ဘဂၤလားေဒ႕ရွ္ နယ္စပ္ၿပန္ ေဗဒင္ဆရာၾကီး မိုခ

  ဘဂၤလားေဒ႕ရွ္ နယ္စပ္ၿပန္ ေဗဒင္ဆရာၾကီး မိုခ တစ္ေယာက္ ယခုတေလာ အၾကီးအက်ယ္စိတ္ညစ္ေနေလသည္။ အေၾကာင္းမွာ သူ႕အိမ္ကို ေဗဒင္လာေမးၾကဖို႕ ေ၀းစြ လမ္းေဘးေခြးေတာင္ သူ႕အိမ္ဘက္ ေသးလွည္႕မပန္း ၿဖစ္ေနေလရာ မ်ားစြာ စိတ္ဓါတ္က်မိေလေတာ႕သည္။ တကယ္ဆို သူ႕ဆိုင္းဘုတ္ေပၚက စာသားေလးမ်ားကို အားနာၾကဖို႕ေတာ႕ ေကာင္းလွသည္။

" ဆရာၾကီးမင္းသိခၤႏွင္႕ မ်က္လံုးခ်င္းတစ္ခါဆံုမိရာမွ ထြက္ရပ္ေပါက္သြားသူ ဆရာမင္းမိုခ"

  ကဲ ၾကည္႕ ဒီေလာက္ခန္႕ညားလွတဲ႕ ဆိုင္းဘုတ္ေပၚက စာသားေတြကို အေရးမလုပ္ၾက။ ေနႏွင္႕ၾကအံုးေပါ႔။ အေရးၾကံဳမွ ဆရာကယ္ပါ ဘာညာ လာမလုပ္ၾကႏွင္႕ ဟု စိတ္ထဲမွ က်ိန္း၀ါးကာ ခါးေပၚ၀တ္ထားေသာ မ်ိဳးတင္႕ေဆြေဘာင္းဘီသားေရၾကိဳး ၿပတ္ေလးကို ပုဆိုး၀တ္သလို ၀တ္ဆင္ၿပီး အေပၚမွ အာဂ်ီႏိုမိုတိုစြပ္က်ယ္ ေလးကို တစ္ခ်က္ သပ္သပ္ရပ္ရပ္ ၿဖစ္ေအာင္ လုပ္လိုက္သည္။ ၿပီးေနာက္ မီးဖိုထဲတြင္ ဘာမ်ား ရွိလိမ္႕မလဲဟု လွန္ေလွာ ရွာေဖြေသာ္လည္း ဖြတ္ကလိဒဂၤါးက အေၿခအေန မေပးသၿဖင္႕ ေနာက္ဆံုး ရရာ ၾကမ္းၿပင္ေပၚက်ေနေသာ ၾကက္သြန္ၿဖဴတစ္လံုးအား မီးဖုတ္စားလိုက္ရေလသည္။ ထိုစဥ္

" ဆရာမိုခ ရွိလား ေဗဒင္ေမးခ်င္လို႕ပါ"

" ငင္ Customer လာၿပီ"


  အဲ႕ဒါမွ ဒုကၡ။ မိမိေဗဒင္ေဟာလွ်င္ ၀တ္ေသာ ၀တ္ၿဖဴစင္ၾကယ္က ဒီေန႕မွ ေလွ်ာ္ၿပီး အိမ္ေရွ႕မွာ လွန္းထား မိေလရာ ယခုမွ ထြက္ယူလို႕ မၿဖစ္ေတာ႕။ ဒီအာဂ်ီႏိုမိုတို နဲ႕လဲ ထြက္လို႕ မၿဖစ္။ စဥ္းစားစမ္း မိုခ စဥ္းစားစမ္း။ ဟာ ဟုတ္သားပဲ ။ မီးဖိုေခ်ာင္အေပါက္၀မွာ ကာထားေသာ ခန္းဆီးစရွိတာပဲ။ ငင္ ဒါလဲ မၿဖစ္ေသး ထိုအစက ပန္းႏုေရာင္ဇာကြက္ ေတြနဲ႕ ခ်ဳပ္ထားတာ။ ဒါၾကီး ပတ္သြားလို႕ေတာ႕ မၿဖစ္။ ဟိုဟို ဒီဒီလိုက္ရွာေသာ္လည္း ဘာမွမေတြ႕သၿဖင္႕ ေနာက္ဆံုး ထိုဇာခန္းဆီးကိုပင္ ၿဖဳတ္ကာ ပတ္လိုက္ရေလေတာ႕သည္။ အဲေနအံုး ေခါင္းေပါင္းစ လိုေသးတယ္။ ေခါင္းေပါင္းစ။ ထပ္ရွာစမ္း။ ထံုးစံ အတိုင္း ဘာမွ မေတြ႕။ ၾကံရာမရ ၿဖစ္သၿဖင္႕ အိမ္သာတံခါးအား တြန္းဖြင္႕မိေလရာ ဟာ ေတြ႕ၿပီ။ အိမ္သာတက္ၿပီး လက္သုတ္တဲ႕ တစ္ဘက္ အစုတ္။ မိုခ တစ္ေယာက္ ထိုတစ္ဘက္အား ၀မ္းသာအားရ ၿဖဳတ္ယူ။ အနံ႕အသက္ကေတာ႕ သိပ္မေကာင္း။ ယင္ေကာင္ကလည္း နားေနေသးသည္။ မတတ္ႏီုင္ ထိုတစ္ဘက္စုတ္ကိုပင္ ေခါင္းေပၚ ရေအာင္ပတ္ အိေၿႏၵရွိေသာေ ၿခလွမ္းမ်ားႏွင္႕ အၿပင္သို႕ လွမ္းအထြက္

" အမေလး ေဒေ၀ါၾကီး ေဒေ၀ါၾကီး ဇာအက်ီၤနဲ႕ ေဒေ၀ါၾကီး"

" ငင္ ဘယ္မွာတုန္း ေဒေ၀ါၾကီး ေၿပးေၿပး"

  ဆရာမိုခ လည္း ေယာင္ေတာင္ေတာင္ႏွင္႕ အိမ္ထဲ ပတ္ေၿပးေလေတာ႕သည္။ ဟိုလင္မယားက အေရွ႕ကေၿပး ဆရာမိုခက အေနာက္မွေၿပး။ ဟိုလင္မယားက သူတို႕ေနာက္ကို ေဒေ၀ါၾကီးလိုက္ပါတယ္ဆိုၿပီး ထပ္ေၿပး ဆရာမိုခကလည္း သူ႕ေနာက္မွာ ေဒေ၀ါၾကီးဆိုၿပီး ထပ္ေၿပး။ တစ္အိမ္လံုး ႏွံ႕ေအာင္ေၿပးၿပီးေတာ႕မွ

" အမေလး ေဒေ၀ါၾကီးရယ္ ေမာထွာ ခဏ ဘြာေတး ၿပီးမွ ဆက္လိုက္"

" ငင္ ေဒေ၀ါက အဲ႕လို ေၿပာလို႕ရလား"

" ငင္ ရွင္က ေဒေ၀ါမဟုတ္ဘူးလား"

" အာ ကြ်န္ေတာ္က မင္းမိုခေလ"

" ငင္ ဒါၾကီးက ဆရာမင္းမိုခ ဒီရုပ္ၾကီးကေလ ဒီဇာအက်ီၤၾကီးနဲ႕ကေလ ဒီ တစ္ဘက္စုတ္ၾကီးေပါင္းထားတာကေလ ဆရာမင္းမိုခ"

" ေတာ္ၿပီေလ အဲ႕ေလာက္ေၿပာရရင္ ကဲကဲ အေမာေၿဖၾက ဆို ဘာကိစၥလာၾကသတုန္း"

" ဒီလိုဆရာေရ ကြ်န္ေတာ္က ေမာင္ရြဲ ဒါက ကြ်န္ေတာ္႕မိန္းမ မယ္မ်ိဳး ကြ်န္ေတာ္တို႕သားေလးအတြက္ နာမည္လာေရြးတာ"

" ေအာ္ ဂလိုလား ဒါေတြက ကိုယ္ေတြ အိတ္စပတ္ပါ ေၿပာ ကေလးက ဘယ္အရြယ္တုန္း"

" အခုမွ ဗိုက္ထဲမွာပါ ဆရာ"

" ဖြီးးးးးးးးးဗိုက္ထဲကဟာ ကိုနာမည္ လာေပးတယ္ လာေနာက္ေနတာလား"

" ငင္ ေနာက္စရာလား တကယ္ေပးခ်င္လို႕ပါဆို"
 
" ဒါနဲ႕ ဗိုက္ထဲကဟာ ကို ဘယ္လိုလုပ္ေယာက်္ားေလးလို႕ ေၿပာလို႕ရမလဲ"

" ေသခ်ာတယ္ ဆရာ သားေလးက ကြ်န္မ ကို အိမ္မက္လာေပးတယ္ အိမ္မက္ထဲမွာေရၿပြတ္ ၾကီးနဲ႕"

" ငင္ ေရၿပြတ္ကိုင္တာနဲ႕ ေယာက်္ားတန္းၿဖစ္ေရာလား"

" က်န္ေသးတယ္ ေရၿပြတ္တင္မကဘူး သူက အေၿမွာက္ေပၚမွာ ခြထိုင္ထားေသး"

" ငြန္႕ ခြထိုင္တာနဲ႕ ေယာက်္ားၿဖစ္ၿပန္တာပဲလား"

" က်န္ေသးတယ္ ဆရာ သူက အိမ္မက္ထဲမွာ ကြ်န္မ ကိုေလ ဟုတ္ကဲ႕ ဟုတ္ကဲ႕ နဲ႕ေၿပာတာ ဖေအတူေလးေပါ႔ အဟင္း"

  " ကဲ ထားပါေလ ၾကည္႕က်က္ေပးရတာေပါ႔ မဟာဘုတ္တိုင္ေထာင္မယ္ လာေလေရာ႕ ေအာင္လံထူစစ္သူၾကီးပြဲ &^*(&*^&*%&*^%&*"

" ၀ွီး ၀ွီး"

  အေရးထဲ ယင္ေကာင္မ်ားက အိမ္သာထဲက တဘက္ကို သံေယာဇဥ္ မပ်က္၍ထင္႕။ ဆရာမိုခ နား တစ္၀ွီး၀ွီးႏွင္႕။

" ကဲ ရၿပီဗ်ား"

" ဟုတ္လား ဆရာ ဘာတဲ႕လဲ"

" အိမ္းကေလး နာမည္က ကေတာက္ ေသခ်င္းဆိုး ကာလနာ ေသာက္ယင္ေကာင္ေတြ ကိုယ္႕ဘာသာကိုယ္ ခ်ီးတြင္းထဲ ခ်ီးသြားမစားဘူး ခြီး"

" ငင္ နာမည္က ရွည္လွပါလား ဆရာ"

" ငင္ မဟုတ္ဘူး အဲ႕ဒါ မဟုတ္ဘူး တကယ္ေတာ႕ ကေလးနာမည္က လာၿပန္ၿပီကြာ ငါဖမ္းၿပီး၀ါးစားမိေတာ႕မယ္ေနာ္"

" ဒါၾကီးလဲ ရွည္ေသးတာပဲ"

" ငြန္႕ မဟုတ္ဘူးေလ ဒီမွာ ယင္ေကာင္ေတြကို ၾကိမ္းေနတာေလ ဟင္႕"

" ေအာ္ တိပါဘူး ၿမန္ၿမန္ေၿပာပါဆရာ ကြ်န္မ သိခ်င္လွၿပီ"

" ေအးဗ် ေန႕အလိုက္ေပးထားတယ္ တနလၤာမွာ ေမြးရင္ ၾကိဳးၾကီးခ်ိတ္၊ အဂၤါမွာေမြးရင္ ေဇယ်တုသဗၺမဂၤလာ၊ ဗုဒၶဟူးေမြးရင္ ၀က္စြပ္ၿပဳတ္၊ ၾကာသပေတးေမြးရင္ ၿမစ္တို႕၏မာယာ၊ ေသာၾကာေမြးရင္ သံပုရာသီး၊ စေနေမြးရင္ တြန္႕တြန္႕လူး၊ တနဂၤေနြေမြးရင္ အုန္းအုန္းထ ဘယ္ဟာၾကိဳက္လဲ"

" အမေလး ဆရာရဲ႕ ဂစ္ ဂစ္ ဖလူး ဖလူး"

" ဟဲ႕ မယ္မ်ိဳး မယ္မ်ိဳး ဆရာ ဆရာ လုပ္ပါအံုး "

"ခဏေလး ေနာက္တစ္မ်ိဳး ထပ္ေရြးထားေသးတယ္ တနလၤာ ဆို ၾကာနီကန္၊ အဂါၤဆို စစ္ဘီလူး၊ ဗုဒၶဟူးဆို လဒမိႈင္၊ ၾကာသာပေတးဆို ဘံုဗိမာန္၊ ေသာၾကာဆို ေသခ်င္းဆိုး၊ စေနဆို တင္းပုတ္ၾကီး၊ တနဂၤေနြဆို အင္တာဗ်ဴး ကဲ ခင္ဗ်ားေရာ ဘယ္ဟာ ၾကိဳက္လဲ"

" ငင္ ခဏေလးဆရာ ကြ်န္ေတာ္ပါ တက္ၿပီ ဂစ္"

" ငင္"

ကူးယူေဖာ္ျပသည္။ Credit to ကိုပြ
 
 
Unicode
 
  ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ တစ်ယောက် ယခုတလော အကြီးအကျယ်စိတ်ညစ်နေလေသည်။ အကြောင်းမှာ သူ့အိမ်ကို ဗေဒင်လာမေးကြဖို့ ဝေးစွ လမ်းဘေးခွေးတောင် သူ့အိမ်ဘက် သေးလှည့်မပန်း ဖြစ်နေလေရာ များစွာ စိတ်ဓါတ်ကျမိလေတော့သည်။ တကယ်ဆို သူ့ဆိုင်းဘုတ်ပေါ်က စာသားလေးများကို အားနာကြဖို့တော့ ကောင်းလှသည်။

" ဆရာကြီးမင်းသိင်္ခနှင့် မျက်လုံးချင်းတစ်ခါဆုံမိရာမှ ထွက်ရပ်ပေါက်သွားသူ ဆရာမင်းမိုခ"

  ကဲ ကြည့် ဒီလောက်ခန့်ညားလှတဲ့ ဆိုင်းဘုတ်ပေါ်က စာသားတွေကို အရေးမလုပ်ကြ။ နေနှင့်ကြအုံးပေါ့။ အရေးကြုံမှ ဆရာကယ်ပါ ဘာညာ လာမလုပ်ကြနှင့် ဟု စိတ်ထဲမှ ကျိန်းဝါးကာ ခါးပေါ်ဝတ်ထားသော မျိုးတင့်ဆွေဘောင်းဘီသားရေကြိုး ပြတ်လေးကို ပုဆိုးဝတ်သလို ဝတ်ဆင်ပြီး အပေါ်မှ အာဂျီနိုမိုတိုစွပ်ကျယ် လေးကို တစ်ချက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် မီးဖိုထဲတွင် ဘာများ ရှိလိမ့်မလဲဟု လှန်လှော ရှာဖွေသော်လည်း ဖွတ်ကလိဒင်္ဂါးက အခြေအနေ မပေးသဖြင့် နောက်ဆုံး ရရာ ကြမ်းပြင်ပေါ်ကျနေသော ကြက်သွန်ဖြူတစ်လုံးအား မီးဖုတ်စားလိုက်ရလေသည်။ ထိုစဉ်

" ဆရာမိုခ ရှိလား ဗေဒင်မေးချင်လို့ပါ"

" ငင် Customer လာပြီ"


  အဲ့ဒါမှ ဒုက္ခ။ မိမိဗေဒင်ဟောလျှင် ဝတ်သော ဝတ်ဖြူစင်ကြယ်က ဒီနေ့မှ လျှော်ပြီး အိမ်ရှေ့မှာ လှန်းထား မိလေရာ ယခုမှ ထွက်ယူလို့ မဖြစ်တော့။ ဒီအာဂျီနိုမိုတို နဲ့လဲ ထွက်လို့ မဖြစ်။ စဉ်းစားစမ်း မိုခ စဉ်းစားစမ်း။ ဟာ ဟုတ်သားပဲ ။ မီးဖိုချောင်အပေါက်ဝမှာ ကာထားသော ခန်းဆီးစရှိတာပဲ။ ငင် ဒါလဲ မဖြစ်သေး ထိုအစက ပန်းနုရောင်ဇာကွက် တွေနဲ့ ချုပ်ထားတာ။ ဒါကြီး ပတ်သွားလို့တော့ မဖြစ်။ ဟိုဟို ဒီဒီလိုက်ရှာသော်လည်း ဘာမှမတွေ့သဖြင့် နောက်ဆုံး ထိုဇာခန်းဆီးကိုပင် ဖြုတ်ကာ ပတ်လိုက်ရလေတော့သည်။ အဲနေအုံး ခေါင်းပေါင်းစ လိုသေးတယ်။ ခေါင်းပေါင်းစ။ ထပ်ရှာစမ်း။ ထုံးစံ အတိုင်း ဘာမှ မတွေ့။ ကြံရာမရ ဖြစ်သဖြင့် အိမ်သာတံခါးအား တွန်းဖွင့်မိလေရာ ဟာ တွေ့ပြီ။ အိမ်သာတက်ပြီး လက်သုတ်တဲ့ တစ်ဘက် အစုတ်။ မိုခ တစ်ယောက် ထိုတစ်ဘက်အား ဝမ်းသာအားရ ဖြုတ်ယူ။ အနံ့အသက်ကတော့ သိပ်မကောင်း။ ယင်ကောင်ကလည်း နားနေသေးသည်။ မတတ်နီုင် ထိုတစ်ဘက်စုတ်ကိုပင် ခေါင်းပေါ် ရအောင်ပတ် အိန္ဒြေရှိသောေ ခြလှမ်းများနှင့် အပြင်သို့ လှမ်းအထွက်

" အမလေး ဒေဝေါကြီး ဒေဝေါကြီး ဇာအကျီၤနဲ့ ဒေဝေါကြီး"

" ငင် ဘယ်မှာတုန်း ဒေဝေါကြီး ပြေးပြေး"

  ဆရာမိုခ လည်း ယောင်တောင်တောင်နှင့် အိမ်ထဲ ပတ်ပြေးလေတော့သည်။ ဟိုလင်မယားက အရှေ့ကပြေး ဆရာမိုခက အနောက်မှပြေး။ ဟိုလင်မယားက သူတို့နောက်ကို ဒေဝေါကြီးလိုက်ပါတယ်ဆိုပြီး ထပ်ပြေး ဆရာမိုခကလည်း သူ့နောက်မှာ ဒေဝေါကြီးဆိုပြီး ထပ်ပြေး။ တစ်အိမ်လုံး နှံ့အောင်ပြေးပြီးတော့မှ

" အမလေး ဒေဝေါကြီးရယ် မောထှာ ခဏ ဘွာတေး ပြီးမှ ဆက်လိုက်"

" ငင် ဒေဝေါက အဲ့လို ပြောလို့ရလား"

" ငင် ရှင်က ဒေဝေါမဟုတ်ဘူးလား"

" အာ ကျွန်တော်က မင်းမိုခလေ"

" ငင် ဒါကြီးက ဆရာမင်းမိုခ ဒီရုပ်ကြီးကလေ ဒီဇာအကျီၤကြီးနဲ့ကလေ ဒီ တစ်ဘက်စုတ်ကြီးပေါင်းထားတာကလေ ဆရာမင်းမိုခ"

" တော်ပြီလေ အဲ့လောက်ပြောရရင် ကဲကဲ အမောဖြေကြ ဆို ဘာကိစ္စလာကြသတုန်း"

" ဒီလိုဆရာရေ ကျွန်တော်က မောင်ရွဲ ဒါက ကျွန်တော့်မိန်းမ မယ်မျိုး ကျွန်တော်တို့သားလေးအတွက် နာမည်လာရွေးတာ"

" အော် ဂလိုလား ဒါတွေက ကိုယ်တွေ အိတ်စပတ်ပါ ပြော ကလေးက ဘယ်အရွယ်တုန်း"

" အခုမှ ဗိုက်ထဲမှာပါ ဆရာ"

" ဖွီးးးးးးးးးဗိုက်ထဲကဟာ ကိုနာမည် လာပေးတယ် လာနောက်နေတာလား"

" ငင် နောက်စရာလား တကယ်ပေးချင်လို့ပါဆို"
 
" ဒါနဲ့ ဗိုက်ထဲကဟာ ကို ဘယ်လိုလုပ်ယောကျ်ားလေးလို့ ပြောလို့ရမလဲ"

" သေချာတယ် ဆရာ သားလေးက ကျွန်မ ကို အိမ်မက်လာပေးတယ် အိမ်မက်ထဲမှာရေပြွတ် ကြီးနဲ့"

" ငင် ရေပြွတ်ကိုင်တာနဲ့ ယောကျ်ားတန်းဖြစ်ရောလား"

" ကျန်သေးတယ် ရေပြွတ်တင်မကဘူး သူက အမြှောက်ပေါ်မှာ ခွထိုင်ထားသေး"

" ငွန့် ခွထိုင်တာနဲ့ ယောကျ်ားဖြစ်ပြန်တာပဲလား"

" ကျန်သေးတယ် ဆရာ သူက အိမ်မက်ထဲမှာ ကျွန်မ ကိုလေ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ပြောတာ ဖအေတူလေးပေါ့ အဟင်း"

  " ကဲ ထားပါလေ ကြည့်ကျက်ပေးရတာပေါ့ မဟာဘုတ်တိုင်ထောင်မယ် လာလေရော့ အောင်လံထူစစ်သူကြီးပွဲ &^*(&*^&*%&*^%&*"

" ဝှီး ဝှီး"

  အရေးထဲ ယင်ကောင်များက အိမ်သာထဲက တဘက်ကို သံယောဇဉ် မပျက်၍ထင့်။ ဆရာမိုခ နား တစ်ဝှီးဝှီးနှင့်။

" ကဲ ရပြီဗျား"

" ဟုတ်လား ဆရာ ဘာတဲ့လဲ"

" အိမ်းကလေး နာမည်က ကတောက် သေချင်းဆိုး ကာလနာ သောက်ယင်ကောင်တွေ ကိုယ့်ဘာသာကိုယ် ချီးတွင်းထဲ ချီးသွားမစားဘူး ခွီး"

" ငင် နာမည်က ရှည်လှပါလား ဆရာ"

" ငင် မဟုတ်ဘူး အဲ့ဒါ မဟုတ်ဘူး တကယ်တော့ ကလေးနာမည်က လာပြန်ပြီကွာ ငါဖမ်းပြီးဝါးစားမိတော့မယ်နော်"

" ဒါကြီးလဲ ရှည်သေးတာပဲ"

" ငွန့် မဟုတ်ဘူးလေ ဒီမှာ ယင်ကောင်တွေကို ကြိမ်းနေတာလေ ဟင့်"

" အော် တိပါဘူး မြန်မြန်ပြောပါဆရာ ကျွန်မ သိချင်လှပြီ"

" အေးဗျ နေ့အလိုက်ပေးထားတယ် တနင်္လာမှာ မွေးရင် ကြိုးကြီးချိတ်၊ အင်္ဂါမှာမွေးရင် ဇေယျတုသဗ္ဗမင်္ဂလာ၊ ဗုဒ္ဓဟူးမွေးရင် ဝက်စွပ်ပြုတ်၊ ကြာသပတေးမွေးရင် မြစ်တို့၏မာယာ၊ သောကြာမွေးရင် သံပုရာသီး၊ စနေမွေးရင် တွန့်တွန့်လူး၊ တနင်္ဂနွေမွေးရင် အုန်းအုန်းထ ဘယ်ဟာကြိုက်လဲ"

" အမလေး ဆရာရဲ့ ဂစ် ဂစ် ဖလူး ဖလူး"

" ဟဲ့ မယ်မျိုး မယ်မျိုး ဆရာ ဆရာ လုပ်ပါအုံး "

"ခဏလေး နောက်တစ်မျိုး ထပ်ရွေးထားသေးတယ် တနင်္လာ ဆို ကြာနီကန်၊ အဂါၤဆို စစ်ဘီလူး၊ ဗုဒ္ဓဟူးဆို လဒမှိုင်၊ ကြာသာပတေးဆို ဘုံဗိမာန်၊ သောကြာဆို သေချင်းဆိုး၊ စနေဆို တင်းပုတ်ကြီး၊ တနင်္ဂနွေဆို အင်တာဗျူး ကဲ ခင်ဗျားရော ဘယ်ဟာ ကြိုက်လဲ"

" ငင် ခဏလေးဆရာ ကျွန်တော်ပါ တက်ပြီ ဂစ်"

" ငင်"

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments