Movie တွေကနေ gif image လေးတွေ လုပ်ကြမယ်

Movie ကနေ gif image တွေကို Video converter တွေကနေ လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ကွက်နဲ့တစ်ကွက် 1 sec လောက် ခြားနေတော့ ကြည့်ရတာ ရိုးရိုးပုံတွေကို စီထားပြီး တစ်ပုံချင်း အမြန် ကြည့်သလို ဖြစ်နေတတ်ပါတယ်။ online တွေမှာ ပြောင်းလဲ ရပါတယ်။ ဒါပေမယ့် movie တစ်ခုတစ်ခု တင်ဖို့ဆို အတော်လေး စောင့်ရပါတယ်။

 
ဒီလိုပုံမျိုး movie ကြည့်သလိုမျိုး အမြန်နှုန်းနဲ့ ရအောင် လုပ်ဖို့ လွယ်ပါတယ်။ Internet မလိုပါ။
  • Computer တစ်လုံးရယ်
  • Computer ထဲမှာ Video converter program တစ်ခု နဲ့
  • Adobe Photoshop CS5 (Or above) program တစ်ခုသာ လိုပါတယ်။

Movie ကနေ gif image လုပ်ရင် ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ gif image လုပ်ရင် အများဆုံး second 30 စာပဲ လုပ်လို့ ရမှာပါ။ ဒီထက်များရင် လုပ်လို့မရပါ။ program က error တွေ ပြပါတယ်။ နောက်ပြီး gif image ရဲ့ resolution (ပုံရဲ့ အလျား အနံ) က 640x480 ထိပဲ လက်ခံပါတယ်။ တကယ်လို့ resolution ကြီးကြီးနဲ့ ကြည့်ချင်ရင် movie ကြာချိန် ကို 5 second အောက် ထားမှ ရပါမယ်။ movie ကြာချိန်များချင်ရင် resolution လျော့ရပါမယ်။ ဒါတွေက လုပ်တဲ့အခါ ကိုယ်လိုချင်သလောက် ချိန်ဆပြီး လုပ်ရမှာပါ။

နောက်ပြီး တစ်ခု သတိထားရမှာက လုပ်ပြီးတဲ့အခါ ထွက်လာတဲ့ gif image size က 2 mbs အောက် ရောက်နေမှသာ facebook တို့ tumblr တို့ twitter တို့လို social site တွေမှာ share လို့ရမှာပါ။ Social site တွေက gif image တွေ 2mb ထက်ကျော်ရင် လက်မခံလို့ပါ။

Movie ကနေ gif image လုပ်မယ်ဆိုရင် အရင်ဦးဆုံး ကိုယ်လိုချင်တဲ့ အကွက်ရအောင် video ကို တည်းဖြတ်ရပါမယ်။



အခု ပုံမှာ တွေ့တဲ့အတိုင်း Xilisoft Video Converter Ultimate ဆိုတဲ့ program ကိုသုံးပြီး gif image လုပ်ချင်တဲ့ video ကို 15 second စာ တည်းဖြတ်လိုက်ပါတယ်။




ပြီးရင် video size (resolution) ကို 352x240 pixel နဲ့ mp4-MPEG4 Video format ကို convert လုပ်လိုက်ပါတယ်။



ထွက်လာတဲ့ video ကို နာမည် ပြောင်းလိုက်ပါတယ်။ gif image လုပ်တဲ့နေရာမှာ photoshop က file name တွေမှာ ‘’ . ’’ တွေပါတာ လက်မခံလို့ ပြောင်းလိုက်ရတာပါ။


ပြီးရင် photoshop cs 5 ကို ဖွင့်လိုက်ပါတယ်။ 


ပြီးရင် ပုံမှာပြထားတဲ့အတိုင်း File => Import => Videos Frames to Layers ကို နှိပ်လိုက်ပါတယ်။


Box လေးတက်လာရင် အဲ့ထဲမှာ ခုနက ပြောင်းလိုက်တဲ့ video file ကို ရှာပြီး ဖွင့်လိုက်ပါတယ်။


Box ကျလာရင် continue နှိပ်လိုက်ပါတယ်။


ပုံမှာ မြှားထိုးပြထားတဲ့ ဟာလေးကို နှိပ်လိုက်တဲ့အခါ mouse pointer က + ပုံစံ ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ 


ကိုယ် လိုချင်တဲ့အပိုင်းကို ရအောင် ဆွဲ လိုက်ပါတယ်။ 


ပြီးရင် Image => Crop ကို ရွေးနှိပ်လိုက်ရင် ကိုယ် select လုပ်ထားတဲ့အပိုင်းလောက်ပဲ ကျန်တာကို တွေ့ရပါမယ်။

 
လိုအပ်တဲ့အပိုင်းတွေ ထားပြီး မလိုတဲ့ အကွက်တွေကို ပုံမှာ ပြထားတဲ့နေရာမှာ ပုံတွေကို တစ်ပုံချင်းစီ ဒါမှမဟုတ် အပုံ အတွဲလိုက် လိုသလို select လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ |> ကို နှိပ်ပြီး ပုံအသွားအလာကို ကြည့်ပြီး ပုံတွေ ဖျက်လို့ရပါတယ်။ (အနီနဲ့ ဝိုင်းပြထားတာက delete ပါ)


ပြီးတဲ့အခါမှာတော့ File => Save for Web & Devices ကိုရွေးလိုက်ပါတယ်။


ဒီလို box လေးကျလာရင်တော့ ပုံထဲက အနီနဲ့ ဝိုင်းထားတဲ့နေရာ မှာရှိတဲ့ Colors နှင့် Dither ၂ခုကို ချိန် ညှိပေးရမှာပါ။ 

Colors က အများဆုံး 256 ကနေ 8 အထိ ရှိပါတယ်။ အဲဒါကို လိုသလို အတိုးအလျှော့ လုပ်ပေးရမှာပါ။ ဂဏန်းများရင် ထွက်လာတဲ့ ပုံရဲ့ နေရာပမာဏ က ကြီးသွားမှာပါ။ ဒါပေမယ့် ပုံက movie ကြည့်သလိုမျိုး အရောင်အသွေး စုံစုံလင်လင်နဲ့ ကြည့်ရမှာပါ။ 

Dither ကျတော့ ပုံအရောင်အသွေးကို ချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရာ ဖြစ်ပါတယ်။ Dither ကို လျှော့လိုက်ရင် ပုံက ကြမ်းတမ်းပြီး မွဲခြောက် သွားပါတယ်။ ထွက်လာမယ့်ပုံရဲ့ size ကို ကြည့်ပြီး အတိုးအလျှော့ လုပ်ပေးရမှာပါ။

ထွက်လာမယ့် ပုံရဲ့ size က ဘယ်မှာ ကြည့်ရမလဲဆိုရင်တော့ ပုံ ဘယ်ဘက် အောက်ဘက်က အနီရောင်နဲ့ ပြထားတဲ့နေရာကို ကြည့်ရမှာပါ။ အပေါ်က colors နဲ့ dither တို့ နည်းသွားရင် သူကပါ ပမာဏ နည်းသွားပါတယ်။ ကိုယ်ဘယ်လို အနေအထားမျိုးလိုချင်လဲ? လိုချင်သလောက် ပြုပြင်ယူရပါမယ်။ 

အခု ပုံထဲမှာတော့ Colors ကို 126 ၊ Dither ကို 50 ထားလိုက်ပါတယ်။ ထွက်လာမယ့် ပုံရဲ့ size ကတော့ 6.413 MB ဖြစ်ပါတယ်။


Setting အကုန်လုံး ချိန်ပြီးတာနဲ့ ပုံမှာ ပြထားတဲ့အတိုင်း Plays animation လုပ်ပြီး အဆင်ပြေမပြေ လိုချင်တဲ့အတိုင်း ရမရ အရင် ကြည့်ကြည့်ပါတယ်။ 

အကုန်လုံးအဆင်ပြေပြီဆိုရင်တော့ Save နှိပ်ပြီး သိမ်းလိုက်တဲ့အခါမှာတော့ Gif image ရလာပါတယ်။


Gif image ပုံတွေက ရိုးရိုး program တွေနဲ့ ဖွင့်လို့ မရပါ။ Browser သုံးပြီး ဖွင့်မှသာ လှုပ်ရှားတာကို မြင်ရမှာပါ။ ပြီးတော့ Browser မှာ Adobe Flash Player ရှိနေရပြီး Up to Date ဖြစ်နေရပါမယ်။ အခု ပုံထဲမှာတော့ ခုနက လုပ်လိုက်တဲ့ Gif image ပုံကို IE browser နဲ့ ဖွင့်ထားတာပါ။

ပြုလုပ်ရမှာ ကန့်သတ်ချက်တွေများပေမယ့် အကောင်းဆုံး အခိုက်အတန့်လေးကို ပြချင်တဲ့ သူများအဖို့တော့ ဒီ Gif image အမျိုးအစားတွေက အကောင်းဆုံးပါပဲ။ ပမာဏအများကြီးမလို၊ ပေါ့ပေါ့ပါးပါး၊ အင်တာနက်လိုင်းလဲ သိပ်မဆွဲတဲ့အပြင် social network site တွေမှာ ဝေမျှဖို့ အကောင်းဆုံးပါပဲ။


ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်သော နေ့ရက်လေး ဖြစ်ပါစေ။

KSA



Post a Comment

0 Comments