Tuesday, June 23, 2015

ကိုယ့်ကွန်ပျူတာ အထီးလား အမလားဆိုတာ ခွဲခြားရအောင်

ကွန်ပျူတာတွေကို အထီး/အမခွဲခြားနိုင်တယ်လို့ဆိုရင် သင်အံ့သြသွားမလားမသိဘူး... ဒီလိုခွဲခြားနိုင်မယ်ဆိုရင်တော့ သင့်ကွန်ပျူတာက အထီးလား/အမလားဆိုတာကို သိချင်ကြမယ်ထင်ပါတယ်... ဒီလိုခွဲခြားနိုင်တာ တကယ်ပဲလားဆိုရင်တော့ ဒါဟာ ကွန်ပျူတာလှည့်ကွက်တစ်ခုလို့ပဲ မှတ်ယူထားစေချင်ပါတယ်... တစ်နေ့တစ်နေ့ အင်တာနက်မှာပဲ အချိန်ကုန်ပြီး ငြီးငွေ့နေသူတွေအတွက် ဒီလှည့်ကွက်လေးက အထိုက်အလျောက် အပန်းပြေစေနိုင်ပါလိမ့်မယ်... လေ့လာကြည့်လိုက်ကြရအောင်...

► ပထမဆုံး Notepad ကို ဖွင့်လိုက်ပါ... ပြီးရင် ဒီစာကြောင်းလေးကို Notepad မှာ ရိုက်လိုက်ပါ...

► CreateObject("SAPI.SpVoice").Speak"I love you"

► ပြီးရင် Save as နဲ့ file name ကို computer_gender.vbs ဆိုပြီး save လိုက်ပါ....

► ပြီးရင် file ကို double clike နဲ့ဖွင့်လိုက်ပါ...

► သင်ကြားရတဲ့အသံက ယောက်ျားသံဆိုရင် သင့်ကွန်ပျူတာက အထီးဖြစ်ပါတယ်...

► သင်ကြားရတဲ့အသံက မိန်းကလေးသံဆိုရင် သင့်ကွန်ပျူတာက အမဖြစ်ပါတယ်...

► သင့်ကွန်ပျူတာက အထီးလား/အမလားဆိုတာကို comment လေးတွေပေးသွားကြပါဦး...

ဒီနည်းလမ်းလေးကနေ ထပ်ဆင့်လုပ်လို့ရတာကတော့ I love you ဆိုတဲ့နေရာမှာ ကိုယ်ဖတ်စေချင် ပြောစေချင်တဲ့စာကြောင်းကို အစားထိုး ထည့်လို့ရပါတယ်... ဒါဆိုရင် ကွန်ပျူတာက အဲ့ဒီထဲမှာပါတဲ့စာတွေကို ဖတ်ပြနေပါလိမ့်မယ်... စာပိုဒ်တော့ခွဲလို့မရပါဘူး... စာကြောင်းတွေဟာ တစ်ဆက်ထဲဖြစ်နေဖို့လိုပါတယ်... ဒီနည်းနဲ့ကွန်ပျူတာကို အပျင်းပြေ စကားပြောခိုင်း စာဖတ်ခိုင်းနိုင်ပါတယ်... ပျော်ရွှင်ကြပါစေ...

Credit to Myanmar IT Group

Friday, June 19, 2015

ကိုယ်လိုတဲ့အချိန်ကျရင် Auto Shutdown ဖြစ်အောင် ဘယ်လိုလုပ်မလဲ


ကိုယ်လိုတဲ့အချိန်ကျရင် Auto Shutdown ဖြစ်အောင် လုပ်ချင်ရင်

  • Start ကိုသွားပြီး Run ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ။
  • ပြီးရင် ပေါ်လာတဲ့ runbox ထဲမှာ Shutdown -s -t 3600 ရေးလိုက်ပါ။ (3600 ဆိုတာ 3600 စက္ကန့် ဖြစ်သည်။)
  • ရေးပြီးတာနဲ့ OK နှိပ်လိုက်ပါ။
  • ဒါဆို windows ဟာ နောက်နာရီ တစ်ချက်ပြည့်တာနဲ့ Automatic ပိတ်သွားပါလိမ့်မယ်။
3600 နေရာမှာ 60 လို့ရေးရင် တစ်မိနစ်အတွင်း windows shutdown ဖြစ်သွားပါလိမ့်မယ်။

Thursday, June 11, 2015

မြေဧက ဖွဲ့ နည်း တွက်နည်း

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

Credit to Min Khaung
( ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ….. )

Thursday, June 4, 2015

Mi 4 အား အခြေခံကျကျသုံးစွဲကြည့်ခြင်း

အပိုင်း ( ၁ )

Mi 4 အသုံးပြုသူများအတွက် Facebook တွင် ဇော်ဂျီဖောင့်မြင်နိုင်ရန် လိုအပ်သည့် အခြေခံအချက်အလက်များ ( ဒီ့ထက်လွယ်ကူတဲ့နည်း ရှိပေမဲ့၊ google မှာမြန်မာလို အမှန်မြင်ပြီး၊ ဖောင့် ၂ မျိုးစလုံး သုံးလိုသူတို့တွက်သာ )

Mi 4မှာပါလာတဲ့ built in font ဟာမြန်မာယူနီကုဒ် ဖြစ်ပါတယ်။ ဒါကြောင့် google နဲ့သက်ဆိုင်တဲ့ apps မှန်သမျှ မြန်မာလိုအားလုံးမှန်ပါတယ်။ Facebook မှာ ဇော်ဂျီလိုမြင်ရဖို့အတွက် အသုံးပြုတဲ့နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ရှင်းပြမယ့်နည်းကတော့ System font ကိုဘာနဲ့မှမပြောင်း၊ အစားမထိုးပဲ၊ Fonter ကိုသာအသုံးပြုပြီး facebook တခုထဲကိုသာ ဖောင့်ပြောင်းကြည့်တဲ့နည်းဖြစ်ပါတယ်။ အတော်များများသိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့သူတွေကိုသာရည်ရွယ်ပြီးရေးတဲ့ post ဖြစ်ပါတယ်။

Root အတွက် Stable rom

Chinese နဲ့ Global နှစ်မျိုး စလုံးအတွက် SuperSu.zipအသုံးပြုနိုင်ပါတယ်။ cwm recovery လိုပါတယ်။ အရင်ဆုံး cwm ကို updater ကနေ ဝင်ပြီး၊ ညာထိပ်ဆုံးက အစက် ၃ စက်ကိုနှိပ် Choose update package ကိုရွေးပါ။ Explorer မှာ cwm recovery ကိုတွေ့ရင်နှိပ်ပေးပါ။ install ပြီးရင် Reboot now စာတန်းပေါ်လာပါတယ်။ နှိပ်ပါ။ ဖုန်းပြန်ဖွင့်လာရင် Recovery mode ကိုအောက်ပါနည်းအတိုင်းသွားနိုင်ပါတယ်။

CWM recovery for Mi 4

https://my.pcloud.com/publink/show?code=cEwitalK

SuperSu.zip for Mi 4

https://my.pcloud.com/publink/show?code=CEwitalK

  • ၁။ updater app ရဲ့ညာထိပ်ကအစက် ၃ စက်ထဲမှာReboot to recovery now ကိုနှိပ်ပေးရင်ရောက်ပါတယ်။

  • ၂။ ဖုန်းပါဝါကိုအရင်ပိတ်ပါ။ ပြီးရင် power key + volume up တွဲနှိပ်ပေးရင်လဲရောက်ပါတယ်။

Recovery mode ကနေ install zip > choose zip from sdcard ကတဆင့် Supersu.zip ကိုနှိပ်ပေးလိုက်ပါ။ yes ရွေးပါ။ ပြီးရင် Reboot system now နှိပ်ပေးလိုက်ရင်တော့ Supersu app ဟာ ဖုန်းရဲ့ homescreen မှာပေါ်လာမှာဖြစ်ပါတယ်။ root တောင်းတဲ့ app တွေကို grant ပေးရင်ရပါပြီ။


၁။ Xposed installer 2.7.1

https://my.pcloud.com/publink/show?code=iIwitalK

ဒီဟာကိုအရင် install ပေးပါ။ Xposed ထဲဝင်ရင် သူ့ Framework စာမျက်နှာက အနီရောင်ပေါ်နေတာကိုမြင်မှာပါ။ Framework ထဲကိုဆက်ဝင်ကြည့်ပါ။ install / update ကိုတချက်နှိပ်ပါ။ Root မရှိတဲ့စာတန်းပေါ်လာပါလိမ့်မယ်။ dev rom သုံးထားတဲ့သူက ပြန်ထွက်ပြီး Security app ထဲသွားလိုက်ပါ။ permission ကနေ Root access ကတဆင့် Xposed ကို root access ရအောင် ၅ စက္ကန့် တစ်ကြိမ် (၅ ကြိမ် ) နှိပ်ပေးရင် ရပါပြီ။ Security app ကနေပြန်ထွက်ပြီး Xposed ရဲ့ Framework ထဲမှာ install /update ကိုပြန်နှိပ်ပါ။ ပေါ်လာတဲ့စာတန်းမှာ yes ရွေးပါ။ ဖုန်း Reboot ဖြစ်ပြီး တခါပြန်ဖွင့်လာပါတယ်။

Stable rom သုံးထားတဲ့သူကျတော့ install / update နှိပ်တဲ့အချိန်မှာ supersu က root access ပေးဖို့ တောင်းပါတယ်။ grant ပေးလိုက်ပြီး yes နဲ့ နှိပ်ပေးရင် ဖုနါး Reboot ဖြစ်ပြီးတခါပြနါဖွင့်လာပါတယ်။

၂။ Fonter pro 2.5

https://my.pcloud.com/publink/show?code=BUwitalK

Fonter pro ကို install ပြီးရင် Xposed ရဲ့ moduels ထဲဝင်ပြီး fonter ကိုဘေးနားကအကွက်မှာ on ပေးပါ။ back key နဲ့တချက်ပြန်ထွက်ပြီး Framework ထဲဝင်ပါ။ အောက်ဆုံးက Reboot ကိုနှိပ်ပေးပါ။ ဖုန်းပြန်ဖွင့်လာရင် အဆင်ပြေပါပြီ။

၃။ Fonter အသုံးပြုပုံကို အနည်းငယ်ရှင်းပြလိုပါတယ်။

Fonter pro ထဲဝင်ပြီး Myanmar font ကိုဒေါင်းရင်တချို့ မရပါဘူး။ ဒါကြောင့် လွယ်ကူတဲ့နည်းတခု ပြောပြပါမယ်။

Explorer မှာ fonter ဆိုတဲ့ folder မြင်ရရင် (မ မြင်ရလျင် Fonter app ကိုတကြိမ်ဖွင့်ပြီးဝင်ပါ။ ) fonter ထဲဝင်ပြီး fonts ဆိုတဲ့စာလုံးအသေးနဲ့ folder တခုလုပ်ပေးပါ။ ပြီးရင် အဲထဲကို ဇော်ဂျီ ttf ဖောင့်တွေကိုယူပြီးထည့်လိုက်ပါ။

Zawgyi font

https://my.pcloud.com/publink/show?code=3IwitalK

Fonter pro app ထဲဝင်ရင် Change app font ကိုနှိပ်ပါ။
Facebook ကိုရှာပါ။ ပြီးရင် ညာထိပ်ထောင့်က အတုံးကို on ပေးပါ။ Choose Font နှိပ်ရင် ခုနက ttf ဖောင့်ကိုမြင်မှာပါ။ ကြိုက်တဲ့ ttf ကိုရွေးပြီး Ok နှိပ်ပေးပါ။ ရပါပြီ။

စာရေးဖို့အဆင်ပြေဆုံး keyboard ကတော့ M3 keyboard ဖြစ်ပါတယ်။ Unicode လိုရိုက်ပြီး၊ အောက်ကပေါ်နေတဲ့ ဇော်ဂျီ ကိုနှိပ်ပေးရင် ဇော်ဂျီလို အမှန်ပေါ်လာပါတယ်။ ( play store တွင်ဒေါင်းယူပါ။ )

မှတ်ချက်။ ။ xposed disabler cwm.zip

https://my.pcloud.com/publink/show?code=IOwitalK

Xposed installer သုံးရင် xposed disabler cwm.zip ကိုဆောင်ထားဖို့လိုပါတယ်။ တခါတရံ ဖုန်း logo ရပ်နေတာမျိုး၊ ပြန်မဖွင့်လာတဲ့အချိန်မျိုးမှာ ဒီ zip ဖိုင်ကို Recovery mode ကနေ install zip > choose zip from sdcard ကတဆင့် flash ပေးရင် ဖုန်းပြန်ဖွင့်လာပါတယ်။ ဒါကြောင့် zip ဖိုင်ကို Explorer ရဲ့ folderအပြင်မှာ အဆင်သင့်ဆောင်ထားပါ။

Credit to တောင်ပေါ်သား
၃ရက် ၆လပိုင်း ၂၀၁၅
၁:၅၀ ညနေ

အပိုင်း ( ၂ )

Mi 4 များအတွက် Theme

Mi ရဲ့ theme တွေဟာလှပလွန်းသလို၊ အရေအတွက်လဲများပြားပါတယ်။ အခမဲ့ လဲရှိသလို၊ credit card ပေးချေပြီးမှ သုံးခွင့်ရနိုင်မယ့် theme တွေလဲရှိပါတယ်။
ရိုးရိုး အခမဲ့ theme တွေကိုအသုံးပြုနည်းအကြောင်း ဦးဆုံးပြောပြချင်ပါတယ်။ Mi ရဲ့ Theme တွေကို အသုံးပြုနိုင်ဖို့ Mi account ရှိဖို့လိုအပ်ပါတယ်။

Mi 4 မှာ mi a/c တခုပြုလုပ်ပုံကိုရှင်းပြပါ့မယ်။

Gmail a/c ရှိဖို့လိုပါတယ်။ google service သွင်းထားပြီးသားဖြစ်ရပါမယ်။

google apps တွေကို ဒီလင့်ကနေ apps တခုချင်းကို install ပြီးသုံးနိုင်ပါတယ်။ ( ၇ လကျော်သုံးထားပြီးသားမို့အဆင်ပြေပါတယ်။ )

https://my.pcloud.com/publink/show


ဂူးဂဲလ် apps သွင်းပြီးပြီဆိုရင်

Phone settings > ACCOUNTS > Add နေရာမှာ google ကို click ပါ။
Existing နှင့် New ဆိုပြီးတွေ့ ရမှာပါ။ ရှိထားပြီးသား တခုကိုသုံးလိုက Existing ၊ အသစ်တခုသုံးလိုကNew ကို click ပါ။
New ဖြင့် gmail a/c ဖွင့်ပြီးပြုလုပ်သည့်နည်းကိုပြောပြပါ့မယ်။

  • Phone settings > Add account > google ကိုနှိပ်လိုက်ပါ။
  • New ကို click ပြီးက နာမည်ရေးရန် First နှင့် Last တွင် ကြိုက်ရာ နာမည်ရေးပါ။ မြန်မာလိုလဲရပါတယ်။
  • > ကိုနှိပ်ပါ။
  • Email address တွင် english လို နာမည်တခုရေးပါ။
  • အသုံးပြုဖို့ အဆင်မပြေပါက > Touch for suggestions ဆိုသည့်စာတန်းပေါ်လာမှာပါ။ နှိပ်ပြီးကြိုက်တဲ့နာမည်ကိုရွေးပေးပါ။Try again ကိုနှိပ်ပါ။
  • Password နေရာပေါ်လာလျင် စာလုံးရေ ၈ လုံးနှင့်အထက်ရေးထည့်မှအဆင်ပြေမှာပါ။ ရေးပြီးလျင်> ကိုနှိပ်ပါ။
  • Set up recovery options နှင့် Not now စာတန်းပေါ်လာလျင် Not now ဖြင့်ကျော်ပါ။
  • Google services > Communication > နှိပ်ပါ။
  • Finish account >
  • I accept ကိုနှိပ်ပါ။ Saving account ပေါ်ပြီး
  • Type the text you see here တွင် ပေါ်သောစာအတိုင်းရေးဖြည့်ပါ။ > နှိပ်ပါ။
  • Saving account ပြီးလျင် google ၏ ငွေပေးချေမှု မြင်ရမယ်။ ကျော်ပါ။
  • Account sign in successful စာတန်းပေါ်လာပြီးလျင် > ကိုနှိပ်ပါ။Gmail account ဖွင့်ခြင်းပြီးပါပြီ။

Mi Account
     
  • Phone Settings > ACCOUNTS >Mi account ကိုနှိပ်ပါ။
  • Sign in နှင့် Create Mi account တွေ့မယ်။
  • Create Mi account ကိုနှိပ်ပါ။
  • Create mi account using other ways ကိုနှိပ်ပါ။
  • Create account using email ကိုနှိပ်ပါ။
  • Email address နှင့် password တွင် ခုနကဖွင့်ထားသော email ကိုသုံးပြီးရေးဖြည့်ပါ။
  • Creat an account ကိုနှိပ်ပါ။
  • Enter code ကွက်လပ်တွင် ပေါ်နေသောဘေးနားကစာအတိုင်းရေးဖြည့်ပါ။Ok နှိပ်ပါ။
  • Your account hasn't been activated ဆိုသည့်စာတန်းအောက်၌ ( Go to your ) ဆိုသည့်အစိမ်းရောင် စာတန်းကိုနှိပ်ပါ။
  • Browser ထဲသို့ရောက်သွားပြီးလျင် တရုတ်လိုစာပေါ်လာမယ်။
  • Browser ရဲ့အောက်ဆုံးနားမှာ English ဆိုတဲ့စာတွေ့ရင် နှိပ်လိုက်ပါ။ English လိုအကုန်ပေါ်လာမယ်။
  • Email / phone number / mi account ID နေရာမှာ
  • မိမိရဲ့ ခုနက email address ကိုရေးဖြည့်ပေးပါ။
  • Password တွင်လဲ ခုနက password ကိုရေးဖြည့်ပေးပါ။ပြီးလျင် Sign in ကိုနှိပ်ပါ။
  • Mi account sign out
            Email
            Phone
            Password ဆိုသည့်စာတန်းပေါ်လာလျင်ပြီးပါပြီ။
  • Phone settings > ACCOUNTS >Mi account သို့ပြန်ဝင်ကြည့်ပါ။ sign in နှိပ်ပါကအဆင်ပြေသွားပါပြီ။ Mi ID နံပါတ် လဲရသလို၊ မိမိဖုန်းနံပါတ်ကိုလဲ Activated ပြုလုပ်ပြီးသားဖြစ်သွားပြီဖြစ်သောကြောင့်အသုံးချ၍ရပါပြီ။


မှတ်ချက် ... Mi Account မှ Sign out လုပ်ချင်ရင် password ကိုမှန်အောင်ရေးထည့်မှ ရနိုင်ပါသောကြောင့် password ကိုမမေ့ရန် အရေးကြီးသည်။ မေ့သွားပါက forget password ဖြင့် email link ဖြင့်သာ ပြန်ချိန်း၍ အဆင်ပြေမည်။

Mi account ရပြီဆိုရင် Theme ထဲဝင်ပြီး အခမဲ့ themes တွေကို ဒေါင်းပြီးသုံးလို့ရသွားပါပြီ။ ဒါပေမဲ့ credit တွေကျတော့ ပိုလှပြီး၊ ပိုကောင်းပါတယ်။ credit card ပေးချေဖို့ အခက်အခဲမရှိသူတို့အတွက်ကျတော့ ပြသာနာမရှိပေမဲ့၊ မြန်မာလို၊ နေရာကနေ credit card အတွက်အခက်အခဲဖြစ်နေသူတို့အတွက် အခမဲ့ရယူနိုင်မယ့်နည်းလမ်းကိုပြောပြပါ့မယ်။

  • ၁။ Xposed installer 2.7.1
  • ၂။ Paid theme
  • ၃။ Theme authorization
  • ၄။ iFont

ဒီ ( ၄ ) မျိုးလိုအပ်ပါတယ်။

paid theme apk ဒေါင်းရန်

https://my.pcloud.com/publink/show?code=INwitalK

theme authorization apk ဒေါင်းယူရန်

https://my.pcloud.com/publink/show?code=03witalK

iFont 5.5.2 apk ဒေါင်းရန်

https://my.pcloud.com/publink/show?code=8GwitalK

Xposed installer အသုံးပြုနည်းကို အထက်မှာဖတ်ပြီးသားမို့ အကျယ်မရှင်းတော့ပါဘူး။
iFont က paid theme တွေကိုအသုံးပြုချိန်မှာ default ကိုပြန်မရောက်ဖို့အတွက် အထောက်အကူပေးတဲ့ ထောက်တိုင်လို့သတ်မှတ်လို့ရပါတယ်။ သူ့ကို install ပြီးရင် xposed ရဲ့ moduels မှာ on ပေးထားဖို့ပါပဲ။

Paid theme, Theme authorization နဲ့ iFont တွေကို install ပြီးရင် xposed ရဲ့ moduels မှာ on ပေးပြီး xposed ရဲ့ framework ကတဆင့် Reboot ကိုနှိပ်ပါ။ ဖုန်းပြန်ဖွင့်လာရင် Theme app ထဲဝင်ပြီး paid theme တွေကို အခမဲ့ free ရယူသုံးစွဲနိုင်ပါပြီ။

အပိုင်း ( ၃ )

Mi 4 အတွက် System 1 / 2 or Dual Switch အသုံးချနည်း

Mi 4 မှာမတူညီတဲ့ Rom တွေကို system 1 မှာ တမျိုး၊ 2 မှာ တမျိုး ထည့်သုံးနိုင်ပါတယ်။ ဥပမာ System 1 မှာက Stable rom or Lollipop Android 5.1 သုံးပြီး System 2 မှာက dev rom ကိုထည့်ပြီးသုံးလို့ရပါတယ်။
System 1 ကနေ 2 ကိုလဲ ၂ မိနစ်အတွင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ System 1 ကို Lollipop ထည့်ပြီး System 2 ကို dev rom ထည့်သုံးတဲ့နည်းအကြောင်း ရှင်းပြပါ့မယ်။ လိုအပ်တဲ့ အချက်အလက်များနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်ကိုတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Mi 4 C နဲ့စမ်းသပ်ထားတဲ့ ပုံကိုကြည့်ပြီး၊ ပုံထဲကအတိုင်းပြုလုပ်နိုင်ပါတယ်။

Flashing guide pictures ( Lollipop test with Mi 4 C ) နမူနာပုံအားဒေါင်းယူရန်

https://my.pcloud.com/publink/show


ပြုလုပ်ပုံအဆင့်ဆင့်နမူနာ စာအားဒေါင်းယူရန်

https://my.pcloud.com/publink/show?code=IbCitalK

MIUI Mi 3/ 4 Android Lollipop 5.1.1 Rom download link
http://en.miui.com/thread-96987-1-1.html

MIUI Mi 3/4 Gapps for Lollipop 5.1.1 download link

http://fitsnugly.euroskank.com/?rom=banks&device=gapps

MEGA download link

https://my.pcloud.com/publink/show?code=JbCitalK

SuperSu download link

https://my.pcloud.com/publink/show?code=JmCitalK

CWM Recovery cancro r8 for Mi 3 / 4 download link

https://my.pcloud.com/publink/show?code=t2l

Dualboot switch app for Mi 3 /4 download link

https://my.pcloud.com/publink/show?code=LbCitalK

Mi 4 Lollipop မှာ Facebook ကိုဇော်ဂျီလိုမြင်ချင်ရင်အောက်ပါအတိုင်းပြုလုပ်ပေးရင် အဆင်ပြေပါတယ်။ လိုအပ်တဲ့ အရာတွေကတော့

  • ၁။ Xposed installer 3.0
  • ၂။ Fonter
  • ၃။ Xposed arm zip ဖိုင် တို့ပဲဖြစ်ပါတယ်။

Xposed for Lollipop 5.1.1 download link

https://my.pcloud.com/publink/show?code=nmCitalK

Fonter for Lollipop 5.1.1 download link

https://my.pcloud.com/publink/show?code=MmCitalK

Xposed arm for 5.1.1 download link

https://my.pcloud.com/publink/show?code=XSCitalK

Guide for using Xposed on Lollipop 5.1.1

  • ၁။ Xposed installer 3.0 ကို install ပေးပါ။

  • ၂။ CWM recovery mode သို့ သွားပါ။ power off ပြီး power key + volume up တွဲဖိပေးရင်ရောက်သွားပါမယ်။

  • ၃။ install zip ကတဆင့် choose zip from sdcard ကနေ xposed arm 20150308 5.1.zip ကိုတစ်ချက်နှိပ်ပေးပါ။

  • ၄။ un trusted ဖိုင်ကို install မလားလို့မေးလာရင် yes နှိပ်ပေးပါ။

  • ၅။ install ပြီးရင် Reboot system now နှိပ်ပါ။ ဖုန်းပြန်ဖွင့်လာဖို့ အနည်းဆုံး မိနစ် ၂၀ ခန့်ကြာနိုင်ပါတယ်။

  • ၆။ ဖုန်းဖွင့်လာပြီးရင် Xposed moduel မှာ Fonter ကို on ပြီး reboot လုပ်ပေးပါ။

  • ၇။ Fonter နဲ့ Facebook ကိုကြိုက်ရာဖောင့်ထည့်သုံးနိုင်ပါပြီ။

Credit to တောင်ပေါ်သား , Myanmar Mi Fans Facebook Group
May 26 : 11: 40 am

Wednesday, June 3, 2015

မိမိရဲ့ ကွန်ပျူတာကနေ WIFI ပြန်လွင့်ပြီးသုံးချင်သူတွေအတွက်

Credit to Rakha Nwe , Myanmar mobile helper group

SCRIPT ရဲ့ SOURCE CODE တွေကိုပါတင်ပေးလိုက်ပါတယ်…

အသုံးပြုနည်းကတော့ BAT FILE ကို ဒီအတိုင်းအသုံးပြုလို့မရပါဘူး….

(ဒါဆို ကပြီးတော့ သုံးရမှာလား ) ဟုတ်ကဲ့ SCRIPT ကို R-CLICK နှိပ် RUN AS ADMINISTRATOR နဲ့ RUN ပေးမှအလုပ်လုပ်မှာပါ…

ဘာဖြစ်လို့လဲဆိုတော့ ဒါက ADMINISTRATOR PREVILLAGE ရမှအလုပ်လုပ်လို့ပါပဲ….

Q . အသုံးပြုမယ်ဆို ရင် ဘာတွေရှိထားရမှာလဲ…

A . ဟုတ်ကဲ့ WIFI NETWORK ADAPTER တစ်ခုပဲလိုပါတယ်… LAPTOP မှာဆို WIFI ပါတဲ့ LAPTOP ပါရင်ကိုရပါတယ် ဘာမှမလိုပါဘူး…

Q . ဘာတွေမှာအသုံးဝင်လဲ…

A. မိမိကွန်ပျူတာမှာရှိတဲ့ FILE တွေ ကို SHARE လုပ်ချင်တဲ့အခါ ဒါမှမဟုတ် ကွန်ပျူတာက iNTERNET ကို WIFI ပြန်လွင့်ချင်တဲ့အခါအသုံးပြုနိုင်ပါတယ်… INTERNET SHARE မယ်ဆိုရင် SETTING သွားချိန်ပေးဖို့လိုအပ်ပါတယ်…

Q. WIFI ကိုကိုယ်ကြိုက်တဲ့အမည်နဲ့ PASSWORD ပေးထားလို့ရလား...

A. ဟုတ်ရတာပေါ့ဗျာ….

Q လွင့်တာရောဖမ်းတာရော WIFI တစ်ခုတည်းနဲ့အလုပ်လုပ်လို့ရသလား…

A. ဟုတ်ကဲ့ ရပါတယ်…

ကဲ အဲတာကိုစမ်းကြည့်လိုက်ကြရအောင်… SOFTWARE မလိုတော့ဘူးပေါ့…

============================================

@ECHO OFF

TITLE BAT GROUP WIFI HOTSPOT SCRIPT :P

COLOR F0

SET varName=BATWIFI

SET varPassword=Password

:BEGIN

CLS

ECHO.

ECHO.

ECHO.

ECHO.

ECHO. 1. SHOW WIFI DEVICE (ALLOW OR NOT)

ECHO. 2. CONFIGURE WITH START

ECHO. 3. START WIFI HOTSPOT

ECHO. 4. STOP WIFI HOTSPOT

ECHO. 5. EXIT

ECHO.

ECHO.

ECHO.

SET /p CHOICE=Enter number you want:

if %CHOICE% == 1 GOTO DEVICE

if %CHOICE% == 2 GOTO CONFIGURE

if %CHOICE% == 3 GOTO START

if %CHOICE% == 4 GOTO STOP

if %CHOICE% == 5 GOTO EXIT

ECHO. Enter Number Between (1 To 5)

Pause

GOTO BEGIN

:DEVICE

Msg * Please Check your hosted network supported or not. Good Luck!

netsh wlan show drivers

PAUSE

GOTO BEGIN

:CONFIGURE

SET /P varName=Enter Hotspot Name:

SET /P varPassword=Enter Password More than 8 Character:

:START

netsh wlan set hostednetwork mode=allow ssid=%varName% key=%varPassword%

netsh wlan start hostednetwork

msg * Network Name : %varName% Password : %varPassword%

PAUSE

GOTO BEGIN

:STOP

netsh wlan stop hostednetwork

PAUSE

GOTO BEGIN

:EXIT

EXIT

Credit to Rakha Nwe , Myanmar mobile helper group