Mi4i Root, custom recovery, mmfont ကို အသုံးပြုနည်း

Root and twrp recovery with computer

https://my.pcloud.com/publink/show?code=XZjBaXZAtU6bUHDaXRSnHfvJNEWvunNxrck

ဒီ root tool က အသုံးပြုရတာ လွယ်ပါတယ်.. ကွန်ပျူတာမှာ အင်စတောလုပ်ပီး ဖွင့်လိုက်ပါ..
1 for root. 2 for twrp recovery ပါ
ဒီတော့ root လုပ်ချင်တယ်ဆိုရင် 1 ကိုရိုက်ထည့်ပေးလိုက်ပါ.. 2 ရိုက်မယ်ဆိုရင်တော့ twrp recovery ပေါ့… ကွန်ပျူတာနဲ့ ဖုန်းကို မချိတ်ခင်မှာ ph setting>additional setting>developer mode>usb debugging>on ထားပေးဖို့ လိုအပ်ပါတယ်… အဲ့လိုမပေါ်ဘူးဆိုရင်တော့ ph setting>about device>miui version ကို ၇ချက်ဆက်တိုက် မြန်မြန်လေး ဖိနှိပ်ပေးရပါမယ်...
ဒါဆိုရင် root နဲ့ custom recovery ဖုန်းထဲမှာ ထည့်ပီးသွားပါပီ...
တချို့ကွန်ပျူတာတွေက ဖုန်းကိုမသိဘူးဆိုရင် အထူးသဖြင့် ph ကို fastboot နဲ့ထားပီး usb ချိတ်လိုက်ရင် မသိတာ ဖြစ်တတ်ပါတယ် အောက်က adb setup လေးကို ကွန်ပျူတာမှာ install လုပ်ပေးလိုက်ပါ….

https://my.pcloud.com/publink/show?code=XZvBaXZkuzd8XCr5AudyneiN3A5qyJhTQxk


mm font methods for mi4i
1. theme font replacement(root မလိုပါ)…
https://my.pcloud.com/publink/show?code=XZgBaXZzMfbyYdUtCpW9SGNuo34LyKtySHX

http://miuimyanmar.com/2015/06/myanmar-font-no-need-root/

ဒီနည်းကတော့ လွယ်ပါတယ် သုံးရတာ အဆင်ပြေတယ်…..
ဒါပေမဲ့ မိမိမှာ mi account ရှိရန် လိုပါတယ်.. ဖောင့်ကို ဒေါင်းတဲ့အချိန်နဲ့ apply လုပ်တဲ့အချိန်မှာ internet connection လိုအပ်ပါတယ်...
ပုံပြထားတာမို့လို့ ဒီပုံလေးကိုဒေါင်းပီး တဆင့်ချင်းစီလုပ်လိုက်ရင် အဆင်ပြေမှာပါ..(စာပြန်ရိုက်ရမှာ ပျင်းလို့) သူ့ရဲ့အားနည်းချက်ကတော့ theme ပြောင်းလိုက်တာပဲဖြစ်ဖြစ် ဖုန်းပါဝါပိတ်တာပဲဖြစ်ဖြစ်.. reboot လုပ်လိုက်တာပဲဖြစ်ဖြစ် theme>customize>font>ကိုယ်ပြင်ထားတဲ့ဖောင့်ကို apply ပြန်လုပ်ပေးရပါမယ်…(root မလိုပါ)


2. fontchanger(root လိုပါတယ်)….

https://my.pcloud.com/publink/show?code=XZcdNXZoBIcNLirGJQYLjz40WnbUX0NDtUk


မြန်မာဖောင့်ကို ဘာဖောင့်သုံးရမှန်းမသိသေးဘူးဆိုရင် ဒီဖောင့်လေးက အဆင်ပြေပါတယ်.

https://my.pcloud.com/publink/show?code=XZndNXZidTmbNyF49Yu9OUiKuGs3ffNRRCX


ဒီနည်းကတော့ unicode font replacement ကို root explorer ကနေ မလုပ်ချင်တဲ့လူတွေအတွက် အလွယ်သုံးလို့ရအောင် လုပ်ထားတဲ့ apk လေးပါ.. သုံးရတာ လွယ်ပါတယ်..

Install လုပ်ပီးသွားရင် app ကိုဖွင့်လိုက်ပါ ပထမဆုံးမြင်ရမှာကတော့ basic…. advance ဆိုတာကိုပါ… advance ကိုရွေးပါ… mi4i က lollipop ဖြစ်တဲ့အတွက် အစားထိုးရမယ့်ဖောင့်က notosansmyanmarUi… စတဲ့ ဖောင့်လေးမျိုးပါ… အဲဒီ့ဖောင့်တွေကိုထောက်ပီး ကိုယ်အစားထိုးမဲ့ဖောင့်ကို ရှိနေတဲ့နေရာရွေးပေးရပါမယ်… ဥပမာ.. ကိုယ်သုံးချင်တဲ့ဖောင့်က download ထဲမှာဆိုရင် ပြင်မဲ့ဖောင့်ကို နှိပ်လိုက်တာနဲ့ folder ရွေးရမယ့် search box ပေါ်လာမယ် အဲဒီ့ကနေ download ကိုရွေး ကိုယ်သုံးမဲ့ဖောင့်ကို ကလစ်ပေးလိုက်ပါ… ရွေးလိုက်ပီဆိုတာနဲ့ reboot now… reboot later ဆိုတာပေါ်လာမယ် reboot later ကိုရွေးပါ အားလုံး လေးခုစလုံးကို ရွေးပီးပီဆိုမှ reboot now ကိုနှိပ်ပေးလိုက်ပါ reboot ပြန်တက်လာပီဆိုရင်တော့ နေရာတိုင်းမှာ ဇော်ဂျီဖောင့်ကို မြင်ရပါပီ… အခု
ဒီနည်းဟာ update မပေးသေးတဲ့ကာလမို့ ota update ရမရဆိုတာတော့ မသိသေးပါ...
(ဒီနည်းကိုသုံးမယ်ဆိုရင်တော့ အရင်ဆုံး advance ထဲကို ၀င်ပီးတာနဲ့ ဖောင့်မပြင်သေးခင် အရင်ဆုံး ကိုယ်ပြင်ရမယ့် သက်ဆိုင်ရာဖောင့် လေးခုစလုံးကို ကော်ပီလုပ်ပီး တခြားစိတ်ချရတဲ့နေရာမှာ သိမ်းထားပါ.. 0ta update မရခဲ့ရင် အော်ရီဂျင်နည်အတိုင်း ပြန်သုံးချင်ရင် အဲဒီ့ဖောင့်လေးတွေကို ပြန်ထည့်ပေးလိုက်ခြင်းအားဖြင့် အဆင်ပြေပါမယ်)


3. root explorer(root လိုပါတယ်)…

https://my.pcloud.com/publink/show?code=XZOlNXZUyHH7ASBA30C1arJC6O6pmACkRYy

ဒီဟာကို သုံးပီးလည်း original unicode တွေကို မိမိသုံးလိုတဲ့ ဇော်ဂျီဖောင့်ကို အစားထိုးပီး သုံးလို့ရပါတယ် သူကလည်း အပေါ်က fontchanger လိုမျိုးပဲ သုံးရတာပါ သူက နည်းနည်းပိုပီးအဆင့်များသွားတာက ကိုယ်သုံးချင်တဲ့ဖောင့်ကို အစားထိုးမဲ့ဖောင့်နဲ့ နာမည်တူအောင် အရင် rename ပေးပီးတော့မှ replace လုပ်ပီး permission ကို rw-r-r ပေးပီး reboot လုပ်ပေးရပါတယ်.. နည်းနည်းလေးခက်မယ်ထင်ရင်တော့ ဒီနည်းကို ကျော်သွားနိုင်ပါတယ်.


4. နောက်တနည်းကတော့ twrp recovery ကနေ totalsoultion.zip (root လိုပါတယ်) ကို flash လုပ်တဲ့နည်းပါ သူကတော့ တချက်တည်းနဲ့ အားလုံးကိစ္စပီးပါတယ်… မသေချာတာကတော့ ota update ရနိုင် မရနိုင်ဆိုတဲ့အချက်ပါပဲ.. Twrp recovery ကနေ install zip ကိုသွားပီး ဒီဖိုင်လေးကို ထည့်ထားတဲ့ ဖိုဒါကိုရွေး ပီးရင် ဒီကောင်လေးကို အင်စတောလုပ်ပေးလိုက်ရုံပါပဲ ပီးရင် reboot now နှိပ်လိုက်ပါ ပြန်တက်လာရင် မြန်မာစာမြင်ရပါပီ.. လွယ်တယ် မြန်တယ်…. အောက်မှာ လင့်ပါ…

https://my.pcloud.com/publink/show?code=XZJWaXZfVuPv5BAXw0bDS8WX1f0bh3co6w7


5. နောက်တနည်းကတော့ lollipop အတွက် developer ko phyo chan ရေးထားတဲ့ application လေးပါ.. root လိုပါတယ် သုံးရတာလည်း အဆင်ပြေပီး ဖောင့်က ရိုးရိုးရှင်းရှင်းနဲ့ ၀ိုင်းဝိုင်းလေးပါ.. ထူးခြားတာက app မှာ font converter ပါဝင်လာခြင်းမှာ app ထဲကိုဝင်လိုက်ပီး ယူနီဖောင့်ကို အထဲမှာ paste လုပ်လိုက်တာနဲ့ ဇော်ဂျီအဖြစ် မြင်နိုင်မှာဖြစ်ပါတယ်… zawgyi အမြဲတမ်းပြောင်းချင်ရင်တော့ L click here ဆိုတာလေးကို တချက်နှိပ်ပေးပီး reboot ကျပီးတာနဲ့ ဇော်ဂျီဖြစ်သွားမှာပါ….

https://my.pcloud.com/publink/show?code=XZ3i0VZbGQwPYqa0IYD1nhkg0iy9QcJo6f7


mi4i က xposed သုံးလို့မရသေးတဲ့အတွက် recovery ကိုသွားချင်ရင် tool folder>updater>menu နှိပ်ပီး reboot to recovery mode နဲ့သွားချင်ရင်သွား မဟုတ်ရင်လည်း ပါဝါပိတ်ပီး power+volume down နဲ့သွားရတဲ့အတွက် အချိန်ကြာတယ်လို့ထင်တဲ့ ညီအကိုများအတွက် ကျွန်တော်သုံးနေတဲ့ app လေးပါ ရှယ်ပေးလိုက်ပါတယ်.. root ရှိပီးသားဖုန်းတွေမှာ သုံးလို့ရပါတယ်… ဒီကောင်လေးထဲကနေ reboot…. reboot recovery. reboot bootloader, shutdown စတာတွေကို ကိုယ်ကြိုက်တာ ရွေးပီး တချက်နှိပ်ပေးလိုက်ရုံပါပဲ…..

https://my.pcloud.com/publink/show?code=XZP2aXZt9usWATaSiysy4CetsXs6uy5jmpk


6. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး.. အခု mi4i မှာ xposed သုံးလို့မရသေးလို့ ဒီနည်းကတော့ အသုံးမ၀င်သေးပါဘူး.. နောင်တချိန်ချိန်မှာ အသုံးဝင်လာမှာပါ.. သူကတော့ system font ကို unicode အတိုင်းထားပီးတော့ app တခုချင်းစီကို zawgyi သုံးတာပါ ဘာလိုလဲဆိုတော့ xposed ရယ် fonter app ကို install လုပ်ပီး xposed ရဲ့ module မှာ အမှန်ခြစ်ပေးပီး reboot ချ ပီးရင် fonter ကနေ သုံးလို့ရပါပီ...


root tool မှစလို့ ကျန်တဲ့ apps အားလုံးကို share လုပ်ပေးကြသော မူရင်းဖန်တီးသူများနဲ့ လင့်များကို ရှယ်လုပ်ပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်.. credit ပေးပါတယ်...


အားလုံးပဲ အဆင်ပြေကြပါစေ….
t.h.ag

Copy From Myanmar Mi Facebook Group , Credit to Original writer Tin Htay Aung

Here is Link , if you want to watch their discussions. 


 

Post a Comment

0 Comments