တကယ္က ၿပီးျပည့္စံုတဲ့ဂီတနားဆင္မႈ

တကယ္က ၿပီးျပည့္စံုတဲ့ဂီတနားဆင္မႈဆိုတာ အခ်က္၅ခ်က္ေပၚမူတည္ပါတယ္။

၁။ မူရင္းသီခ်င္းရဲ႕ Recording နည္းပညာပါ။

     သီခ်င္းကိုယ္တိုင္က treble ေတြ၊ bass သံေတြ ေဝဆာေနမယ္၊ အသံဖမ္းေတြကလည္း ျပည့္စံုေနမယ္ဆို လွပတဲ့သံစဥ္ေလးေတြျဖစ္လာမွာပါ။ အဲဒီမွာ နည္းပညာမထြန္းကားေသးတဲ့ ၁၉၄ဝ အေစာပိုင္းက သီခ်င္းေတြနဲ႔ ဒီဘက္ေခတ္သီခ်င္းေတြကိုယွဥ္နားေထာင္ၾကည့္ရင္သိသာပါတယ္။

၂။ သီခ်င္းရဲ႕ကြာလတီကလည္း အေရးပါတယ္။

     သီခ်င္းမ်ားမ်ားဆံ့ရင္ၿပီးေရာ size ခ်ဳံ႕ထည့္ထားတဲ့ 64kbps mp3 ေတြနဲ႔ တစ္ပုဒ္ကို 7MB ကေန 15MB ေလာက္ရွိတတ္တဲ့ 320kbps mp3 ေတြယွဥ္နားေထာင္ၾကားရင္ သိသာလာမွာပါ။ mp3 ထက္ ပိုေကာင္းတဲ့ looseless audio format ေတြနဲ႔လည္း ခ်ိန္ထိုးၾကည့္ႏိုင္ပါတယ္။

၃။ သီခ်င္းဖြင့္မယ့္စက္ကလည္း အေရးပါပါတယ္။

     ကိုယ္က သိန္းေက်ာ္တန္ နားၾကပ္ႀကီးေတြသံုးမယ္၊ Hi-fi သီခ်င္းေတြနားေထာင္မယ္ဆိုေပမယ့္ ဖြင့္မဲ့စက္က ၂ဝဝဝတန္ sd card စိုက္ဖြင့္တဲ့ mp3 player ေလးေတြနဲ႔ဆို ဘယ္လိုမွ နားေထာင္လို႔ေကာင္းမွာ မဟုတ္ေတာ့ပါဘူး။ ဖုန္းေတြထဲမွာဆို Vivo ဟာ Hi-fi chips ေတြသံုးထားလို႔ သီခ်င္းနားဆင္ရတာ အေတာ္ေလးေကာင္းတယ္ဆိုတာ Vivo သံုးဖူးသူတိုင္း ပထမဆံုးခံစားမိတဲ့ အေတြ႕အႀကံဳပါပဲ။ အလားတူ Sony Walkman, Apple iPod, HTC Beats audio supported ဖုန္းေတြနဲ႔ Nokia Xpress Music Player ေတြမွာဆို အသံကသိသိသာသာနားေထာင္လို႔ေကာင္းလာပါတယ္။ Samsaung ကေတာ့သိပ္မစြံလွပါ။

၄။ ကိုယ္သံုးစြဲမယ့္နားၾကပ္။

    နားၾကပ္ကေတာ့ ေစ်းႀကီးရင္ ေကာင္းတယ္ဆိုတာကေတာ့ ေယဘူယ်လက္ခံရမယ့္အခ်က္ပါ။ တစ္ခါတစ္ေလ သီခ်င္းကတိုး၊ ဖုန္းကအသံမက်ယ္ရင္ေတာင္ နားက်ပ္ရဲ႕ output ကမ်ားလို႔ အသံက်ယ္က်ယ္ျပန္ၾကားရတာမ်ိဳး ႀကံဳဖူးမွာပါ။ ဒါမ်ိဳးကို ကိုယ့္ဖုန္းကပါတဲ့ နားၾကပ္နဲ႔ အျပင္ကဝယ္လာတဲ့ နားၾကပ္ေကာင္းေကာင္းနဲ႔ယွဥ္ၾကည့္ရင္ ပိုသိသာလာပါတယ္။ နားၾကပ္တံဆိပ္ေပါင္းစံုရွိသလို ေပးခ်င္တဲ့ experience ကလည္း မတူပါဘူး။ ဥပမာ Beats က Bass သံကို အသားေပးခ်ိန္မွာ Audio Technica က Treble အသံေတြပိုၿမိဳင္ပါတယ္။ Senniheiser က soundstage ပိုပီသတဲ့အခ်ိန္မွာ JBL က Vocal ရဲ႕အသံကိုပိုၿပီးျမႇင့္တင္ေပးပါတယ္။ အျခား Bose, JVC, Sony အစရွိသည္ျဖင့္ တံဆိပ္ေပါင္းစံု ရသေပါင္းစံု ေပးစြမ္းၾကပါတယ္။ ကိုယ္ႏွစ္သက္တဲ့ Type ကိုသာေ႐ြးခ်ယ္ၾကပါ။

၅။ ေနာက္ဆံုးနဲ႔ အေရးအႀကီးဆံုးအခ်က္က ကိုယ့္ရဲ႕နားေထာင္ႏိုင္မႈပဲ။

     iPhone မွာ FLAC format ေတြကို Beats နဲ႔ နားေထာင္ဦးေတာ့၊ ကိုယ့္က ဂီတကိုမခံစားတတ္ရင္ အလကားပဲ။ ဆူေန Bass သံအူေနရင္ ၿပီးေရာ လူေတြ၊ အသံေတြ စံုပလံုေနၿပီးေရာ Vocal လွမလွ ဂရုမစိုက္တဲ့သူေတြ၊ Vocal အသံပဲကြက္နားေထာင္ၿပီး ေနာက္ခံက ေသးေသးမႊားမႊားတီးလံုးေတြကို ဂရုမစိုက္တတ္တဲ့သူေတြအတြက္ကေတာ့ ၿပီးျပည့္စံုတဲ့ဂီတဆိုတာ ရွိမွာမဟုတ္ပါဘူး။ တစ္ခါတစ္ေလ ကိုယ့္နားကိုက တစ္ဖက္ကသိပ္မၾကားတာကို နားၾကပ္တစ္ဘက္ပ်က္ေနပါတယ္ဆိုၿပီး complain တက္တဲ့လူကရွိေသး။ အဓိကကေတာ့ ကိုယ္ကသံစဥ္ေတြကို နားမလည္ မခံစားတတ္ရင္ ဘာနားၾကပ္သံုးသံုး ထူးမွာမဟုတ္ဘူးဆိုတာပဲ။


Credit to @Thetwai Maung

 


Unicode

 တကယ်က ပြီးပြည့်စုံတဲ့ဂီတနားဆင်မှုဆိုတာ အချက်၅ချက်ပေါ်မူတည်ပါတယ်။

၁။ မူရင်းသီချင်းရဲ့ Recording နည်းပညာပါ။

     သီချင်းကိုယ်တိုင်က treble တွေ၊ bass သံတွေ ဝေဆာနေမယ်၊ အသံဖမ်းတွေကလည်း ပြည့်စုံနေမယ်ဆို လှပတဲ့သံစဉ်လေးတွေဖြစ်လာမှာပါ။ အဲဒီမှာ နည်းပညာမထွန်းကားသေးတဲ့ ၁၉၄ဝ အစောပိုင်းက သီချင်းတွေနဲ့ ဒီဘက်ခေတ်သီချင်းတွေကိုယှဉ်နားထောင်ကြည့်ရင်သိသာပါတယ်။

၂။ သီချင်းရဲ့ကွာလတီကလည်း အရေးပါတယ်။

     သီချင်းများများဆံ့ရင်ပြီးရော size ချုံ့ထည့်ထားတဲ့ 64kbps mp3 တွေနဲ့ တစ်ပုဒ်ကို 7MB ကနေ 15MB လောက်ရှိတတ်တဲ့ 320kbps mp3 တွေယှဉ်နားထောင်ကြားရင် သိသာလာမှာပါ။ mp3 ထက် ပိုကောင်းတဲ့ looseless audio format တွေနဲ့လည်း ချိန်ထိုးကြည့်နိုင်ပါတယ်။

၃။ သီချင်းဖွင့်မယ့်စက်ကလည်း အရေးပါပါတယ်။

     ကိုယ်က သိန်းကျော်တန် နားကြပ်ကြီးတွေသုံးမယ်၊ Hi-fi သီချင်းတွေနားထောင်မယ်ဆိုပေမယ့် ဖွင့်မဲ့စက်က ၂ဝဝဝတန် sd card စိုက်ဖွင့်တဲ့ mp3 player လေးတွေနဲ့ဆို ဘယ်လိုမှ နားထောင်လို့ကောင်းမှာ မဟုတ်တော့ပါဘူး။ ဖုန်းတွေထဲမှာဆို Vivo ဟာ Hi-fi chips တွေသုံးထားလို့ သီချင်းနားဆင်ရတာ အတော်လေးကောင်းတယ်ဆိုတာ Vivo သုံးဖူးသူတိုင်း ပထမဆုံးခံစားမိတဲ့ အတွေ့အကြုံပါပဲ။ အလားတူ Sony Walkman, Apple iPod, HTC Beats audio supported ဖုန်းတွေနဲ့ Nokia Xpress Music Player တွေမှာဆို အသံကသိသိသာသာနားထောင်လို့ကောင်းလာပါတယ်။ Samsaung ကတော့သိပ်မစွံလှပါ။

၄။ ကိုယ်သုံးစွဲမယ့်နားကြပ်။

    နားကြပ်ကတော့ ဈေးကြီးရင် ကောင်းတယ်ဆိုတာကတော့ ယေဘူယျလက်ခံရမယ့်အချက်ပါ။ တစ်ခါတစ်လေ သီချင်းကတိုး၊ ဖုန်းကအသံမကျယ်ရင်တောင် နားကျပ်ရဲ့ output ကများလို့ အသံကျယ်ကျယ်ပြန်ကြားရတာမျိုး ကြုံဖူးမှာပါ။ ဒါမျိုးကို ကိုယ့်ဖုန်းကပါတဲ့ နားကြပ်နဲ့ အပြင်ကဝယ်လာတဲ့ နားကြပ်ကောင်းကောင်းနဲ့ယှဉ်ကြည့်ရင် ပိုသိသာလာပါတယ်။ နားကြပ်တံဆိပ်ပေါင်းစုံရှိသလို ပေးချင်တဲ့ experience ကလည်း မတူပါဘူး။ ဥပမာ Beats က Bass သံကို အသားပေးချိန်မှာ Audio Technica က Treble အသံတွေပိုမြိုင်ပါတယ်။ Senniheiser က soundstage ပိုပီသတဲ့အချိန်မှာ JBL က Vocal ရဲ့အသံကိုပိုပြီးမြှင့်တင်ပေးပါတယ်။ အခြား Bose, JVC, Sony အစရှိသည်ဖြင့် တံဆိပ်ပေါင်းစုံ ရသပေါင်းစုံ ပေးစွမ်းကြပါတယ်။ ကိုယ်နှစ်သက်တဲ့ Type ကိုသာရွေးချယ်ကြပါ။

၅။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်က ကိုယ့်ရဲ့နားထောင်နိုင်မှုပဲ။

     iPhone မှာ FLAC format တွေကို Beats နဲ့ နားထောင်ဦးတော့၊ ကိုယ့်က ဂီတကိုမခံစားတတ်ရင် အလကားပဲ။ ဆူနေ Bass သံအူနေရင် ပြီးရော လူတွေ၊ အသံတွေ စုံပလုံနေပြီးရော Vocal လှမလှ ဂရုမစိုက်တဲ့သူတွေ၊ Vocal အသံပဲကွက်နားထောင်ပြီး နောက်ခံက သေးသေးမွှားမွှားတီးလုံးတွေကို ဂရုမစိုက်တတ်တဲ့သူတွေအတွက်ကတော့ ပြီးပြည့်စုံတဲ့ဂီတဆိုတာ ရှိမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်နားကိုက တစ်ဖက်ကသိပ်မကြားတာကို နားကြပ်တစ်ဘက်ပျက်နေပါတယ်ဆိုပြီး complain တက်တဲ့လူကရှိသေး။ အဓိကကတော့ ကိုယ်ကသံစဉ်တွေကို နားမလည် မခံစားတတ်ရင် ဘာနားကြပ်သုံးသုံး ထူးမှာမဟုတ်ဘူးဆိုတာပဲ။

Credit to @Thetwai Maung

Post a Comment

0 Comments