Wednesday, July 22, 2015

Size ကြီးကြီး ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေ အွန်လိုင်းပေါ်ကနေ ဘယ်လို ဝေမျှကြသလဲ



အခုဆိုရင် အင်တာနက်လိုင်းက အတော်လေးကောင်းမွန်လာပြီး အချိန်မရွေး အသုံးပြုနိုင်သည့်အပြင် လူကြီးလူငယ်မရွေး အဆင်ပြေ သက်သာလွယ်ကူစွာ သုံးစွဲနိုင်လာပါတယ်။ ပြီးတော့ လူတွေဟာ ဖုန်းတို့ ကွန်ပျူတာတို့ တက်ဘလက်တို့ အများကြီးပိုင်ဆိုင်လာသည်နဲ့အမျှ ကိုယ့်အတွက် အရေးကြီးတဲ့ ဖိုင်တွေကို ကွန်ပျူတာထဲမှာ သိမ်းဆည်းပြီး ကိုယ်အသုံးပြုလိုတဲ့ ဖုန်းထဲ ပြန်ထည့်ယူခြင်းဟာ အနည်းငယ် အလုပ်ရှုပ် စိတ်ရှုပ်လာပါတယ်။ ပြီးတော့ ထည့်တဲ့အခါ ကိုယ့်ဖုန်းထဲမှာ နေရာနည်းနေလျှင်လည်း တော်တော်လေးခေါင်းစားရပါတယ်။ Cloud Service အသုံးပြုလျှင် အင်တာနက်ရှိလျှင် ကွန်ပျူတာပေါ်မှာပဲ ဖြစ်ဖြစ် ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အချိန်မရွေး ကိုယ်လိုအပ်သည်များကို ယူနိုင်ပါတယ်။ နေရာမလောက်မှာကိုလဲ စိတ်ပူစရာမလိုပါ။ အများနဲ့လဲ ဝေမျှနိုင်ပါတယ်။ share ချင်တဲ့ ဖိုင်ကို link ပေးရုံပါပဲ။ ယူမယ့်သူက အဲဒီ link ကနေတစ်ဆင့် ဒေါင်းယူရပါတယ်။

အရင်တုန်းကတော့ ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေကို အီးမေးလ်ကနေတစ်ဆင့် ဝေမျှခဲ့ကြပါတယ်။ သို့ပေမယ့် အီးမေးလ်နဲ့ ပို့ရင် ပမာဏအများကြီး ပို့လို့မရပါဘူး။ သတ်မှတ်ထားတဲ့ ပမာဏထက်များသွားရင် ကိုယ်ပို့တဲ့ အီးမေးလ်က ပို့လိုတဲ့လူဆီ မရောက်တော့ပဲ ကိုယ့်ဆီပဲ ပြန်လာတတ်ပါတယ်။ ဒီလိုမျိုးဆို အခက်တွေ့ရပါပြီ။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ ပမာဏဘယ်လောက်ပဲ များပါစေ ပို့နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒီထဲမှာမှ လူအသုံးများဆုံး နည်းလမ်းကတော့ ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ သိမ်းဆည်းပြီး လိုအပ်ရင် ပမာဏ ဘယ်လောက်ကြီးကြီး အလွယ်တကူ ပို့နိုင်တဲ့ cloud storage service သုံးနည်းပါပဲ။

Cloud Storage Service ဆိုတာ ဘာလဲ

အွန်လိုင်းပေါ်မှာ ကိုယ်သိမ်းဆည်းချင်တဲ့ ဓာတ်ပုံ ဖိုင်တွေ ကို လက်ခံ သိမ်းဆည်းပေးပြီး သုံးစွဲသူရဲ့ အချက်အလက်တွေကို စိတ်ချစွာနဲ့ အချိန်မရွေး အသုံးပြုနိုင်အောင် ထိန်းသိမ်းပေးတဲ့ ဝန်ဆောင်မှုစနစ်ပါ။ ဒီလို ဝန်ဆောင်မှု ပေးနေတဲ့ ဝက်ဘ်ဆိုက်တွေ အများကြီး ရှိပါတယ်။ ရှင်းပြရရင် ကိုယ့် အချက်အလက်တွေထားဖို့ နေရာငှားပေးတဲ့အပြင် တပါးသူ ခိုးယူလို့မရအောင် ကာကွယ်ပေးတဲ့ website တွေပါ။

Cloud Storage Service အကြောင်း

ကိုယ်ထားချင်တဲ့ data အချက်အလက်တွေကို သူတို့ရဲ့ Server တွေမှာ ထိန်းသိမ်းပေးတယ်။ ကွန်ပျူတာတစ်လုံးမှာရှိတဲ့ data တွေကို ထိန်းသိမ်းပေးတဲ့ hard disk တစ်ခုလိုမျိုးပါ။ Cloud Storage သုံးချင်ရင် account တစ်ခု ဖွင့်ရပါတယ် (facebook တို့ twitter တို့လိုမျိုး)။ ပြီးရင် Cloud Storage Service ပေးတဲ့ website က ကိုယ်သုံးဖို့ နေရာပေးပါတယ်။ နေရာပေးနိုင်တဲ့ site တစ်ခုနှင့် တစ်ခု မတူကြပါဘူး။ တစ်ချို့က နေရာပမာဏများတယ်။ တစ်ချို့က နည်းတယ်။ 500mbs, 1Gb, 2Gbs, 8Gbs, 15Gbs, 50Gbs လောက်ထိ ပေးကြပါတယ်။ သူတို့လုပ်ခိုင်းတာတွေ လုပ်ပေးရင် 100Gbs, 1Tb လောက်ထိ သုံးခွင့်ရနိုင်ပါတယ်။ တစ်ချို့ကျတော့ နေရာများများလိုချင်ရင် ပိုက်ဆံပေးရပါတယ်။

ကိုယ့် data တွေကို ဘယ်နေရာပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ဝေးကွာနေပါစေ internet ရှိရင် share လို့ရပါတယ်။ ဖိုင်ကြီးတစ်ခုကို share ချင်လား။ ဒါမှမဟုတ် ဖိုင်သေးသေးလေးတွေ အမျိုးအစားကွဲတွေ စုပေါင်းထားတဲ့ ဖိုင်တွေကို share ချင်လား။ ကိုယ် share ချင်တဲ့ file ရဲ့ Link ကို ပေးလိုက်ရုံပါပဲ့။ Cloud Service ပေးတဲ့ website တွေက share ချင်တဲ့ file လောက်ပဲ ဒီ link ကို ရတဲ့သူတွေ မြင်ရအောင် လုပ်ဆောင်ပေးထားပါတယ်။ တစ်ချို့ service တွေဆို တင်တဲ့သူ နာမည်တောင် မဖော်ပြပေးကြပါဘူး။ Link ရတဲ့သူတော့ download ဆွဲပြီး ယူရုံပါပဲ့။ ဒီလို download link page တွေမှာဆို ကြေညာတွေ အများကြီးရှိတတ်ပါတယ်။ တစ်ချို့က website တွေတော့ ကြေညာတွေ မထည့်ကြပါဘူး။ တော်တော်များများမှာတော့ ပါကြတယ်။ ဒါကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်မို့လို့ သုံးစွဲသူတွေက ပြုပြင်လို့မရပါဘူး။

Cloud Storage Service ပေးတဲ့ website တစ်ခုစီမှာ အားသာချက်ရှိသလို အားနည်းချက်တွေ ရှိပါတယ်။ ဖိုင်တစ်ခုတင်နိုင်တဲ့ ပမာဏက 500mbs မကျော်ရတို့၊ folder တစ်ခုလုံး share ခွင့်မပေးတာတို့၊ Upload speed , download speed ကန့်သတ်ထားတာတို့၊ Bandwidth ကန့်သတ်ထားတာတို့၊ account ဖွင့်ပြီး တစ်နှစ်လောက် တစ်လလောက် မဝင် မသုံးပဲနေရင် account ဖျက်ပစ်တာတို့ ရှိကြပါတယ်။ Cloud Service ပေးတဲ့ website တိုင်းလိုလို 1Gbs ကနေ 50Gbs လောက် free ပေးလေ့ရှိကြပါတယ်။ ပမာဏ များများပေးတဲ့ website တွေကျတော့ ကန့်သတ်ချက်တွေ နဲနဲ များပါတယ်။ 1Gbs လောက်ပဲ ပေးတယ်ဆိုပြီး အထင်မသေးလိုက်ပါနှင့်။ သူတို့က promotion လေးတွေ ပေးလေ့ရှိပါတယ်။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ရင် နေရာအများကြီး ရလာမှာပါ။ တွေ့သမျှထဲမှာတော့ 1Tbs လောက်ထိ အခမဲ့ပေးကြတဲ့ website ရှိပါတယ်။ Account ဖွင့်စရာမလို Unlimited Storage service ပေးတဲ့ website တွေလဲ ရှိပါတယ်။ သူတို့ကျတော့ သူတို့ဆီမှာ ဖိုင်တွေတင်ရင် ၁၅ ရက် တစ်ပတ် တစ်လ လောက်ထိပဲ ထားခွင့်ပြုတယ်။ သတ်မှတ်ချက်ပြည့် သွားရင် ဖျက်ပစ်လိုက်ကြပါတယ်။ တချို့က Bandwidth, download speed, upload speed အကုန် ကန့်သတ်ထားတယ်။ တချို့ဆိုရင် ပိုက်ဆံပေးမှ သုံးခွင့်ပြုတာတွေလဲ ရှိပါတယ်။ တချို့ကျတော့ file တွေ folder တွေ share ချင်ရင် ပိုက်ဆံပေးရပါတယ်။ ဒီလိုကျတော့ တစ်ကိုယ်ရေသုံးသမားတွေ သိပ် မသုံးကြဘူး။ Bussiness တို့ company တို့လောက်ပဲ သုံးကြပါတယ်။ Security တော့ အသင့်တင့်ရှိပေမယ့် ပိုက်ဆံပေးရင် အပြည့်အဝ ပေးကြပါတယ်။

Cloud Storage Service ရွေးချယ်ရာမှာ

  • ကိုယ် ဘယ် ပစ္စည်းမျိုးကိုင်သလဲ? (ဥပမာ ဖုန်းဆိုရင် windows ဖုန်းလား၊ android ဖုန်းလား၊ iphone လား၊ Java ဖုန်းလား စသဖြင့်)
  • ကိုယ်က နေရာ ဘယ်လောက်လောက် သုံးချင်လဲ?
  • ကိုယ်ထည့်မယ့် data တွေကို လုံခြုံမှု ပမာဏမည်မျှလောက်ထိ ပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုး လိုအပ်သလဲ?

သည်အချက်တွေပေါ် မူတည်ပြီး ရွေးချယ်မှုက ကွာသွားပါတယ်။

Cloud service ပေးတဲ့ website တွေကတော့ free ပေးကြပါတယ်။ သူတို့ဆီမှာ သုံးရင် ဝင်ကြေး ပေးစရာမလိုပါဘူး။ စိတ်ချလုံခြုံမှုပေးတဲ့အပိုင်းမှာတော့ ပိုက်ဆံပေးရင် အကောင်းဆုံးထိန်းသိမ်းပေးကြပါတယ်။ free ဆိုရင်လဲ သူ့ဟာသူ တန်အောင် လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးကြပါတယ်။ အဲ့ဒါတွေကတော့ သူတို့ဆီမှာ အကောင့်လုပ်ပြီး သုံးရင် ရမယ့် ဝန်ဆောင်မှုတွေပါ။

Cloud Storage Service များ

2015 ခုနှစ်မှာ လူသုံးအများဆုံး online cloud storage service website များ စုစည်းပေးထားပါတယ်။

Dropbox

Dropbox ကတော့ လူတော်တော်များ သုံးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက Linux, Blackberry, Windows, Android, IOS သုံး ဖုန်းတွေမှာ အသုံးပြုနိုင်လို့ပါ။ ကွန်ပျူတာတွေမှာလဲ အသုံးပြုနိုင်ပါတယ်။ Apple computer တွေမှာလဲ အသုံးပြုနိုင်ပါတယ်။ အကောင့်စဖွင့်ဖွင့်ခြင်း အသုံးပြုခွင့်ပေးထားတဲ့ ပမာဏက 2Gbs ပါ။ စာတွေထည့်ဖို့အတွက် သုံးရင် နေရာ များတယ်လို့ ထင်လောက်ပေမယ့် ဓာတ်ပုံ ဗွီဒီယို အကြီးစားဖိုင်တွေအတွက် သုံးမယ်ဆိုရင်တော့ မလုံလောက်တော့ပါဘူး။ ဒါပေမယ့် အင်္ဂလန်ငွေ 7.99 ပေါင် ပေးရင် 1TB ထိ ရနိုင်ပါတယ်။ ပိုက်ဆံမပေးချင်ရင် သူငယ်ချင်းတွေကို ကိုယ့်linkကနေ အကောင့်ဖွင့်ခိုင်းရင် တစ်ယောက်ဖွင့်ရင် 500mbs နှုန်းနဲ့ 16GBs ထိ တိုးချဲ့နိုင်ပါတယ်။ Facebook, Twitter နဲ့ချိတ်လိုက်ရင် တစ်ခုချိတ်ရင် 125 mbs နှုန်းနဲ့ 250mbs တိုးနိုင်ပါတယ်။ Camera upload feature ကို ယူလိုက်ရင် 3gbs ထပ်တိုးနိုင်ပါတယ်။ Dropbox Website Link -> https://www.dropbox.com/


Google Drive

သူကတော့ microsoft နဲ့ ချိတ်ဆက်ထားလို့ သူ့ကိုသုံးရင် ရနိုင်မယ့် feature တွေကတော့ အများကြီးပါ။ ပြီးတော့ Gmail, Google Calendar, Youtube, Google Docs, Google Sheets, Google Slides, Google Presentation, Google Drawings, Blogspot အကုန်ချိတ်ထားလို့ သပ်သပ် အကောင့်ဖွင့်စရာမလိုပဲ ဒီဟာတွေထဲက တစ်ခုခုကနေ ချိတ်သုံးရတာမို့ အဆင်ပြေပါတယ်။ အကောင့် စဖွင့်ဖွင့်ချင်း 15GBs ရပါမယ်။ promotion လေးတွေ လာလေ့ရှိပါတယ်။ ဥပမာ ဘယ်ဟာကို ဒေါင်းပြီးသုံးရင် 1gbs ကို ၁နှစ်စာ အခမဲ့သုံးရနိုင်တာမျိုး...... ဘယ်ဟာကို ချိတ်ဆက်လိုက်ရင် 5gbs ကို ၃လစာ အခမဲ့ သုံးရနိုင်တာမျိုး တို့လာလေ့ ရှိပါတယ်။ Google Drive website link -> https://www.googles.com.drive


Mega

Mega cloud storage services ကတော့ မြန်မာပြည်မှာ အသုံးနည်းပါတယ်။ Security မြှင့်ပါတယ်။ သူက New Zealand က ထောင်ထားတဲ့ website ပါ။ IOS, Android, Windows Phone နှင့် Blackberry ဖုန်းတွေမှာ သုံးနိုင်ပါတယ်။ Mega link တွေက ဒေါင်းရတာ သာမာန် cloud storage services က link တွေ မတူပါ။ သူ့ကို ဒေါင်းချင်ရင် browser မှာ meag plugin တစ်မျိုးသွင်းထားမှသာ ဒေါင်းရပါတယ်။ mega plugin ကတော့ browser တိုင်းလိုလို ရနိုင်ပါတယ်။ စဖွင့်ဖွင့်ချင်း 50Gbs ရပါမယ်။ ယူရိုငွေ 99 ပေးရင် 500GBs, ယူရို 199 = 2TBs, ယူရို 299 = 4TB စသဖြင့် ထပ်တိုးနိုင်ပါတယ်။ Mega website link -> https://mega.nz/

Copy

ရိုးရှင်းပါတယ်။ Windows Phone, iOS, Android တွေမှာ သုံးနိုင်ပါတယ်။ Windows, OSX နှင့် Linus သုံး ကွန်ပျူတာတွေမှာလဲ သုံးလို့ရပါတယ်။ အကောင့် စဖွင့်ဖွင့်ခြင်း 15Gbs ရပါမယ်။ ကိုယ့်အကောင့်link ကနေ သူငယ်ချင်းတွေကို သူတို့အကောင့်အသစ် ဖွင့်ခိုင်းရင် ကိုယ်သာမက ကိုယ့်သူငယ်ချင်းပါ (စဖွင့်ခြင်း 15Gbs ရတဲ့အပြင်) 5gbs အပိုဆောင်း ထပ် ရပါမယ်။ Copy website link -> https://www.copy.com/

One Drive

Microsoft ရဲ့ cloud storage service ပါ။ စဖွင့်ဖွင့်ခြင်း 15GBs ရပါမယ်။ Microsoft account ရှိသမားတွေဆိုရင် cloud storage ကို ဒီအတိုင်းချိတ်ရုံပါပဲ့။ Microsoft ကထုတ်တဲ့ internet နှင့် ချိတ်ရနိုင်တဲ့ program မှန်သမျှ သူ့နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ကိုယ့်အကောင့် link ကနေ သူငယ်ချင်းတွေကို ဖွင့်ခိုင်းပြီး ပမာဏတိုးနိုင်ပေမယ့် အများဆုံး 5Gb ထိပဲ တိုးနိုင်ပါတယ်။ Office 365 သုံးတဲ့သူတွေအတွက် ပိုက်ဆံပေးနိုင်မယ်ဆိုရင်တော့ 1TB ထိ တိုးနိုင်ပါတယ်။ ကိုယ့်ရဲ့ mobile phone camera roll နှင့် ချိတ်ဆက်လိုက်ရင် 2gbs အခမဲ့ ရနိုင်ပါသေးတယ်။ One Drive website link -> https://www.onedrive.live.com

Tresorit

သူကတော့ security မြင့်ပါတယ်။ Swiss company က တည်ထောင်ထားပါတယ်။ company ကတော့ သူတို့ security စနစ်ကို ဖောက်ထွင်းနိုင်ရင် ဒေါ်လာ ငါးသောင်း ပေးမယ်လို့ ပြောထားတာ ယခုချိန်ထိ ဟက်ကာ တစ်ယောက်မှ သူတို့ရဲ့ security စနစ်ကို မဖောက်ထွင်းနိုင်သေးဘူးလို့ ဆိုပါတယ်။ စဖွင့်ခြင်း 3GBs ရပါမယ်။ တင်နိုင်တဲ့ ဖိုင်တစ်ခုရဲ့ ပမာဏက 500Mbs ထက် ကျော်မရပါ။ အကောင့်တခုကို devices သုံးခုပဲ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ တစ်လလျှင် အင်္ဂလန်ငွေ 8 ပေါင် ပေးနိုင်လျှင် 100Gbs ထိ သုံးစွဲနိုင်ပါတယ်။ Tresorit website link -> http://tresorit.com/

Box

Box ကို drop box နဲ့ တခါတရံမှာ မှားတတ်လေ့ရှိပါတယ်။ သူတို့ နှစ်ခုက မတူပါဘူး။ Box ဆိုတဲ့ cloud storage service က တည်ရှိနေတာ ကြာပါပြီ။ စဖွင့်ဖွင့်ခြင်း 10GBs ရပါမယ်။ ဖိုင်တခုစီရဲ့ ပမာဏက 250Mbs လောက်ပဲ တင်နိုင်ခွင့်ရှိပါတယ်။ အင်္ဂလန်ငွေ 7 ပေါင် ကို လတိုင်းပေးနိုင်လျှင် 100 Gbs ထိ ရယူသုံးစွဲနိုင်ပါတယ်။ တင်နိုင်တဲ့ ဖိုင်တခုစီရဲ့ ပမာဏကလဲ 5Gbs ထိ တိုးသွားပါတယ်။ Box website link -> https://www.box.com

pCloud

သူလဲ လူသုံးများပါတယ်။ iOS, Android, Windows, Mac နှင့် Linux သုံး ကွန်ပျူတာတို့ ဖုန်းတို့မှာ သုံးနိုင်ပါတယ်။ အကောင့်စဖွင့်ဖွင့်ခြင်း 10Gbs ရပါတယ်။ သူငယ်ချင်းတွေ ခေါ်နိုင်ရင် နောက်ထပ် 10Gbs ထပ်ရပါမယ်။ ဖိုင်ဆိုက်ဒ်၊ download speed ကန့်သတ်မထားပါ။ အားနည်းချက်က ကိုယ် share ထားတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို passwords ထားလို့မရတာပါပဲ။ pCloud website link ->https://www.pcloud.com

Mediafire

သူလဲပဲ လူသုံးများပါတယ်။ download speed, bandwidth မကန့်သတ်ထားလို့ပါ။ အသုံးပြုရတာ ရိုးရှင်းပြီး လွယ်ကူပါတယ်။ စဖွင့်ဖွင့်ခြင်း 10Gbs ရပါမယ်။ facebook တို့ twitter တို့လို social site တွေ ချိတ်ဆက်လိုက်မယ်၊ သူတို့ရဲ့ software တွေ download လုပ်ပြီးသုံးမယ် ဆိုရင် နောက်ထပ် 50gbs အထိ တိုးနိုင်ပါတယ်။ အကောင့်သုံးသူမဟုတ်သူများနဲ့လဲ ဝေမျှသုံးစွဲနိုင်ပါတယ်။ အားနည်းချက်က အကောင့်ဖွင့်ပြီး တစ်နှစ်မှာ တစ်ခါလောက်တော့ ဝင်ကြည့်သင့်ပါတယ်။ မဟုတ်လျှင် အကောင့်ပျက်သွားနိုင်ပါတယ်။ Mediafire website link -> https://www.mediafire.com

Dump Truck

Dump Truck လဲ download speed, bandwidth တွေ မကန့်သတ်ထားလို့ အသုံးများတဲ့ free online cloud storage တစ်ခုပါ။ Android, iOS ဖုန်းတွေမှာအပြင် Windows, Mac ကွန်ပျူတာတွေမှာပါ အသုံးပြုနိုင်ပါတယ်။ အကောင့် စဖွင့်ဖွင့်ခြင်း 5Gbs ရပါမယ်။ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး အကောင့်ဖွင့်ခိုင်းနိုင်ရင် တစ်ယောက်ဖွင့်လျှင် 500mbs နှုန်းနှင့် 21gbs ထိ တိုးချဲ့နိုင်ပါတယ်။ Dump Truck website link -> https://www.goldenfrog.com/dumptruck

အထက်ပါ ဖော်ပြထားတဲ့ cloud storage service တွေကတော့ လူသုံးများတဲ့ security အပိုင်းမှာ အသင့်တင့် စိတ်ချရတဲ့ website တွေပါ။

Hive

သူကလဲ free online storage service တစ်ခုပါ။ ကြိုက်သလောက် ထားလို့ရပါတယ်။ ပမာဏ ကန့်သတ်မထားဘူး။ Unlimited space ပါ။ ထိန်းသိမ်းခ လစဉ်ကြေး နှစ်စဉ်ကြေး လုံးဝ ပေးစရာမလို။ ဒါပေမယ့် share လုပ်ရင် အပြင်လူတွေနဲ့ လုပ်လို့မရပါ။ Hive cloud service သုံးသူ အချင်းချင်းပဲ share လုပ်လို့ရမှာပါ။ download speed ကန့်သတ်ထားပါတယ်။ account ဖွင့်ပြီး ရက် ၃၀ ကြာလို့ အသုံးမပြုဘူး ဆိုရင် ဖျက်ပစ်ပါတယ်။ Hive website link -> https://www.hive.im/

Mankayia

Free Online Storage Service တစ်ခုပါပဲ။ ပမာဏ ကန့်သတ်ထားခြင်း လုံးဝမရှိ။ ဝင်ကြေး လစဉ်ကြေး နှစ်စဉ်ကြေး လုံးဝ ပေးစရာမလိုတဲ့ free unlimited space service ပါ။ ဖိုင်တွေ ရက်အကန့်အသတ်မရှိ ထားလို့ရပါတယ်။ upload download speed ကန့်သတ်မထားပါ။ ဆိုးတဲ့အချက်က files တွေ folder တွေ share ချင်ရင် တစ်ခါ share လျှင် ၁၀ ဒေါ်လာ ပေးရပါတယ်။ Mankayia website link -> https://www.onlinestoragesolution.com/

တခြား cloud service ပေးနေတဲ့ website တွေ နှိုင်းယှဉ်ထားတာကို ဒီမှာ http://www.cloudwards.net/comparison/11 ကြည့်လို့ရပါတယ်။

ပမာဏများများ ဖိုင်တွေ သီချင်းတွေ ပုံတွေ share ဖို့ဆိုရင် cloud storage က အကောင်းဆုံးပါပဲ့။ device ကနေ computer ပဲ ဖြစ်ဖြစ် computer ကနေ devices တွေဆီကို ဖြစ်ဖြစ် ကြိုးနှင့် ချိတ်ဆက်ပြီး data တွေ ပြောင်းရွှေ့စရာ မလိုပါဘူး။ computer မှာ သုံးနေတဲ့ cloud storage account ဖွင့်ထားမယ် device မှာလဲ သုံးနေတဲ့ အကောင့် ဖွင့်ထားမယ်ဆိုရင် computer ကနေ cloud storage ထဲ ထည့်လိုက်တဲ့ ဖိုင်တွေ device မှာလဲ ယူသုံးလို့ရပါတယ်။ ထို့အတူ device ကနေ cloud storage ထဲ ထည့်လိုက်တာတွေလဲ computer ကနေ ယူသုံးလို့ရပါတယ်။ အဲ့လိုလုပ်ဖို့ အင်တာနက်တစ်ခုပဲ လိုအပ်ပါတယ်။ Computer term အရ Synchronization (Sync) လုပ်တယ် လို့ ခေါ်ပါတယ်။

Bandwidth limit လုပ်ထားတယ်ဆိုတာ လူ ၈ ယောက်လောက် တန်းစီဝင်နိုင်တဲ့ တံခါးပေါက်ကို လူ လေးယောက်လောက်ပဲ တန်းစီဝင်နိုင်အောင် လုပ်ထားသလိုပါပဲ။ Bandwidth cap လုပ်ထားတယ်ဆိုတာ data transfer လုပ်တဲ့နှုန်း 100 ရာခိုင်နှုန်းကို တစ်ယောက်တည်း အပြည့်အဝယူထားလို့မရအောင် ထိန်းချူပ်ထားတယ်ဆိုတာပါ။ ပေးထားတဲ့ link ကို download ဆွဲတဲ့သူ အဆမတန်များလာတဲ့အခါ နောက်တိုးလာတဲ့ download ဆွဲမယ့်သူတွေကို ပေးမဆွဲတော့ပါဘူး။ dropbox link download ဆွဲဖူးတဲ့သူတွေ သိကြမှာပါ။ 404 Error နဲ့ ကားတိုက်နေတဲ့ပုံလေးတက်လာလို့ download လုပ်လို့ မရတော့ဘူးဆိုတာ အဲ့လိုမျိုးကြောင့် ဖြစ်သွားတာပါ။ Error တွေ ပြကုန်ပါတယ်။ Download rate maximum 200kbps ပေးထားတယ်ဆိုရင် bandwidth cap ပါထားထားတဲ့အခါ ပျမ်းမျှ ၁၀ ယောက် download လုပ်ရင် တစ်ယောက်ကို maximum rate က 20 kbps လောက်ပဲ ရတော့မှာပါ။


အကြံပေးလိုတာက cloud storage သုံးမယ်ဆိုရင်
  • ကိုယ့် account passwords ကို အလုံးရေများများနှင့် အကြီးအသေးရောပြီး ထားပါ။
  • Account email ကို ကိုယ်တစ်ယောက်တည်းသာ သိပါစေ။
  • Account name နှင့် account နှင့်ဆိုင်တဲ့ အချက်အလက်တွေကို သူများ မသိပါစေနှင့်။
ဒီအချက်တွေကို သတိထားလိုက်နာမယ်ဆိုရင် တော်ရုံလောက်နဲ့ ကိုယ့် account storage ကို ဘယ်သူမှ ဖောက်ထွင်း ဝင်ရောက်မနိုင်ပါဘူး။

အင်တာနက်ဆိုတာ လုံခြုံစိတ်ချမရတဲ့ အပိုင်းတွေ အများကြီးရှိတာကြောင့် cloud storage ကို အများကြီး အားထား ယုံကြည်ထားဖို့ မသင့်ကြောင်း ထပ်ဆောင်းပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

KSA

Reference - http://www.pcadvisor.co.uk/test-centre/internet/best-cloud-storage-dropbox-google-drive-onedrive-icloud-3506734/
http://www.cloudwards.net/comparison/
http://freebies.about.com/od/free-cloud-storage/

Wednesday, July 15, 2015

Mi4i Root, custom recovery, mmfont ကို အသုံးပြုနည်း

Root and twrp recovery with computer

https://my.pcloud.com/publink/show?code=XZjBaXZAtU6bUHDaXRSnHfvJNEWvunNxrck

ဒီ root tool က အသုံးပြုရတာ လွယ်ပါတယ်.. ကွန်ပျူတာမှာ အင်စတောလုပ်ပီး ဖွင့်လိုက်ပါ..
1 for root. 2 for twrp recovery ပါ
ဒီတော့ root လုပ်ချင်တယ်ဆိုရင် 1 ကိုရိုက်ထည့်ပေးလိုက်ပါ.. 2 ရိုက်မယ်ဆိုရင်တော့ twrp recovery ပေါ့… ကွန်ပျူတာနဲ့ ဖုန်းကို မချိတ်ခင်မှာ ph setting>additional setting>developer mode>usb debugging>on ထားပေးဖို့ လိုအပ်ပါတယ်… အဲ့လိုမပေါ်ဘူးဆိုရင်တော့ ph setting>about device>miui version ကို ၇ချက်ဆက်တိုက် မြန်မြန်လေး ဖိနှိပ်ပေးရပါမယ်...
ဒါဆိုရင် root နဲ့ custom recovery ဖုန်းထဲမှာ ထည့်ပီးသွားပါပီ...
တချို့ကွန်ပျူတာတွေက ဖုန်းကိုမသိဘူးဆိုရင် အထူးသဖြင့် ph ကို fastboot နဲ့ထားပီး usb ချိတ်လိုက်ရင် မသိတာ ဖြစ်တတ်ပါတယ် အောက်က adb setup လေးကို ကွန်ပျူတာမှာ install လုပ်ပေးလိုက်ပါ….

https://my.pcloud.com/publink/show?code=XZvBaXZkuzd8XCr5AudyneiN3A5qyJhTQxk


mm font methods for mi4i
1. theme font replacement(root မလိုပါ)…
https://my.pcloud.com/publink/show?code=XZgBaXZzMfbyYdUtCpW9SGNuo34LyKtySHX

http://miuimyanmar.com/2015/06/myanmar-font-no-need-root/

ဒီနည်းကတော့ လွယ်ပါတယ် သုံးရတာ အဆင်ပြေတယ်…..
ဒါပေမဲ့ မိမိမှာ mi account ရှိရန် လိုပါတယ်.. ဖောင့်ကို ဒေါင်းတဲ့အချိန်နဲ့ apply လုပ်တဲ့အချိန်မှာ internet connection လိုအပ်ပါတယ်...
ပုံပြထားတာမို့လို့ ဒီပုံလေးကိုဒေါင်းပီး တဆင့်ချင်းစီလုပ်လိုက်ရင် အဆင်ပြေမှာပါ..(စာပြန်ရိုက်ရမှာ ပျင်းလို့) သူ့ရဲ့အားနည်းချက်ကတော့ theme ပြောင်းလိုက်တာပဲဖြစ်ဖြစ် ဖုန်းပါဝါပိတ်တာပဲဖြစ်ဖြစ်.. reboot လုပ်လိုက်တာပဲဖြစ်ဖြစ် theme>customize>font>ကိုယ်ပြင်ထားတဲ့ဖောင့်ကို apply ပြန်လုပ်ပေးရပါမယ်…(root မလိုပါ)


2. fontchanger(root လိုပါတယ်)….

https://my.pcloud.com/publink/show?code=XZcdNXZoBIcNLirGJQYLjz40WnbUX0NDtUk


မြန်မာဖောင့်ကို ဘာဖောင့်သုံးရမှန်းမသိသေးဘူးဆိုရင် ဒီဖောင့်လေးက အဆင်ပြေပါတယ်.

https://my.pcloud.com/publink/show?code=XZndNXZidTmbNyF49Yu9OUiKuGs3ffNRRCX


ဒီနည်းကတော့ unicode font replacement ကို root explorer ကနေ မလုပ်ချင်တဲ့လူတွေအတွက် အလွယ်သုံးလို့ရအောင် လုပ်ထားတဲ့ apk လေးပါ.. သုံးရတာ လွယ်ပါတယ်..

Install လုပ်ပီးသွားရင် app ကိုဖွင့်လိုက်ပါ ပထမဆုံးမြင်ရမှာကတော့ basic…. advance ဆိုတာကိုပါ… advance ကိုရွေးပါ… mi4i က lollipop ဖြစ်တဲ့အတွက် အစားထိုးရမယ့်ဖောင့်က notosansmyanmarUi… စတဲ့ ဖောင့်လေးမျိုးပါ… အဲဒီ့ဖောင့်တွေကိုထောက်ပီး ကိုယ်အစားထိုးမဲ့ဖောင့်ကို ရှိနေတဲ့နေရာရွေးပေးရပါမယ်… ဥပမာ.. ကိုယ်သုံးချင်တဲ့ဖောင့်က download ထဲမှာဆိုရင် ပြင်မဲ့ဖောင့်ကို နှိပ်လိုက်တာနဲ့ folder ရွေးရမယ့် search box ပေါ်လာမယ် အဲဒီ့ကနေ download ကိုရွေး ကိုယ်သုံးမဲ့ဖောင့်ကို ကလစ်ပေးလိုက်ပါ… ရွေးလိုက်ပီဆိုတာနဲ့ reboot now… reboot later ဆိုတာပေါ်လာမယ် reboot later ကိုရွေးပါ အားလုံး လေးခုစလုံးကို ရွေးပီးပီဆိုမှ reboot now ကိုနှိပ်ပေးလိုက်ပါ reboot ပြန်တက်လာပီဆိုရင်တော့ နေရာတိုင်းမှာ ဇော်ဂျီဖောင့်ကို မြင်ရပါပီ… အခု
ဒီနည်းဟာ update မပေးသေးတဲ့ကာလမို့ ota update ရမရဆိုတာတော့ မသိသေးပါ...
(ဒီနည်းကိုသုံးမယ်ဆိုရင်တော့ အရင်ဆုံး advance ထဲကို ၀င်ပီးတာနဲ့ ဖောင့်မပြင်သေးခင် အရင်ဆုံး ကိုယ်ပြင်ရမယ့် သက်ဆိုင်ရာဖောင့် လေးခုစလုံးကို ကော်ပီလုပ်ပီး တခြားစိတ်ချရတဲ့နေရာမှာ သိမ်းထားပါ.. 0ta update မရခဲ့ရင် အော်ရီဂျင်နည်အတိုင်း ပြန်သုံးချင်ရင် အဲဒီ့ဖောင့်လေးတွေကို ပြန်ထည့်ပေးလိုက်ခြင်းအားဖြင့် အဆင်ပြေပါမယ်)


3. root explorer(root လိုပါတယ်)…

https://my.pcloud.com/publink/show?code=XZOlNXZUyHH7ASBA30C1arJC6O6pmACkRYy

ဒီဟာကို သုံးပီးလည်း original unicode တွေကို မိမိသုံးလိုတဲ့ ဇော်ဂျီဖောင့်ကို အစားထိုးပီး သုံးလို့ရပါတယ် သူကလည်း အပေါ်က fontchanger လိုမျိုးပဲ သုံးရတာပါ သူက နည်းနည်းပိုပီးအဆင့်များသွားတာက ကိုယ်သုံးချင်တဲ့ဖောင့်ကို အစားထိုးမဲ့ဖောင့်နဲ့ နာမည်တူအောင် အရင် rename ပေးပီးတော့မှ replace လုပ်ပီး permission ကို rw-r-r ပေးပီး reboot လုပ်ပေးရပါတယ်.. နည်းနည်းလေးခက်မယ်ထင်ရင်တော့ ဒီနည်းကို ကျော်သွားနိုင်ပါတယ်.


4. နောက်တနည်းကတော့ twrp recovery ကနေ totalsoultion.zip (root လိုပါတယ်) ကို flash လုပ်တဲ့နည်းပါ သူကတော့ တချက်တည်းနဲ့ အားလုံးကိစ္စပီးပါတယ်… မသေချာတာကတော့ ota update ရနိုင် မရနိုင်ဆိုတဲ့အချက်ပါပဲ.. Twrp recovery ကနေ install zip ကိုသွားပီး ဒီဖိုင်လေးကို ထည့်ထားတဲ့ ဖိုဒါကိုရွေး ပီးရင် ဒီကောင်လေးကို အင်စတောလုပ်ပေးလိုက်ရုံပါပဲ ပီးရင် reboot now နှိပ်လိုက်ပါ ပြန်တက်လာရင် မြန်မာစာမြင်ရပါပီ.. လွယ်တယ် မြန်တယ်…. အောက်မှာ လင့်ပါ…

https://my.pcloud.com/publink/show?code=XZJWaXZfVuPv5BAXw0bDS8WX1f0bh3co6w7


5. နောက်တနည်းကတော့ lollipop အတွက် developer ko phyo chan ရေးထားတဲ့ application လေးပါ.. root လိုပါတယ် သုံးရတာလည်း အဆင်ပြေပီး ဖောင့်က ရိုးရိုးရှင်းရှင်းနဲ့ ၀ိုင်းဝိုင်းလေးပါ.. ထူးခြားတာက app မှာ font converter ပါဝင်လာခြင်းမှာ app ထဲကိုဝင်လိုက်ပီး ယူနီဖောင့်ကို အထဲမှာ paste လုပ်လိုက်တာနဲ့ ဇော်ဂျီအဖြစ် မြင်နိုင်မှာဖြစ်ပါတယ်… zawgyi အမြဲတမ်းပြောင်းချင်ရင်တော့ L click here ဆိုတာလေးကို တချက်နှိပ်ပေးပီး reboot ကျပီးတာနဲ့ ဇော်ဂျီဖြစ်သွားမှာပါ….

https://my.pcloud.com/publink/show?code=XZ3i0VZbGQwPYqa0IYD1nhkg0iy9QcJo6f7


mi4i က xposed သုံးလို့မရသေးတဲ့အတွက် recovery ကိုသွားချင်ရင် tool folder>updater>menu နှိပ်ပီး reboot to recovery mode နဲ့သွားချင်ရင်သွား မဟုတ်ရင်လည်း ပါဝါပိတ်ပီး power+volume down နဲ့သွားရတဲ့အတွက် အချိန်ကြာတယ်လို့ထင်တဲ့ ညီအကိုများအတွက် ကျွန်တော်သုံးနေတဲ့ app လေးပါ ရှယ်ပေးလိုက်ပါတယ်.. root ရှိပီးသားဖုန်းတွေမှာ သုံးလို့ရပါတယ်… ဒီကောင်လေးထဲကနေ reboot…. reboot recovery. reboot bootloader, shutdown စတာတွေကို ကိုယ်ကြိုက်တာ ရွေးပီး တချက်နှိပ်ပေးလိုက်ရုံပါပဲ…..

https://my.pcloud.com/publink/show?code=XZP2aXZt9usWATaSiysy4CetsXs6uy5jmpk


6. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး.. အခု mi4i မှာ xposed သုံးလို့မရသေးလို့ ဒီနည်းကတော့ အသုံးမ၀င်သေးပါဘူး.. နောင်တချိန်ချိန်မှာ အသုံးဝင်လာမှာပါ.. သူကတော့ system font ကို unicode အတိုင်းထားပီးတော့ app တခုချင်းစီကို zawgyi သုံးတာပါ ဘာလိုလဲဆိုတော့ xposed ရယ် fonter app ကို install လုပ်ပီး xposed ရဲ့ module မှာ အမှန်ခြစ်ပေးပီး reboot ချ ပီးရင် fonter ကနေ သုံးလို့ရပါပီ...


root tool မှစလို့ ကျန်တဲ့ apps အားလုံးကို share လုပ်ပေးကြသော မူရင်းဖန်တီးသူများနဲ့ လင့်များကို ရှယ်လုပ်ပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်.. credit ပေးပါတယ်...


အားလုံးပဲ အဆင်ပြေကြပါစေ….
t.h.ag

Copy From Myanmar Mi Facebook Group , Credit to Original writer Tin Htay Aung

Here is Link , if you want to watch their discussions.

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ? ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ?

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ?

ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။

ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။

ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။

တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။

ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။

Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။

ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။


ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။


ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။

ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
  • -ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
  • -ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
  • - ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။


နဂါးနီ ဗဟုသုတ ဘဏ်တိုက်

World Myanmar ကနေ မျှဝေပါသည်။

Sunday, July 12, 2015

အမှောင်ထဲမှာ စာဖတ်ရင်

လက်နှိပ်ဓာတ်မီးနဲ့ စာအုပ်ကို ထိုးပြီး စာဖတ်တဲ့ ကလေးတွေကို မိဘတွေက 'မှောင်ထဲမှာ စာဖတ်ရင် မျက်စိ အားနည်းလိမ့်မယ်၊ မင်းတို့ အမြင်အာရုံ ပျက်စီးမယ်' ပြောလေ့ရှိပါတယ်၊ မျက်စိကို အာရုံ သိပ်စိုက်ရရင် ကလေးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အရွယ်ရောက်တဲ့ လူငယ်ပဲဖြစ်ဖြစ် မှောင်ထဲမှာ စာဖတ်ရင် နောက်ပိုင်းကာလတွေမှာ မျက်စိမှုန်လာနိုင်ပါတယ်။ အနီးမှုန် ရောဂါ သိပ်ဖြစ်တာကတော့ စာကို အများကြီးဖတ်ရတဲ့ သိပ္ပံပညာရှင်တွေ၊ ရှေ့နေတွေ၊ အယ်ဒီတာတွေနဲ့ ဆရာဝန်တွေပါ။

ဒါပေမယ့် နယူးယောက်တက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ ရောဘတ်ဆိုင်းကတ်ရဲ့ အလိုအရ အလင်းရောင်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မျက်စိ အားစိုက် ဖတ်ရှုရတဲ့ ကိစ္စက အန္တရာယ်ကင်းပါတယ်။ ပင်ပန်းနွမ်းလျမှုကိုတော့ ဖန်တီး ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူရဲ့မျက်စိကို အနာတရ မဖြစ်စေနိုင်ပါလို့ ဆိုပါတယ်။

ကျွမ်းကျင်သူများကတော့ မှောင်ထဲမှာ စာဖတ်တာဟာ အန္တရာယ်ကင်းပါတယ်တဲ့။ မျက်စိတွေကို တစ်ချိန်လုံး အားစိုက်နေရလို့ မျက်စိမြင်နိုင်အား လျော့နိုင်တယ် ဆိုတာမျိုးတော့ မငြင်းနိုင်ပါ။ ကလေးငယ် စာအုပ်ကို ဖတ်ရာမှာ လက်တစ်ဖက်က လက်နှိပ်ဓာတ်မီးသုံးနေတာ တွေ့ရင် သဘာဝအလင်းရောင်မှာ ဖတ်ပါစေ။

Saturday, July 4, 2015

Silicone နဲ့ ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများအကြောင်း

ယခုခေတ်မှာ နည်းပညာထွန်းကားလာသည်နှင့်အမျှ အဘက်ဘက်မှ လူသုံးကုန်ပစ္စည်းများ အသစ်သစ် ထွက်ပေါ်လာပါသည်။ ထိုနည်းတူ မီးဖိုချောင်သုံးပစ္စည်းများလဲ အသစ်သစ် ထွက်ပေါ်လာလျက်ရှိပါသည်။ ထိုထဲတွင် စီလီကွန်း (Silicone) နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ပစ္စည်းသည် တဖြည်းဖြည်း လူသုံးများလာပြီ ဖြစ်ပါသည်။



စီလီကွန်း (Silicone) ဆိုတာ ဘာလဲ??

          စီလီကွန်း (Silicone) ဆိုသည်မှာ လူတွေက သဘာဝကို တုပ ပြုလုပ်ထားသည့် စီလီကွန် (Silicon) ကို အောက်ဆီဂျင် (Oxygen) နဲ့ ဓာတုဗေဒနည်းအရ ခိုင်မြဲစွာ တွယ်ဆက်ထားအောင် ပြုလုပ်ထားသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဒြပ်စင်ဇယား ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ သဘာဝ ဒြပ်စင် ဖြစ်ပါသည်။ သဲနဲ့ ကမ္ဘာမြေကြီး အတွင်းပိုင်း ကျောက်သား၂၈ % နဲ့ ပေါင်းစပ်ထားပါသည်။


စီလီကွန်း (Silicone) နဲ့ အစားအစာ

          စီလီကွန်းသည် FDA က ထောက်ခံချက်ပေးထားသည့် အစားအစာနှင့် ဓာတ်ပြုမှု မရှိသောကြောင့် စိတ်ချစွာအသုံးပြုနိုင်သည့် ဓာတု ပစ္စည်းတစ်မျိုး ဖြစ်သည်။ အစားအစာနဲ့ အရည်တွေ နဲ့ ဓာတ်ပြုမှု မရှိသည့်အပြင် အဆိပ်ငွေ့တွေလဲ မထွက်သည့် ပစ္စည်းဖြစ်သည်။ အစားအစာ ချက်ပြုတ်တဲ့နေရာမှာ သုံးသည့် silicone အမျိုးအစားနှင့် စက်ရုံလုပ်ငန်းတွေမှာ သုံးသည့် silicone အမျိုးအစား မတူပါ။


ဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် သတိထားရမည့် အချက်အလက်များ

         Silicone သည် ပျော့ပျောင်းသော ဂုဏ်သတ္တိ ရှိတတ်တာကြောင့် တခြားသော ဓာတုပစ္စည်းများနဲ့ ပေါင်းစပ် ဖန်တီးကာ လိုချင်သော ပစ္စည်းအနေအထားမျိုးရအောင် ထုတ်လုပ်ကြရပါသည်။ Silicone တစ်ခုတည်းဆိုလျှင် အန္တာရာယ် မရှိသော်လည်း Silicone နည်းပါးစွာ ထည့်ထားသည့်အပြင် အရည်အသွေးညံ့ ပစ္စည်းများနှင့် ပေါင်းစပ်ထားသော silicone ပစ္စည်းမှာ အသုံးပြုရန် အန္တရာယ်ရှိပါသည်။ ထိုကြောင့် သေချာစွာ ရွေးချယ် ဝယ်ယူဖို့ အရေးကြီးပါသည်။

         Silicone နဲ့ ပြုလုပ်ထားသော ပစ္စည်းများကို ကတ်ကြေးဖြင့် မဖြတ်ရပါ။ အများသောအားဖြင့် မုန့်ဖုတ်ရာမှာ အသုံးပြုသည့် Silicone နဲ့ fiber glass ပေါင်းစပ်ပြုလုပ်ထားသည့် အောက်ခံအပြားကို ကတ်ကြေးဖြင့် မဖြတ်သင့်ပါ။

         သိပ္ပံပညာရှင်များ လေ့လာချက်အရ Silicone နဲ့ ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများကို အပူချိန်နှင့် အကြာကြီး ထိတွေ့စေခြင်း၊ အပူချိန်အလွန်အကျွန်မြင့်တဲ့နေရာမှာ သုံးမိလျှင် အစားအစာ ချက်ပြုတ်တဲ့နေရာမှာ ဓာတုပစ္စည်းတွေ ပါသွားနိုင်ပြီး စားမိလျှင် လူကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တွေ့ရပါသည်။


Silicone ရဲ့ ကောင်းကျိုးများ

  • Silicone က ပြန်လည် အသုံးပြု၍ ရပါသည်။
  • ထုတ်လုပ်ဖို့ ထူးထူးခြားခြားတွေလည်း မလိုအပ်ပါဘူး။
  • ပင်လယ်ရေနေသတ္တဝါ/ မြေကြီးမှာနေတဲ့ သတ္တဝါတွေကိုလည်း ဘေးမဖြစ်စေပါ။
  • Teflon နဲ့ ပြုလုပ်ထားတာနဲ့စာရင် Silicone က အသုံးပြုရ ပိုကောင်းပါသည်။
  • ဆီချေးမပေနိုင်၊ ဆီတွေ စိုစွတ်အောင် လုပ်ဖို့လဲ မလိုအပ်ပါ။
  • အပူလျင်မြန်စွာ နဲ့ သမမျှအောင် လုပ်နိုင်သည့်အတွက် တခြမ်းအပူများပြီး ကျွမ်းသွားတာတို့ အပူနည်းပြီး မကျက်တကျက်ဖြစ်သွားတို့ လုံးဝမရှိစေပဲ မုန့်ကို ကျက်သွားအောင် ဖုတ်နိုင်ပါသည်။ မုန့်နဲ့ မုန့်ဖုတ်ပန်းကန် ခွာရလဲ လွယ်ပါသည်။
  • အအေးဒဏ်ကို ခံနိုင်ပါသည်။ ရေခဲသေတ္တာထဲကို ထည့်ပြီး အသုံးပြုနိုင်သည်။
  • Microwave, Oven တွေ မှာလဲ စိတ်ချစွာ အသုံးပြုနိုင်သည်။
  • ပန်းကန်ဆေးစက်မှာ ဆေးကြောနိုင်သည်။
  • မုန့်ဖုတ်ရာတွင် အပူချိန် ခဏခဏ ပြောင်းဖို့ မလိုအပ်ပေ။
  • ဆေးကြောရလွယ်ကူသည်။ ပေါ့ပါးသည်။ စွဲမက်ဖွယ် အရောင်သွေး ဒီဇိုင်းမျိုးစုံဖြင့် ရရှိနိုင်သည်။ ထိန်းသိမ်းရလွယ်သည်။ ဒါပေမယ့် တစ်ခါတစ်လေ သူတို့က ပုံပျက်နိုင်တတ်လို့ သတိထားရပါမည်။


     Silicone က အပူချိန် အမြင့်ကြီး ခံနိုင်သဖြင့် တော်ရုံဖြင့် အရည်မပျော်သွားနိုင်ပါ။ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ ပစ္စည်းရဲ့ အမြင့်ဆုံး ခံနိုင်တဲ့ အပူချိန်ဖော်ပြထားလေ့ ရှိသည်။ တချို့ silicone နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ဟင်းချက်ပစ္စည်းတွေသည် 450° ထိ ခံနိုင်ရည်ရှိကြောင်း ဖော်ပြကြသည်။ (ထိုပမာဏဆိုလျှင် အကြော်ကြော်သည့် အပူချိန်ထက် ပိုများသည်။) ထိုကြောင့် ဖော်ပြထားသည့် အပူချိန်ထိလောက်ပဲ အသုံးပြုသင့်သည်။ ထို့ထက် ပိုအသုံးပြုပါက ချက်ပြုတ်ထားသည့် အစားစာထဲ silicone နဲ့ ပေါင်းစပ်ထားသည့် ဓာတုပစ္စည်းများ အရည်ပျော်ဝင်သွားနိုင်ပြီး လူကို အန္တရာယ် ဖြစ်စေနိုင်သည်။ တချို့ Silicone ပစ္စည်းတွေသည် ပလတ်စတစ်တွေနဲ့ ရောနှောထားလေ့ရှိတာကြောင့် အရောင်ပြောင်းနိုင်သည်။


         Silicone နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ပစ္စည်းများသည် အရောင်အသွေးစုံလင်စွာ ဒီဇိုင်း လှလှပပ ရရှိနိုင်သည့်အပြင် စတီး၊ ကြွေ၊ မြေအိုး စသည်တို့နှင့် နှိုင်းယှဉ်လျှင် ပေါ့ပါးလွယ်ကူစွာ သုံးစွဲနိုင်သည်။ အားသာချက်များစွာ ရှိသော်လည်း အဓိက အားနည်းချက်မှာ အပူဒဏ်ကို မြှင့်မားစွာ မခံနိုင်ခြင်း၊ တစ်ခါတစ်ရံ ပေါင်းစပ်ထားသည့် ဓာတုပစ္စည်းများက အရည်အသွေးညံ့ပါက လူကို အန္တရာယ် ဖြစ်စေနိုင်ခြင်း ဖြစ်သည်။
          သို့သော် အရည်အသွေး စစ်မှန်သော silicone မီးဖိုချောင်သုံးပစ္စည်းများ ရွေးချယ်ဝယ်ယူကာ ထုတ်လုပ်သည့်ကုမ္ပဏီမှ သတ်မှတ်ပေးထားသော အပူချိန်လောက်ထိသာ အသုံးပြုမည်ဆိုပါက မည်သို့မျှ လူကို အန္တရာယ် မဖြစ်စေနိုင်သည့်အပြင် စိတ်ချမ်းသာစွာနဲ့ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း အကြံပေး ဖော်ပြလိုက်ရပါသည်။

KSA

Ref : http://www.foodreference.com/html/silicone-cookware-safety-310.html
http://lifeyourway.net/is-silicone-bakeware-really-safe/
http://housewares.about.com/od/bakewareservingware/a/siliconebasics.html
http://www.wikipedia.com