ကလေးရဲ့ အပြုအမူတွေ

  • သင့် ကလေး ခဏခဏ လိမ်ပြောတယ်ဆိုတာ သင့်သူ့ကိုအပြစ်ခဏခဏပြောလို့

  • သင့်ကလေး ကိုယ့်ကိုယုံကြည်မှုအားနည်းနေတယ်ဆိုရင် သင်သူ့ကိုအားပေးမှုလျော့နည်းနေသေးလို့

  • သင့်ကလေး စကားသိပ်မပြောဘူးဆိုရင် သင်သူနဲ့အချိန်ပေးပြီး စကားမပြောလို့

  • သင့်ကလေးခိုးဝှက်တတ်တယ်ဆိုရင် သင်သူ့ကို ပေးကမ်းစွန့်ကြဲခြင်းဟာ မွန်မြတ်တယ်ဆိုတာ သိအောင် မပြောထားပေးလို့

  • သင့်ကလေး သတ္တိမရှိဘူးဆိုရင် တစ်ချိန်လုံး ဘာဖြစ်ဖြစ် သူ့ဘက်မှာနေပြီး သင်လိုက်ကာကွယ် ဖြေရှင်းပေးလွန်းလို့

  • သင့်ကလေး သူများကိုမလေးစားပဲ ပြန်ပြောနေတတ်ရင် သင်သူနဲ့ စကားတစ်ခွန်း နှစ်ခွန်းအခြေအတင်ဖြစ်ပြီဆိုရင် အော်ပြောဆူပူတတ်လို့

  • သင့်ကလေး စိတ်ဆိုးလွယ် စိတ်အလို မကျလွယ်ရင် သူကောင်းတာလုပ်နေရက်နဲ့ သင်သူ့ကို မချီးကျူး ဂုဏ်ယူတဲ့စကား မပြောဖူးလို့

  • သင့်ကလေး သူများတွေကို လူလည်ကျတတ်ရင် သင်သူ့ကို ဘာမှဆို မမျှဝေပေးဖူးလို့

  • သင့်ကလေး သူများကိုအနိုင်ကျင့် ဗိုလ်ကျတတ်ရင် သင့်ရဲ့စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီး သူများတွေနဲ့ဆက်ဆံတာကိုတွေ သူ့ရှေ့မှာလုပ်ပြလို့

  • သင့်ကလေးကြောက်ပြီး အားငယ်တတ်ရင် သင်သူ့ကိုတစ်ခုခုဆို အမြဲခြောက်ပြောတတ်လို့

  • သင့်ကလေး သူများတွေကို အမြဲအားကျ နေရင် သင်သူ့ကိုလုံးဝဂရုမစိုက်ပဲ ပစ်ထားတတ်လို့

  • သင့်ကလေး သင့်ကိုမရင်းနှီးသလို မချစ်သလိုနေရင် သင်သူ့ကိုတစ်ခါမှ နွေးထွေးတဲ့ပွေ့ဖက်မှုတွေ ကျင်နာတဲ့ အနမ်းတွေနဲ့မနမ်းဖူးလို့

  • သင့်ကလေး သင့်စကားနားမထောင်ရင် သင်သူတို့ဆီက မမျှတတဲ့တောင်းဆိုမှု သူတို့ဆန္ဒမပါတဲ့စေခိုင်းမှုတွေ လုပ်တာများလို့

  • သင့်ကလေးလျှို့လျှို့ဝှက်ဝှက်နဲ့ တစ်ယောက်တည်းနေတတ်ရင် သင် သူ့ကိစ္စတွေကို အစအဆုံး စစ်ဆေးမေးမြန်းလွန်းလို့

မိဘများဟာ သားသမီးအတွက် မြေသြဇာလိုပဲ မိဘရဲ့လုပ်ရပ်များကို မြင်ပြီး သားသမီးတွေကလိုက်လုပ်တတ်တယ် သင်တစ်ခုခုပြောဆို ပြုမူတော့မယ်ဆိုရင် သင် ကလေးဘဝ တုန်းကရော သင့်မိဘ ဒီလိုတွေလုပ်ရင် သင်ကြိုက်ရဲ့လားအရင်စဉ်းစားပါ သင်ကလေးဘဝတုန်းက သင့်မိဘဆီ သင်လိုချင်တဲ့ပုံစံမျိုးပဲ သင့်ကလေးကို ပေးပါ

ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ

နှင်းဆီဖြူ

Post a Comment

0 Comments