် 4321 အတိုင်း လှုပ်ရှားစေမှာလားဆိုတာ ရွေးရတာပါ။ တချက်နှိပ်ရင် တစ်မျိုးပြောင်းပါတယ်။


   အကုန်လုံး စိတ်ကြိုက်ပြင်ပြီးလို့ save နှိပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း ပေါ်လာမှာပါ။ ကိုယ်လုပ်လိုက်တဲ့ gif image က ကိုယ့် online gallery ထဲဝင်သွားပါတယ်။ ကိုယ့်ဖုန်းထဲက gallery ထဲမှာလဲဝင်သွားပါတယ်။ ပုံညာဘက်ထောင့်နားက share ပုံလေးကို နှိပ်ပြီး ကိုယ့်သူငယ်ချင်းတွေနဲ့အတူ share လုပ်လို့ရပါပြီ။


ဒါကတော့ ကွန်ပျူတာမှာ gif image လုပ်လို့ရကြောင်း ပြတာပါ။ Xilosoft video converter အပြင် တခြား video converter တွေနဲ့လဲ လုပ်လို့ရပါတယ်။ online gif converter လောက် သိပ်မချောမွေ့ဘူး။ converter နဲ့ ပြောင်းရင်တော့ အသေးစိတ် လိုက်ညှိပေးရပါတယ်။ capture interval တို့ duration တို့ ညှိပေးရမှာပါ။

Computer မှာ သုံးရတဲ့ (online မလိုသော) Gif ပြုလုပ်တဲ့ program ပါ။ ဒီ site မှာ ဝင်ယူပါ။ => http://www.soft-ddl.net/2012/11/blumentals-easy-gif-animator-prov53.html

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA