The President (Giant sequoia tree)


ဒီပုံက မကြာသေးခင်ကမှ ရိုက်ထားတဲ့ သက်တမ်း နှစ်ပေါင်း 3200 ရှိပြီး The president လို့အမည်ရှိတဲ့ သစ်ပင်ကြီးပုံဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဒီသစ်ပင်ကြီးကို မည်သူတဦးတယောက်မှ ပုံမရိုက်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးမားပြီး မြင့်မားလွန်းလှတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒီကြီးမားပြီး မြင့်မားလွန်းလှတဲ့ sequoia မျိုးနွယ်ဝင် သစ်ပင်ကြီးဟာ ၂၄၇ ပေမြင့်ပြီး ထုထည်က ၄၅,၀၀၀ ကုဗပေ ရှိပါတယ်။ ပင်စည်လုံးပတ်တစ်ခုတည်းတင် ၂၇ ပေရှိပြီး သူ့ရဲ့အကိုင်းအခက်ကြီးတွေမှာ အကိုင်းအခက်အခွဲပေါင်း သန်းတစ်ထောင်လောက် ရှိပါတယ်။ ဒီပမာဏက ကမ္ဘာပေါ်မှာရှိတဲ့ သာမာန်သစ်ပင်တွေထက်ကို အများကြီးပိုပါတယ်။

ဒီပုံကို Nat Geo ဓာတ်ပုံဆရာများအဖွဲ့က လွန်ခဲ့တဲ့ ၃၂ ရက်ကမှ  ရိုက်ယူခဲ့ပါတယ်။ အစိတ်အပိုင်းပေါင်း ၁၂၆ ပုံကို ဆက်ထားတာဖြစ်ပါသည်။

မူရင်းလင့်ခ် - http://news.distractify.com/geek/science/after-126-separate-photos-scientists-have-captured-this-incredibly-tall-tree-in-a-single-image/

Post a Comment

0 Comments