တိုးတက်အောင်မြင်တဲ့ဘဝ

(၁) သင့်ကိုယ်သင် မကောင်းတွေးတာမျိုး... မကောင်းပြောတာမျိုးကို ဘယ်တော့မှမလုပ်နဲ့...

(၂) ဘာသာတရားကိုင်းရှိုင်းပါ... သင့်အတွက် ဘယ်သူကမှမပေးနိုင်တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းအင်သတ္တိတွေကို ရရှိလာပါလိမ့်မယ်...

(၃) တခြားဘယ်သူနဲ့မှ သင့်ကိုယ်သင်မနှိုင်းယှဉ်ပါနဲ့... သင်ဟာ သူတစ်ပါးနဲ့ မတူတဲ့ တစ်မူထူးခြားသူဖြစ်ပါတယ်... ဒါကြောင့် သူတစ်ပါးကို ပုံတူကူးချဖို့မကြိုးစားပါနဲ့...

(၄) သင်မတတ်နိုင်တဲ့အရာတွေအပေါ် အာရုံစိုက်မနေပါနဲ့... သင့်လုပ်ကိုင်နိုင်စွမ်းအပေါ်မှာသာ အဓိကထားပါ...

(၅) သင်လုပ်ချင်တဲ့အရာ... သေချာလုပ်ချင်တဲ့အရာ.... အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်ချင်တဲ့အရာတွေကို ဖော်ထုတ်ပါ...

(၆) အများထဲက ကွဲထွက်ဖို့ သတ္တိရှိပါ... အမှန်တရားအတွက်ရပ်တည်ပါ... လူတွေအတွက်မရပ်တည်ပါနဲ့...

(၇) ဝေဖန်မှုတွေကို ကိုင်တွယ်နိုင်ဖို့ သင်ယူလေ့လာပါ... ဝေဖန်မှုတွေဟာ သင့်ကိုချိုးနှိမ်ပစ်မယ့်အရာမဟုတ်ဘဲ သင့်ကိုတိုးတက်စေမယ့် အရာဖြစ်ပါစေ...

(၈) တခြားသူတွေက သင့်ကိုအကဲဖြတ်တာ ခံမယ့်အစား ကိုယ့်တန်ဖိုးကိုယ် ဆုံးဖြတ်ပါ...

(၉) သင့်အားနည်းချက်ကို အမြဲမြင်အောင်ကြည့်နေတာဟာ တိုးတက်မှုလမ်းကြောင်းပေါ်မှာ သင်ရောက်နေတာပါပဲ...

(၁၀) နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝနဲ့ ပြုမူလှုပ်ရှားပါ... သင်အောင်မြင်ပါလိမ့်မယ်....

Photo from pixabay.com

Post a Comment

0 Comments