မိမိကွန်ပျုတာသို့ မသမာနည်းဖြင့်ဝင်နိုင်သော ၀င်ပေါက်များ



ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ ။


ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။


ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ်


အီလက်ထရောနစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါကသင်တို့ အနည်းငယ် အံသြနိုင်ပါ တယ် နိုင်ငံတစ်ကာ မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေProgrammer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့ ခိုးယူခဲ့ကြရာမှာ



1. email & Password များ

2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ

3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ

4. Software များ၏ လိုင်စင် ကီးများ

5. နိုင်ငံတော် လျှို့ဝှက်ချက်များ

6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ
ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ

ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ

1.UNTRUSTED WEBSITE

Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ   ဗြောင်ဖြစ် သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက

    ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊
    
    ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊
    
    ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
    နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်


ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....

သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....


2.လင့်များ ကလစ်မိခြင်း

ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...

ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်
ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါတယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါသင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။

ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
ှSocial Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ...

နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......

သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။


3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ

ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်

 ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...

အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်လိုအပ်ပါတယ် ............

သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။

ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်


4. Software Key Gen များ

နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်းKey Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ... အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။

5. Desktop Gedgets များ (Widgets)

ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် .... ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ... သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........

ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်း တတ် ရန် လိုအပ်ပါတယ် ....

ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက် လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ် ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင် အွန်လိုင်းပေါ်မှ အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း အထူး သတိပေးရင်း တစ်နှစ်ပြည့် အင်တာနက်သုတ ဘလော့ အမှတ် 2 ကို အဆုံးသတ်ပါတယ် ။ (မှတ်ချက် ။ ။ စေတနာဖြင့် မျှဝေပေးသော မြန်မာဆိုဒ်များမှ Software များမပါ )
ဗဟုသုတဖြင့်ပြန်လည်မျှဝေခြင်းသာ......

Credit to Uploader

Post a Comment

0 Comments