Silicone နဲ့ ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများအကြောင်း

ယခုခေတ်မှာ နည်းပညာထွန်းကားလာသည်နှင့်အမျှ အဘက်ဘက်မှ လူသုံးကုန်ပစ္စည်းများ အသစ်သစ် ထွက်ပေါ်လာပါသည်။ ထိုနည်းတူ မီးဖိုချောင်သုံးပစ္စည်းများလဲ အသစ်သစ် ထွက်ပေါ်လာလျက်ရှိပါသည်။ ထိုထဲတွင် စီလီကွန်း (Silicone) နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ပစ္စည်းသည် တဖြည်းဖြည်း လူသုံးများလာပြီ ဖြစ်ပါသည်။



စီလီကွန်း (Silicone) ဆိုတာ ဘာလဲ??

          စီလီကွန်း (Silicone) ဆိုသည်မှာ လူတွေက သဘာဝကို တုပ ပြုလုပ်ထားသည့် စီလီကွန် (Silicon) ကို အောက်ဆီဂျင် (Oxygen) နဲ့ ဓာတုဗေဒနည်းအရ ခိုင်မြဲစွာ တွယ်ဆက်ထားအောင် ပြုလုပ်ထားသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဒြပ်စင်ဇယား ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ သဘာဝ ဒြပ်စင် ဖြစ်ပါသည်။ သဲနဲ့ ကမ္ဘာမြေကြီး အတွင်းပိုင်း ကျောက်သား၂၈ % နဲ့ ပေါင်းစပ်ထားပါသည်။


စီလီကွန်း (Silicone) နဲ့ အစားအစာ

          စီလီကွန်းသည် FDA က ထောက်ခံချက်ပေးထားသည့် အစားအစာနှင့် ဓာတ်ပြုမှု မရှိသောကြောင့် စိတ်ချစွာအသုံးပြုနိုင်သည့် ဓာတု ပစ္စည်းတစ်မျိုး ဖြစ်သည်။ အစားအစာနဲ့ အရည်တွေ နဲ့ ဓာတ်ပြုမှု မရှိသည့်အပြင် အဆိပ်ငွေ့တွေလဲ မထွက်သည့် ပစ္စည်းဖြစ်သည်။ အစားအစာ ချက်ပြုတ်တဲ့နေရာမှာ သုံးသည့် silicone အမျိုးအစားနှင့် စက်ရုံလုပ်ငန်းတွေမှာ သုံးသည့် silicone အမျိုးအစား မတူပါ။


ဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် သတိထားရမည့် အချက်အလက်များ

         Silicone သည် ပျော့ပျောင်းသော ဂုဏ်သတ္တိ ရှိတတ်တာကြောင့် တခြားသော ဓာတုပစ္စည်းများနဲ့ ပေါင်းစပ် ဖန်တီးကာ လိုချင်သော ပစ္စည်းအနေအထားမျိုးရအောင် ထုတ်လုပ်ကြရပါသည်။ Silicone တစ်ခုတည်းဆိုလျှင် အန္တာရာယ် မရှိသော်လည်း Silicone နည်းပါးစွာ ထည့်ထားသည့်အပြင် အရည်အသွေးညံ့ ပစ္စည်းများနှင့် ပေါင်းစပ်ထားသော silicone ပစ္စည်းမှာ အသုံးပြုရန် အန္တရာယ်ရှိပါသည်။ ထိုကြောင့် သေချာစွာ ရွေးချယ် ဝယ်ယူဖို့ အရေးကြီးပါသည်။

         Silicone နဲ့ ပြုလုပ်ထားသော ပစ္စည်းများကို ကတ်ကြေးဖြင့် မဖြတ်ရပါ။ အများသောအားဖြင့် မုန့်ဖုတ်ရာမှာ အသုံးပြုသည့် Silicone နဲ့ fiber glass ပေါင်းစပ်ပြုလုပ်ထားသည့် အောက်ခံအပြားကို ကတ်ကြေးဖြင့် မဖြတ်သင့်ပါ။

         သိပ္ပံပညာရှင်များ လေ့လာချက်အရ Silicone နဲ့ ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများကို အပူချိန်နှင့် အကြာကြီး ထိတွေ့စေခြင်း၊ အပူချိန်အလွန်အကျွန်မြင့်တဲ့နေရာမှာ သုံးမိလျှင် အစားအစာ ချက်ပြုတ်တဲ့နေရာမှာ ဓာတုပစ္စည်းတွေ ပါသွားနိုင်ပြီး စားမိလျှင် လူကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တွေ့ရပါသည်။


Silicone ရဲ့ ကောင်းကျိုးများ

  • Silicone က ပြန်လည် အသုံးပြု၍ ရပါသည်။
  • ထုတ်လုပ်ဖို့ ထူးထူးခြားခြားတွေလည်း မလိုအပ်ပါဘူး။
  • ပင်လယ်ရေနေသတ္တဝါ/ မြေကြီးမှာနေတဲ့ သတ္တဝါတွေကိုလည်း ဘေးမဖြစ်စေပါ။
  • Teflon နဲ့ ပြုလုပ်ထားတာနဲ့စာရင် Silicone က အသုံးပြုရ ပိုကောင်းပါသည်။
  • ဆီချေးမပေနိုင်၊ ဆီတွေ စိုစွတ်အောင် လုပ်ဖို့လဲ မလိုအပ်ပါ။
  • အပူလျင်မြန်စွာ နဲ့ သမမျှအောင် လုပ်နိုင်သည့်အတွက် တခြမ်းအပူများပြီး ကျွမ်းသွားတာတို့ အပူနည်းပြီး မကျက်တကျက်ဖြစ်သွားတို့ လုံးဝမရှိစေပဲ မုန့်ကို ကျက်သွားအောင် ဖုတ်နိုင်ပါသည်။ မုန့်နဲ့ မုန့်ဖုတ်ပန်းကန် ခွာရလဲ လွယ်ပါသည်။
  • အအေးဒဏ်ကို ခံနိုင်ပါသည်။ ရေခဲသေတ္တာထဲကို ထည့်ပြီး အသုံးပြုနိုင်သည်။
  • Microwave, Oven တွေ မှာလဲ စိတ်ချစွာ အသုံးပြုနိုင်သည်။
  • ပန်းကန်ဆေးစက်မှာ ဆေးကြောနိုင်သည်။
  • မုန့်ဖုတ်ရာတွင် အပူချိန် ခဏခဏ ပြောင်းဖို့ မလိုအပ်ပေ။
  • ဆေးကြောရလွယ်ကူသည်။ ပေါ့ပါးသည်။ စွဲမက်ဖွယ် အရောင်သွေး ဒီဇိုင်းမျိုးစုံဖြင့် ရရှိနိုင်သည်။ ထိန်းသိမ်းရလွယ်သည်။ ဒါပေမယ့် တစ်ခါတစ်လေ သူတို့က ပုံပျက်နိုင်တတ်လို့ သတိထားရပါမည်။


     Silicone က အပူချိန် အမြင့်ကြီး ခံနိုင်သဖြင့် တော်ရုံဖြင့် အရည်မပျော်သွားနိုင်ပါ။ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ ပစ္စည်းရဲ့ အမြင့်ဆုံး ခံနိုင်တဲ့ အပူချိန်ဖော်ပြထားလေ့ ရှိသည်။ တချို့ silicone နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ဟင်းချက်ပစ္စည်းတွေသည် 450° ထိ ခံနိုင်ရည်ရှိကြောင်း ဖော်ပြကြသည်။ (ထိုပမာဏဆိုလျှင် အကြော်ကြော်သည့် အပူချိန်ထက် ပိုများသည်။) ထိုကြောင့် ဖော်ပြထားသည့် အပူချိန်ထိလောက်ပဲ အသုံးပြုသင့်သည်။ ထို့ထက် ပိုအသုံးပြုပါက ချက်ပြုတ်ထားသည့် အစားစာထဲ silicone နဲ့ ပေါင်းစပ်ထားသည့် ဓာတုပစ္စည်းများ အရည်ပျော်ဝင်သွားနိုင်ပြီး လူကို အန္တရာယ် ဖြစ်စေနိုင်သည်။ တချို့ Silicone ပစ္စည်းတွေသည် ပလတ်စတစ်တွေနဲ့ ရောနှောထားလေ့ရှိတာကြောင့် အရောင်ပြောင်းနိုင်သည်။


         Silicone နဲ့ ပြုလုပ်ထားသည့် မီးဖိုချောင်သုံး ပစ္စည်းများသည် အရောင်အသွေးစုံလင်စွာ ဒီဇိုင်း လှလှပပ ရရှိနိုင်သည့်အပြင် စတီး၊ ကြွေ၊ မြေအိုး စသည်တို့နှင့် နှိုင်းယှဉ်လျှင် ပေါ့ပါးလွယ်ကူစွာ သုံးစွဲနိုင်သည်။ အားသာချက်များစွာ ရှိသော်လည်း အဓိက အားနည်းချက်မှာ အပူဒဏ်ကို မြှင့်မားစွာ မခံနိုင်ခြင်း၊ တစ်ခါတစ်ရံ ပေါင်းစပ်ထားသည့် ဓာတုပစ္စည်းများက အရည်အသွေးညံ့ပါက လူကို အန္တရာယ် ဖြစ်စေနိုင်ခြင်း ဖြစ်သည်။
          သို့သော် အရည်အသွေး စစ်မှန်သော silicone မီးဖိုချောင်သုံးပစ္စည်းများ ရွေးချယ်ဝယ်ယူကာ ထုတ်လုပ်သည့်ကုမ္ပဏီမှ သတ်မှတ်ပေးထားသော အပူချိန်လောက်ထိသာ အသုံးပြုမည်ဆိုပါက မည်သို့မျှ လူကို အန္တရာယ် မဖြစ်စေနိုင်သည့်အပြင် စိတ်ချမ်းသာစွာနဲ့ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း အကြံပေး ဖော်ပြလိုက်ရပါသည်။

KSA

Ref : http://www.foodreference.com/html/silicone-cookware-safety-310.html
http://lifeyourway.net/is-silicone-bakeware-really-safe/
http://housewares.about.com/od/bakewareservingware/a/siliconebasics.html
http://www.wikipedia.com

Post a Comment

0 Comments