Thursday, April 23, 2015

Gamer တွေအတွက်

အခုခေတ်မှာဆို game ဆော့တာတွေက ပိုမို ခေတ်စားလာနေပါပြီ။ အနောက်နိုင်ငံတွေမှာ game ဆော့တာဟာ မထူးဆန်းတော့ပေမယ့် မြန်မာနိုင်ငံမှာတော့ တချို့ ရှေးလူကြီးတို့အမြင်မှာ ထူးဆန်းလျှက် ရှိနေတုန်းပါပဲ။ ဒါပေမယ့် game ဆော့တာဟာ ပျော်ရွှင်မှုသက်သက် ရဖို့ချည်း မဟုတ်ပဲ စဉ်းစားတွေးခေါ်ပုံ ဗဟုတရရှိမှု တွေပါ အများကြီး အကျိုးရှိစေတယ်ဆိုတာကို လူတော်တော်များများ သိလာပါပြီ။ ဒါပေမယ့် game ဆော့တာဟာ တနေရာတည်းမှာ အကြာကြီးထိုင်ပြီး တခုတည်းကို အာရုံစူးစိုက် ကြည့်ရတယ်ဆိုတာ သာမာန်လူတွေ ကအစ သိကြပါတယ်။ အဲဒါဟာ ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လဲသိကြပါတယ်။ ဒါကြောင့် တချို့လူတွေက game ဆော့တာကို မကောင်းမြင်နေကြပါတယ်။ gamer တွေအတွက် ကျန်းမာရေး ဂရုစိုက်ရမယ့် နည်းလမ်းတွေ ပြောပြပါမယ်။


Gamer တွေအတွက် အဓိက အထိခိုက်ဆုံးကတော့ မျက်စိပါပဲ။ game ထဲ စိတ်ဝင်စားလာတဲ့ အခါ မျက်စိ ကို ပို အလုပ်လုပ်ခိုင်းမိတယ်။ သာမာန်အချိန်တွေမှာဆို မျက်တောင်က ၁မိနစ်ကို ပျမ်းမျှ အကြိမ် ၅၀ လောက်ခတ်ပါတယ်။ မျက်တောင်ခတ်တာဟာ မျက်စိ အလုပ်လုပ်လို့ ညောင်းညာနေတာ ခဏလောက် အနားပေးလိုက်တာပါ။ game ဆော့တဲ့ အချိန်မှာတော့ မျက်တောင်ခတ်တာ ၅ ဆလောက် နည်းသွားပါတယ်။ ဒါနဲ့ပဲ မျက်စိ ညောင်းညာလွန်းတဲ့အခါ မျက်စိ ကိုက်တာတို့ ခေါင်းထိုးတာတို့ မျက်ရည်ပူကျတာတို့ ဇက်ကြောတက်တာတို့ ဖြစ်လာပါတယ်။

 ဒါကြောင့်
  • မျက်စိကို အကြာကြီး စူးစိုက်ကြည့်မခိုင်းပါနှင့်။
  • ၁နာရီခြား တခါ ဒါမှမဟုတ် သတိရတဲ့အချိန် ဆော့တာ ခဏလောက်ရပ်ပြီး ၁မိနစ် ဖြစ်ဖြစ် (ငါးမိနစ် လောက်ဆို ပိုကောင်းပါတယ်) အဝေးကို ငေးကြည့်ပေးပါ။
  • မနက်စောစော ထလာရင် အစိမ်းရောင် သစ်ပင်အုပ်ကြီးတွေကို ဘာမှ မတွေးပဲ မျက်စိကို အားမစိုက်စေပဲ ငါးမိနစ်လောက် ငေးကြည့်ပေးပါ။
  • မျက်စိကို အားရှိစေတဲ့ အနီရောင် ရှိတဲ့ အစားစာ ဥပမာ မုန်လာဥနီတို့ ဖရဲသီးတို့ လိုမျိုးကို များများစားပေးပါ။ vitamin အစုံပါတဲ့ အားဆေး အထူးသဖြင့် vitamin A များများပါတဲ့ ဆေးမျိုး စားပေးပါ။
  • မျက်စိ ညောင်းညာလွန်းရင် ပြင်ညီပေါ်မှာ ပလက်အိပ်ပြီး မျက်စိ မှိတ်ထားလိုက်ပါ။
  • မျက်စိရှိရာ မျက်လုံးဘေးတဝိုက်ကို လက်ညှိုးလက်မသုံးပြီး ဖွဖွ နှိပ်နယ်ပေးပါ။
  • မျက်လုံးကို သခွားသီးချပ် အုံပေးပါ။ မျက်စိကို အေးမြစေပြီး ညောင်းညာတာ ပြေပျောက်စေပါတယ်။
  • ညအမှောင်ကြီးမှာ မဆော့ပါနှင့်။ အလင်း မျှမျှတတ ရှိတဲ့ နေရာမှာပဲ ဆော့ပါ။
  • နောက်တချက် game ဆော့များတာဟာ အထိုင်ကြာပြီး လှုပ်ရှားမှု နည်းစေတဲ့အတွက်ကြောင့် အဝလွန်တတ်ပါတယ်။ ကျန်းမာရေး ထိခိုက်စေတတ်ပါတယ်။ တချို့က ဆော့ရင် ခြေကို တင်ပလင်ခွေပြီး ထိုင်ဆော့တတ်လို့ အကြောပြတ်တာတို့ ခြေသလုံးအားမရှိတာတို့ ခြေချင်းဝတ် နာကျင်တာတို့ ဖြစ်တတ်ပါတယ်။ အထိုင်များလွန်းရင် တင်ပါးမှာ အနာပေါက်တတ်ပါတယ်။ ဒါကြောင့် သတိရတဲ့အချိန် ခဏလောက် ထရပ်ပေးပါ။
  • ထိုင်နေစဉ်မှာလဲ အကြာကြီး တင်ပလင်ခွေ မထိုင်ပါနှင့်။ တနာရီခြား တခါလောက် ထိုင်တဲ့ပုံစံ ပြောင်းပေးပါ။
  • ထိုင်နေလျက် ခြေထောက်ကို ၁ မိနစ်လောက် ဖြောင့်တန်းလိုက် ပြန်ချလိုက် လှုပ်ရှားပေးပါ။
  • ညနေ ရေမချိုးခင် ၅ မိနစ်လောက် ထိုင်ထ အခေါက် ၂၀ (၅ခေါက် တခါစီ ၁၀ခေါက် တခါစီ လည်း ရပါတယ်) ဖားခုန်၊ အမြင့် ခုန် စတဲ့ လေ့ကျင့်ခန်း မျိုး လုပ်ပေးပါ။


နောက်ပြီး ကျောင်းစာကိုလဲ ပစ်ထားလို့ မရပါဘူး။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို အတန်းပညာမအောင်၊ ဝေလေလေ၊ game ချည်းပဲ နင်းကန်ဆော့ပြီး ကျန်းမာရေးဂရုမစိုက်ပဲ ရှုနာရှိုက်ကုန်းပုံ ဖြစ်တာမျိုး လိုချင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်သားသမီး ပျော်ရွှင်အောင် ဝယ်ပေးထားတာကို ဒီလိုမျိုး ဖြစ်လာရင်တော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဟာကိုယ် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ game ဆော့ချိန်ဆော့ စာဖတ်ချိန် စာဖတ် နဲ့ မိဘလိုချင်တဲ့ နေရာ အဆင့်အတန်း ရည်မှန်းချက်ကို ပြည့်ဝအောင် လုပ်ပေးလိုက်ရင် မိဘလဲပဲ ပီတိဖြစ်၊ သူတို့ ပိုက်ဆံကုန်ရကျိုးနပ်မယ် မဟုတ်လား။

Game ဆော့တာဟာ ပျော်ရွှင်မှု သက်သက် ရဖို့ချည်း မဟုတ်ပဲ game ကနေ အကျိုးရှိတဲ့ အချက်အလက်တွေ ဘဝမှာ အသုံးဝင်နိုင်တာတွေ တွေ ယူထုတ် တတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ game ထဲမှာ ကိုယ်ဇာတ်ကောင်က အန္တရာယ်နဲ့ ကြုံလာရင် ဘယ်လို လုပ်တယ်။ ဘယ်လို စိတ်ထားမျိုးနဲ့ ကျော်ဖြတ်ခဲ့တယ်။ အခက်အခဲတွေ့လာရင် ဘယ်လို ဖြေရှင်းတယ်။ ဒီနည်းလမ်းမရရင် ဘယ်လိုမျိုးနဲ့ ကျော်ဖြတ်ခဲ့တယ်။ လက်တွေ့ ကိုယ့်ဘဝနဲ့ ယှဉ်ထိုး စဉ်းစားပြီး မကောင်းတာတွေပယ် ကောင်းတာတွေ ယူတတ်ရင် ဘဝအတွက် အကျိုးရှိမယ့် သင်ခန်းစာတွေ ရနိုင်ပါတယ်။

Game လည်းဆော့ရင်း ဘဝမှာအောင်မြင်ပြီး မိဘကို သိတတ်တဲ့ မိဘလိုအင် ဖြည့်ဆည်းပေးနိုင်တဲ့ သားသမီးကောင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

KSA

Redmi Note 4g Global/ China Rom 6.3.5.0 /Update /Root /Mmfont သွင်းနည်း

redmi note4g global/china rom 6.3.5.0

china Rom
http://www.mediafire.com/download/86mgf9bkdu3bdu6

Cwm recovery
http://www.mediafire.com/download/alac7xk1z3hkgy7

or
http://d-h.st/Fg2t

Supersu
http://www.mediafire.com/download/7bc8225l6tzo7xx

rom ရှိပီးသူများ ဒေါင်းရန်မလိုပါ…

cwm recovery ကို အရင်ဆုံး updater ကနေ flash ရပါမယ်… ဘယ်လိုသွားမလဲဆိုတော့ updater>select update package>choose cwm recovery ကို folder ထဲကနေ ရွေးပေးလိုက်ပီး တင်ပါ….

တကယ်လို့ ဒီနည်းနဲ့ မရခဲ့ဘူးဆိုရင်တော့ recovery mode ကိုဝင်ပီး install update.zip from sd card ဆိုတာနဲ့ flash လုပ်ရပါမယ်… အဲဒီ့လိုလုပ်ဖို့က ဒေါင်းထားတဲ့ဖိုင်ကို update.zip လို့ နာမည်ပြောင်းပီး ဘယ်ဖိုဒါထဲမှမထည့်ဘဲ အပြင်ဘက်မှာထားပါ…ဒါမှ တင်ရင် အဆင်ပြေပါမယ်…

reboot ပြန်တက်လာပီဆိုရင် supersu.apk ကို install လုပ်ပါ.. ပီးရင် အထဲကိုဝင်ပီး update လုပ်မလားမေးရင် လုပ်ပေးလိုက်ပါ…. reboot ပြန်တက်လာရင် အိုကေပါပီ…

မြန်မာဖောင့်အတွက်ကတော့ ဒါလေးကိုသုံးပါ…..
g730 mmfont changer (with root): http://www.mediafire.com/download/qjwn9cbyw21zrdi

ဒီချိန်ချာက သုံးရတာ အဆင်ပြေပါတယ် reboot ကျပီး ပြန်တက်လာလို့ logo မှာ အတော်ကြာကြာရပ်နေမယ်ဆိုရင် ဘတ်ထရီဖြုတ်ပီး ခနထား ပီးရင် ပြန်တပ်ပီး သုံးလိုက် အားလုံးအိုကေပါတယ်…


(global rom သမားများကတော့ ဒီအဆင့်ကို လုပ်ရန် မလိုတော့ပါ…)

Playstore အတွက်

china rom ဖြစ်တဲ့အတွက် google service တွေ မပါပါဘူး ဒါကြောင့် mi market>google installer ကိုဒေါင်းပီး အရင်ဆုံး playstore ကို install လုပ်ပါ... ဘာလို့လဲဆိုတော့ အဓိကလိုတာကလည်း ဒီတစ်ခုတည်းဖြစ်နေလို့ပါ ပီးတော့ အဲဒီ့ကနေ ဒေါင်းရင် update ပြန်ပြန်ပီး လုပ်ပေးနေရတာမို့ playstore ရပီဆိုမှ အဲဒီ့ကနေ ဒေါင်းပါ.. လောလောဆယ် ခုနက နေရာက ပြန်ဆက်မယ်.... page တခုတက်လာမယ်...အဲဒီ့ထဲမှာ google framework, acc sync နဲ့ အားလုံးပေါင်း 4 file မြင်ရမယ် အောက်ဆုံးမှာ ဖုန်းပုံလေးရှိတယ် အဲဒါလေးကို နှိပ်ပီး အင်စတောလုပ်လိုက်ပါ... google playstore ကို homepage မှာ မြင်ရပီဆို အိုကေပါပီ..... အောက်ကလင့်မှလည်း ဒေါင်းပီး တင်နိုင်ပါတယ်ဗျ…


google installer
http://www.mediafire.com/view/ch6079ullt7xdfr

အောက် ကလင့် ကိုသုံးဖို့ cwm or twrp recovery က နေ install zip now ကို ရွေးပီး ဒေါင်းထားတဲ့ ဖိုင် လေးကို ရွေးပါ.. သွင်းပီးရင် reboot now လုပ် ပါ.. ပီးရင် 1mobile market လိုနေရာကနေ ပီးတော့ google play service ကို update လုပ်ပေးလိုက်ပီး reboot ချ ပြန်တက်လာရင် ရပါပီ

…………………………………………………………………………………..

အောက်က ဖိုင်ကိုသုံးမယ်ဆိုရင်တော့ cwm recovery လိုပါတယ်.. အဲဒီ့ကနေပီး ဒီဖိုင်လေးကို install လုပ်ပါ... ပီးရင် reboot now လုပ်ပါ ပြန်တက်လာရင် playstore ကို home page မှာ မြင်ရပါလိမ့်မယ်.........

Gapps. 4.4.x >>> http://www.mediafire.com/download/pa4d2vpwcp6vi38/4.4.X-GAPPS.zip


အဆင်ပြေပါစေ
t.h.ag

Credit to Tin Htay Aung  from Myanmar Mi Fan facebook group

Friday, April 10, 2015

Hair Style


အိမ်နေရင်းကနေ ထသွားထလာ အဆင်ပြေ လွယ်ကူ စမတ်ကျကျ ပြင်ဆင်နိုင်တဲ့ ဆံပင် ပြင်ဆင်နည်းတွေပါ။ သူငယ်ချင်းတွေနဲ့ လည်ပတ်ရင်ပဲ ဖြစ်ဖြစ် အလှူပွဲတို့ မွေးနေ့ပွဲတို့ သွားရင်လဲ ပြင်ဆင်နိုင်တဲ့ လွယ်ကူတဲ့ ဆံပင်ပုံစံ ပြင်ဆင်နည်းတွေပါ။
















Wednesday, April 8, 2015

လုပ်ငန်းခွင်မှာ ဆောင်ထားသင့်တဲ့ ဘိလပ်မြေ ၂ မျိုး

ရိုးရိုး ဘိလပ်မြေ (ordinary portland cement) နဲ့ ဖျော်ထားတဲ့ ကွန်ကရစ်ကို ကွန်ကရစ်ခင်းပြီး နာရီပိုင်းအတွင်းမှာ မမာသေးလို့ အသုံးမပြုနိုင်တာ အားလုံး သိကြမယ် ထင်ပါတယ်။

ကွန်ကရစ်လမ်းတွေ ပျက်နေလို့ ၊ ကွန်ကရစ်တံတား ကြမ်းခင်းတွေ ပေါက်နေလို့ လူကြီးလမ်းကြောင်း မလာခင် အချိန်တိုအတွင်း လက်ပူတိုက် တပွဲထိုး ပြင်ရမယ့် အစိုးရအလုပ်က သူငယ်ချင်းတွေ သုံးသင့်တဲ့ ဘိလပ်မြေ ၂ မျိုး အကြောင်း ဖြစ်ပါတယ်။ ဒီ ၂ မျိုးကို လုပ်ငန်းခွင်မှာ ဆောင်ထားသင့်ပါတယ်။

၁။ Magnesium Phosphate Cement (MPC)

ဒီဘိလပ်မြေကို သုံးရင် ဖျော်ပြီး ချက်ခြင်း ခင်းရပါမယ်။ ဖျော်ပြီး ၁၅ မိနစ်လောက် အတွင်းမှာ final setting ဖြစ်ပြီး မာသွားပါတယ်။ ၂ နာရီ အတွင်းမှာ အသုံးပြုလို့ ရပါပြီ။ ကွန်ကရစ်တံတား ကြမ်းခင်းတွေ၊ ကွန်ကရစ်လမ်းတွေဆိုရင် ၂ နာရီအတွင်း ကားတွေ ဖြတ်လို့ရပါပြီ။ အအေးခန်း စက်ရုံတွေရဲ့ ကြမ်းခင်းတွေမှာလည်း သုံးသင့်ပါတယ်။

ဒါပေမယ့် အချိန်တိုအတွင်း high early strength တက်တဲ့ ဘိလပ်မြေတွေရဲ့ chemical reaction တွေဟာ stable မဖြစ်ဘဲ အချိန်ကြာရင် strength ပြန်ကျတတ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ concrete Structural members တွေဖြစ်တဲ့ building's beams, columns , slabs စတာတွေမှာအသုံးမပြုရပါဘူး။

၂။ High Alumina Cement (HAC)

ဒီ Cement ကလည်း အချိန်တို အတွင်းမာပြီး strength မြန်မြန်တတ်တဲ့ Rapid hardening , high early strength အမျိုးအစား ဖြစ်ပါတယ်။ ၂၈ ရက်မှ ရမယ့် compressive strength ကို ၂၄ နာရီအတွင်း ရနိုင်ပါတယ်။ ဒါပေမယ့် strength မငြိမ်ပါဘူး။ နှစ်အနည်းငယ် ကြာရင် ဘိလပ်မြေထဲမှာပါတဲ့ chemical တွေ နောက်ထပ် ဓါတ်ပြု ပြီးကွန်ကရစ် strength တွေ ကျလာပါတယ်။

သူ့ကို ကွန်ကရစ် ကားလမ်း၊ တံတားကြမ်းခင်း၊ လေယာဉ်ပြေးလမ်းတွေ ပြင်တဲ့ နေရာမှာ သုံးပါတယ်။ မြန်မြန် strength ရတော့ မြန်မြန် လမ်းဖွင့်ပေးလို့ ရပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့ ဒေသတွေနဲ့ အက်ဆစ်သုံးတဲ့ နေရာတွေမှာ သုံးကြပါတယ်။ တခြား ဘိလပ်မြေတွေထက် ပိုပြီး အက်ဆစ်ဒဏ်ခံနိုင်တယ်။

အရေးကြီးတဲ့ ကွန်ကရစ် Structural members တွေမှာ အသုံးမပြုဖို့ British Standard (BS) code က တားမြစ်ထားတဲ့ ဘိလပ်မြေ အမျိုးအစားတခုက High Alumina Cement ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ ၁၉၇၆ ကတည်းက တားမြစ်ထားတာပါ။ ဒါကြောင့် BS code ကို ယူသုံးတဲ့ စလုံးမှာ ဒီဘိလပ်မြေကို Structural members တွေမှာ မသုံးရပါဘူး။

မြန်မာပြည်မှာလည်း ဒီ ဘိလပ်မြေ အမျိုးအစားတွေကို အရေးကြီးတဲ့ နေရာတွေမှာ အသုံးမပြုဖို့ တားမြစ်ထားသလား မသိပါဘူး။ တားမြစ်ထားတယ်ဆိုရင်လည်း ဘယ်တုန်းက ဘယ် အစိုးရဌာနက တားမြစ်တယ်ဆိုတဲ့ data ကို မသိရသေးပါဘူး။

သင်ခဲ့ဖူးတဲ့ လက်ချာတခုကို အကျဉ်းချုံးထားတာ ဖြစ်ပါတယ်။

မြန်မာမြို့ပြအင်ဂျင်နီယာ

Credit to Original Uploader