မိမိဘာသာလွ်ိဳ႕၀ွက္ထားသင့္တဲ့ စိတ္ပညာဆိုင္ရာ အံ့ျသဖြယ္အခ်က္မ်ား

ေလ့လာမႈေတြကေတာ့ ဒီလိုဆိုပါတယ္။ မွန္မမွန္ ကိုယ့္ဘာသာဆံုးျဖတ္ၾကပါေနာ္။

၁. မိမိရည္မွန္းခ်က္ေတြကို တျခားသူေတြကို ေျပာျပလိုက္ရင္ ရည္မွန္းခ်က္ေအာင္ျမင္ေအာင္ လုပ္ခ်င္စိတ္ ေလ်ာ့သြားတတ္ပါသတဲ့။ ေစ့ေဆာ္အားေလ်ာ့သြားတာေၾကာင့္လို႔ ေလ့လာမႈေတြဆိုပါတယ္။

၂. လူအမ်ားစုရဲ႕အႀကိဳက္ဆံုးသီခ်င္းဟာ သူတို႔ဘ၀ထဲက ခံစားခ်က္နဲ႔ ဆက္စပ္ေနေလ့႐ွိပါသတဲ့။

၃. ဂီတဟာ ကမၻာႀကီးအေပၚ ျမင္တဲ့အျမင္ကိုေတာင္ ေျပာင္းပစ္ႏိုင္ပါသတဲ့။

၄. တျခားသူေတြကို ေပးကမ္းဖို႔ ေငြကုန္ေၾကးက်ခံတာဟာ ကိုယ္တိုင္အတြက္သံုးတာထက္ စိတ္ေက်နပ္မႈပိုရေစပါတယ္တဲ့။

၅. ေလ့လာမႈေတြအရ အေတြ႔အၾကံဳတစ္ခုအတြက္ ပိုက္ဆံသံုးတာက ပစၥည္း၀ယ္ဖို႔ ပိုက္ဆံသံုးတာထက္ ပိုေပ်ာ္ရြင္ေစတယ္လို႔ ဆိုပါတယ္။

၆. ကေလးေတြက အရင္ေခတ္ကထက္ စိတ္ပိုပူတတ္လာပါၿပီ။ အထက္တန္းေက်ာင္းသားေတြရဲ႕ ပူပင္မႈပမာဏဟာ ၁၉၅၀ ႏွစ္ေတြတုန္းက ပ်မ္းမွ် စိတ္ေ၀ဒနာသည္တစ္ေယာက္ရဲ႕ ပူပန္မႈေလာက္ ႐ွိေနပါၿပီ။

၇. ဘုရားရွိခိုးတာ၊ စုေပါင္း၀တ္ျပဳတာတို႔လို ဘာသာေရးအေလ့အထေတြဟာ စိတ္အားမငယ္ျခင္းနဲ႔ ဆက္ႏြယ္ေနတာ ေတြ႔ရပါတယ္။

၈. ေပ်ာ္ရႊင္မႈကို အတိုင္းအတာတစ္ခုအထ္ိ ေငြနဲ႔၀ယ္လို႔ရေပမယ့္ တစ္ႏွစ္ကို ေဒၚလာ ၇၅၀၀၀ အထိ ၀င္အၿပီးမွာ ၀င္ေငြတိုးလာတာဟာ ပိုမိုေပ်ာ္ရႊင္လာဖို႔ မတတ္ႏိုင္ေတာ့ေၾကာင္း ေလ့လာမႈေတြအရ သိရပါတယ္။

၉. ေပ်ာ္ရႊင္တဲ့သူေတြနဲ႔ အေနမ်ားရင္ ကိုယ္လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္လာပါတယ္တဲ့။

၁၀. အသက္ ၁၈ ကေန ၃၃ ႏွစ္ၾကားလူေတြဟာ ကမၻာမွာ စိတ္အဖိစီးဆံုးသူေတြ ျဖစ္ပါတယ္။


၁၁. ညဘက္ေကာင္းေကာင္းအိပ္ႏိုင္တယ္လို႔ ကိုယ့္ကိုယ္ကို လွည့္စားရင္ အရင္ကထက္ ပိုအိပ္ေပ်ာ္ႏိုင္တာ ေတြ႔ရပါတယ္တဲ့။

၁၂. ဥာဏ္ထက္ျမက္တဲ့လူေတြက ကိုယ့္ကိုယ္ကို အထင္ေသးေလ့႐ွိၿပီး ငတံုးေတြကေတာ့ ကိုယ့္ကိုယ္ကို ေတာ္လွၿပီ၊ တတ္လွၿပီလို႔ ထင္တတ္ၾကပါသတဲ့။

၁၃. အတိတ္ကျဖစ္ရပ္တစ္ခုကို သတိရတယ္ဆိုတာ အျဖစ္အပ်က္တစ္ခုလံုးကို သတိရတာမဟုတ္ဘဲ အဲသည္ျဖစ္ရပ္အေၾကာင္း ေနာက္ဆံုး စဥ္းစားခဲ့တာကို သတိရတာပါတဲ့။

၁၄. ဆံုးျဖတ္ခ်က္ခ်ဖို႔ ႏိုင္ငံျခားဘာသာစကားတစ္ခုခုနဲ႔ေတြးရင္ ပိုၿပီး ဓမၼဓိဌာန္က်က် ဆံုးျဖတ္ႏိုင္ပါတယ္တဲ့။
ကဲ..သုေတသနေတြက ဒီလိုဆိုပါတယ္။ စာဖတ္သူေတြက ဘယ္ႏွရာခိုင္ႏႈန္းေလာက္ သေဘာတူလက္ခံႏိုုင္သလဲ။ Comment ေပးခဲ့ၾကပါဦး။


Credit to စုျပည့္စံု

SearchMyanmar

 


 Unicode

 

လေ့လာမှုတွေကတော့ ဒီလိုဆိုပါတယ်။ မှန်မမှန် ကိုယ့်ဘာသာဆုံးဖြတ်ကြပါနော်။

၁. မိမိရည်မှန်းချက်တွေကို တခြားသူတွေကို ပြောပြလိုက်ရင် ရည်မှန်းချက်အောင်မြင်အောင် လုပ်ချင်စိတ် လျော့သွားတတ်ပါသတဲ့။ စေ့ဆော်အားလျော့သွားတာကြောင့်လို့ လေ့လာမှုတွေဆိုပါတယ်။

၂. လူအများစုရဲ့အကြိုက်ဆုံးသီချင်းဟာ သူတို့ဘဝထဲက ခံစားချက်နဲ့ ဆက်စပ်နေလေ့ရှိပါသတဲ့။

၃. ဂီတဟာ ကမ္ဘာကြီးအပေါ် မြင်တဲ့အမြင်ကိုတောင် ပြောင်းပစ်နိုင်ပါသတဲ့။

၄. တခြားသူတွေကို ပေးကမ်းဖို့ ငွေကုန်ကြေးကျခံတာဟာ ကိုယ်တိုင်အတွက်သုံးတာထက် စိတ်ကျေနပ်မှုပိုရစေပါတယ်တဲ့။

၅. လေ့လာမှုတွေအရ အတွေ့အကြုံတစ်ခုအတွက် ပိုက်ဆံသုံးတာက ပစ္စည်းဝယ်ဖို့ ပိုက်ဆံသုံးတာထက် ပိုပျော်ရွင်စေတယ်လို့ ဆိုပါတယ်။

၆. ကလေးတွေက အရင်ခေတ်ကထက် စိတ်ပိုပူတတ်လာပါပြီ။ အထက်တန်းကျောင်းသားတွေရဲ့ ပူပင်မှုပမာဏဟာ ၁၉၅၀ နှစ်တွေတုန်းက ပျမ်းမျှ စိတ်ဝေဒနာသည်တစ်ယောက်ရဲ့ ပူပန်မှုလောက် ရှိနေပါပြီ။

၇. ဘုရားရှိခိုးတာ၊ စုပေါင်းဝတ်ပြုတာတို့လို ဘာသာရေးအလေ့အထတွေဟာ စိတ်အားမငယ်ခြင်းနဲ့ ဆက်နွယ်နေတာ တွေ့ရပါတယ်။

၈. ပျော်ရွှင်မှုကို အတိုင်းအတာတစ်ခုအထိ ငွေနဲ့ဝယ်လို့ရပေမယ့် တစ်နှစ်ကို ဒေါ်လာ ၇၅၀၀၀ အထိ ဝင်အပြီးမှာ ဝင်ငွေတိုးလာတာဟာ ပိုမိုပျော်ရွှင်လာဖို့ မတတ်နိုင်တော့ကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

၉. ပျော်ရွှင်တဲ့သူတွေနဲ့ အနေများရင် ကိုယ်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်လာပါတယ်တဲ့။

၁၀. အသက် ၁၈ ကနေ ၃၃ နှစ်ကြားလူတွေဟာ ကမ္ဘာမှာ စိတ်အဖိစီးဆုံးသူတွေ ဖြစ်ပါတယ်။


၁၁. ညဘက်ကောင်းကောင်းအိပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို လှည့်စားရင် အရင်ကထက် ပိုအိပ်ပျော်နိုင်တာ တွေ့ရပါတယ်တဲ့။

၁၂. ဉာဏ်ထက်မြက်တဲ့လူတွေက ကိုယ့်ကိုယ်ကို အထင်သေးလေ့ရှိပြီး ငတုံးတွေကတော့ ကိုယ့်ကိုယ်ကို တော်လှပြီ၊ တတ်လှပြီလို့ ထင်တတ်ကြပါသတဲ့။

၁၃. အတိတ်ကဖြစ်ရပ်တစ်ခုကို သတိရတယ်ဆိုတာ အဖြစ်အပျက်တစ်ခုလုံးကို သတိရတာမဟုတ်ဘဲ အဲသည်ဖြစ်ရပ်အကြောင်း နောက်ဆုံး စဉ်းစားခဲ့တာကို သတိရတာပါတဲ့။

၁၄. ဆုံးဖြတ်ချက်ချဖို့ နိုင်ငံခြားဘာသာစကားတစ်ခုခုနဲ့တွေးရင် ပိုပြီး ဓမ္မဓိဌာန်ကျကျ ဆုံးဖြတ်နိုင်ပါတယ်တဲ့။
ကဲ..သုတေသနတွေက ဒီလိုဆိုပါတယ်။ စာဖတ်သူတွေက ဘယ်နှရာခိုင်နှုန်းလောက် သဘောတူလက်ခံနိုင်သလဲ။ Comment ပေးခဲ့ကြပါဦး။


Credit to စုပြည့်စုံ

SearchMyanmar

Post a Comment

0 Comments