Friday, December 26, 2014

ဖူးစာရှင်

ကိုယ်ကိုယ်တိုင် သတိမထားမိခဲ့ တဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ ကိုယ်နဲ့တစ်ဘ၀လုံး လက်တွဲသွားရမယ့်ချစ်သူ ရဲ့ စိတ်နေစိတ်ထား ဘယ်လိုမျိုးလဲ မသိချင်ကြဘူးလားး?? စိတ်ဝင်စားတယ် ဆို ဒီတွက်ကိန်းလေး တစ်ချက်လောက်တွက်ကြည့်ရအောင် … (^_^)

မခက်ပါဘူးး … စိတ်ဝင်စားစရာမေးခွန်းလေး ကိုးခု ဖြေရမှာပါ … မေးခွန်းတစ်ခုစီတိုင်းမှာ အဖြေလေးတွေရှိပါတယ် … မေးခွန်းတစ်ခုစီတိုင်းမှာ ကိုယ့်ရဲ့အဖြေလေးတွေကို မှတ်သားထားရမယ် အာလုံးဖြေပြီးမှ အဖြေတွေကို ပြန်ပေါင်းကြည့်ရမှာပါ … ကွက်တိမမှန်ခဲ့ ရင်တောင် ခဏတော့ စိတ်ပျော်ရွှင်သွားမယ်လို့ မျှော်လင့်ပါတယ် ။ တစ်ခုသတိထားရမှာက မေးခွန်းအောက်က အဖြေလေးတွေကို တစ်ခုဆိုတစ်ခု ပြတ်ပြတ်သားသားရွေးပေးဖို့ပါ … ကဲ … စမယ်နော် ヅ




Ready ??



Thursday, December 25, 2014

"ဖူးစာရှင်" post မှ အဖြေများ

မေးခွန်းများ => http://frosblaze.blogspot.com/2014/12/blog-post_25.html

စုစုပေါင်းမေးခွန်း ကိုးခုပါ ။ အဖြေနံပါတ်လေးတွေ သေချာမှတ်ထားကြတယ်နော် … ။ အဲဒါ ဆိုရင်တော့ မေးခွန်းအဖြေလေးတွေရဲ့ ဖြေရှင်းချက်လေးတွေကို တိုက်စစ်ကြည့်လို့ရပါပြီ … ။

Wednesday, December 24, 2014

ကလေးရဲ့ အပြုအမူတွေ

  • သင့် ကလေး ခဏခဏ လိမ်ပြောတယ်ဆိုတာ သင့်သူ့ကိုအပြစ်ခဏခဏပြောလို့

  • သင့်ကလေး ကိုယ့်ကိုယုံကြည်မှုအားနည်းနေတယ်ဆိုရင် သင်သူ့ကိုအားပေးမှုလျော့နည်းနေသေးလို့

  • သင့်ကလေး စကားသိပ်မပြောဘူးဆိုရင် သင်သူနဲ့အချိန်ပေးပြီး စကားမပြောလို့

  • သင့်ကလေးခိုးဝှက်တတ်တယ်ဆိုရင် သင်သူ့ကို ပေးကမ်းစွန့်ကြဲခြင်းဟာ မွန်မြတ်တယ်ဆိုတာ သိအောင် မပြောထားပေးလို့

  • သင့်ကလေး သတ္တိမရှိဘူးဆိုရင် တစ်ချိန်လုံး ဘာဖြစ်ဖြစ် သူ့ဘက်မှာနေပြီး သင်လိုက်ကာကွယ် ဖြေရှင်းပေးလွန်းလို့

  • သင့်ကလေး သူများကိုမလေးစားပဲ ပြန်ပြောနေတတ်ရင် သင်သူနဲ့ စကားတစ်ခွန်း နှစ်ခွန်းအခြေအတင်ဖြစ်ပြီဆိုရင် အော်ပြောဆူပူတတ်လို့

  • သင့်ကလေး စိတ်ဆိုးလွယ် စိတ်အလို မကျလွယ်ရင် သူကောင်းတာလုပ်နေရက်နဲ့ သင်သူ့ကို မချီးကျူး ဂုဏ်ယူတဲ့စကား မပြောဖူးလို့

  • သင့်ကလေး သူများတွေကို လူလည်ကျတတ်ရင် သင်သူ့ကို ဘာမှဆို မမျှဝေပေးဖူးလို့

  • သင့်ကလေး သူများကိုအနိုင်ကျင့် ဗိုလ်ကျတတ်ရင် သင့်ရဲ့စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီး သူများတွေနဲ့ဆက်ဆံတာကိုတွေ သူ့ရှေ့မှာလုပ်ပြလို့

  • သင့်ကလေးကြောက်ပြီး အားငယ်တတ်ရင် သင်သူ့ကိုတစ်ခုခုဆို အမြဲခြောက်ပြောတတ်လို့

  • သင့်ကလေး သူများတွေကို အမြဲအားကျ နေရင် သင်သူ့ကိုလုံးဝဂရုမစိုက်ပဲ ပစ်ထားတတ်လို့

  • သင့်ကလေး သင့်ကိုမရင်းနှီးသလို မချစ်သလိုနေရင် သင်သူ့ကိုတစ်ခါမှ နွေးထွေးတဲ့ပွေ့ဖက်မှုတွေ ကျင်နာတဲ့ အနမ်းတွေနဲ့မနမ်းဖူးလို့

  • သင့်ကလေး သင့်စကားနားမထောင်ရင် သင်သူတို့ဆီက မမျှတတဲ့တောင်းဆိုမှု သူတို့ဆန္ဒမပါတဲ့စေခိုင်းမှုတွေ လုပ်တာများလို့

  • သင့်ကလေးလျှို့လျှို့ဝှက်ဝှက်နဲ့ တစ်ယောက်တည်းနေတတ်ရင် သင် သူ့ကိစ္စတွေကို အစအဆုံး စစ်ဆေးမေးမြန်းလွန်းလို့

မိဘများဟာ သားသမီးအတွက် မြေသြဇာလိုပဲ မိဘရဲ့လုပ်ရပ်များကို မြင်ပြီး သားသမီးတွေကလိုက်လုပ်တတ်တယ် သင်တစ်ခုခုပြောဆို ပြုမူတော့မယ်ဆိုရင် သင် ကလေးဘဝ တုန်းကရော သင့်မိဘ ဒီလိုတွေလုပ်ရင် သင်ကြိုက်ရဲ့လားအရင်စဉ်းစားပါ သင်ကလေးဘဝတုန်းက သင့်မိဘဆီ သင်လိုချင်တဲ့ပုံစံမျိုးပဲ သင့်ကလေးကို ပေးပါ

ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ

နှင်းဆီဖြူ

Sunday, December 14, 2014

ပီယလက်စွပ်အကြောင်း


ပီယလက်စွပ် အကြောင်းသည် အလွန်လျှို့ဝှက်နက်နဲသော လောကီပညာရပ်ဖြစ်ပါသည်။ သို့သော် အောက်လမ်းနည်းမဟုတ်ပါ။ အထက်လမ်းနည်း ဖြစ်ပါသည်။

အထက်နည်းဖြင့် ပီယသိဒ္ဓိကို ရရှိသောသူများသည် ထိုတန်ခိုးကို အလွဲသုံးစားလုပ်လေ့မရှိပါ။ သစ္စာစောင့်သိရိုသေစွာ စောင့်ထိန်းလျှင် အထွတ်အထိပ်တိုင်အောင် ပေါက်မြောက်အောင်ပါသည်။ အလွဲသုံးစားပြုမိပါက ဘဝတွင်သာ အရှက်တကွဲ အကျိုးနည်းစွာ နစ်နာဆုံးရှုံးမှုကြီးကြုံရခြင်း၊ အာကာလမရဏ (သို့မဟုတ်) ဥပစ္စေတကကံဖြင့် သေကြေပျက်စီးရခြင်းမျိုးဖြစ်ရုံမက၊ သေဆုံးပြီးနောက် အဝီစိငရဲသို့ ဇောက်ထိုးကျတတ်လေသည်။

ပီယလက်စွပ်ကို အဂ္ဂိရတ်ဆရာများသာပြုလုပ်နိုင်ပါသည်။ ဖိုထိုးသောဆရာများသာလုပ်၍ ရပါသည်။ အမှန်ကား ပီယလက်စွပ်သည် ဓာတ်လုံးလက်စွပ်ပင်ဖြစ်ပါသည်။ ဓာတ်ဝိဇ္ဇာများသာ သိပါသည်။ အဂ္ဂိရတ်လောကမှ ဆင်းသက်လာသော စကားပုံတစ်ပုဒ်ကို လူအများသိကြားဖူးမည် ဖြစ်ပါသည်။

Dynasty Warriors 7 XL PC English Patch (Partial)


This is a partial patch for Dynasty Warriors 7 Xtreme Legends on PC. This patch is incredibly crash-heavy, especially around equipping seals. I'm not able to fix it because I'm terrible at ASM. Use this patch at your own risk, and expect crashes.

Use the original exe rather than the patched one to stop the crashes. Strings will then be cut off however.

Saturday, December 6, 2014

ဆင်းကဒ်တွေ အလုပ်လုပ်ပုံ

ဆင်းကဒ်တွေမှာ ငုတ်ပင်လေးတွေ ၆ခုရှိပါတယ်။ အဲ့ထဲမှာ အလုပ်လုပ်တဲ့ပင်က ငါးခုသာရှိပါတယ်။ အဲ့ထဲက တစ်ခုက အဆက်အသွယ် လုံးဝမရှိပါ။ အဲ့ငါးခုက ဘယ်လို အလုပ်လုပ်လည်းဆိုတာက တော့



(၁) SIM DATA
အဲ့လမ်းကြောင်းလေးကတော့ ဆင်းကဒ်ထဲသိမ်းဆည်းနိုင်တဲ့ မန်မိုရီ လမ်းကြောင်းလေးဖြစ်ပါတယ်

(၂) SIM Clock
ဒီလမ်းကြောင်းလေးကတော့ နာရီတစ်လုံးလိုပဲ အချိန်နဲ့တပြေးညီ ဒေတာတွေ ကိုလက်ခံတာပဲဖြစ်ဖြစ် ပို့လိုက်တာပဲဖြစ်ဖြစ် ပြပေးတဲ့လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ဥပမာ-massage ပို့လိုက်တဲ့အခါ လက်ခံရရှိတဲ့ဖုန်းတွင် ချက်ချင်းအချိန်နဲ့တပြေးညီရရှိသလိုမျိုးပေါ့....

(၃) SIM RESET

ဒီလမ်းကြောင်းကတော့ frequency signal တွေကို အချိန်နဲ့ တပြေးညီလုပ်ဆောင်ချက်တွေကို အစကနေ အသစ်ပြန်စ စေတဲ့ reset ချပေးတဲ့ ခလုပ်တစ်ခုလိုပါပဲ


(၄) VSIM
 ဆင်းကဒ်ကို အလုပ်လုပ်ဖို့အတွက် ဗို့ ပေးသွင်းတဲ့ 'B+'လမ်းကြောင်းလေးတစ်ခုပါ

(၅) SIM GROUND
ground ချထားတဲ့လမ်းကြောင်းလေးပါ တစ်နည်းအားဖြင့် '-'လမ်းကြောင်းပေါ့

(၆) NC
not connect အဆက်အသွယ်မရှိတဲ့ လမ်းကြောင်း ပေါ့

အဲ့တော့ ကျွန်တော်တို့ က ဆင်းကဒ်မသိတဲ့ ဖုန်းတွေပြင်မယ့်အခါဆိုရင် VSIM လမ်းကြောင်းမှာ ဗို့ရောက်ရဲ့လား ဆိုတာ စစ်ရပါမယ် မရောက်ဘူး ဆိုရင် အဲ့လမ်းကြောင်းကို လိုက်ရပါမယ် အဖြစ်အများဆုံးက အဲ့လမ်းကြောင်းလေးပါ .....


တစ်ချို့ ရေဝင်ထားတဲ့ ဖုန်းတွေမှာဆို SIM Connector ဘေးက EMI FILTER လေးလဲလိုက်ရင် ကောင်းသွားတာများပါတယ်
EMI FILTER ဆိုတဲ့ SIM Connector မှာရှိတဲ့ လမ်းကြောင်းတွေအားလုံး က EMI FILTER ကိုဖြတ်ပြီးမှ ပါဝါအိုင်စီနဲ့ CPU ကိုသွားတာပါ.....

Credit to Original Up-loader

Thursday, December 4, 2014

အမျိုးသမီးများအတွက် အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်တဲ့ ချစ်စရာ calender

အမျိုးသမီးများအတွက် အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်တဲ့ ချစ်စရာ calender တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...


Tuesday, December 2, 2014

Dynasty Warriors 8: Empires All Events Unlock Guide


  • 1. Ambition (大志を抱く) - Begin the game as a free officer
  • 2. Founding a country (建国) - Successfully raise an army and form a new kingdom
  • 3. Successor (引退と継承) - Have a ruler step down and select you as a successor. I did this while I was playing Dong Bai as a Marshal and Lu Bu (Ruler) approached me to increase my rank to Ruler by stepping down and retiring. My relation with him was A or above.
  • 4. Confession (告白) - Have S rank with an officer of a different sex, then confess to them (they will also confess to you on their own)
  • 5. Marriage (婚礼) - An option for marriage will appear after a successful confession.
  • 6. Oath Brothers (義兄弟の契り) - S with any officer and then pot smash away!
  • 7. Escape (亡命) - Fail a revolt as a Marshal or betrayal (giving up your territory to another faction) as a governor.