သင့် Xiao Mi ဖုန်းလေး လိုဂိုမှာရပ်ပီး brick ဖြစ်သွားသောအခါ

သင့်ဖုန်းလေး လိုဂိုမှာရပ်ပီး brick ဖြစ်သွားသောအခါ..

သင့်ဖုန်းကို fastboot mode နဲ့ဝင်ပီး computer နဲ့ချိတ်လို့ ကွန်ပျူတာက သိတယ်ဆိုရင်... နည်းလမ်း ၃ သွယ်နဲ့ rom ပြန်တင်လို့ရပါတယ်...

  • 1. Mi pc suite
  • 2. Mi flash tool or sp flash tool
  • 3. Custom recovery + fully rom

Mi Pc Suite

1. Mi pc suite
သူ့ကို အသုံးပြုမဲ့ကွန်ပျူတာက အင်တာနက်လိုပီး ဖုန်းကို fastboot နဲ့ဝင်ပီး ချိတ်လိုက်ပါ... official global rom ကို ဒေါင်းပီး တင်ပေးပါလိမ့်မယ်.. သူဒေါင်းတဲ့ဖိုင် format က .tgz ဆိုတဲ့ fastboot ပါ.. အဲဒါလေးကို သိမ်းထားချင်ရင်တော့ local D အောက်က mi pc suit folder ထဲမှာ ရှာပီး သိမ်းထားနိုင်ပါတယ်.... ဖုန်းတိုင်းကို မရပါ.. global ပဲ တင်လို့ရတယ်... china rom တင်လို့မရပါ....

Mi Flash tool or SP flash tool


2. Mi flash tool or sp flash tool..
သူကတော့ fastboot rom ကို ဒေါင်းပီး zip ဖြည်ရမယ်.. ပီးရင် အဆင့်တိုင်း လုပ်ရမယ်... စလုပ်ခါစ လူတွေအတွက် ခက်ခဲနိုင်ပါတယ်.. redmi note 3g,
redmi note2
Redmi note3 သမားတွေက mtk device မို့် sp flash သုံးရပါမယ်....
Mi flash tool က snapdragon မှာပဲ အလုပ်လုပ်ပါတယ်....
ကျွန်တော်လည်း မလုပ်ဖူးပါ.....

Custom recovery + fully room

3. Custom recovery + fully rom
ဒီနည်းကတော့ နားလည်ပါးရိုက်နည်းပါ... ကျွန်တော် အကြိုက်ဆုံးနဲ့ အသုံးပြုဖြစ်ဆုံးဆိုလဲ မများပါဘူး... fully rom ဆိုတာ fastboot rom လို ရှာရမခက်သလို လူအတော်များများမှာလဲ ရှိပီးသားပါ... ဒီတော့ ကွန်ပျူတာကနေ adb installer နဲ့ fastboot cmt မှာ စာတကြောင်း မှန်ကန်အောင် ရိုက်နိုင်ရင် custom recovery က ဖုန်းမှာပေါ်ပီမို့ ဖုန်းထဲမှာ ရှိပီးသား rom ကို တင်လို့ရပီ.... data တွေလဲ ပြန်ရနိုင်ပါတယ်... factory reset မလုပ်ခဲ့ရင်ပေါ့....

ကဲ ဒီနည်းလမ်း ၃နည်းမှာ ကြိုက်တာ ရွေးပါ... သင့်အတွက် အသုံးဝင်တဲ့နည်းတွေဖြစ်မယ် ထင်ပါတယ်..

Tout pi

Credit to Tin Htay Ag , Copy From Myanmar Mi Fan Facebook group

Post a Comment

0 Comments