သခွားသီးအကြောင်းသိကောင်းစရာ


နှိုင်းရင့်နွေ မှ တင်ဆက်သည်။



၁) သခွားသီးမှာ သင်နေ့စဉ်လိုအပ်သမျှ ဗီတာမင်ဓာတ်အများစုပါဝင်ပါတယ်... သခွားသီးတစ်လုံးမှာ Vitamin B1, B2, B3, B5, B6, Folic Acid, Vitamin C, Calcium, Iron, Magnesium, Phosphorus, Potassium နဲ့ Zinc တို့ပါဝင်ပါတယ်...

၂) နေ့လည်ခင်း ပင်ပန်းနွမ်းနယ်နေတဲ့အခါ ကဖိန်းဓာတ်နည်းတဲ့ ဘိလပ်ရည်တွေသောက်မဲ့အစား သခွားသီးတစ်လုံးကိုစားလိုက်ပါ... သခွားသီး တွေဟာ ဗီတာမင်ဘီနဲ့ ကာဘွန်ဟိုက်ဒရိတ်တွေကြွယ်ဝတဲ့အတွက် လန်းဆန်းတက်ကြွမှုကို အချိန်အတန်ကြာတဲ့အထိ ရရှိစေပါတယ်...

၃) ရေချိုးပြီးတဲ့အခါ သင့်ရေချိုးခန်းမှန်မှာ မှုန်ဝါး နေတတ်ပါသလား... သခွားသီးတစ်ချပ်ကိုလှီးပြီး မှန်ကိုပွတ်တိုက်ပေးပါ... မှုန်ဝါးတာတွေကင်းစင်သွားတဲ့အပြင် သင်းပျံ့မွှေးပြတဲ့ ရနံ့လေးကိုပါ ရရှိနေမှာဖြစ်ပါတယ်...


၎) သင့်စိုက်ခင်းဘောင်ပေါ်မှာ ပိုးကောင်လေးတွေ ပက်ကျိတွေတက်နေပါသလား... သခွားသီးကို အစိတ်သေးသေး အလွှာပါးပါးလေးတွေစိတ်ပြီး နည်းနည်းဖြန့်ထားလိုက်ပါ... သင့်ဥယျာဉ်မှာပိုးကောင်တွေကို တစ်ရာသီလုံးတွေ့ရတော့မှာမဟုတ်ပါဘူး... သခွားသီးမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ မြေကြီးနဲ့ ဓာတ်ပြုပြီးထွက်လာတဲ့အနံ့ကို လူတွေမရနိုင်ပေမဲ့ ဥယျာဉ်ဖျက်ပိုးကောင်တွေကိုတော့ အဝေးကိုမောင်းထုတ်ပေးနိုင်ပါတယ်...

၅) အရေပြားပေါ်မှာ အဆီကြောင့်ဖြစ်တဲ့ အဖုအပိန့်တွေကို အလျင်မြန်အလွယ်ကူဆုံးနည်းလမ်းနဲ့ ဖယ်ရှားချင်ပါသလား... သခွားသီးအချပ် တစ်ချပ်နှစ်ချပ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်ပေးပါ... သခွားသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေက အရေပြားမှာ collagen ကိုဖြစ်ပေါ်စေပြီး သင့်အရေပြားအပေါ်ယံအလွှာကို တင်းရင်းစေပြီး အဖုအပိန့်တွေကိုလျှော့ချပေးပါတယ်... အရေပြားပေါ်က အရေးအကြောင်းတွေကိုလည်း ဒီနည်းလမ်းနဲ့လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်....

၆) အရက်နာကျတာတွေ ခေါင်းအလွန်အမင်းကိုက်ခဲတာတွေဖြစ်နေပါသလား... အိပ်ရာမဝင်ခင် သခွားသီးစိတ်အနည်းငယ်ကိုစားပေးပါ... နိုးထလာတာနဲ့ လန်းဆန်းပြီးခေါင်းကိုက်ပျောက်တာကို တွေ့ရပါလိမ့်မယ်... သခွားသီးမှာ လုံလောက်တဲ့ သကြားဓာတ်၊ ဗီတာမင်ဘီနဲ့ electrolytes တွေပါဝင်တဲ့အတွက် ကိုယ်ခန္ဓာကဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ကိုယ်ခန္ဓာအတွင်း မျှခြေကိုထိန်းသိမ်းပေးကာ ခေါင်းကိုက်တာနဲ့ အရက်နာကျတာတွေကို ပျောက်ကင်းစေပါတယ်...

၇) နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ အဆာပြေအစာကို အဝအပြဲစားတတ်တဲ့အကျင့်ကို ဖျောက်ချင်ပါသလား... သခွားသီးကို ဒီအတွက်ရာစုနှစ်နဲ့ချီပြီးသုံးခဲ့ကြတာ ကြာပါပြီ... ဥရောပက အမဲလိုက်သူတွေ၊ ကုန်သည်တွေနဲ့ စူးစမ်းရှာဖွေသူတွေဟာ ဆာလောင်မှုဒဏ်ခံနိုင်အောင် သခွားသီးကို စားခဲ့ကြပါတယ်...

၈) အရေးတကြီး အစည်းအဝေး ဒါမှမဟုတ် အလုပ်အင်တာဗျူးကိုသွားဖို့ရှိပေမဲ့ သင့်အတွက် ရှူးဖိနပ်တိုက်ဖို့အချိန်မရှိတာမျိုးလည်း ကြုံရတတ်ပါတယ်... သခွားသီးလတ်လတ်ဆတ်ဆတ်ကိုဖြတ်ပြီး ဖိနပ်ကိုတိုက်ပေးပါ... သခွားသီးမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ လျင်မြန်ပြီးတာရှည်ခံတဲ့ တောက်ပမှုကိုဆောင်ကျဉ်းပေးတဲ့အတွက် သင့်ဖိနပ်ဟာ ကြည့်ကောင်းတဲ့အပြင် ရေစိုပါခံနိုင်တယ်လို့ သိရပါတယ်...

၉) သင့်တံခါးပတ္တာက တကျွီကျွီမြည်နေပြီး လတ်တလောပြုပြင်ဖို့ ပစ္စည်းမရှိဘူးဆိုရင် သခွားသီးစိတ်ကိုယူပြီး မြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ... တကျွီကျွီမြည်သံပျောက်သွားပါလိမ့်မယ်...

၁၀) စိတ်ဖိစီးမှုများနေပြီး အနှိပ်ခံဖို့၊ မျက်နှာအလှပြင်ဖို့နဲ့ ရေပူစမ်းသွားဖို့အချိန်မရှိဖြစ်နေပါသလား... သခွားသီးကိုခွဲပြီး ရေနွေးပူထဲစိမ်ထားလိုက်ရင် သခွားသီးမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အာဟာရဓာတ်တွေဟာ ဆူနေတဲ့ရေနွေးနဲ့ ဓာတ်ပြုသွားပါလိမ့်မယ်... အဲ့ဒီကထွက်လာတဲ့ ရေနွေးငွေ့ကို ခံယူခြင်းဖြင့် သက်တောင့်သက်သာရှိစေပါတယ်... ဒီနည်းလမ်းဟာ ကလေးမွေးပြီးစမိခင်တွေနဲ့ စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုကို အမှန်တကယ်လျှော့ချစေနိုင်တယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်...

၁၁) အလုပ်မှာနေ့လည်စာစားပြီးတဲ့အခါ ခံတွင်းချဉ်တာပျောက်စေဖို့ ပူရှိန်းပြားတို့ ပီကေတို့ မရှိဖြစ်နေတယ်ဆိုပါစို့... သခွားသီးကို စိတ်ပြီး လျှာနဲ့ခံတွင်းအပေါ်ဘက်နံရံကို စက္ကန့် ၃၀ လောက် ဖိကပ်ထားလိုက်ခြင်းဖြင့် ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်... သခွားသီးမှာပါတဲ့ ဓာတုပစ္စည်းတွေက အနံ့ဆိုးတွေကိုဖြစ်စေတဲ့ ခံတွင်းက ဘက်တီးရီးယားတွေကို သုတ်သင်နိုင်ပါတယ်...

၁၂) သင့်ရေဘုံဘိုင်ခေါင်းတွေ၊ ပန်းကန်ဆေးကန်တွေ ဒါမှမဟုတ် အစွန်းခံသံမဏိပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ဖို့ သဘာဝနည်းလမ်းကိုရှာဖွေနေပါသလား... သခွားသီးကိုစိတ်လှီးပြီး သင်သန့်ရှင်းရေးလုပ်ချင်တဲ့မျက်နှာပြင်ကို ပွတ်တိုက်ပါ... နှစ်နဲ့ချီတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ရုံတင်မက ပြန်လည်တောက်ပလာစေမှာဖြစ်ပါတယ်.. ဒီနည်းလမ်းဟာ အစင်းကြောင်းတွေကို မဖြစ်စေနိုင်တဲ့အပြင် သင့်လက်ချောင်းနဲ့ လက်သည်းတွေကိုလည်း မထိခိုက်စေပါဘူး...

၁၃) ဘောပင်နဲ့ရေးနေတုန်း မှားသွားတယ်ဆိုပါစို့... သခွားသီးအပြင်သားနဲ့ ဘောပင်မင်ရာကို ဖြည်းဖြည်းချင်းဖျက်ပါ... ရောင်စုံခဲတံတွေ marker pen တွေနဲ့ ကလေးတွေနံရံမှာလျှောက်ရေးထားတာကိုလည်း ဖျက်လို့ရပါတယ်...

----------------------------------------------------------------

Post a Comment

0 Comments