ကမ္ဘာမှာ ပထမဆုံး ပြိုကျခဲ့တဲ့ (တစိတ်တပိုင်း) precast concrete အဆောက်အဦ



ကမ္ဘာမှာ ပထမဆုံး ပြိုကျခဲ့တဲ့ (တစိတ်တပိုင်း) precast concrete အဆောက်အဦ
--------------------------------------

  Technical literature တွေကို ဖတ်ရင် ကမ္ဘာမှာ ပထမဆုံး (တစိတ်တပိုင်း ၊ partially) ပြိုကျခဲ့တဲ့ precast concrete အဆောက်အဦ အဖြစ် အင်္ဂလန် လန်ဒန်မြို့မှာ ဖြစ်ခဲ့တဲ့ Ronan Point case ကို ရေးသားဖော်ပြ ထားကြတာကို တွေ့မြင်ကြရပါတယ်။

  အဲသည်တုန်းက precast design နဲ့ ပတ်သက်တဲ့ standard တွေ မရှိသေးတာကို သတိပြုမိသွားပြီး ၊ အဲသည် နောက်ပိုင်း precast standard တွေ ဖွံ့ဖြိုးလာတယ်လို့ မှတ်တမ်းများမှာ ဖတ်ရပါတယ်။

  အဲသည်အကြောင်းကို ပြီးခဲ့တဲ့ နှစ်က note တခု ရေးထားဖူးပါတယ်။ မဖတ်ရသေးသူများ အတွက် ပြန်ရှယ်ပါတယ် ခင်ဗျား ..


Progressive Collapse နှင့် Catinary Action

27 July 2013 at 23:48

  ကျွန်တော် ဒီ note ကို Progressive Collapse နှင့် Catinary Action ဆိုတဲ့ စကားလုံး ၂ ခုအကြောင်း technically ရေးတာ မဟုတ်ဘဲ မြို့ပြအင်ဂျင်နီယာတွေအနေနဲ့ ဒီစကားလုံးလေး ၂ လုံးကို သတိထားမိအာင် Highlight လုပ်ပေးတဲ့ သဘောအနေနဲ့ ရေးတာ ဖြစ်ပါတယ်။ စကားလုံးက ၂ လုံးတည်းပေမယ့် သိပ်ကျယ်ပြန့်တဲ့ အကြောင်းအရာကို ကိုယ်စားပြုပါတယ်။

  Precast concrete technology နယ်ပယ်ကို လေ့လာပြီ ဆိုတာနဲ့ ဒီ စကားလုံး ၂ ခုကို စတွေ့ရမှာ ဖြစ်ပါတယ်။ စကားလုံး ၂ ခုအကြောင်း ရေးထားတဲ့ စာတမ်းတွေ ၊ စာအုပ်တွေ အများကြီး ရှိပါတယ်။ အကျယ် သိချင်ရင်တော့ ဆိုင်ရာ စာအုပ်တွေကို ဖတ်ဖို့ တိုက်တွန်းပါတယ်။ သိပြီးသားသူတွေအနေနဲ့ ဒီ note ကနေ အထက်ပါ စကား ၂ လုံးအကြောင်း ထူးထူးခြားခြား ထပ်သိရဖို့တော့ မရှိပါဘူး ခင်ဗျား။

  Note ထဲမှာ အသုံးပြုထားတဲ့ technical term တွေကို အဓိက ထုတ်နှုတ်ထားတဲ့ စာအုပ်က Progressive collapse of structures by Uwe Starossek, Hamburg University of Technology, 2009 ဖြစ်ပါတယ်။ ဒီစာအုပ်က အပြင်မှာ အလကားရနိုင်မယ့် အီးဘုတ် မတွေ့မိသေးပါဘူး။

Progressive Collapse.......

  ၁၉၆၈ မေလ ၁၆ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ လန်ဒန်အရှေ့ပိုင်းက ၂၂ ထပ် တိုက်တလုံးမှာ တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။ ၁၈ ထပ်မှာရှိတဲ့ အဘွားကြီး တဦးက မနက်မှာ ရေနွေးတည်ချင်တာနဲ့ ဂတ်စ်အိုးကို ဖွင့်လိုက်တာ မတော်တဆ ပေါက်ကွဲပြီး ၁၈ ထပ်က load bearing precast wall တခု ပြုတ်ထွက်သွားပါတယ်။ ၁၈ ထပ်က load bearing precast wall ပြုတ်ထွက်သွားတာနဲ့ သူနဲ့ အထက်အောက် wall တွေပါ တောက်လျှောက် ပြုတ်ထွက်ပြီး ပြိုကျသွားခဲ့တာပါ။ ဓါတ်ပုံက အဲသည် ပြိုကျမှုပုံပါပဲ။

  အထက်ပါ ပြိုကျမှုဟာ မြို့ပြအင်ဂျင်နီယာ ပညာရပ်နယ်ပယ်မှာ Ronan Point ဆိုပြီး အရေးပါတဲ့ ဖြစ်ရပ်တခု ဖြစ်လာပါတယ်။ concrete structure အကြောင်း လေ့လာတဲ့ စာအုပ်တွေရဲ့ chapter 1 မှာ အဲသည် ဖြစ်ရပ်ကို ရေးသားလေ့ရှိပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အဦဟာ precast building ဖြစ်ပြီး အဲသည် ဖြစ်ရပ်ဟာ precast building ဒီဇိုင်းပညာကို တိုးတက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါဟာ Progressive Collapse အသုံးအနှုံး စတင် မွေးဖွားလာတာပါပဲ။

  Progressive collapse ကို အလွယ်ပြောရရင် ကွန်ကရစ် အဆောက်အဦတခုရဲ့ အောက်ထပ်က တိုင်တလုံး ပြုတ်ထွက်သွားတာပါပဲ။ တိုင်တလုံး ပြုတ်သွားတော့ load path ပြောင်းသွားပြီး အဲသည်တိုင် ထမ်းထားတဲ့ Load တွေက beam တွေဆီကို လမ်းကြောင်းပြောင်းသွားတယ်။ beam မှာ load တွေ ရုတ်တရက် များလာပြီး bending moment ပြောင်းသွားတယ်။ ပြောင်းသွားတဲ့ bending moment ကို beam က မထမ်းနိုင်တဲ့အတွက် beam တွေပါ failure ဖြစ်ပြီး အပေါ်ထပ်က တိုင်တွေပါ ဆက်တိုင် နိမ့်ဆင်းပြိုကျတဲ့ ဖြစ်ရပ်မျိုးကို Progressive collapse လို့ သုံးနှုံးတာပါ။ နောက်ပိုင်းတော့ Progressive collapse အကြောင်း လေ့လာမှုတွေ ကျယ်ပြန့်လာပြီး ပြိုကျမှုပုံစံကို ကြည့်ပြီး အခေါ်အဝေါ်တွေ ကျယ်ပြန့်သွားပါတယ်။ ယခုအခါမှာ Progressive collapse က structural concrete နယ်ပယ်တိုင်းမှာ အရေးကြီးတဲ့ အသုံးအနှုံးဖြစ်လာပါတယ်။

  Progressive collapse of structures by Uwe Starossek စာအုပ်အရ ပြိုကျတဲ့ ပုံစံတွေ အမျိုးမျိုး ရှိပါတယ်။ Types of progressive collapse...

  • Pancake-type collapse
  • Zipper-type collapse
  • Domino-type collapse
  • Section-type collapse
  • Instability-type collapse
  • Mixed-type collapse

  နောက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် အောက်ထပ်က တိုင်တွေ ပြုတ်ထွက်ကုန်ပြီး အပေါ်က ပြိုကျတဲ့ ဖြစ်ရပ်မျိုးတွေ အဖြစ်များလာတဲ့အတွက် အဆောက်အဦ ဒီဇိုင်းနယ်ပယ်မှာ progressive collapse ကို အလေးပေး လေ့လာနေကြပါတယ်။ အထူးသဖြင့် precast concrete အဆောက်အဦတွေဟာ progressive collapse အဖြစ်အလွယ်ဆုံးမို့လို့ precast လေ့လာတာနဲ့ progressive collapse ကို စတွေ့ရတာပါ။

Catinary Action....

  တိုင်ပြုတ်ထွက်သွားတော့ တိုင်ထမ်းထားတဲ့ အပေါ်က load တွေဟာ beam တွေဆီ load path ပြောင်းသွားပါတယ်။ beam တွေဟာ အောက်ကို deflection ဖြစ်သွားပြီး reinforcement တွေက အောက်ကို ၀ိုက်သွားတဲ့ ပုံစံနဲ့ အပေါ်က Load ကို ပြောင်းလဲယူပါတယ်။ အဲသည် ဖြစ်ရပ်ကို Catinary Action လို့ သုံးနှုံးတာပါ။

  Precast Concrete Building ဒီဇိုင်းမှာ Catinary Action အတွက် Structural tie reinforcement system ကို သုံးပါတယ်။

  အထက်မှာ ပြောခဲ့သလို Progressive Collapse နှင့် Catinary Action အသုံးအနှုံး ၂ ခုကို highlight အနေနဲ့ သာမန်ရေးထားတာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများ အင်တာနက်ကနေ ဆက်လက် ဖတ်ရှုလေ့လာနိုင်မယ့် ဖိုင်တွေကို ကော်မင့်မှာ တင်ထားပါမယ်။

  ကျွန်တော် မသိတာက... ရန်ကုန်မှာ လူနေအိမ် ကန်ထရိုက်တိုက်တွေ အတွက် beam ဒီဇိုင်း လုပ်တဲ့အခါ အောက်ထပ်က တိုင်တလုံး ပြုတ်ထွက်သွားလို့ beam မှာ ဖြစ်လာမယ့် bending moment တွေကို ထည့်စဉ်းစား တွက်ချက်လား မသိပါဘူး။ ဘာလို့လဲဆိုတော့ သာမန် beam design မှာ အဲသည် beam ထမ်းမယ့် အထပ်က loading ကိုပဲ ထည့်စဉ်းစားတတ်တာပါ။ အပေါ်ထပ် တခုလုံးက Load တွေ beam ကို ရောက်လာနိုင်တဲ့ progressive collapse အတွက် ထည့်စဉ်းစားလား... မစဉ်းစားဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။

ရန်ကုန် ၊ မန်လေးမြို့တွေမှာ ဒီဇိုင်းလုပ်နေတဲ့ မိတ်ဆွေတွေ ဆွေးနွေးစေချင်ပါတယ်။

(မြန်မာမြို့ပြအင်ဂျင်နီယာ)

Post a Comment

0 Comments