ကိုယ့်ကွန်ပျူတာ အထီးလား အမလားဆိုတာ ခွဲခြားရအောင်






► သင်ကြားရတဲ့အသံက ယောက်ျားသံဆိုရင် သင့်ကွန်ပျူတာက အထီးဖြစ်ပါတယ်...






 

Image by Sara Torda from Pixabay

Unicode

 

ကွန်ပျူတာတွေကို အထီး/အမခွဲခြားနိုင်တယ်လို့ဆိုရင် သင်အံ့သြသွားမလားမသိဘူး... ဒီလိုခွဲခြားနိုင်မယ်ဆိုရင်တော့ သင့်ကွန်ပျူတာက အထီးလား/အမလားဆိုတာကို သိချင်ကြမယ်ထင်ပါတယ်... ဒီလိုခွဲခြားနိုင်တာ တကယ်ပဲလားဆိုရင်တော့ ဒါဟာ ကွန်ပျူတာလှည့်ကွက်တစ်ခုလို့ပဲ မှတ်ယူထားစေချင်ပါတယ်... တစ်နေ့တစ်နေ့ အင်တာနက်မှာပဲ အချိန်ကုန်ပြီး ငြီးငွေ့နေသူတွေအတွက် ဒီလှည့်ကွက်လေးက အထိုက်အလျောက် အပန်းပြေစေနိုင်ပါလိမ့်မယ်... လေ့လာကြည့်လိုက်ကြရအောင်...

► ပထမဆုံး Notepad ကို ဖွင့်လိုက်ပါ... ပြီးရင် ဒီစာကြောင်းလေးကို Notepad မှာ ရိုက်လိုက်ပါ...

► CreateObject("SAPI.SpVoice").Speak"I love you"

► ပြီးရင် Save as နဲ့ file name ကို computer_gender.vbs ဆိုပြီး save လိုက်ပါ....

► ပြီးရင် file ကို double clike နဲ့ဖွင့်လိုက်ပါ...

► သင်ကြားရတဲ့အသံက ယောကျ်ားသံဆိုရင် သင့်ကွန်ပျူတာက အထီးဖြစ်ပါတယ်...

► သင်ကြားရတဲ့အသံက မိန်းကလေးသံဆိုရင် သင့်ကွန်ပျူတာက အမဖြစ်ပါတယ်...

► သင့်ကွန်ပျူတာက အထီးလား/အမလားဆိုတာကို comment လေးတွေပေးသွားကြပါဦး...

ဒီနည်းလမ်းလေးကနေ ထပ်ဆင့်လုပ်လို့ရတာကတော့ I love you ဆိုတဲ့နေရာမှာ ကိုယ်ဖတ်စေချင် ပြောစေချင်တဲ့စာကြောင်းကို အစားထိုး ထည့်လို့ရပါတယ်... ဒါဆိုရင် ကွန်ပျူတာက အဲ့ဒီထဲမှာပါတဲ့စာတွေကို ဖတ်ပြနေပါလိမ့်မယ်... စာပိုဒ်တော့ခွဲလို့မရပါဘူး... စာကြောင်းတွေဟာ တစ်ဆက်ထဲဖြစ်နေဖို့လိုပါတယ်... ဒီနည်းနဲ့ကွန်ပျူတာကို အပျင်းပြေ စကားပြောခိုင်း စာဖတ်ခိုင်းနိုင်ပါတယ်... ပျော်ရွှင်ကြပါစေ...

Credit to Myanmar IT Group

Post a Comment

0 Comments